တွေ့တာနဲ့ ချက်ချင်း သတ်ပစ်ဖို့ ထုတ်ပြန်ခံထားရတဲ့ ငါးမျိုးစိတ်သစ်




ဂျော်ဂျီယာနိုင်ငံမှာတွေ့ခဲ့တဲ့ ငါးမျိုးစိတ် အသစ်တစ်ခုက အားလုံးကို တုန်လှုပ်စေပါတယ်။ ရေထဲမှာပဲ အသက်ရှင်တတ်တဲ့ ငါးတွေဟာ ကုန်းပေါ်မှာ (၅)ရက်လောက် အသက်ရှင်နေသလို အသက်လည်း ရှုတဲ့အတွက် တွေ့တာနဲ့ကို သတ်ပစ်ဖို့ နိုင်ငံရဲ့ သားရဲတိရစ္တာန်ထိန်းသိမ်းရေး ဌာနက ထုတ်ပြန်လိုက်ရတဲ့ငါးပါ။

ဒီငါးကို စတွေ့တော့ ဂျော်ဂျီယာနိုင်ငံမှာပါ။ Gwinnett County property အနီးမှာရှိတဲ့ ရေကန် တစ်ကန်မှာ ကမ်းတင်နေတဲ့ ငါးတစ်ကောင်ကို တွေ့ခဲ့ရပြီး၊ နာမည်ကိုတော့ မြောက်ပိုင်းမြွေဦးခေါင်းငါး လို့ဆိုပါတယ်။ 

သူ့ကို သတ်ခိုင်းရတဲ့အကြောင်းထဲက အထူးဆန်းဆုံး တစ်ချက်က ငါးဟာ ကုန်းပေါ်မှာ နေနေ ရင်းနဲ့ မြွေတစ်ကောင်လို သုံးပေလောက် အရှည်အထိ ရှိလာနိုင်လို့ပါပဲ။ အဖွဲ့ချုပ်က ထုတ်ပြန် ထားတဲ့ စည်းကမ်းချက်တွေမှာ လုံးဝပြန်မလွှတ်ပါနဲ့၊ ချက်ချင်း သတ်ပစ်ပါ ဒါမှမဟုတ် အအေး ခန်းထဲ ပစ်ထည့်လိုက်ပါ။

 ဖြစ်နိုင်ရင် ငါးရဲ့ပုံကို ဓာတ်ပုံရိုက်ထားပါ။ ဘယ်နေရာမှာ ဖမ်းမိခဲ့တယ် ဆိုတာကို အတိအကျ မှတ်ထားပေးပါ။ ပြီးတာနဲ့ ဂျော်ဂျီယာရဲ့ DNR သဘာဝ သားရဲ ထိန်းသိမ်းရေးကို အကြောင်း ကြား ပါလို့ ဆိုပါတယ်။

ငါးနဲ့ ပတ်သက်တဲ့ အကြောင်းက ငါးဟာ ကုန်းမြေပေါ်ရောက်လာတဲ့အခါ ပုံမှန်အသက်ရှု တာ မျိုးလုပ်ပြီး ငါးရက်လောက် အသက်ရှင်နိုင်ပါတယ်။ သုံးပေလောက်ရှည်ထွက်လာပြီး၊ မြွေခေါင်း နဲ့ ငါးကနေ တစ်ကယ့် မြွေလိုဖြစ်လာပါတယ်။ 



ပြီးရင် သူတို့ အသက်ရှင်ဖို့ လိုအပ်တဲ့ အစာအတွက် အခြား ငါးတွေကို ပြန်တိုက်ခိုက်ပါတယ်။ နောက်ဆုံး အချင်းချင်းပါပြန်စားပါတယ်။
ခန္ဓာကိုယ်မှာ မြွေပွေးကွက်လို အကွက်တွေ ရှိတဲ့အပြင် ခေါင်းဟာ မြွေတစ်ကောင်နဲ့ တူလွန်းပြီး ငါးရဲ့အတွင်း ပါးစပ်ဟာ အစွယ် ပါပါတယ်။ 

ငါးကို စားလို့လဲမရသလို လူသားတွေကို အကျိုးပြုတဲ့အချက် တစ်ချက်မှ မရှိဘဲ သေချာပေါက် ဒုက္ခပဲပေးတာပါ။ 


ဒီတော့ မြောက်ပိုင်း မြွေဦးခေါင်းငါး ဆိုတာသေချာပြီ ဆိုတာနဲ့ သတ်ပစ်ဖို့လိုပြီး၊ အဆင်ပြေ ရင်တော့ ရေခဲထဲ ထည့်ထားဖို့ကို DNR က ထုတ်ပြန်ထားပါတယ်။


Credit ...  ApannPyay

Comments

  1. Do this hack to drop 2 lbs of fat in 8 hours

    At least 160 000 women and men are hacking their diet with a easy and SECRET "liquids hack" to lose 2 lbs each and every night in their sleep.

    It is very simple and works with everybody.

    Here are the easy steps for this hack:

    1) Hold a clear glass and fill it up with water half full

    2) Now learn this crazy HACK

    and you'll become 2 lbs skinnier when you wake up!

    ReplyDelete

Post a Comment

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိမ်​ နှင့် လောကီပညာ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အထင်မမှားဖို့ ပွဲကျောင်း ဆိုတာ လေ့လာကြပါ

 
365myanmar.com - Myanmar Online Shopping Mall