Posts

Showing posts from July, 2021

ကိုဗစ်ကြောင့် အသက်ရူကြပ်လို့ အောက်စီဂျင် ဆက်တိုက်ရူနေသူတွေ

Image
ပါမောက္ခ ဒေါက်တာခင်မောင်ထွေး  သုံးသပ်ချက်ကတော့ ...  ကိုဗစ်ကြောင့် အသက်ရူကြပ်လို့  အောက်စီဂျင် ဆက်တိုက်ရူနေသူတွေ  မုချသေမယ် ပြောထားပါတယ်။  ခဏသာ ရူပြီး အဆုတ်လေ့ကျင့်ခန်း ကို  နေကောင်းချိန် နေမကောင်းချိန်တွေမှာ များများ လုပ်ပါလို့ လမ်းညွှန်ထားပါတယ် ခင်ဗျာ။ အဆုတ်လေ့ကျင့်ခန်းက  လေကောင်းလေသန့်ရနေရာမှာ  ၂ ခါရှိက်ရူ တစ်ခါ ထုတ်လို့ တရုတ် နည်းက ဆိုပါတယ်။ အောက်စီဂျင်ကြောင့်  အသက်မဆုံးရှုံးစေဖို့  (  U Su Tin  မှတ်စု ) အောက်စီဂျင်ရှူ နေကြခြင်းကို မေ့ဆေးဆရာ တစ်ဦးအနေဖြင့်  အကြံပြုလိုပါတယ်။ လေထဲမှာရှိတဲ့ အောက်စီဂျင်  (၂၀-၂၁%)ဟာ  လုံလောက်တာထက်  ပိုပါတယ်ဆိုတာကို ထပ်မံ  အတည်ပြုပြောချင်ပါတယ်။  ဒါပေမဲ့ ကိုဗစ်မှာ  "ဘာ့ကြောင့် အောက်စီဂျင်  အပိုကို သုံးနေကြရလဲ " ဆိုတဲ့ မေးခွန်း မေး စရာရှိပါတယ်။  ရှင်းပြပါ့မယ်။  လူ့ကိုယ်ခန္ဓာရဲ့အဆုပ်မှာ  လေအိပ် (alvilia) လေးများ  ၇ မီလီယံလောက် ရှိပါ တယ်။  ထိုလေအိပ်များကို ဖြန့်လိုက်ရင်  အလျား၇၀မီတာ၊  အနံ ၇၀ မီတာလောက်  ကျယ်ပါတယ်။ ထိုလေအိပ်လေးများကိုေ သေးငယ်တဲ့လေပြွန်  (bronchioles) လေးများဖြင့်  စပျစ်ခိုင်လို  ဆက်သွယ်ထား ပါတယ်။  ထိုလေအိပ် ပတ်ဝန်းကျင်မှာက သေးငယ်တဲ့ ဆံချည်

ရန်ကုန် အားတင်းထား

Image
  လွန်ခဲ့သည့်နှစ် တရုတ်နိုင်ငံ ၀ူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသည့်အခါ ဖျားနာ သေဆုံးကြရခြင်းမှာ ကြောက်ခမန်းလိလိ ဖြစ်ခဲ့သည်။ မိသားစု မိတ်ဆွေအချင်းချင်းပင် နေ့မြင် ညပျောက်ဖြစ်ကြရသည်။ ရက်ရှည် ပြင်းထန်သော Lockdown ချမှတ်သည့်အခါ ၀ူဟန်မြို့သားတို့မှာ နေထိုင်ရာ အခန်းကျဉ်းလေးများတွင် ကြောက်ရွံ့စွာ ခိုအောင်းလျှက် နေ့စဉ် တစ်ရိပ်ရိပ် တိုးမြင့်လာနေသာ ဖျားနာ သေဆုံးသတင်းများကို စိတ်မသက်သာစွာ စောင့်ကြည့်ခဲ့ကြရသည်။ ထိုအခါ စိတ်ဓါတ်မကျရအောင် ညအခါ ၀ရံတာထွက်၍ “ ၀ူဟန် .. ကြားရုံ “ ( ၀ူဟန် အားတင်းထား ) ဟု မြို့သား အချင်းချင်း အော်ဟစ် အားပေးခဲ့ကြသည်။ ကျွန်တော်များ လူဆိုသည့် သတ္တ၀ါမှာ မျောက်များကဲ့သို့ အအုပ်အသင်းနှင့် နေမှသာလျှင် သက်ဆိုးရှည်သည့် သတ္တဝါဖြစ်လေသည်။ ကြောက်စရာကောင်းသည့် ရောဂါကပ်ဆိုးသည် လူသားတို့အပေါ် ရက်စက်စွာ သင်ခန်းစာပေးလျှက်ရှိသည်။ လူ့အဖွဲ့အစည်း လူအစုအဝေးကြီးအပေါ်တွင် အကောင်အထည် မမြင်ရပဲ ပြင်းထန်သည့် ကူးစက် ရောဂါနှိပ်စက်သည့်အခါ ...

Medical Oxygen နှင့် သိထားသင့်သော ဗဟုသုတများ

Image
Medical Oxygen ကို နိုင်ငံတစ်ကာ ဆေးကျမ်းမှာ ဆေးဝါးအဖြစ်သတ်မှတ်ပြီး ထုတ်လုပ်မှူ ကို FDA က ထိန်းချုပ်ပါတယ်။ ထုတ်လုပ်မှူ လိုင်စင်ကို FDA ကပေးတာပါ။ ပြောပြ ချင်တာက medical oxygen သည် ဆေးဝါး ဖြစ်တဲ့ အတွက် ဆေးဝါးတိုင်းမှာ side effect ရှိ သလို oxygen မှာလည်း side effect ရှိ ပါတယ်။  မသုံးတတ်ရင် ဘေးဖြစ်နိုင်တာမို့လို့ ခု အိမ်မှာ oxygen အသုံးပြုနေတဲ့ လူနာတွေ အနေနဲ့ oxygen  တိုင်းလို့ 90 % သို့ 92%အောက် ​ ရောက် မှ စပေးစေချင်ပါသည်။  မလိုသေးပဲ ပေးနေတဲ့ အတွက် oxygen waste ဖြစ်တဲ့ အပြင် တစ်ခြားလိုအပ်တဲ့ သူတွေ အတွက် ရှားပါးစေပါတယ် ။  တစ်ကယ်လိုအပ်လို့ပေးမယ့်အချိန်ကျရင် အခက်အခဲ ဖြစ်စေမှာပါ။  side effect တွေက ပေးရမယ့် rate ထက်ပိုပေးမိရင် အဆုတ်က လေပြွန်အိတ်တွေ ကွဲန်ုင်ပါသည်။ မလိုအပ်ပဲ ကြာရှည် တောက်လျှောက်ပေးမိပါက oxygen toxicity. ရနိုင်တာကို သတိပြုရမှာပါ။ နောက်ပြီး အိမ်မှာ လူနာများကို ပြုစုပေးနေတဲ့ အိမ်သားများအနေဖြင့် oxygen ပေးရာတွင် သတိထားရမည့် အချက် ..  ဥပမာ flow meter အတွင်းရေ ဘူးတွင် ရေသန့်ထည့်ရန် နှင့် ရေမကုန်စေရန် သတိထားရန်- ရေကုန်သွား သည်ကို သတိမထားမိပဲ ဆက်ပေးမိပါက အဆုတ် အမြှေးပါးများခြောက်သွေ့ သွာြး
 
365myanmar.com - Myanmar Online Shopping Mall