Posts

Showing posts from October, 2019

တွေ့တာနဲ့ ချက်ချင်း သတ်ပစ်ဖို့ ထုတ်ပြန်ခံထားရတဲ့ ငါးမျိုးစိတ်သစ်

Image
ဂျော်ဂျီယာနိုင်ငံမှာတွေ့ခဲ့တဲ့ ငါးမျိုးစိတ် အသစ်တစ်ခုက အားလုံးကို တုန်လှုပ်စေပါတယ်။ ရေထဲမှာပဲ အသက်ရှင်တတ်တဲ့ ငါးတွေဟာ ကုန်းပေါ်မှာ (၅)ရက်လောက် အသက်ရှင်နေသလို အသက်လည်း ရှုတဲ့အတွက် တွေ့တာနဲ့ကို သတ်ပစ်ဖို့ နိုင်ငံရဲ့ သားရဲတိရစ္တာန်ထိန်းသိမ်းရေး ဌာနက ထုတ်ပြန်လိုက်ရတဲ့ငါးပါ။ ဒီငါးကို စတွေ့တော့ ဂျော်ဂျီယာနိုင်ငံမှာပါ။ Gwinnett County property အနီးမှာရှိတဲ့ ရေကန် တစ်ကန်မှာ ကမ်းတင်နေတဲ့ ငါးတစ်ကောင်ကို တွေ့ခဲ့ရပြီး၊ နာမည်ကိုတော့ မြောက်ပိုင်းမြွေဦးခေါင်းငါး လို့ဆိုပါတယ်။  သူ့ကို သတ်ခိုင်းရတဲ့အကြောင်းထဲက အထူးဆန်းဆုံး တစ်ချက်က ငါးဟာ ကုန်းပေါ်မှာ နေနေ ရင်းနဲ့ မြွေတစ်ကောင်လို  သုံးပေလောက် အရှည်အထိ ရှိလာနိုင်လို့ပါပဲ။ အဖွဲ့ချုပ်က ထုတ်ပြန် ထားတဲ့ စည်းကမ်းချက်တွေမှာ လုံးဝပြန်မလွှတ်ပါနဲ့၊ ချက်ချင်း သတ်ပစ်ပါ ဒါမှမဟုတ် အအေး ခန်းထဲ ပစ်ထည့်လိုက်ပါ။  ဖြစ်နိုင်ရင် ငါးရဲ့ပုံကို ဓာတ်ပုံရိုက်ထားပါ။ ဘယ်နေရာမှာ ဖမ်းမိခဲ့တယ် ဆိုတာကို အတိအကျ မှတ်ထားပေးပါ။ ပြီးတာနဲ့ ဂျော်ဂျီယာရဲ့ DNR သဘာဝ သားရဲ ထိန်းသိမ်းရေးကို အကြောင်း ကြား ပါလို့ ဆိုပါတယ်။ ငါးနဲ့ ပတ်သက်တဲ့ အကြောင်းက ငါးဟာ ကုန်းမြေပေါ်ရောက်လာတဲ့အခါ ပုံမှန်အသ
 
365myanmar.com - Myanmar Online Shopping Mall