ရဋ္ဌနန္ဒက ဆင်ဖြူတော် / ရဋ္ဌနန္ဒက ဆင်ဖြူတော်
ရဋ္ဌနန္ဒက ဆင်ဖြူတော်
Crd ...   Mawhswon Hsai
ရဋ္ဌနန္ဒက ဆင်ဖြူတော်
ရဋ္ဌနန္ဒက ကို မာဂဓပါဠိ စာပေစကား ဘာသာပြန်ရင် မောင်ပြည်ချစ် ပေါ့ ။
 နာမဂုဏ်နဲ့ လိုက်ဖက်ညီပါပေတယ် ။ ပါဠိ အမည်ပေးတဲ့ သမားဂုဏ်ကိုလည်း ပါဠိသဒ္ဒါ စာပေအရာ ပါရဂူမြောက် တတ်ကျွမ်းတာ သိရှိလို့ရပါတယ်။
   ရဋ္ဌနန္ဒက သည် ရဋ္ဌ ကိတ်ပုဒ် နန္ဒ ကိတ်ပုဒ် ကိတ်ပုဒ်နှစ်ခုကို သမာသ်တွဲထားပါတယ် ။ ခေါ်ဝေါ်ခြင်းလွယ်အောင် ရဋ္ဌာနန္ဒ လို့ ပေးရင် လည်း ရပါတယ် "က"  ကို ဖြုတ်ပြီး ခေါ်ဝေါ်လွယ်ခြင်း အကျိုးရှိပါတယ် ။ ဆန်းဂိုဏ်းပြောင်းပါတယ်  ။
  (နေ့နံသင့်ခေါ်ဝေါ်မည် ဆိုပါက မောင်တိုင်းချစ် ရဋ္ဌ= တိုင်းပြည် နိုင်ငံ နန္ဒက = မြတ်နိုးချစ်ခင်ခြင်းကို ရရှိအပ်သောသူ မောင်တိုင်းချစ် မောင်ပြည်ချစ် )
  "ရဋ္ဌနန္ဒက " ဘွဲ့ အမည်နာမတော်အား အင်္ဂဝိဇ္ဇာ မူလကျမ်းရင်း အတိုင်း (ဋီကာ မဟုတ်ပါ) စိစစ်မည် ဆိုလျင် ဆန်းဂိုဏ်းပုဒ် အရ ရှေ့ဆုံး အလုံး (ရ) နောက်ဆုံး အလုံး (က) တို့ကို ပယ်ဖြုတ်လျက် ဆန်းဂိုဏ်းတွက်ယူရပါမည်။
  ရတနာ ဆင်ဖြူတော်လေးသည် စနေ နေ့ နံနက် ၆း၃၀  ရခိုင်ပြည် တောင်ကုတ်မြို့၌  မွေးဖွားတော်မူခဲ့သည် ဟု သိရှိရပါသည်။
  ရဋ္ဌနန္ဒက ဇနေပု  ဇဂိုဏ်း နေနတ်သား  ပုဏ္ဏဖုသျှ နက္ခတ် နက္ခတ်လုံးရေ ၂၀ မကျော်သော်ကြောင့် နှောကိန်းတန်ဘိုး "သီကုံးပြည့်အောင် လတန်ဆောင်" ဆိုသည့် နှောကိန်း အတိုင်း စနေနေ့ဖွား မင်္ဂလာသားအား နှောရပါမည်။
 အဿဝဏီ နက္ခတ်မှ စတင်ရေတွက်သော် ပုဏ္ဏဖုသျှနက္ခတ်သည် ၇ လုံးမြောက် ရေတွက်အပ်သော နက္ခတ်စဉ် ဖြစ် လေသည်။
  မေထုန်ရာသီထဲတွင် တည်ရှိသော နက္ခတ်ကြယ်ဖြစ်သည်။ နက္ခတ်ပိုင် အံသာစီးမှာ ၆၅ အံသာ အစ ၉၂ အံသာအဆုံး ဖြစ်သည်။
အာဒိစ္စနေမျိုးနွယ်ဝင် ဇာတာပိုင်ရှင်ဖြစ်သည် ။
နေနတ်သား စောင့်ရှောက်သည် ။
ဘုန်းတန်ခိုးကြီးမားမည် ။
တိုင်းပြည်မိုးလေ ညီညွတ်မည် ။
ဆန်ရေစပါး အထွက်တိုးမည် ။
မျက်လုံး၌ ဥပါဒ်ပေးသောဝေဒနာရမည်။(နာမည်အရပြောတာပါ)
ကျမ်းကိုး (အင်္ဂဝိဇ္ဇာ မူလကျမ်းရင်း)
အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် ။
ကျေးဇူးတရားဆိုတာ ပျားရည်ပမာ ချိုမြိန်တဲ့အရသာ ။
Crd ...   Mawhswon Hsai
Comments
Popular posts from this blog
ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ
ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ
Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်
အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်
ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး
အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်
အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း
အိမ်​ နှင့် လောကီပညာ
တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်
ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်
365myanmar.com - Myanmar Online Shopping Mall