Posts

Showing posts from April, 2021

ခရမ်းချဉ်သီး၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ

Image
၂၁ရာစု ၏ ခရမ်းချဉ်သီး   ဆေးသိပ္ပံသတင်းများအရ ခရမ်းချဉ်သီးသည် ၂၁ရာစုတွင် ရေပန်းစားလှ၏။ အနောက်တိုင်းဆေးသိပ္ပံတွေ့ရှိချက်အရ ခရမ်းချဉ်သီးတွင် ကင်ဆာကို ချေမှုန်းနိုင် သော လက်နက်ရှိသည်ဟုဆိုကြသည်။ ထိုလက်နက်မှာ ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေရန် ခြယ်သပေးသော  လိုက်ကိုပင်း(Lycopene)ဲဖြစ်သည်။ ဂျာမနီမှ Dr Helmut ၏တွေ့ရှိချက် ထကြွသောင်းကျန်းနေပြီး အဆိပ်အတောက်ဖြစ်စေကာ ကင်ဆာဖြစ်အောင်ကူ ညီပံ့ပိုးနေသည့် အောက်ဆီဂျင်ဖရီးရယ်ဒီ တွေကိုကောင်းစွာနှိပ်ကွပ်ဖျက်ဆီးနိုင်စွမ်း သည် ခရမ်းချဉ်သီးမှာပါတဲ့ လိုက်ကိုပင်း မှာရှိတယ်လို့ဆိုပါတယ်။ ထိုကြောင့် ခရမ်း ချဉ်သီးများသည် လိုက်ကိုပင်းရဲ့အဓိက အရင်းဇစ်မြစ်လို့ဆိုနိုင်ပါသည်။ ခရမ်းချဉ် သီးအားလုံးမှာ လိုက်ကိုပင်းပါဝင်ပါသည်။ထိုကြောင့် ခရမ်းချဉ်သီးအား ပေါများသော်လည်းတန်ဖိုးထားစားသင့်လှပါသည်။ ခရမ်းချဉ်သီးကို စားဖြစ်အောင်စားပါ ခရမ်းချဉ်သီးတွင်ပါသော လိုက်ကိုပင်းက ပန်ခရိယ ကင်ဆာဖြစ်ခြင်းအတွက် ကြီးမား သော အဟန့်အတားဖြစ်သည်ဟုဆိုကြသည်။  သွေးထဲတွင်လိုက်ကိုပင်းနည်းပါးခြင်း သည် ပန်ခရိယကင်ဆာဖြစ်စေရန် နိမိတ်ပြသလိုဖြစ်နိုင်လေသည်။ ကင်ဆာ လူနာများ၏ ထင်ရှားတဲ့ပြသချက်မှာ သွေးထဲတွင် လိုက်ကိုပင်
 
365myanmar.com - Myanmar Online Shopping Mall