သစ္ႏွင္းဆီ တမလန္းေမႊး အေၾကာင္း / သစ်နှင်းဆီ တမလန်းမွှေး အကြောင်း





သစ္ႏွင္းဆီ အသုံးဝင္ပုံ 

ဤအပင္သည္ သစ္နီ အမ်ိဳးအစား 33မ်ိဳးဝင္ နိုင္ငံေတာ္အဆင့္ မ်ိဳးႏြယ္ 5ခုႏွင့္ မ်ိဳးစိတ္ 8ခု အနက္မွတစ္မ်ိဳး ျဖစ္သည္ ။ ရနံ႕ေမႊးၿပီးနီညိုေရာင္ အဆင္းရွိသည့္သစ္မ်ိဳးႏြယ္ျဖစ္သည္ ။


ဟိုင္နန္ အထူးထုတ္ကုန္မ်ားတြင္နိုင္ငံေတာ္ အဆင့္ဒုတိယ အေလးထားသည့္ ထုတ္ကုန္ျဖစ္ပါသည္ ။ ကာကြယ္ထားၿပီး မ်ိဳးသုန္းေပ်ာက္ကြယ္ေတာ့မည့္ အႏၱရာယ္ႏွင့္ ရင္ဆိုင္ေနရေသာ အပင္မ်ိဳးလည္းျဖစ္ပါသည္ ။ 


ၿမင့္မားေသာ အပူခ်ိန္ကိုခံနိုင္ရည္ရွိကာ လြယ္ကူစြ ာစိုက္ပ်ိဳးနိုင္ၿပီ းလွ်င္ျမန္စြာႀကီးထြားနိုင္ပါသည္ ။ ဤအပင္သည္ တ႐ုတ္နိုင္ငံ ဟိုင္နန္ကြၽန္းစုတြင္ေပါက္ေရာက္ေသာအပင္တစ္မ်ိဳးျဖစ္ၿပီး ဂြမ္ေဒါင္း/ျဂမၥီ/ဖူဂ်ီယန္ ႏွင့္ ဟိုင္နန္ စီရင္စု မ်ားတြင္ပါပ်ံ့ႏွံ႕ ေပါက္ေရာက္ပါသည္ ။


 အပင္၏အႏွစ္သာသည္ တန္ဖိုးအရွိဆုံးျဖစ္ၿပီး စိုက္ပ်ိဳးသည့္အခ်ိန္မွ ၇ႏွစ္ ၈ႏွစ္ အတြင္းအႏွစ္သားကို ရရွိနိင္ပါသည္ ။ အႏွစ္သားသည္ နီညိုေရာင္ျဖစ္ၿပီးသိပ္သည္း မာေၾကာသည့္ပုံစံ႐ွိကာ ေသသပ္လွပေသာ အျမင္ရွိ၍ သဘာဝ အတိုင္ းအကြက္မ်ားလည္း ပါရွိပါသည္ ။ အဆိုပါ အကြက္ မ်ားကို grimace ဟုလူသိမ်ားၾကပါသည္ ။


ေရတိုက္စားမႈ/ပြန္းစားမႈ ဒဏ္ကို ခံနိုင္ရည္ရွိၿပီး ကြဲထြက္ျခင္း/သစ္သားႂကြတက္ျခင္းမ်ာ းမျဖစ္ေစပဲ တာရွည္ခံကာ

အဆင့္အတန္းျမင့္မားသည့္ ပရိေဘာဂမ်ားႏွင့္ လက္ထည္ အႏုလက္ရာမ်ားကို ျပဳလုပ္ရရွိနိုင္ပါသည္ ။ တူရိယာပစၥည္းမ်ား/ပန္းပုထည္မ်ား ႏွင့္ ႐ုပ္လုံးသြင္းထည္မ်ား အလွဆင္ အႏုလက္ရာမ်ားစသည့္ အေကာင္းဆုံးေသာပစၥည္းမ်ား ရရွိမႈသည္တင္သြင္းရသည့္ rosewood မ်ားႏွင့္အတူတူပင္ျဖစ္ပါသည္ ။ 


ဤအပင္၏ အသားကိုေပါင္းခံ၍ ရရွိလာေသာ အဆီအားဟင္းလ်ာမ်ားတြင္ ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္ အသုံးျပဳၾကပါသည္ ။ အျမစ္ႏွင့္ ပင္စည္ အႏွစ္သားမ်ားကို အကိုက္ အခဲေပ်ာက္ကင္းေစေသာအရာ အျဖစ္ ေဆးဖက္ဆိုင္ရာ ရည္႐ြယ္ခ်က္မ်ားအတြက္ အသုံးျပဳနိုင္ပါသည္ ။ 


အပင္မ်ားကို မက္ေစာက္ေသာ ကမ္းပါးယံမ်ားေတာင္ေၾကာမ်ား/ေက်ာက္ေပါမ်ားသည့္ေနရာမ်ားႏွင့္ အျမင့္ေပ နိမ့္ေသာ လြင္ျပင္မ်ား/ေတာင္ဂတုံးမ်ားႏွင့္ စြန႔္ပစ္ေျမမ်ား/ရိတ္သိမ္းေျမမ်ား ဆင္ေျခေလ်ာမ်ား/ေျမနီမ်ား/အပူခ်ိန္ျမင့္မားသည့္ေနရာမ်ား/ ေရခမ္းေျခာက္လြန္းသည့္ေနရာမ်ားတြင္ စိုက္ပ်ိဳးနိုင္ပါသည္ ။


မ်ိဳးေကာင္း အပင္ျဖစ္သည္ႏွင့္ အညီ အပင္ေပါက္မ်ားသည္ ။ အရိပ္က်ေသာ ေနရာမ်ားတြင္ပင္လွ်င္ ေႏွးေကြးစြာ  ၾကီးထြားနိုင္ၿပီး အုံ႕ဆိုင္းမႈ နည္းပါးေသာ သစ္ေတာမ်ားတြင္ေျဖာင့္တန္းစြာ တက္သြားေသာ အပင္ႀကီးမ်ား အျဖစ္ႀကီးထြားနိုင္ပါသည္။


ေယဘူယ် အားျဖင့္ အရြက္မ်ားသည္ တစ္ႏွစ္လွ်င္ တစ္ႀကိမ္ လဲပါသည္။ ေရခမ္းေျခာက္လြန္းသည့့္္ေနရာမ်ားျဖစ္ပါက အ႐ြက္မ်ားအားလုံးေႂကြက်ေလ့ ရွိပါသည္ ။ စိုက္ပ်ိဳ 

းၿပီး၂ႏွစ္မွ ၃ႏွစ္ၾကာခ်ိန္တြင္ အပင္အား ႀကံ့ခိုင္ေစရန္ အထိန္းေဒါက္စိုက္ေပးသင့္ပါသည္ ။


လုပ္ေဆာင္ရန္မွာ

အပင္ပတ္လည္ တစ္မီတာအတြင္း ေပါင္းပင္မ်ားကိုရွင္းလင္းၿပီး ေျမဆီလႊာအား ေျမၾသဇာထည့္ပါ။ မိုးမတိုင္ခင္တြင္ အထိန္းတိုင္စိုက္ေပးလွ်င္ ပိုေကာင္းပါသည္ ။


အကိုင္းမ်ားကို ဂ႐ုတစ္စိုက္ ထိန္းသိမ္းျဖတ္ေတာက္ေပးရမည္ျဖစ္ၿပီး အပင္ပုံစံကို ထိန္း၍ေမြးျမဴရမည္ျဖစ္သည္ ။သို႔ရာတြင္လည္း သတိျပဳရမည္႔ အခ်က္မွာ ပထမ ၁ႏွစ္၂ႏွစ္သား အ႐ြယ္ အပင္အား ေဘးကိုင္းမ်ား အလြန္ အမင္းျဖတ္ေတာက္ျခင္း မျပဳပါႏွင့္ အလင္းမွီ အစာ ခ်က္လုပ္ျခင္းျမင့္တက္ေစရန္ အတြက္ အ႐ြက္မ်ားမ်ား ခ်န္ထားရန္လိုအပ္ပါသည္ ။ အပင္ႀကီးထြားသည့္ အ႐ြယ္ေရာက္လာသည္ႏွင့္ အပင္ငယ္မ်ားသည္ တစ္ျဖည္းျဖည္းခ်င္း ရွည္လာမည္ ျဖစ္ပါသည္ ။ 


ထို႔ေၾကာင့္ အပင္ငယ္မ်ားကို ႀကီးထြားေစၿပီး အျမစ္စနစ္ကိုဖြံ႕ၿဖိဳးတိုးတက္ ေစသည့္ အပင္ငယ္စိုက္ပ်ိဳးသည့္အခ်ိန္တြင္ အပင္အ႐ြက္မ်ား၏ အလင္းမွီ အစာခ်က္လုပ္ျခင္းကိုျမႇင့္တင္ေစျခင္းသည္ မ်ားစြ ာအက်ိဳးျဖစ္ေစပါသည္ ။တ႐ုတ္နိုင္ငံမွ အလွပဆုံးႏွင့္ေဈးႏႈန္းအႀကီးမားဆုံး သစ္အမ်ိဳးအစားျဖစ္ပါသည္ ။


လွ်င္ျမန္စြာႀကီးထြားနိုင္ၿပီး အသုံးျပဳရန္ေသာ္လည္းေကာင္း ေရာင္းခ်ရန္ေသာ္လည္းေကာင္ းလုပ္ေဆာင္နိုင္ပါသည္ ။ ယခုအခ်ိန္တြင္ ထိုင္းနိုင္ငံတြင္လည္း စီးပြားျဖစ္ အေျမာက္အမ်ား ထုတ္လုပ္ေရာင္းခ်ေနၿပီျဖစ္ပါသည္ ။ လွ်င္ျမန္စြာအႏွစ္ တည္ၿပီး ေမႊးရနံ႕ရွိ၍ ဝယ္လိုအားေကာင္းေသာ သစ္မာမ်ိဳးရင္းျဖစ္ပါသည္ ။ 


သစ္ႏွင္းဆီ အသုံးဝင္ပုံမ်ား

ကမၻာမွာ ေစ်းအႀကီးဆုံး သစ္အမ်ိဳးအစားပါ ဘာျဖစ္လို႔လဲဆိုေတာ့ ခန္းနားလွပ တင့္တယ္လွတဲ့ ပရိေဘာဂအသုံးအေဆာင္ေတြ လုပ္တဲ့ေနရာမွာ သူမတူေအာင္ လွပ လူႀကိဳက္မ်ားလို႔ပါ ။ အႏုပညာပစၥည္းေတြျပဳလုပ္ရာမွာလည္းသုံးၾကပါတယ္။ ၿပီးေတာ့ ဒီသစ္ကေန အဆီထုတ္ယူအသုံးျပဳတာေတြလည္း ရွိပါတယ္ ။ 


အဲဒီလို လူႀကိဳက္မ်ားၿပီး ထုတ္ယူ သုံးစြဲမႈမ်ားလာသည့္အတြက္ ခုေနခါမွာ သစ္ႏွင္းဆီဟာ မ်ိဳးတုန္းလုလု နီးပါးျဖစ္ ေနပါၿပီ ။ ဒါေၾကာင့္လည္း သစ္ႏွင္းဆီဟာ ရွားပါးလာသလို ေစ်းကလည္း တစ္ရိပ္ရိပ္ တက္လွ်က္ရွိပါတယ္ ။ သစ္ႏွင္းဆီဟာ အပူပိုင္းေဒသေတြမွာ ေပါက္ေရာက္ရွင္သန္ပါတယ္။ 


ၿမန္မာျပည္ မွာလည္း စိုက္ပ်ိဳးနိုင္ပါတယ္ ။ လြန္ခဲ့တဲ့ ႏွစ္ေတြက ေစ်းကိုျပန္ၾကည့္ရင္ ကြၽန္းသစ္ တစ္တန္ကို ေဒၚလာ ၁၃၀၀ ေလာက္သာ ရွိၿပီး သစ္ႏွင္းဆီက ေတာ့ ၁၇၀၀၀ ေလာက္ရွိပါတယ္ ။ 


ထိုင္းနိုင္ငံက ထြက္တဲ့သစ္ႏွင္းဆီ ပထမတန္းစား ကုဗတစ္မီတာ ကိုေဒၚလာ ၅၀၀၀၀ အထိရွိတယ္ လို႔လည္းဆိုပါတယ္ ။ အဓိက လိုရင္းတိုရွင္းေျပာခ်င္တာက ေရရွည္ အတြက္စီးပြါးျဖစ္လုပ္ခ်င္တယ္ ဆိုရင္ ဒီ သစ္ႏွင္းဆီကိုစိုက္ပ်ိဳးသင့္တဲ့ သတင္းစကားကို ေျပာခ်င္တာပါ။


Rosewood (သစ္ႏွင္းဆီ) ဆိုတာ တစ္ၿခား မဟုတ္ပါဘူးတမလန္း တမလန္း ျဖစ္ပါတယ္ ။ ပိေတာက္ ဟာလည္းသစ္ႏွင္းဆီ အျဖစ္ေရာင္းတန္း ဝင္ပါတယ္ ။ မာဂုဏ္နဲ႕ အေရာင္အေသြးနဲ႕ အကြက္ေတြက ခပ္ဆင္ဆင္ တူပါတယ္ ။ 


Crd ... eainshinma.com




သစ်နှင်းဆီအသုံးဝင်ပုံ 

ဤအပင်သည် သစ်နီ အမျိုးအစား 33မျိုးဝင် နိုင်ငံတော်အဆင့် မျိုးနွယ် 5ခုနှင့် မျိုးစိတ် 8ခု အနက်မှတစ်မျိုး ဖြစ်သည် ။ ရနံ့မွှေးပြီးနီညိုရောင် အဆင်းရှိသည့်သစ်မျိုးနွယ်ဖြစ်သည် ။

ဟိုင်နန် အထူးထုတ်ကုန်များတွင်နိုင်ငံတော် အဆင့်ဒုတိယ အလေးထားသည့် ထုတ်ကုန်ဖြစ်ပါသည် ။ ကာကွယ်ထားပြီး မျိုးသုန်းပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော အပင်မျိုးလည်းဖြစ်ပါသည် ။ 

မြင့်မားသော အပူချိန်ကိုခံနိုင်ရည်ရှိကာ လွယ်ကူစွ ာစိုက်ပျိုးနိုင်ပြီ းလျှင်မြန်စွာကြီးထွားနိုင်ပါသည် ။ ဤအပင်သည် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းစုတွင်ပေါက်ရောက်သောအပင်တစ်မျိုးဖြစ်ပြီး ဂွမ်ဒေါင်း/ဂြမ္စီ/ဖူဂျီယန် နှင့် ဟိုင်နန် စီရင်စု များတွင်ပါပျံ့နှံ့ ပေါက်ရောက်ပါသည် ။

 အပင်၏အနှစ်သာသည် တန်ဖိုးအရှိဆုံးဖြစ်ပြီး စိုက်ပျိုးသည့်အချိန်မှ ၇နှစ် ၈နှစ် အတွင်းအနှစ်သားကို ရရှိနိင်ပါသည် ။ အနှစ်သားသည် နီညိုရောင်ဖြစ်ပြီးသိပ်သည်း မာကြောသည့်ပုံစံရှိကာ သေသပ်လှပသော အမြင်ရှိ၍ သဘာဝ အတိုင် းအကွက်များလည်း ပါရှိပါသည် ။ အဆိုပါ အကွက် များကို grimace ဟုလူသိများကြပါသည် ။

 ရေတိုက်စားမှု/ပွန်းစားမှု ဒဏ်ကို ခံနိုင်ရည်ရှိပြီး ကွဲထွက်ခြင်း/သစ်သားကြွတက်ခြင်းမျာ းမဖြစ်စေပဲ တာရှည်ခံကာ
အဆင့်အတန်းမြင့်မားသည့် ပရိဘောဂများနှင့် လက်ထည် အနုလက်ရာများကို ပြုလုပ်ရရှိနိုင်ပါသည် ။ တူရိယာပစ္စည်းများ/ပန်းပုထည်များ နှင့် ရုပ်လုံးသွင်းထည်များ အလှဆင် အနုလက်ရာများစသည့် အကောင်းဆုံးသောပစ္စည်းများ ရရှိမှုသည်တင်သွင်းရသည့် rosewood များနှင့်အတူတူပင်ဖြစ်ပါသည် ။ 

ဤအပင်၏ အသားကိုပေါင်းခံ၍ ရရှိလာသော အဆီအားဟင်းလျာများတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပါသည် ။ အမြစ်နှင့် ပင်စည် အနှစ်သားများကို အကိုက် အခဲပျောက်ကင်းစေသောအရာ အဖြစ် ဆေးဖက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပါသည် ။ 

အပင်များကို မက်စောက်သော ကမ်းပါးယံများတောင်ကြောများ/ကျောက်ပေါများသည့်နေရာများနှင့် အမြင့်ပေ နိမ့်သော လွင်ပြင်များ/တောင်ဂတုံးများနှင့် စွန့်ပစ်မြေများ/ရိတ်သိမ်းမြေများ ဆင်ခြေလျောများ/မြေနီများ/အပူချိန်မြင့်မားသည့်နေရာများ/ ရေခမ်းခြောက်လွန်းသည့်နေရာများတွင် စိုက်ပျိုးနိုင်ပါသည် ။

မျိုးကောင်း အပင်ဖြစ်သည်နှင့် အညီ အပင်ပေါက်များသည် ။ အရိပ်ကျသော နေရာများတွင်ပင်လျှင် နှေးကွေးစွာ 
 ကြီးထွားနိုင်ပြီး အုံ့ဆိုင်းမှု နည်းပါးသော သစ်တောများတွင်ဖြောင့်တန်းစွာ တက်သွားသော အပင်ကြီးများ အဖြစ်ကြီးထွားနိုင်ပါသည်။

 ယေဘူယျအားဖြင့် အရွက်များသည် တစ်နှစ်လျှင် တစ်ကြိမ် လဲပါသည်။ ရေခမ်းခြောက်လွန်းသည့်နေရာများဖြစ်ပါက အရွက်များအားလုံးကြွေကျလေ့ ရှိပါသည် ။ စိုက်ပျို 
းပြီး၂နှစ်မှ ၃နှစ်ကြာချိန်တွင် အပင်အား ကြံ့ခိုင်စေရန် အထိန်းဒေါက်စိုက်ပေးသင့်ပါသည် ။

လုပ်ဆောင်ရန်မှာ

အပင်ပတ်လည် တစ်မီတာအတွင်း ပေါင်းပင်များကိုရှင်းလင်းပြီး မြေဆီလွှာအား မြေသြဇာထည့်ပါ။ မိုးမတိုင်ခင်တွင် အထိန်းတိုင်စိုက်ပေးလျှင် ပိုကောင်းပါသည် ။

အကိုင်းများကို ဂရုတစ်စိုက် ထိန်းသိမ်းဖြတ်တောက်ပေးရမည်ဖြစ်ပြီး အပင်ပုံစံကို ထိန်း၍မွေးမြူရမည်ဖြစ်သည် ။သို့ရာတွင်လည်း သတိပြုရမည့် အချက်မှာ ပထမ ၁နှစ်၂နှစ်သား အရွယ် အပင်အား ဘေးကိုင်းများ အလွန် အမင်းဖြတ်တောက်ခြင်း မပြုပါနှင့် အလင်းမှီ အစာ ချက်လုပ်ခြင်းမြင့်တက်စေရန် အတွက် အရွက်များများ ချန်ထားရန်လိုအပ်ပါသည် ။ အပင်ကြီးထွားသည့် အရွယ်ရောက်လာသည်နှင့် အပင်ငယ်များသည် တစ်ဖြည်းဖြည်းချင်း ရှည်လာမည် ဖြစ်ပါသည် ။ 

ထို့ကြောင့် အပင်ငယ်များကို ကြီးထွားစေပြီး အမြစ်စနစ်ကိုဖွံ့ဖြိုးတိုးတက် စေသည့် အပင်ငယ်စိုက်ပျိုးသည့်အချိန်တွင် အပင်အရွက်များ၏ အလင်းမှီ အစာချက်လုပ်ခြင်းကိုမြှင့်တင်စေခြင်းသည် များစွ ာအကျိုးဖြစ်စေပါသည် ။တရုတ်နိုင်ငံမှ အလှပဆုံးနှင့်ဈေးနှုန်းအကြီးမားဆုံး သစ်အမျိုးအစားဖြစ်ပါသည် ။

လျှင်မြန်စွာကြီးထွားနိုင်ပြီး အသုံးပြုရန်သော်လည်းကောင်း ရောင်းချရန်သော်လည်းကောင် းလုပ်ဆောင်နိုင်ပါသည် ။ ယခုအချိန်တွင် ထိုင်းနိုင်ငံတွင်လည်း စီးပွားဖြစ် အမြောက်အများ ထုတ်လုပ်ရောင်းချနေပြီဖြစ်ပါသည် ။

လျှင်မြန်စွာအနှစ် တည်ပြီး မွှေးရနံ့ရှိ၍ ဝယ်လိုအားကောင်းသော သစ်မာမျိုးရင်းဖြစ်ပါသည် ။ 

သစ်နှင်းဆီ အသုံးဝင်ပုံများ

ကမ္ဘာမှာ ဈေးအကြီးဆုံး သစ်အမျိုးအစားပါ ဘာဖြစ်လို့လဲဆိုတော့ ခန်းနားလှပ တင့်တယ်လှတဲ့ ပရိဘောဂအသုံးအဆောင်တွေ လုပ်တဲ့နေရာမှာ သူမတူအောင် လှပ လူကြိုက်များလို့ပါ ။ အနုပညာပစ္စည်းတွေပြုလုပ်ရာမှာလည်းသုံးကြပါတယ်။ ပြီးတော့ ဒီသစ်ကနေ အဆီထုတ်ယူအသုံးပြုတာတွေလည်း ရှိပါတယ် ။ 

အဲဒီလို လူကြိုက်များပြီး ထုတ်ယူ သုံးစွဲမှုများလာသည့်အတွက် ခုနေခါမှာ သစ်နှင်းဆီဟာ မျိုးတုန်းလုလု နီးပါးဖြစ် နေပါပြီ ။ ဒါကြောင့်လည်း သစ်နှင်းဆီဟာ ရှားပါးလာသလို ဈေးကလည်း တစ်ရိပ်ရိပ် တက်လျှက်ရှိပါတယ် ။
သစ်နှင်းဆီဟာ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်ရှင်သန်ပါတယ်။ 

မြန်မာပြည် မှာလည်း စိုက်ပျိုးနိုင်ပါတယ် ။ လွန်ခဲ့တဲ့ နှစ်တွေက ဈေးကိုပြန်ကြည့်ရင် ကျွန်းသစ် တစ်တန်ကို ဒေါ်လာ ၁၃၀၀ လောက်သာ ရှိပြီး သစ်နှင်းဆီက တော့ ၁၇၀၀၀ လောက်ရှိပါတယ် ။ 

ထိုင်းနိုင်ငံက ထွက်တဲ့သစ်နှင်းဆီ ပထမတန်းစား ကုဗတစ်မီတာ ကိုဒေါ်လာ ၅၀၀၀၀ အထိရှိတယ် လို့လည်းဆိုပါတယ် ။ အဓိက လိုရင်းတိုရှင်းပြောချင်တာက ရေရှည် အတွက်စီးပွါးဖြစ်လုပ်ချင်တယ် ဆိုရင် ဒီ သစ်နှင်းဆီကိုစိုက်ပျိုးသင့်တဲ့ သတင်းစကားကို ပြောချင်တာပါ။

Rosewood (သစ်နှင်းဆီ) ဆိုတာ တစ်ခြား မဟုတ်ပါဘူးတမလန်း တမလန်း ဖြစ်ပါတယ် ။ ပိတောက် ဟာလည်းသစ်နှင်းဆီ အဖြစ်ရောင်းတန်း ဝင်ပါတယ် ။ မာဂုဏ်နဲ့ အရောင်အသွေးနဲ့ အကွက်တွေက ခပ်ဆင်ဆင် တူပါတယ် ။ 

Crd ... eainshinma.com



Comments

Popular posts from this blog

ရာသီဖြား အေဟာ - မဟာဘုတ္ ေဗဒင္ပညာ

ကမ္းေဇာ္ဆီ ႏွင့္ ကင္ဆာ ေရာဂါ

Laptop တစ္လုံး ဝယ္ေတာ့မယ္ဆိုရင္

အဘဆရာၾကီး မင္းသိခၤ ေၿပာျပတဲ့ ဂဏန္းေဗဒင္

ဒီလို နိမိတ္ေတြ ျမင္ရင္ မေကာင္းဘူး

အိပ္မက္ အမ်ိဳးမ်ိဳးႏွင့္ အသားလႈပ္ နိမိတ္

အမ်ိဳးသား အဂၤါ ေယာင္ရမ္းျခင္း (သို႔) ေဘာက်ျခင္း အတြက္ တန္ဖိုး ရွိတဲ့ ေဆးနည္း

အိမ္​ ႏွင္႔ ေလာကီပညာ

တဏွာစိတ္ေတြ ထိန္းလို႔ မရေအာင္ျဖစ္ေနတဲ့ အပ်ိဳေဖာ္၀င္စ မိန္းကေလး တစ္ေယာက္

လူအမ်ား သိၾကသည့္ ခုႏွစ္စဥ္ၾကယ္

 
365myanmar.com - Myanmar Online Shopping Mall