လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်




ခုနှစ်စဉ်ကြယ် ကို ကျွန်တော်တို့ တော်တော် များများ သိကြသည်။ မြောက် ဘက် ကောင်းကင်ယံ တွင် အလွန် ထင်ရှားသော ကြယ် အစုအဝေး ဖြစ်သည်။ ကျွန်တော်တို့ မြန်မာ လူမျိုးများ အတွက် ခုနှစ်စဉ်ကြယ် သည် မြန်မာ ဂဏန်း (၇) နှင့် ပုံသဏ္ဍန် အားဖြင့် အလွန်ပင် နီးနီးစပ်စပ် တူညီသည့် အတွက် ခုနှစ်စဉ်ကြယ်ဟု ခေါ်ခဲ့ကြသည်ဟု ထင်မိပါသည်။

မြန်မာတို့က ခုနှစ်စဉ် ကြယ် ဟု အမည်ပေးခဲ့သည့် အပြင် ကြယ်များကိုလည်း ဦးခေါင်းဘက်မု စတင်၍ ကြာသပတေးကြယ်၊ အင်္ဂါကြယ်၊ စနေကြယ်၊ ဗုဒ္ဓဟူးကြယ်၊ သောကြာကြယ်၊ တနင်္ဂနွေကြယ်၊ တနင်္လာကြယ် ဟု အစဉ်အတိုင်း ကြယ်တစ်လုံးစီ ကို အမည်ပေးခဲ့ကြသည်။ အတိုကောက် အားဖြင့် နေ့သင့် နံသင့် ကဗျာသဏ္ဍန် အမည်ပေးခဲ့ကြသည်။ ကဗျာ မှာ မ,စက်,တတ်,လေ၊ သည်း,အူ,ကြွေ၊ ရေလေ အစ၊ ဦးခေါ်င်းက ဟူ၍ဖြစ်သည်။

နေ့သင့် နံသင့်ပြန် ဆိုကြည့်ပါက အထက်ပါ အစီအစဉ် အတိုင်း ကြယ်များ၏ အမည်ကိုတွေ့ရမည် ဖြစ် သည်။ ခုနှစ်စဉ်ကြယ် အပြင် အချို့နေရာများတွင် ကြယ်ရေမှုတ်၊ ကြယ်မိချောင်း စသည်ဖြင့် အခေါ်အဝေါ်များလည်း ရှိခဲ့သည်။ 


သို့သော် အမေရိကန် လူမျိုး များ အမြင်တွင် ဟင်းခတ်သည့် ယောက်ချို ဇွန်းကြီး ပုံသဏ္ဍန် ရှုမြင်ခဲ့ကြသည်။ သို့အတွက် ယောက်ချိုဇွန်ြး ကီး (Big Dipper) ဟုခေါ်ခဲ့ကြသည်။ အင်္ဂလိပ် လူမျိုးများကမူ ခုနှစ်စဉ်ကြယ်၏ အမြီးကို လက်ကိုင် အဖြစ်မြင်၍ ခုနှစ်စဉ်ကြယ်ကို ထယ်သွားပုံ အဖြစ် မြင်ခဲ့ကြသည်။ သို့အတွက်ကြောင့် ယင်းကြယ် အတွဲကို ထယ် (Plough) ဟု ကင်ပွန်းတပ် ခဲ့ကြသည်။

အနောက်တိုင်းက ခုနှစ်စဉ်ကြယ် အမည် 

ထို့အပြင် အနောက်တိုင်း နက္ခ တ္တဗေဒ ပညာတွင် လည်း ခုနှစ်စဉ်ကြယ်  ကြယ်ခုနှစ်လုံးကို အမည်များ ပေးထားခဲ့သည်။ ယင်းတို့မှာ အထက်ပါ အ တိုင်းပင် ခုနှစ်စဉ်ကြယ်၏ ဦးခေါင်းပိုင်းမှ စတင်ပါက...

ဒို့ဘ်ဟာ့ခ်ျ (Du bhe) DOOB-huh ၊ 
မားရက်ခ် (Merak) MER-ak ၊ 
ဖိဒါ (Phecda) FEK-da ၊ 
မက်ဂ်ရက်ဇ် (Megrez) meg-REZ ၊ 
အယ်လီအို့သ် (Alioth AL-lee-oth) ၊ 
မီဇာ (Mizar MYE-zahr) ၊ နှင့် 
အယ်လ်ကိတ်ဒ် (Alkaid) AL-kade တို့ဖြစ် ကြသည်။ (ကွင်းများနောက်တွင် အသံထွက် များကို ဖော်ပြထားပါ သည်။) 

အမှန် အားဖြင့် ခုနှစ်စဉ်ကြယ်ပါ ကြယ်ခုနှစ်လုံးသည် ကမ္ဘာ မှ တူညီစွာ ကွာဝေးသောပြင်ညီ တစ်ခုတည်း တွင် တည်ရှိနေကြသည်တော့ မဟုတ်ပေ။ ပါဝင်သော ကြယ် တစ်လုံးစီသည် ကမ္ဘာမှ အကွာအဝေးခြင်း မတူညီကြသကဲ့သို့ ပြန့်ကားနေသော စကြာဝဠာ သီအိုရီအရ တစ်ခု နှင့် တစ်ခုဝေးရာသို့ အလွန်လျှင်မြန်ေ သာနှုန်းနှင့် ရွေ့လျားလျက်ရှိနေကြသည်။ 




အကွာအဝေးအားဖြင့် တင်ပြရမည် ဆိုပါက ပထမဦးဆုံးကြယ်ဖြစ်သော 

ဒို့ဘ်ဟာ့ခ်ျ ကြယ်သည် ကမ္ဘာမှ အလင်းနှစ် (light year) ၁၀၅ နှစ်တွင် လည်းကောင်း၊ 
မားရက်ခ် သည်အလင်းနှစ် (၇၈)နှစ်တွင် လည်းကောင်း၊ 
ဖိဒါကြယ်သည် အလင်းနှစ် (၉၀) နှစ်တွင် လည်းကောင်း၊ 
မက်ဂ်ရက်ဇ် သည် အလင်းနှစ် (၆၃)နှစ်တွင် လည်းကောင်း၊ 
အယ်လီအို့သ်သည် အလင်းနှစ် (၆၈)နှစ် အကွာအဝေးတွင်လည်းကောင်း၊ 
မီဇာသည် အလင်းနှစ် (၂၁၀) နှစ်အကွာ တွင် လည်းကောင်း   အသီးသီး တည်ရှိနေကြသည်။



http://lemthit.blogspot.my/
http://nayshine520.blogspot.com/




Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

အိမ်​ နှင့် လောကီပညာ

 
365myanmar.com - Myanmar Online Shopping Mall