Posts
Showing posts from November, 2022
ရဋ္ဌနန္ဒက ဆင်ဖြူတော် / ရဋ္ဌနန္ဒက ဆင်ဖြူတော်
Image
ရဋ္ဌနန္ဒက ဆင်ဖြူတော် ရဋ္ဌနန္ဒက ကို မာဂဓပါဠိ စာပေစကား ဘာသာပြန်ရင် မောင်ပြည်ချစ် ပေါ့ ။  နာမဂုဏ်နဲ့ လိုက်ဖက်ညီပါပေတယ် ။ ပါဠိ အမည်ပေးတဲ့ သမားဂုဏ်ကိုလည်း ပါဠိသဒ္ဒါ စာပေအရာ ပါရဂူမြောက် တတ်ကျွမ်းတာ သိရှိလို့ရပါတယ်။    ရဋ္ဌနန္ဒက သည် ရဋ္ဌ ကိတ်ပုဒ် နန္ဒ ကိတ်ပုဒ် ကိတ်ပုဒ်နှစ်ခုကို သမာသ်တွဲထားပါတယ် ။ ခေါ်ဝေါ်ခြင်းလွယ်အောင် ရဋ္ဌာနန္ဒ လို့ ပေးရင် လည်း ရပါတယ် "က"  ကို ဖြုတ်ပြီး ခေါ်ဝေါ်လွယ်ခြင်း အကျိုးရှိပါတယ် ။ ဆန်းဂိုဏ်းပြောင်းပါတယ်  ။   (နေ့နံသင့်ခေါ်ဝေါ်မည် ဆိုပါက မောင်တိုင်းချစ် ရဋ္ဌ= တိုင်းပြည် နိုင်ငံ နန္ဒက = မြတ်နိုးချစ်ခင်ခြင်းကို ရရှိအပ်သောသူ မောင်တိုင်းချစ် မောင်ပြည်ချစ် )   "ရဋ္ဌနန္ဒက " ဘွဲ့ အမည်နာမတော်အား အင်္ဂဝိဇ္ဇာ မူလကျမ်းရင်း အတိုင်း (ဋီကာ မဟုတ်ပါ) စိစစ်မည် ဆိုလျင် ဆန်းဂိုဏ်းပုဒ် အရ ရှေ့ဆုံး အလုံး (ရ) နောက်ဆုံး အလုံး (က) တို့ကို ပယ်ဖြုတ်လျက် ဆန်းဂိုဏ်းတွက်ယူရပါမည်။   ရတနာ ဆင်ဖြူတော်လေးသည် စနေ နေ့ နံနက် ၆း၃၀  ရခိုင်ပြည် တောင်ကုတ်မြို့၌  မွေးဖွားတော်မူခဲ့သည် ဟု သိရှိရပါသည်။   ရဋ္ဌနန္ဒက ဇနေပု  ဇဂိုဏ်း နေနတ်သား  ပုဏ္ဏဖုသျှ နက္ခတ် နက္ခတ်လုံးရေ ၂၀ မကျော်သော်ကြောင့် နှောကိန်းတန်ဘိုး "သီကုံးပြည့်အောင်
Image
သစ်နှင်းဆီ အသုံးဝင်ပုံ  ဤအပင်သည် သစ်နီ အမျိုးအစား 33မျိုးဝင် နိုင်ငံတော်အဆင့် မျိုးနွယ် 5ခုနှင့် မျိုးစိတ် 8ခု အနက်မှတစ်မျိုး ဖြစ်သည် ။ ရနံ့မွှေးပြီးနီညိုရောင် အဆင်းရှိသည့်သစ်မျိုးနွယ်ဖြစ်သည် ။ ဟိုင်နန် အထူးထုတ်ကုန်များတွင်နိုင်ငံတော် အဆင့်ဒုတိယ အလေးထားသည့် ထုတ်ကုန်ဖြစ်ပါသည် ။ ကာကွယ်ထားပြီး မျိုးသုန်းပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော အပင်မျိုးလည်းဖြစ်ပါသည် ။  မြင့်မားသော အပူချိန်ကိုခံနိုင်ရည်ရှိကာ လွယ်ကူစွာစိုက်ပျိုးနိုင်ပြီးလျှင်မြန်စွာကြီးထွားနိုင်ပါသည် ။ ဤအပင်သည် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းစုတွင်ပေါက်ရောက်သောအပင်တစ်မျိုးဖြစ်ပြီး ဂွမ်ဒေါင်း/ဂြမ္စီ/ဖူဂျီယန် နှင့် ဟိုင်နန် စီရင်စု များတွင်ပါပျံ့နှံ့ ပေါက်ရောက်ပါသည် ။  အပင်၏အနှစ်သာသည် တန်ဖိုးအရှိဆုံးဖြစ်ပြီး စိုက်ပျိုးသည့်အချိန်မှ ၇နှစ် ၈နှစ် အတွင်းအနှစ်သားကို ရရှိနိင်ပါသည် ။ အနှစ်သားသည် နီညိုရောင်ဖြစ်ပြီးသိပ်သည်း မာကြောသည့်ပုံစံရှိကာ သေသပ်လှပသော အမြင်ရှိ၍ သဘာဝ အတိုင်းအကွက်များလည်း ပါရှိပါသည် ။ အဆိုပါ အကွက် များကို grimace ဟုလူသိများကြပါသည် ။
365myanmar.com - Myanmar Online Shopping Mall