ခရမ်းချဉ်သီး၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ


၂၁ရာစု ၏ ခရမ်းချဉ်သီး  


ဆေးသိပ္ပံသတင်းများအရ ခရမ်းချဉ်သီးသည် ၂၁ရာစုတွင် ရေပန်းစားလှ၏။ အနောက်တိုင်းဆေးသိပ္ပံတွေ့ရှိချက်အရ ခရမ်းချဉ်သီးတွင် ကင်ဆာကို ချေမှုန်းနိုင် သော လက်နက်ရှိသည်ဟုဆိုကြသည်။ ထိုလက်နက်မှာ ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေရန် ခြယ်သပေးသော  လိုက်ကိုပင်း(Lycopene)ဲဖြစ်သည်။


ဂျာမနီမှ Dr Helmut ၏တွေ့ရှိချက်

ထကြွသောင်းကျန်းနေပြီး အဆိပ်အတောက်ဖြစ်စေကာ ကင်ဆာဖြစ်အောင်ကူ ညီပံ့ပိုးနေသည့် အောက်ဆီဂျင်ဖရီးရယ်ဒီ တွေကိုကောင်းစွာနှိပ်ကွပ်ဖျက်ဆီးနိုင်စွမ်း သည် ခရမ်းချဉ်သီးမှာပါတဲ့ လိုက်ကိုပင်း မှာရှိတယ်လို့ဆိုပါတယ်။ ထိုကြောင့် ခရမ်း ချဉ်သီးများသည် လိုက်ကိုပင်းရဲ့အဓိက အရင်းဇစ်မြစ်လို့ဆိုနိုင်ပါသည်။ ခရမ်းချဉ် သီးအားလုံးမှာ လိုက်ကိုပင်းပါဝင်ပါသည်။ထိုကြောင့် ခရမ်းချဉ်သီးအား ပေါများသော်လည်းတန်ဖိုးထားစားသင့်လှပါသည်။


ခရမ်းချဉ်သီးကို စားဖြစ်အောင်စားပါ

ခရမ်းချဉ်သီးတွင်ပါသော လိုက်ကိုပင်းက ပန်ခရိယ ကင်ဆာဖြစ်ခြင်းအတွက် ကြီးမား သော အဟန့်အတားဖြစ်သည်ဟုဆိုကြသည်။  သွေးထဲတွင်လိုက်ကိုပင်းနည်းပါးခြင်း သည် ပန်ခရိယကင်ဆာဖြစ်စေရန် နိမိတ်ပြသလိုဖြစ်နိုင်လေသည်။ ကင်ဆာ လူနာများ၏ ထင်ရှားတဲ့ပြသချက်မှာ သွေးထဲတွင် လိုက်ကိုပင်းနိမ့်ကျခြင်းဖြစ်သည်။ သွေးထဲမှာ လိုက်ကိုပင်း ပမာဏအနည်းဆုံးရှိသူတွေသည် ကျန်းမာကြပြီး လိုက်ကိုပင်းအများဆုံးရှိသူတွေထက် ပန်ခရိယကင်ဆာဖြစ်ဖို့ အန္တရာယ် ၅ဆ ကျော်ရှိနေခြင်းဟုဆိုပါသည်။ သွေးထဲမှာ လိုက်ကိုပင်းနည်းခြင်းသည် ခရမ်းချဉ်သီး အစားနည်းခြင်းကြောင့် ဟုညွှန်ဆိုခြင်းဖြစ်လေသည်။ထိုကြောင့် ၂၁ရာစုမှာ လိုက်ကိုပင်းပါဝင်နှုန်းကောင်းတဲ့ ခရမ်းချဉ်းသီးစားဖို့လိုပါကြောင်း တင်ပြလိုပါသည်။


အဟာရဓာတ်

မပြုပြင်ရသေးသောခရမ်းချဉ်သီးတွင် ဗတာမင်စီ၂၃ မီလီဂရမ် ပါဝင်ပြီး လိုက်ကိုပင်း မှာ ၄၆၃၁ မိုက်ခရိုဂရမ်ပါဝင်ပါသည်။ ချက်ပြီးသော ခရမ်းချဉ်သီးတွင် လိုက်ကိုပင်း ၇၂၉၈ မိုက်ခရိုဂရမ်ပါဝင်လေသည်။





အရေးပြားကျန်းမာစေရေး ခရမ်းချဉ်သီးစားသုံးပေး

ဂျာမန်သုတေသီများလေ့လာချက်အရ ခရမ်းချဉ်သီးတွင်ပါဝင်သော လိုက်ကိုပင်း သည် အသားအရေကျန်းမာစေရန်၊နုပျိုစေရန်၊ လှပစေရန် အထောက်အကူပြု သည်ဆိုပါသည်။ ထိုပြင်ခရမ်းချဉ်သီးတွင်ပါဝင်သော  Caffeic နှင့် Ferulic Acid ဓာတ်တို့သည်လည်း ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်သည်ဟုဆိုပါသည်။

ယခုခေတ်အခါ ခရမ်းချဉ်းသီးဖြင့်ပြုလုပ်သော  အသားဖြူ (Lotion) များနှင့် ခရမ်းချဉ် ဆပ်ပြာပင် လူသုံး ကုန်ပစ္စည်းများအဖြစ်ထုတ်လုပ်နေကြသည်။


တိုင်းရင်းဆေး

နွေချို၊ မိုးခါး ၊ဆောင်းချဉ် ဆို စကားအရ ခရမ်းချဉ်သီးသည် ဆောင်းကာလအတွက် ဓာတ်စာ ဖြစ်တော့သည်။ ဆောင်းရာသီတွင် အချဉ်စားပေးကြပါက ကျန်းမာစေခြင်း ကြောင့်ဖြစ်လေသည်။


လက်တွေ့မီးလောင်ဖု

အပူဟပ်ခြင်း၊ အပူလောင်ခြင်းဖြစ်ပါက ဆားလက်တစ်ဆုပ်ကိုရေနှင့်စပ်ပြီး အပူ လောင် သောလက်ကို စိမ်ရသည်။ ထိုနောက် ခရမ်းချဉ်းသီး အတွင်းအနှစ်သား ကို လက်တွင်လိမ်းပေးပါက မီးလောင်ဖုမထွက်တော့ပါ။


ဆေးဖက်ဝင်သော ခရမ်းချဉ်သီး

ဓာတုဆေးဝါး အကူအညီဖြင့် စိုက်ပျိုးသော ခရမ်းချဉ်သီးမှာအလုံးကြီး၍ နှစ်သက် ဖွယ်ဖြစ်သော်လည်း အနှစ်တွင် အချဉ်အရသာ လျော့နည်းနေတတ်၍ ဆေးဖက်ဝင်မှု အားနည်းလှပေသည်။


ရေချိုးကြောက်သူရေချိုးချင်စိတ်

အအေးပတ်မည်စိုး၍ဆောင်းကာလ ရေမချိုးချင်သူများ အသားပက်ခြင်း၊ ဆံပင် ကျွတ်ခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ဗောက်ထခြင်း၊ မျက်ရည်ပူ ကျခြင်းတို့ဖြစ် ပါက ခရမ်းသီးစိမ်းကို သုပ်ကျွေးခြင်းဖြင့် ရေချိုးချင်စိတ်ကိုဖြစ်စေသည်။


ဝမ်းချုပ်၍ အီနေသောကလေးငယ်

ခရမ်းချဉ်သီးမှည့်ကို ထန်းလျက်ဖြင့် ယိုထိုးကျွေးပါက သက်သာပျောက်ကင်းပါသည်။


ပါးစပ်တွင် ရာသီဥတုကြောင့် အပူကန်ရောဂါ

ခရမ်းချဉ်သီးအမှည့် အနှစ်ကို ငုံပေးခြင်း၊ လျှာပေါ်ပွတ်ပေးခြင်းဖြင့်ဖြင့်သက်သာပျောက်ကင်းသည်။


ဆီးချိုရှိသူ ၊ နှင့် ခရမ်းချဉ်

ခရမ်းချဉ်သီး အစိမ်းကိုနေ့စဉ် စားသုံးပေးခြင်းဖြင့် ဆီချိုတက်ခြင်းကို ထိန်းပေးသည့် အပြင် အနာကိုလည်းကျက်စေပါသည်။ ဆီချိုကြောင့်ရေငတ်ခြင်းကိုလည်း ခရမ်းချဉ်သီးမှည့် စားပေးခြင်းဖြင့် သက်သာစေနိုင်သည်။


မျက်စိအတွက်အထောက်အကူ

ကြက်မျက်သင့်ခြင်း၊ မျက်စိအားနည်းသူ၊ ကွန်ပြူတာအသုံးများသူ၊ ဖုန်းကြောင့် အာရုံ ကြောအားနည်းသူများသည် ခရမ်းချဉ်သီးစားသုံးရန် အထူးသင့်လျော်သည်။


အစာအိမ်နှင့် အစာအိမ် အချဉ်ပေါက်သူ

ငါးကျည်းခြောက်နှင့် ခရမ်းချဉ်သီးကို ကြော်၍လည်းကောင်း ချက်၍လည်းကောင်း စားပေးခြင်းဖြင့် အစာအိမ်အချဉ်ပေါက်နှင့် အစာအိမ်ရောဂါတို့ သက်သာပျောက် ကင်းစေသည်။


ငါးဘတ်သားနှင့် ခရမ်းချဉ်သီးဟင်းလျှာ

ကျောကုန်းအောင့်ခြင်း၊ အဆိပ်အတောက်နှင့် ပတ်သက်သောရောဂါ၊ ၀မ်းတွင်းနာ ရောဂါ၊ မူးဝေတတ်ခြင်း၊ အိပ် ငိုက်တတ်ခြင်းများ အတွက် ဆေးဝါးဓာတ်စာအဖြစ် စားသုံးကြသည်။


အင်အားကုန်ခန်းခြင်း

ခရမ်းချဉ်သီး အမှည့်၏ အရည်ကို နံနက်တစ်ကြိမ် ညတစ်ကြိမ်သောက်ပေးပါက အင် အားကုန်ခန်းခြင်း အတွက်များစွာ အထောက်အကူပြုပြီး အင်အားကို ပြန်လည် လန်းဆန်းစေပါသည်။

သိပ္ပံနည်းကျ ဓာတ်ခွဲပါက ဆေးသိပ္ပံပညာရှင်များတွေ့ရှိချက်အရ ခရမ်းချဉ်သီးမှည့် (၁၀၀) ဂရမ်တွင်

ဗီတာမင်အေ (၃၈၅၀) ယူနစ်၊ 

ကယ်လိုရီ (၂၆၅) ယူနစ် ၊

ရေငွေ့ဓာတ် (၉၃.၀) ယူနစ် ၊

ပရိုတင်းဓာတ် (၁.၃၇) ဂရမ်၊

ကာဘိုဟိုက်ဒရိတ် (၅.၁၃) ဂရမ်၊

အဆီဓါတ် (၀.၁) ဂရမ်၊

ကယ်စီယမ် (၁၁.၀) မီလီဂရမ်၊

ဖော့စ်ဖောရပ် (၅၃.၀) မီလီဂရမ်၊

သံဓာတ် (၁.၄) မီလီဂရမ်၊

ဗီတာမင်စီ (၁၈.၆) မီလီဂရမ်၊

ဗီတာမင် (ဘီ ၁) ၄၀မီလီဂရမ်၊ တို့ ပါဝင်ပါသည်။

https://m.facebook.com/story.php?story_fbid=468845623883778&id=413778192723855

----------------

ခရမ်းချဉ်သီးက လေဖြတ်နိုင်ခြေကို လျှော့ချနိုင် 

ခရမ်းချဉ်သီးဟာ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း လေ့လာမှု အသစ်အရ တွေ့ရှိခဲ့တာကို အာရုံကြောဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထား ပါတယ်။ 

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ များစွာပါဝင်ပါတယ်။

လေ့လာမှုအရ သွေးအတွင်း လိုင်ကိုပင်း ပမာဏ များစွာရရှိသူတွေဟာ လိုင်ကိုပင်း ပမာဏ နည်းစွာရရှိသူတွေထက် လေဖြတ်နိုင်ခြေ ၅၅ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။ လေ့လာသူတွေက ဖင်လန်နိုင်ငံမှ အသက် ၄၆ နှစ် နဲ့ ၆၅ နှစ်ကြား အမျိုးသားပေါင်း ၁၀၃၁ ယောက်ကို ၁၂ နှစ်ကြာအောင် လေ့လာခဲ့ရာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

တခြားဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ အယ်လ်ဖာကယ်ရိုတင်း၊ ဘီတာကယ်ရိုတင်း၊ အယ်လ်ဖာတိုကိုဖီရောနဲ့ ရက်တီနောတွေကိုလည်း လေ့လာမှုပြုခဲ့ပေမယ့် သူတို့တွေ ဟာ လေဖြတ်နိုင်ခြေနဲ့ ဆက်စပ်မှုမရှိကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 


ပါးနုသွေး၊ နီမြန်းစေချင်ရင်

တစ်ချို့ အပျိုလေးတွေရဲ့ ပါးလေးတွေဟာ နီးမြန်းပြီး နှင်းဆီရောင် သမ်းနေတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်ချင်ရင် ခရမ်းချဉ်သီးကို များများစားပေးပါ။ ပါးပြင်ကို ပန်းနုရောင် သမ်းရုံမျှမက အသားရည်ကို ရွှန်းစိုဝင်းလဲ့စေပါတယ်။ ခရမ်းချဉ်သီးကို ဒီအတိုင်း စားပေးရင် ပါးပြင် ပန်းနုရောင်သန်းရုံမျှမက မျက်လုံး၊ သွား၊ အရည်ပြားတွေပါ ကောင်းမွန်စေပါတယ်။


မျက်နှာသန့်စင်စေချင်ရင်

အိပ်ရာမဝင်ခင်နဲ့ အိပ်ရာထပြီး ဆယ်ငါးမိနစ်၊ စုစုပေါင်း တစ်နေ့ကို မိနစ် ၃၀ လောက် အချိန်ပေးရင် ရပါပြီ။ အိပ်ရာမဝင်ခင်မှာ မျက်နှာကို ခရမ်းချဉ်သီး တစ်ဝက်နဲ့ (တစ်လုံးကို လှီးပြီး) မျက်နှာကို ပွတ်သပ်ပေးပါ။ လည်ပင်းတစ်ဝိုက်နေရာတွေကိုပါ ပွတ်ပေးပါ။ ပြီးရင်တော့ ဆယ်ငါးမိနစ်ခန့်ထားပြီး ရေနဲ့ ပြန်ဆေးပေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လုပ်ပေးပါ။ မျက်နှာကို သန့်စင်ဝင်းပစေပါတယ်။


အဆီပြန်သော အသားအရေအတွက်

ပျားရည်နဲ့ ခရမ်းချဉ်သီးဟာ အဆီပြန်တဲ့ အသားအရည်အတွက် အရမ်းကို ဆေးဖက်ဝင်တဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။ ပျားရည် တစ်ဇွန်း(လက်ဖက်ရည်ဇွန်း) နဲ့ ခရမ်းချဉ်သီး အလတ်စား အရွယ်တစ်လုံးကို ယူပြီးရောစပ်ချေနှယ်ပေးပါ။ ပြီးရင် အဲဒီ့ ပျားရည်ရော ခရမ်းချဉ်သီးရည်ကို မျက်လုံးကလွဲပြီး မျက်နှာအပြင် အနှံ့လိမ်းပေးပါ။ လိမ်းပြီး အသားထဲ စိမ့်ဝင်သွားအောင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းပေးပါ။ ၁၅ မိနစ်ပြည့်မှ ရေနဲ့ ပြန်ဆေးပေးပါ။ နှစ်ပတ်လောက် လုပ်ကြည့်တာနဲ့ သိသာလာပါလိမ့်မယ်။ ဒါပေမယ့် ခရမ်းချဉ်သီးနဲ့ ဓာတ်မတည့်တဲ့ သူများအနေနဲ့တော့ မသုံးပါနဲ့။


ရေနွေးပူလောင်ခြင်းနှင့် ဝက်ခြံ

 ရေနွေးပူလောင်လို့ ဘေးနားမှာတစ်ခုခုနဲ့ သက်သာအောင် လုပ်စရာပစ္စည်း၊ ဆေးဝါးမရှိရင် ခရမ်းချဉ်သီးနဲ့ အုပ်ထားပေးပါ။ အပူသက်သာစေပါတယ်။ အမြန်ဆုံး သက်သာ ပျောက်ကင်း စေပါတယ်။ ဝက်ခြံ ကိုလည်း ပြေလျော့စေပါတယ်။


ဆံပင် အနံ့ဆိုးခြင်း

တစ်ခါတစ်လေ ကိုယ့်ခေါင်းက ဆံပင်ရဲ့ အနံ့ဟာ ဆိုးရွားနေတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ခရမ်းချဉ်သီးအရည်နဲ့ ခေါင်းကို လိမ်းပြီး မိနစ်ငါးဆယ်လောက်ထားပြီး ရေနဲ့ ပြန်လျှော်လိုက်ရင် အနံ့အသက်လည်း ကင်းပြီး ဒက်တွေပါ ပျောက်ကင်းသွားစေပါတယ်။ နောက်ပြီး ဗီတာမင်အေ ပါဝင်တာမို့ ဆံသားကို တောက်ပြောက်သန်မာစေပါတယ်။

https://m.facebook.com/story.php...

https://m.facebook.com/story.php?story_fbid=468845623883778&id=413778192723855

-------------------

*သွေးကြောထုံးခြင်းကို သဘာဝနည်းနဲ့ကုမယ်*

ဒီတစ်ခါ မိတ်ဆွေတို့ကို ပြောပြမယ့် ကျန်းမာရေးဗဟုသုတကတော့ သွေးကြောထုံးခြင်း၊ သွေးကြောဆုံခြင်းကို ခရမ်းချဉ်သီးဖြင့်ကုသနိုင်တဲ့ သဘာဝဆေးနည်းပဲ ဖြစ်ပါတယ်။

ငွေကြေးတတ်နိုင်ပြီး ဆေးရုံဆေးခန်းကို အလွယ်တကူ တက်နိုင်သူတွေအတွက်တော့ ခေတ်မီဆေးကုထုံးများစွာ ရှိနေပေမယ့် ဆေးရုံနဲ့အလှမ်းဝေးသူများအတွက်တော့ ဒီသဘာဝကုထုံးဟာ တကယ်ကို အကျိုးရှိစေမှာပါ။ 

ခရမ်းချဉ်သီးဟာ လူသားတွေအတွက် အာဟာရအဖြစ် အကျိုးပြုပေးနိုင်ရုံမက ကျန်းမာရေးအတွက်ကိုလည်း များစွာအထောက်အကူပြုပေးနိုင်တဲ့ အံ့ဖွယ်သဘာဝဆေးတစ်မျိုး ဖြစ်နေပါတယ်။ အလှအပအတွက်ခရမ်းချဉ်သီး ဆိုတဲ့အကြောင်းကို အရင်ပတ်က တင်ပြပေးခဲ့ပြီးပြီမို့ ဒီတစ်ခါတော့ အကြောထုံးခြင်းအတွက် ခရမ်းချဉ်သီးကုထုံးအကြောင်းကို ပြောပြပါမယ်။ 

(၁) ခရမ်းချဉ်သီး အစိမ်း၂ လုံးခန့်ကို သန့်စင်အောင် ဆေးကြောပြီး အကွင်းလိုက် လှီးထားပါ။

(၂) ပုံထဲမှာမြင်ရတဲ့အတိုင်း အကြောထုံးတဲ့နေရာကို ခရမ်းချဉ်းကွင်းကို အုပ်ထားပါ။ လိုအပ်ပါက ပတ်တီးခပ်ဖွဖွလေး စည်းပေးထားပါ။

(၃) ခဏအကြာမှာ စပ်ဖျင်းဖျင်းခံစားလာရင် ခွါလိုက်ပါ။ အဲဒီနေရာကို ရေအေးနဲ့ ဆေးပေးလိုက်ပါ။ တစ်ရက်ကို ၄ ကြိမ်ခန့် ဆက်တိုက်လုပ်ပေးပါ။

ခရမ်းချဉ်သီးကို အစိမ်းရော အမှည့်(အနီရောင်)ပါ အသုံးပြုနိုင်ပါတယ်။ ပျော့နေတဲ့အသီးကိုမသုံးပဲ ခပ်လတ်လတ်၊ မာဆတ်ဆတ်လေးဆိုရင် ပိုအဆင်ပြေစေပါမယ်။ 

ဘေးထွက်ဆိုးကျိုးမရှိတဲ့ သဘာဝနည်းဖြစ်တဲ့အတွက် စိတ်ရှည်ရှည်လေးတော့ လုပ်ပေးရပါတယ်။ ၂ ပတ်အတွင်း ပုံထဲကအတိုင်း သိသာစွာ ပျောက်ကင်းသွားပါလိမ့်မည်။ 

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာနိုင်ကြပါစေ။ 

https://m.facebook.com/story.php?story_fbid=468845623883778&id=413778192723855

(စောနွဲ့ နေဆိုင် - ပူတာအို)


ခရမ်းချဉ်သီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ ဖောလိတ်ဓာတ်၊ ဗီတာမင်ဘီနဲ့ ပိုတက်စီယမ် သတ္တုဓာတ်တွေ ပါရှိပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပါရှိတဲ့အပြင် လူကိုလည်း မဝစေပါဘူး။ ခရမ်းချဉ်သီး တစ်လုံးမှာ ကယ်လိုရီ ၇၂ ကီလိုဂျူးလောက်သာ ပါရှိတာကြောင့်ပါ။


Antioxidant ပါရှိမှု

ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ ရောဂါ တိုက်ဖျက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိပြီး ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။ Lycopene ဓာတ်က ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့ ဓာတ်ပါ။ ခရမ်းချဉ်သီး အရောင်ရင့်လေ Lycopene ဓာတ်များလေပါပဲ။


ရောဂါတိုက်ဖျက်မှု

ဆီးအိတ်ကင်ဆာ

လေ့လာချက်တွေအရ ခရမ်းချဉ်သီးကနေ Lycopene ဓာတ် အများဆုံး ရရှိတဲ့ အမျိုးသားတွေဟာ ဆီးအိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ လျော့နည်းတာကို တွေ့ရပါတယ်။ ခရမ်းချဉ်သီးဆော့စ် ပါရှိတဲ့ အစာ ဒါမှမဟုတ် ခရမ်းချဉ်သီးကို တစ်ပတ် နှစ်ကြိမ်လောက် စားပေးရုံနဲ့တင် ဆီးအိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းထိ လျော့ကျနိုင်တာကို တွေ့ရပါတယ်။


နှလုံးရောဂါ

ခရမ်းချဉ်သီး များများစားသူတွေဟာ ဆီးအိတ်ကင်ဆာ ရောဂါလိုပဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ

လျော့နည်းတာကို လေ့လာရပါတယ်။ ဒါ့အပြင် Lycopene ဓာတ်တွေဟာ အဆုတ်၊ သားအိမ်ခေါင်းနဲ့ အူလမ်းကြောင်း ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေ လျော့နည်း စေတာကိုပါ တွေ့ရပါတယ်။


မျက်စိ ကျန်းမာရေး

လူ့မျက်လုံး တစ်သျှူးကြွက်သားတွေမှာ တွေ့ရတဲ့ Lycopene ဓာတ်များတာက အသက်အရွယ်ကြောင့် ဖြစ်ရတဲ့ မျက်စိတိမ်နဲ့ တစ်ခြားမျက်စိရောဂါတွေကို ကာကွယ်ပေးနိုင်တာကို လေ့လာရပါတယ်။


နေရောင်ကာကွယ်မှု

နေရောင်ခြည်အောက်မှာ ခရမ်းချဉ်သီး ရင့်မှည့်လာရတဲ့အခါ လောင်ကျွမ်း မသွားအောင် Lycopene ဓာတ်က ကာကွယ်ပေးရသလို လူတွေကိုလည်း နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါတယ်။


ခရမ်းချဉ်သီးဝယ်ရာတွင်

ချက်ချင်း ချက်ပြုတ် စားသောက်ဖို့ ခရမ်းချဉ်သီး ဝယ်မယ်ဆိုရင် အနီရောင်ရဲရဲကို ရွေးဝယ်ပါ။ အနီရဲလေလေ Lycopene ဓာတ်များလေလေမို့ပါ။ ပျော့တဲ့နေရာ မရှိဘဲ ခပ်တင်းတင်းလေး ဖြစ်နေတဲ့ အလုံးကို ရွေးဝယ်ပါ။ အရောင်ဖျော့တဲ့ ခရမ်းချဉ်သီးတွေဟာ အခန်းတွင်း အပူချိန်မှာ ထားတဲ့အခါ သုံးရက်ကနေ တစ်ပတ်အတွင်း ရင့်မှည့် လာတတ်ပါတယ်။ ခရမ်းချဉ်သီး တောင်းလိုက် ဝယ်မယ်ဆိုရင်လည်း တောင်းကို သေချာ ကြည့်ကာ မှည့်လွန်ပြီး ပျော့၊ ပြဲ၊ ကွဲနေတဲ့ အလုံးတွေ ပါမပါ စစ်ပါ။


ခရမ်းချဉ်သီး သိုလှောင်ခြင်း

ခရမ်းချဉ်သီးမှည့်ပါက ရေခဲသေတ္တာထဲမှာ လေးရက်လောက် အထားခံပါတယ်။ စားခါနီး တစ်နာရီလောက် အလိုမှာ ရေခဲသေတ္တာထဲက ထုတ်ပေးပါ။ မမှည့်သေးတဲ့ ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ မထည့်မိ ပါစေနဲ့။ နေရောင်ခြည် တိုက်ရိုက်မကျတဲ့ အခန်းတွင်း အပူချိန်မှာ ထားပေးပါ။ တဖြည်းဖြည်းနဲ့ မှည့်လာပြီး အရသာ ကောင်းလာ ပါလိမ့်မယ်။ တစ်ကယ်တော့ ခရမ်းချဉ်သီးကို ဟင်းသီးဟင်းရွက် အုပ်စုထဲက မဟုတ်ဘဲ သစ်သီးအုပ်စုထဲမှာ ရူပဗေဒနည်းအရ အမျိုးအစား သတ်မှတ်ထားပါတယ်။ ရှေးခေတ်က ခရမ်းချဉ်သီးကို အဆိပ်ရှိအသီးလို့ သတ်မှတ် ထားကြပါတယ်။ ခရမ်းချဉ်သီးကို တောင်အမေရိကတိုက်ကနေ စတင်တွေ့ရှိခဲ့တာပါ။

https://m.facebook.com/story.php...

---------------

ခရမ်းချဉ်သီးကို ဆေးလိပ်သောက်တဲ့သူတွေ အမြဲစားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးဟာ ဆေးလိပ်ကြောင့် ဖြစ်ရတဲ့ ကိုယ်တွင်းဆုံးရှုံးမှုများ၊ ဘေးဘယာများကို နည်းပါးပျောက်ကင်းအောင် စွမ်းဆောင်ပေးပါတယ်။ ခရမ်းချဉ်သီးထဲက ခလိုရိုဂျင်နင် (Chrologenic) နဲ့ ကူမာအစ် (Coumaric) အက်ဆစ်ဟာ အဆုတ်ကို ထိခိုက်ပျက်စီးမယ့် ဘေးကနေ ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ခရမ်းချဉ်သီးမှာ ခရိုမီယမ် သတ္တုဓာတ်တွေ အများအပြား ပါဝင်တာမို့ ဆီးချို မဖြစ်အောင် ထိန်းညှိပေးပါတယ်။ ခရမ်းချဉ်သီးထဲက ဗီတာမင်အေဓာတ်ကြောင့် မျက်လုံးအမြင်အာရုံကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ မျက်လုံးအရောင် မကြည်တာကအစ ညဘက်အမြင် အာရုံအားနည်းတာတွေကိုပါ ပိုပြီး တိုးတက် ကောင်းမွန်လာစေပါတယ်။

ခရမ်းချဉ်သီးထဲက ဗီတာမင်ဘီနဲ့ ပိုတက်စီယမ်ဓာတ်ဟာ သွေးပေါင်ချိန်နဲ့ ကိုလက်စထရော အနေအထားကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် နှလုံးရုတ်တစ်ရက်လေရိုက်ခြင်း၊ လေဖြတ်ခြင်းများ ကိုလည်း ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးဟာ ကင်ဆာရောဂါ အတော်များများကို နှိမ်နှင်းနိုင်စွမ်း ရှိပါတယ်။

လေ့လာတွေ့ရှိချက် ၇၂ ခုအရ ခရမ်းချဉ်သီးကို အစိမ်းလိုက်၊ ချက်ပြုတ်ပြီးစားတဲ့သူရော၊ ခရမ်းချဉ်သီးနဲ့ ပြုလုပ်ထားတဲ့ စားသောက်ကုန်များကို စားသုံးတဲ့သူတွေဟာ ကင်ဆာ ရောဂါတွေနဲ့ ပတ်သက်ပြီး အတော်လေးကို နှိမ်နှင်းကာကွယ်နိုင်စွမ်းရှိကြတာကို တွေ့ရှိရပါတယ်။ အဲဒီ့ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ အစွမ်းဟာ ခရမ်းချဉ်သီးထဲက Lycopene ဓာတ်ပေါ်မူတည်နေပါတယ်။ အဲဒီ့ဓာတ်ဟာ ခရမ်းချဉ်သီးကို နီရဲအောင် လုပ်ပေးတဲ့ဓာတ်ပဲဖြစ်ပါတယ်။

အစာအိမ် ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီးကို အစိမ်းထက် ချက်ပြုတ်ပြီး စားသုံးတာဟာ Lycopene ဓာတ်တွေ ပိုပြီး ထုတ်လုပ်ပေးတာကို တွေ့ရှိရပါတယ်။ လိုင်ကိုပိန်း ဟာ ကင်ဆာရောဂါတွေကို သာမက အရည်ပြားအတွက် အန္တရာယ်ရှိစေတဲ့ရောင်ခြည်တွေကိုလည်း ကာကွယ်ပေးထားပါတယ်။ နောက်ပြီး ယောက်ျားလေးမျိုးဆက် ပြန့်ပွားခြင်းကို အထောက်အပံ့ ပေးပါတယ်။ သိသိသာသာ အစွမ်းပြတဲ့အချက်ကတော့ အဆုတ်နဲ့ အစာအိမ်ဘေးကင်းကျန်းမာစေဖို့ ကောင်းကောင်း အထောက်အကူ ပြုပေးပါတယ်။

ကိုယ်အလေးချိန်လျော့ကျစေဖို့ အတွက် စားသင့်တဲ့ အစားအသောက်တွေကို သုတေသီတွေက လေ့လာ ဖော်ထုတ်ခဲ့ကြပေမယ့်. . တစ်ကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့ အစားအသောက်ဆိုတာ ရှားပါတယ်. . . ဒါပေမယ့် . . . အဲဒီ အစားအစာတွေထဲမှာ ခရမ်းချဉ်သီး စားပေးတာက ကိုယ်ခန္ဓာသွယ်လျဖို့ အတွက် တစ်ကယ်ကို ထိရောက် အသုံးဝင်ပါတယ်. .

* ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်..

* ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်.

* အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီး ညှပ်ထားတဲ့ ပေါင်မုန့်စားသူတွေဟာ. . . ခရမ်းချဉ်သီး မပါတဲ့ ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှု ပိုရကာ နောက်ထပ် အစာစားချင်စိတ်လျော့နည်းသွားကြောင်း လေ့လာ တွေ့ရှိရပါတယ်.

* တခြား လေ့လာ မှုတစ်ခုအရ ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏာကို ပြောင်းလဲစေတဲ့ အာနိသင်ပါဝင်ကြောင်း သိရပါတယ်. . .

* ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ် ကလည်း ကင်ဆာလျော့ကျစေခြင်း ၊ မျိုးပွား နိုင်စွမ်းအားကောင်းခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေပါတယ်.

* ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်း မြန်စေခြင်းနှင့် ခန္ဓာကိုယ်မှာ သံဓာတ် စုပ်ယူအားကောင်း ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်. .

ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာ သွယ်လျလှပစေဖို့အတွက် စားပေးပါက တခြား ကျန်းမာရေး အကျိုးရလာဒ်ကောင်းတွေကိုပါ. . ရရှိနိုင်မှာ ဖြစ်ပါတယ်. .

တစ်ပတ် အတွင်း ခရမ်းချဉ်သီး ခုနစ်ကြိမ် စားသုံးသူ သည် ဆီးကျိတ် ကင်ဆာ ဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်း အထိ လျော့ချ စေနိုင်ပြီး ဆယ်ကြိမ်အထက်စား သူများဖြစ်ပါက ဆီးကျိတ်ကင်ဆာမှ လွတ် ကင်းနိုင်သည်ဟု သုတေသီတစ်ချို့က ဆိုသည်။ ခရမ်းချဉ်သီးတွင် ပေါပေါများများ ပါဝင်သည့် လိုင်ကော်ပင်းဓာတ် (Lycopene) သည် ကင်ဆာရောဂါများကို ကာကွယ်တိုက်ဖျက်ရာတွင် အားပြင်း သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidant ဖြစ်သောကြောင့် ခန္ဓာကိုယ်ရှိ ဆဲလ်များကို ကင်ဆာမကူးစက်အောင်နှင့် မပြောင်းလဲ မပျံ့နှံ့အောင်ကာကွယ်ပေး သည်ဟုဆိုသည်။ Antioxidant သည် အထူးသဖြင့် ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ သားအိမ်ကင်ဆာနှင့် ကင်ဆာ ဖြစ်မည့် အမြုတေများကို တားဆီးပယ် ဖျက်ပေးနိုင်သည်။

Lycopene ဓာတ်သည် Heart Attack နှလုံးရပ်ဆိုင်းခြင်းကို ကာကွယ် တားဆီးပေးနိုင်ပြီး အူမကြီးကင်ဆာနှင့် လေဖြတ်ခြင်းကိုလည်း တားဆီးနိုင်သည် ဟုဆိုကြသည်။ Lutein နှင့် Zeaxanthin ဓာတ်များပါဝင်ခြင်းကြောင့် မျက်စိ အမြင်ကို ကောင်းမွန်ကြည်လင်စေနိုင် ကြောင်း သုတေသီများက ပြောသည်။ 

ခရမ်းချဉ်သီးတွင် ဗီတာမင်ဘီဓာတ်၊ ဗီတာမင်စီ၊ မကောင်းသော LDL အဆီ ဓာတ်များကို ဖယ်ရှားပေးနိုင်သော HDL ကောင်းသော ကိုလက်စထရောဓာတ်၊ ကျန်းမာရေးနှင့် ခန္ဓာကိုယ်တည်ဆောက် ရေးတွင် အရေးပါသော ဆိုဒီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်၊ သွေးနီဥထုတ်ပေးရာ တွင် မရှိမဖြစ်လိုအပ်သော ဖိုလစ်အက် ဆစ်ဓာတ်က ကလေးငယ်များ ကြီးထွား ဖွံ့ဖြိုးစေရန် မီးယပ်သွေးဆုံးပြီး အမျိုးသမီး များ အရိုးပါးခြင်း၊ အရိုးဆက်ခြင်းမှ ကာ ကွယ်ပေးနိုင်သည့် ကယ်လ်ဆီယမ်ဓာတ်၊ အမျိုးသမီးများ အထူးလိုအပ်သည့် သံ ဓာတ်၊ သက်ကြီးရွယ်အိုနှင့် နှလုံးခုန်မမှန် သူများအတွက် လိုအပ်သည့် မဂ္ဂနီစီယမ် ဓာတ်များလည်း ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ခရမ်းချဉ်သီးကို အစိမ်း စားခြင်း၊ ချက်ပြုတ်စားခြင်း၊ ခရမ်းချဉ်သီး ဆော့စ်ပြုလုပ်စားခြင်းဖြင့် အာဟာရမျိုးစုံ ရရှိနိုင်မည်ဖြစ်သည်။ 

      

မကောင်းတဲ့ အဆီတွေကိုလျှော့ချပေးနိုင်တဲ့ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ Lycopene (လိုင်ကိုပင်း) ပါဝင်မှုများတာကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါ (အူမကြီးနဲ့ သားမြတ် ကင်ဆာအပါအ၀င်) တွေကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှု အများအပြားအရ သိရပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကိုလက်စထရော (LDL) အဆင့်ကိုလျော့ချပေးနိုင်ပြီး ကောင်းတဲ့ ကိုလက်စထရော (HDL) အဆင့်ကိုမြှင့်တင်ပေးနိုင်ပါတယ်။

          တစ်နေ့လျှင် အလတ်စားအရွယ်ရှိတဲ့ ခရမ်းချဉ်သီးနှစ်လုံးစားပေးခြင်းဖြင့် ကောင်းမွန်တဲ့ ကိုလက်စထရောအဆင့်ကို အနည်းဆုံး 15% ထက်မြင့်တက်စေနိုင်ပြီး မကောင်းတဲ့ကိုလက်စထရောအဆင့် (LDL) နဲ့ Triglycerides အဆင့်တို့ကို 8% ထိလျော့ချပေးနိုင်တယ်လို့ လေ့လာမှုရလဒ်တွေ မှာဖော်ပြထားပါတယ်။ 

ခရမ်းချဉ်သီးမှာပါဝင်တဲ့ Lycopene (လိုင်ကိုပင်း)  အပါအ၀င် အခြားသော အင်တီးအောက်ဆီးဒင့် (Antioxidants)တွေဟာ မကောင်းတဲ့ ကိုလက်စထရော ပမာဏကို လျော့ချပေးခြင်းဖြင့် သွေးကြောနံရံများတွင် အဆီဖတ်များဖြစ်ပေါ်ခြင်းကို လျော့နည်းစေပါတယ်။ lycopene (လိုင်ကိုပင်း) ဟာ ထောပတ်သီး၊ သံလွင်ဆီ ဒါမှမဟုတ် အခွံမာသီးတွေလို အစားအစာတွေနဲ့ တွဲစားရင် အာနိသင်ပိုရှိပါတယ်။

https://m.facebook.com/story.php?story_fbid=468845623883778&id=413778192723855

-------------

ခရမ်းချဉ်သီး ဖျော်ရည်က ခါးသွယ်စေတယ်တဲ့လား

ခရမ်းချဉ်သီးကို အမြဲတမ်းတော့မရှောင်နိုင်ကြပါဘူး။ ဟင်းတစ်ခွက်ရဲ့ အနှစ်သာရ ခရမ်းချဉ်သီးရဲ့ ချဉ်ပြုံးပြုံးအရသာလေး ပါရင် ပိုစားကောင်းတာ အမှန်ပဲပေါ့။ အစားအသောက်အတွက်ပဲ မဟုတ်ပါဘူး။ အလှအပအတွက်ပါ ခရမ်းချဉ်သီး ကိုကြိတ်ပြီး မျက်နှာပေါ်လိမ်းကာ ပေါင်းတင်လာကြပါတယ်။ ဒီ့အပြင် ခရမ်းချဉ်သီးဟာ ကင်ဆာ၊နှလုံးရောဂါ၊ ဆီးချို၊ ကျောက်ကပ်အစရှိတဲ့ရောဂါတွေ မဖြစ်နိုင်ရန်ကာကွယ်ပေးတဲ့အပြင် အမြင်အာရုံအားဖြည့်ပေးခြင်း၊အဆာချေနှုန်းတိုးမြှင့်ပေးခြင်း၊ အရွယ်မတိုင်ခင် အိုမင်ရင့်ရော်ခြင်း အပြင်အခြားရောဂါပေါင်းများစွာကို ကာကွယ်ပေးပါတယ်။

ဒါပေမယ့် အံ့ဩစရာတစ်ခုကတော့ ခရမ်းချဉ်သီးဖျော်ရည် နေ့စဉ်ပုံမှန်သောက်ပေးခြင်းအားဖြင့် ၂လအတွင်း ခါးတစ်လက်မကျစေတယ်ဆိုတာပဲ။ ထိုင်ဝမ်မှာရှိတဲ့ တရုတ်ဆေးကျောင်းတစ်ခုက သုတေသနအနေနဲ့ အသက်၂၀ မှ ၃၀ အရွယ်ရှိတဲ့ အမျိုးသမီးတွေကို စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ့အမျိုးသမီးတွေကို နေ့စဉ်ပုံမှန် ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်သုံးစေပြီး ၈ပတ် (၂လ) ကြာတဲ့အခါမှာတော့ ခါး ၁လက်မ ရဲ့ ၃ပုံ ၂ပုံလောက်သိသိသာသာ ကျဆင်းသွားတဲ့အပြင် ကိုယ်အလေးချိန် တစ်ပေါင်ထက် ပိုလျော့သွားတာတွေ့ရှိလာရတယ်။

 ဒါပေမယ့်လည်း အာဟာရပညာရှင် တစ်ဦးဖြစ်တဲ့ Mike Lean ကတော့ ဒီနည်းလမ်းဟာ ချွတ်ယွင်းချက်လေးရှိနိုင်တယ်လို့ဆိုထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ စမ်းသပ်မှုတွေပြုလုပ်တဲ့အခါမှာ (Control Group) လို့ခေါ်တဲ့ ခရမ်းချဉ်သီးမသောက်သုံးတဲ့အဖွဲ့ မရှိသေးတဲ့အတွက်ကြောင့် သောက်သုံးသူနဲ့ မသောက်သုံးသူတို့ရဲ့ရလဒ် နှိုင်းယှဉ်လို့မရတဲ့အတွက်ကြောင့် တိကျတဲ့ အဖြေမထွက်လာသေးပါဘူးလို့ဆိုထားတယ်။

ဒါပေမယ့်လည်း အကျိုးတော့မယုတ်ပါဘူး။ ခါးမကျစေနိုင်ရင်တောင် သူ့ရဲ့ အလှအပရေးရာရော၊ ကျန်းမာရေးအကျိုးကျေးဇူးတွေရော အများကြီးရှိနေသေးတဲ့အတွက် သောက်သုံးမယ်ဆိုရင်လည်း စိုးရိမ်ဖွယ်ရာမရှိပါဘူး။


လွယ်ကူတဲ့ ခရမ်းချဉ်သီးဖျော်နည်း

ရေမ်းချဉ်းသီးကို ရေဆေး ခေါင်းထိပ်ကလေးဖြတ်ပြီး ခပ်ထူထူ လှီးကာ ကြိတ်စက် သို့မဟုတ် ဖျော်ရည်စက်ထဲထည့်ကြိတ်ပါ။

လိုအပ်သလောက်ရေရောပါ။

ဆား၊ ငရုတ်ကောင်း လိုအပ်သလောက်ထည့်ပါ။

အခုဆို လှပကျန်းမာ နုပျိုတဲ့အပြင် ခါးလည်းသွယ်စေမယ့် သဘာဝ ခရမ်းချဉ်သီးဖျော်ရည် ရရှိပါပြီ။


ခရမ်းချဉ်အစေ့က ကျန်းမာရေးအတွက် ဘာတွေကောင်းသလဲ။

Tomato seeds and its benefits


One look at these seeds and you might be wondering, what benefits they can offer to you! Well, these tiny yet powerful seeds are packed with nutrition and are one of the healthiest foods around. 

Rich in dietary fibre, vitamin A and C, tomato seeds are harder to digest and are usually consumed after drying them, in powdered form! Lately, there have been several debates over whether you should eat the tomato seeds or not, as one of the studies have suggested that they are a healthier alternative to aspirin! While earlier, it was thought that eating tomato seeds can give you appendicitis. Due to these misconceptions, people tend to doubt about eating them. These seeds are very powerful for overall health and are good for skin too! Below are some of the benefits they can offer.

တစ်ယောက်က ဒီမျိုးစေ့တွေကိုကြည့်လိုက်ရင်မင်းတို့ ဘာအကျိုးကျေးဇူးတွေရနိုင်တယ် ဆိုတာကို သင်သိချင်နေလိမ့်မယ်။ ကောင်းပြီ၊ သေးငယ်ပြီးစွမ်းအားကောင်းတဲ့ ဒီအစေ့တွေဟာ အာဟာရနဲ့ပြည့်နေပြီးပတ် ၀ န်းကျင်မှာရှိတဲ့ကျန်းမာရေးအကောင်းဆုံး အစားအစာတစ်ခုပါ။


အာဟာရအမျှင်ဓာတ်၊ ဗီတာမင်အေနှင့် စီဓာတ်များစွာပါသောခရမ်းချဉ်သီးအစေ့များသည်အစာကြေရန်ခက်ခဲပြီးအများအားဖြင့်၎င်းတို့ကိုခြောက်သွေ့ပြီးနောက်အမှုန့်များဖြင့်စားသုံးကြသည်။


 လေ့လာမှုတစ်ခုအရ ၎င်းတို့သည် Aspirin ကိုပိုမိုကျန်းမာစေသောအခြားနည်းလမ်းတစ်ခုဖြစ်သဖြင့်သင်သည်ခရမ်းချဉ်သီးအစေ့များကိုစားသင့်၊ မစားသင့်သည်နှင့် ပတ်သက်၍ ငြင်းခုံမှုများစွာဖြစ်ပွားခဲ့သည်။ အစောပိုင်းကဖြစ်သော်လည်းခရမ်းချဉ်သီးအစေ့များကိုစားခြင်းသည်သင့်ကိုအူရောင်ရောဂါဖြစ်စေနိုင်သည်ဟုယူဆခဲ့ကြသည်။ 


ဤအယူအဆမှားများကြောင့်လူတို့သည်၎င်းတို့သည်အစာစားခြင်းနှင့် ပတ်သက်၍ သံသယများလေ့ရှိသည်။ ဤအစေ့များသည်ကျန်းမာရေးအတွက်အလွန်အစွမ်းရှိပြီးအရေပြားအတွက်လည်းကောင်းသည်။ အောက်တွင်သူတို့ပေးနိုင်သောအကျိုးကျေးဇူးအချို့ရှိပါသည်။ 



Lowers blood pressure

Tomato seeds are rich in several nutrients and potassium is one of them, which helps in maintaining your blood pressure by relaxing the walls of blood vessels.

ခရမ်းချဉ်သီး မျိုးစေ့များသည် အာဟာရဓာတ်များစွာပါဝင်ပြီး ပိုတက်ဆီယမ်သည်၎င်းသွေးကြောနံရံများကိုလျှော့ချခြင်းဖြင့် သင်၏သွေးပေါင်ချိန်ကို ထိန်းသိမ်းရန်ကူညီသည်။ 


Strengthens immune system

Tomato seeds are a rich source of vitamin C, which is important for a strong immune system. It is advised to consume a little amount of tomato seeds powder in your food such as soups to have a strong immunity.

ခရမ်းချဉ်သီးအစေ့သည်ကြွယ်ဝသော ကိုယ်ခံအားစနစ်အတွက်အရေးကြီးသော ဗီတာမင်စီ၏ အရင်းအမြစ်ဖြစ်သည်။ 

ခရမ်းချဉ်သီးအမှုန့်အနည်းငယ်သည် သင်၏ အစားအစာများမှ ဟင်းချိုများကဲ့သို့ အားကောင်းသောခံနိုင်ရည်ရှိ ကြောင်း အကြံပြုသည်။ 



မူရင်းပိုင်ရှင်များအား လေးစားစွာ (credit)ပေးပါတယ်ခင်ဗျာ။

#Thura_Htayaung

6 - 6 - 2019

https://m.facebook.com/story.php...

https://m.facebook.com/story.php?story_fbid=468845623883778&id=413778192723855

credit - Dr. Htet Htet Aung/ DrMyanmar/သက်စောင့်သမားတော်ဂျာနယ်/ဒေါက်တာနုမြတ် / ရဲမျိုးသူ(ဗောဓိမြိုင်) / ရိုးရာလေး/ ပိုပိုဇော် / စောနွဲ့ နေဆိုင်(ပူတာအို)/MyFood Myanmar

စာကိုး - ကင်ဆာနှင့်အစားအစာ/နေ့စဉ်စားသုံးနေသော ဟင်းသီးဟင်းရွက်များ၏ထူးခြားသော ဆေးဖက်ဝင်အာနိသင်/ဆေးသပ္ပံအမြင်နှင့်တိုင်း ရင်းဆေးသဘာဝကုထုံးများ

google.com/ How to Cure Varicose Veins with the Help of Tomato

photo - ctedit


Crd ... Thura_Htayaung

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall