Posts

Showing posts from 2018

ဖိုးမောင်ကြီး

Image
ဖိုးမောင်ကြီး အကြောင်းသာ ပြောရမယ်ဆိုရင် ကျွန်တော်တို့ရွာမှာ ပြောချင်သူက အများသား။ အရပ်ထဲက အိမ်တစ်ကာ လှည့်ပြီး အနှိပ်သည် လုပ်တဲ့ (အဓိက ကတော့ ရွာထဲက အတင်းအဖျင်း သတင်းစုံကို ဖြန့်ဝေပေးတဲ့) ဒေါ်စိန်လည်း ပါရဲ့။ တစ်နေကုန် မြင်းလှည်းမောင်း၊ ညနေစောင်းကျ ဦးဝေလာဆိုင်မှာ တစ်ခွက် တစ်ဖလား မော့တတ်တဲ့ ကိုကျော်မြင့်လို လူကလည်း ဖိုးမောင်ကြီး အကြောင်းသာဆိုရင် အရက်နဲ့မြည်းရင်း အဆီတစ်ထပ်၊ အသား တစ်ထပ်ပါပဲ။ ကိုကျော်မြင့် တစ်ယောက် ပြောလည်းပြော၊ သောက်လည်းသောက်နဲ့ နားထောင် တဲ့ လူတွေမှာတော့ ခေါင်းတမော့မော့နဲ့ပေါ့။ ကျောင်းဆရာလေး ကိုလေးလွင် ကလည်း မှတ်ချက်တစ်ခု ချဖူးတယ်။ “ရှားတယ်”တဲ့။ ရှားတယ် ဆိုတာ ဘာကိုဆိုလိုတာလဲ ဆိုတာကိုတော့ ဆရာလေးပဲ အသိဆုံး ဖြစ်မှာပါ။ ဖိုးမောင်ကြီး အကြောင်း လူတစ်ကာ ပါးစပ်ဖျားမှာ ဒီလောက် ရေပန်း စားနေတော့ ကျွန်တော်က ရယ်ချင်မိတယ်။ အဟုတ်လေ။ အကြောင်းက သူတို့ ပြောနေတဲ့ ဖိုးမောင်ကြီးဆိုတာက ကျွန်တော့်ဘကြီး အရင်းကိုး။ ဒါပေမယ့် ကျွန်တော် ကလည်း သူများခေါ်သလို ဖိုးမောင်ကြီးလို့ပဲ ခေါ်တာပါပဲ။ သူကလည်း အဲ့ဒီလိုခေါ်မှ ကြိုက်တယ်လေ။ သူ့နာမည်ရှေ့မှာ“ဦး”တို့၊ “ကို”တို့ တတ်ခေါ်ရင် သူက စိတ်ဆိုးတယ်။

အစာအိမ်ရောဂါရှိသူတိုင်း မဖြစ်မနေဆောင်ထားအပ်တဲ့ဆေး

Image
အစာအိမ်သမားများ အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ အစားစားပြီးတိုင်းအောင့်ခြင်း စသည်ဖြင့် အမျိုးမျိုးဖြစ်ရကာ ပျို့အန်ခြင်း၊သွေးဝမ်းသွားခြင်းပင်ဖြစ်တတ်ပါသည်။ ထိုဝေဒနာများ မခံရအောင် နည်းကောင်း လေးတင်ပြ အပ်ပါသည် ။ (၁) ငှက်ပျောသီး ဖီးကြမ်း (၂) ဖီးကို အခွံနွှာပြီး ပါးပါး လှီး၍နေတွင်လှန်းပါ။ ပြီးလျှင် အမှုန့်ကြိတ်ပါ (သို့)ထောင်းပါ။ (၂) နွယ်ချိုမှုန့် ဟင်းခပ်ဇွန်း (၂) ဇွန်းမျှထည့်ပါ။ (၃) နနွင်းမှုန့် စစ်စစ် ဟင်းခပ်ဇွန်း (၁) ဇွန်းထည့်ပါ။ ထို(၃)မျိုးကို ရောစပ်ပြီး လေလုံသော ဖန်ဗူးထဲသို့ ထည့်ထားပါ။ သုံးစွဲရန် နေ့စဉ် နံနက် တစ်ကြိမ်/ည တစ်ကြိမ် ကော်ဖီဇွန်း (၁) ဇွန်းကိုပုံမှန် စားပေးပါ။

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

Image
ကွမ်းယာဆိုင်​ ဖွင့့်​၍ စီးပွားရှာလိုသူများ အတွက် နည်းလမ်း​ကောင်း ********************************************** ကွမ်း  ကွမ်းဝယ်ရာတွင် စီးပွားရေးအမြင်အရ ကွမ်းရွက်သေးသေးကိုသာ ဝယ်ရမည်။ အရွက်သေးပါက ပိဿာ လိုက် ဝယ်ယူရာတွင် ရွက်ရေများများပိုရသဖြင့် ကွမ်းယာ အတွက် ပိုခြင်းကြောင့်ဖြစ်သည်။ ကွမ်းရွက် ကို အရင်း(အရိုး)ဘက်နှင့် အဖျားဘက်ကို ညှပ်ထားရသည်။ ကွမ်းရွက်ကို ရေဆေးပြီး ဒိန်ချဉ်နှင့် စိမ်ကာ ကွမ်းဘန်းထဲတွင် ညီညီ ညာညာ မျှတ လှပအောင် စိမ်ထား နှပ်ထားပါက မိမိဆိုင်မှ ကွမ်းယာကို စားလိုက်သည်နှင့် နုနုညံ့ညံ့အရသာကို ရရှိစေပြီး စားသုံးသူများ အကြိုက်တွေ့စေမည် ဖြစ်ပါသည်။  ထုံး   ထုံးစပ်နည်း  ထုံး ၃ပိဿာ၊ဆား ၅၀-သား၊ ကျောက်ချဉ် ၁၀-သား ပထမအဆင့်  ထုံးကို အင်တုံကြီးထဲတွင် ရေအနည်းငယ်ထည့်၍ ခြေပါ။ ကျောက်ချဉ် ၁၀-သားကို အမှုန့်ပြုပြီးထည့်ပါ။ နှံ့အောင်မွှေပါ အထက်အောက် နှံ့ပါက ဆား၅၀-သားကို ထည့်လိုက်ပါ နှံ့အောင်မွှေပါ။ ဒုတိယအဆင့်  ရေနွေးဆူပြီးသားကို ထုံ ကျောက်ချဉ် ဆား ထည့်ပြီးသားထဲကို လောင်းထည့်ပြီးမွှေပါ။ ရေထည့်ပြီး ဖုံးအုပ်ပါ။ ၅-ရက်ခန့်ကြာသော် ထုံးအိုးထဲမှ အရည်ကြည်များကို သွန်ပါ။ ရေအသစ်ကိုထည

နိယာမ

Image
နေရောင်ကြောင့် ပူပြင်းတဲ့ဒဏ်ကို ခံစားရသလို နေရောင်ကြောင့်ပင် ချမ်းအေးတဲ့ ဒဏ်ကို  ကာကွယ်နိုင်ပါတယ်။ မီးကြောင့် စားသောက်ဖွယ်ရာများ ချက်ပြုတ် စားသောက်နိုင်သလို မီးလောင်မှု ကြောင့် ဥစ္စာပစ္စည်းများစွာ လည်း ဆုံးရှုံးရတတ်ပါတယ်။ ရေကြောင့် သတ္တဝါများစွာ အသက်ရှင် ရပ်တည်နိုင်ကြရသလို ရေကြောင့်ဘဲ သတ္တဝါများစွာ အသက် ဆုံးရှုံးရတတ်ပါတယ်။   ထို့အတူ  

ရတနာသိုက်ကြီး တစ်ခု၏ တည်နေရာအား တွေ့ရှိ

Image
ရတနာသိုက်ကြီး တစ်ခု၏ တည်နေရာအား တွေ့ရှိပါသဖြင့် . . . ရတနာသိုက်ကြီး ဆိုလို့ ရွှေတွေ ရမှာလား . . . ပတ္တမြားတွေ ရမှာလား . . .မဟုတ်ပါဘူး ရွှေတွေ ပတ္တမြားတွေထက် တန်ဖိုးရှိလှတဲ့ စာပေပညာရှင် ဆရာ့ ဆရာကြီးများရဲ့ တန်ဖိုးရှိလှတဲ့ အတွေးအခေါ်တွေ ပညာရပ်တွေ ဘဝနေနည်းတွေကို . . . သိခွင့်ရမှာပါ ။ 💎 💎 💎 💎 💎 💎 💎 💎 💎 စာအုပ်ပေါင်း ၇၀၀၀ ကျော် . . . ဖိုင် size အားဖြင့် 40 Gb ကျော် အများကြီးပါပဲဗျ  ။ Download ပြုလုပ်ရန် ....... အတွဲ-1 https://yadi.sk/d/SIKKLPaofGg4T အတွဲ-2 https://yadi.sk/d/W0gDCryIgXmGT

မြန်မာ ကို မြန်မာ က ရှုတ်ချထိုက်သလော

Image
မြန်မာ လူမျိုးနှင့် အကျင့်ဆိုး  (မြန်မာ ကို မြန်မာ က ရှုတ်ချထိုက်သလော) “ ဗမာ လုပ်လိုက်မှဖြင့် ဒီလိုချည်းပဲ”၊ “ဗမာတွေကိုက ဘယ်နေရာမှ မကောင်းပါဘူး”၊ “ဘယ်တော့ဖြစ်နိုင်မှာလဲ၊ ဗမာလုပ် တာကိုး”၊ “ရွှေဗမာတွေကိုက ဘာတစ်ခုမှဖြစ်အောင် လုပ်နိုင်တာ မရှိပါဘူး” အစရှိသော နှိပ်နယ် စကား၊ ချိုးဖဲ့ စကား၊ ကဲ့ရဲ့ စကား၊ ရှုတ်ချ စကားများသည် မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်ကို ကြားမိကြပေလိမ့်မည်။  ထိုသို့သော အသုံး အနှုန်းသည် အင်္ဂလိပ်တို့ လက်ထက်တွင် တစ်နှစ်ထက် တစ်နှစ် တိုးတက်လာခဲ့၍ အင်္ဂလိပ်တို့ပြေးခါနီး ကာလအပိုင်း အခြားတွင် အထွတ်အထိပ်သို့ ရောက်သဖြင့် အများဆုံး သုံးနှုန်းပြော ဆိုကြသည်ဟု ဆိုရပေမည်။  ၀မ်းနည်းဖွယ်ကောင်းသော အချက်မှာ ထိုစကားကို သုံးနှုန်းပြောဆိုနေကြသော သူများသည် တရုတ် လူများ လည်းမဟုတ်။ ကုလား လူမျိုးများလည်း မဟုတ်။ တရုတ်နှင့် ကုလားကပြားများလည်း မဟုတ်။ မြန်မာ စစ်စစ်ဆိုသော လူများ၏ ပါးစပ်မှ ထွက်လာလေ့ရှိသည့် အတွက်ကြောင့် သာ၍ ၀မ်းနည်းဖို့ကောင်းလှ၏။ အချို့သော သူတို့သည် ထို စကားမျိုးကို သုံးနှုန်းကြသော အခါတွင် ၀မ်းနည်းသောလေသံမျိုးလည်းမပါ။ ထိုကဲ့သို့ နှိပ်နယ်ချိုးဖဲ့ရခြင်းကိုပင် အရ သာရှိဟန် လက္ခဏာနှင့် လေးလေးနက်နက်ပက်

အပျိုကြီး

Image
အပျိုကြီးသည် အရှက်မျက်နှာကို ဝှက်၍ တစ်ဝက်တစ်ပျက် ပေါ်နေသော သူ့တင်ပါးကို အသာအယာ ဆွဲဖုံးလိုက်၏ ။ ပြီးနောက် လိမ်နေသော ခါးကိုပြန်လည်တည့်မတ်ကာ တစ်ဆတ်ဆတ်တုန်သော လက်တို့ဖြင့် ထမီကိုပြင်ဝတ်လေသည်။ " အမယ်မင်းရယ်တဲ့မှပဲ ... အမေ ဘယ်အချိန်ကတည်းက ရောက်နေပါလိမ့်နှော် " ... ဟု စိတ်ထဲမှ တွေးသည်။ ဖော်မပြတတ်သော အမျိုးအမည်မသိ ဝေဒနာကြီးသည် အပျိုကြီး နှလုံးသားကို မထိတထိ ကလိနေဘိသို့ရှိလေ၏။ "ဟဲ့ မေးနေတာ မကြားဘူးလား ညည်း ဘာလုပ်နေတာလဲဆို " ဒုတိယံမ္ပိ မေးလိုက်သံက ရှက်စိတ်ပြွမ်းလျှက် အသက်ပင် ထွက်ချင်နေသော အပျိုကြီးကို မိုးကြိုး ပစ်ချလိုက်သလို ရှိ သည်နှင့် အပျိုကြီးမှာ တတ်နိုင်လျှင် သည်နေရာက အမြန်ဆုံး ပြေးထွက်သွားချင် မိလေသည်။ အပျိုကြီးသည် သူ့အမေကို တည့်တည့်မကြည့်ရဲ ။ ကြွေပြားအဖြူ ကပ်ထားသော မီးဖိုခန်းထဲမှနံရံကိုသာ သတိလက်လွတ်ကြည့်နေ၏။ နံရံပေါ်ရှိ အိမ်မြှောင် တစ်ကောင်သည် အပျိုကြီးကို သနားသည့်အလား ကျွတ် ကျွတ် ကျွတ် ဟု စုပ်သပ်နေလေသည်။ အပျိုကြီးသည် အကြောက်လွန်၍ ရေငတ်သလို လည်ချောင်း ခြောက်သလိုဖြစ်လာ ၏။ သူသည် အသံ အစ်အစ်ကို အားစိုက် ညှစ်ထုတ်လိုက်ကာ - "ရေ ... ရေ ရေနွေးအိုး တည်မလို့ပါ

မင်း အိုမင်းလာတဲ့အခါ

Image
၁ မင်း အိုမင်း​ ဖျော့​တော့လာတဲ့အခါ မီးလျှံ အလင်း​ရောင်​​ဘေးမှာ စာအုပ်​ တစ်​အုပ်​ကို ​ဖြေးညင်းစွာ ဖတ်​ရင်း မင်း အတိတ်​က မြင်​ဘူးခဲ့တဲ့  အာရုံ​တွေကို မြင်​​ယောင်​ရင်း နက်​ရှိုင်းစွာ အရိပ်​​တွေကို သီဖွဲ့ရင်း ။ ၂ ကျက်​သ​ရေ အပြည့်​နဲ့ ရင့်​ကျက်​စွာ မှားမှန်​ နှစ်​​ထွေ ​လောကဓံ တရားကို ချစ်​မြတ်​နိုးစွာ မြင့်​မြတ်​တဲ့ စိက်​၀ိဉာဏ်​ကို ပျိုး​ထောင် ​ရင်း ​ပြောင်းလဲ​နေတဲ့ မျက်​နှာ​ပေါ်က ဇရာကို ချစ်​ခင်​ လက်​ခံရင်း ။

ကာမဂုဏ် မစွန့်ဘဲ ကျင့်လို့ရတဲ့ တရား

Image
ဗုဒ္ဓမြတ်ဘုရားက အနာဂါရလမ်း အာဂါရလမ်း ဟူ၍ လမ်းနှစ်သွယ် ကို ဥဂ္ဂသေနသူဋ္ဌေး တောင်းပန် လျှောက် ထားခြင်းကြောင့် ဟောပြခဲ့သည် ။ သူဋ္ဌေးက “အရှင်ဘုရား တပည့်တော်၏ မယားသည် တပည့် တော် ခရီးထွက်သွားလျှင် တပည့်တော် လာမည့်လမ်းကို တမ်းတ၍ ထမင်းမစား ဟင်းမစား လေသာ ပြတင်းက ဘယ်ကိုမှမကြည့်ဘဲ တပည့်တော် ကို မျှော်တ၍သာ နေပါ၏ ။ လင့် ၀တ္တရားကိုလည်း ကျေပြွန်ပါ၏ ။ သည်လောက် လင်ကို ချစ်သော မယားကိုလည်း တပည့်တော် မပစ်နိင်ပါ၊ ကျေးကျွန် သင်းပင်း ရတနာ၊ ရွှေ၊ ငွေ၊ ဆင်၊ မြင်း၊ ကျွှဲ၊ နွား၊ တို့ကိုလည်း မစွန့်ပစ်နိင်ပါ ။ ၎င်း စည်းစိမ်ကြီးကိုပစ်၍ ရဟန်းလည်း မပြု နိင်ပါ ။ ဆင်းရဲသော ဘ၀နှင့် အပါယ်လားမည် ကိုလဲ မလိုလားပါ ။ လောကီ စည်းစိမ်ကို ခံစားစံစားလျှက် ကာမဂုဏ်ကို လက်မလွှတ်ဘဲ နိဗ္ဗာန်ကို ရောက်လို ပါသည်၊” ဟုလျှောက်ထားလေ၏….၊ ဤအခါ ဘုရားရှင်က ကာမဂုဏ် တန်းလန်းနှင့် ပုဂ္ဂိုလ်များ ကျင့်ကြံ၍ နိဗ္ဗာန်သို့ သွားသော ဘုံစဉ်စံ စခန်း သောတာပန်ဖြစ်သော အာဂါရ လမ်းစဉ်ကို ဟောကြားတော်မူလေသည်။ ဤ သောတာပန်ဘုံစဉ်စံ လမ်းသည် ရှေးဦးစွာ ဉာတပရိညာစခန်း တည်းဟူသော ရုပ၊် နာမ် ခန္ဓာ ၊ပဋိစ္စသမုပ္ပါဒ်၊ ဓာတ်သစ္စာ တရားတို့ကို သင်ကြားပြီးလျှင် တက်မြောက်သောအခါ အိမ်ထောင်မ

၂၀၁၇ အတွက် SEA ဈေးကွက်အတွင်း စမတ်ဖုန်း တင်ပို့မှုတွင်

Image
ဈေးကွက်သုတေသန ကုမ္ပဏီ ဖြစ်သည့် International Data Corporation (IDC) ကနောက်ဆုံး ထုတ်ပြန်ထားသော အစီရင်ခံစာအရ #OPPO အနေဖြင့် ၂၀၁၇ အရှေ့တောင် အာရှ ဒေသ ဈေးကွက် အတွက် နှစ်အလိုက်စမတ်ဖုန်းတင်ပို့မှုတွင် ကိန်းဂဏန်း၂ ခု ပမာဏ ရှိသော ၂၉ ရာခိုင်နှုန်းကျော် တိုးတက်မှု ရရှိခဲ့ပြီး အဆင့် -၂နေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။ IDC အဖွဲ့အစည်းက ကောက်ယူခဲ့သော “ Quarterly Mobile Phone Tracker ” စစ်တမ်းက အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့ အပါအဝင် SEA ဈေးကွက် မှနိုင်ငံများ ပါဝင်ခဲ့ သည်။   ၂ဝဝ၉ ခုနှစ်တွင် ပထမဆုံး နိုင်ငံတစ်ကာဈေးကွက် အဖြစ် ထိုင်းနိုင်ငံတွင် ဈေးကွက် စတင် ထူထောင်ခဲ့ပြီး ကတည်းက  #OPPO အနေဖြင့် ဒေသခံသုံးစွဲသူများ နှစ်သက်သဘော ကျစေမည့် ထုတ်ကုန်များ တင်ပို့ရောင်းချခြင်းဖြင့် သက်ဆိုင်ရာ ဒေသတွင်းတွင် မြန်ဆန်သည့် တိုးတက်မှုများကို ထိန်းသိမ်း ရယူ ထားနိုင်ခဲ့သည်။   #OPPO ကုမ္ပဏီ၏ ပြည်တွင်းဈေးကွက်နှင့် ကိုက်ညီစေမည့် အစီအမံများလုပ်ဆောင်ရာတွင် လှပပြီး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းပုံစံများနှင့်ပေါင်းစပ်ကာ ထူးခြားဆန်းသစ်သည့် နည်းပညာများကို ဖန်တီးပေးခြင်း

ပြည့်စုံတဲ့ ဘဝတစ်ခုသို့

Image
ဘုန်းကြီးတို့ အသက် (၈၀) ကျမှ တော်တော် များများ ပြည့်စုံတာဗျာ။ ဒီလိုပြည့်စုံအောင် ဘယ်လိုလုပ်ခဲ့ရလဲဆိုတော့ အကြာကြီး လုပ်ရတာ။ ဘုရားအလောင်း နည်းလမ်း (၅) မျိုး နဲ့ လုပ်တယ်။ နံပါတ် (၁) စိရကာလ-ဘာဝနာ- လုပ်ငန်း တစ်ခုကို ကြီးကြီးကျယ်ကျယ် တွေးကြံ အောင်မြင်ဖို့ ဆိုတာဟာ အကြာကြီး လုပ်ရတာ။ ခဏတစ်ဖြုတ်လေး လုပ် တြော်ကာ နောက်တစ်ခုပြောင်း ဒီလိုလုပ်နေရင် ဘယ်တော့မှ ကြီးကျယ်တဲ့ အရာတွေကို မလုပ်နိုင်ဘူး။ ဒါ့ကြောင့် အလုပ်တစ်ခု လုပ်ရင် အကြာကြီးလုပ်။   နံပါတ် (၂) နောက်တစ်ခု နိရန္တရ ဘာဝနာ- မရပ်မနားကို လုပ်ရတာ။ ဘုရားအလောင်း သိဒ္ဒတ္ထ ဥရုဝေလ မှာ ၆ နှစ် ကျင့်တုန်းက အနားယူ အပန်းဖြေတယ် ဆိုတာ စာထဲတွေ့ဖူးလား။ ဥပုသ်နေ့လည်း နားဦးမယ် ရှိလား။ အခုတော့ ဥပုသ်နေ့ ဆိုတာနဲ့ စာတွေ နားပြီးနေကြတယ်။ ဘုရားအလောင်း ဥပုသ်နေ့ နားတယ် ဆိုတာ မရှိပါဘူး။ ဒို့ မနားဘူး။ အနားမရှိဘူး အခုထိလုပ်တယ်။   နံပါတ်(၃) က နိရဝသေသ ဘာဝနာ ။ ကောင်း ဆိုတဲ့အလုပ် ၊ ကောင်းမှု ဆိုတဲ့အလုပ် ဘာမှ ချန်မထားနဲ့။ ဘုရားပန်းကပ်မယ် ပန်းတော် ကပ်မယ် ရေ မလဲဘဲ လုပ်မသွားနဲ့။ ပန်းတော့ ကပ်တယ် ဘုရားခန်း တံမျက်စည်း မလှည်းဘဲ ထွက်မသွားနဲ့။ ဆွမ်းတော့ ကပ်တယ်။

သင့်စိတ်ကို ဖိစီး နှိပ်စက်နေတဲ့အရာတွေကနေ လွတ်မြောက်စေမယ့် နည်းလမ်းများ

Image
စိတ်ပင်ပန်းတာဟာ လူပင်ပန်းတာထက် ပိုအခံရခက်ပါတယ်။ လူတိုင်းပဲ အကြောင်းကိစ္စအမျိုးမျိုးကြောင့် စိတ်ပင်ပန်းမှုတွေ ကြုံတွေ့ခံစားရနိုင်ပါတယ်။ ဒီအခါမှာ ထိုစိတ်ပင်ပန်းမှုတွေကို ကျော်လွှားပြီး ခွန်အားအပြည့်နဲ့ ရှေ့ဆက်နိုင်ဖို့က အင်မတန် အရေးပါလာပါတယ်။ ဒါကြောင့် စိတ်ပင်ပန်းမှုတွေ ကြုံနေရသူတွေအတွက် အောင်အောင်မြင်မြင်နဲ့ ရှေ့ဆက်နိုင်ဖို့ အကြံဥာဏ်အချို့ကို မျှဝေပေးလိုက်ပါတယ်။ စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။  အသက်အရွယ်မရွေး၊ ရာထူးနေရာ မရွေးက လူပေါင်းစုံဟာ စိတ်ဖိစီးမှုနဲ့ ကျိန်းသေပေါက် ရင်ဆိုင်ရနိုင် ပါတယ်။ စိတ်ဖိစီးမှုဟာ လူတစ်ယောက်ကို စိတ်ပန်း၊ လူပန်းဖြစ်အောင် ပြုလုပ်နိုင်တဲ့ အကြီးမားဆုံးသော နတ်ဆိုး တစ်ပါး ဖြစ်ပါတယ်။ တာဝန်ဝတ္တရားတွေ၊ ဖြေရှင်းရမယ့် အခက်အခဲတွေ၊ သင်ယူလေ့လာရမယ့် အရာတွေစတဲ့ အကြောင်း ကိစ္စပေါင်း မြောက်များစွာ နေ့စဉ်နေ့တိုင်း ကျွန်မတို့ရဲ့စိတ်တံခါးကို လာလာခေါက်နေကြပါတယ်။ ဒီအခါမှာ ခံနိုင်ရည်ထက် များလာပြီး စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ ဖြစ်လာပါတော့တယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးလွန်းလာရင် လူကပါ အလိုလို အားလျော့ နုံးခွေလာတတ်ပါတယ်။ စိတ်ထောင်းတော့ ကိုယ်ကြေ ဆိုတဲ့ စကားလိုပဲ စိတ်ဟာ လူကို အလ

အလောင်းတော် ကဿပ လှိုဏ်ဂူ အတွင်း ဝင်နိုင်ခဲ့သူ

Image
၁ . အလောင်းတော် ကဿပ လှိုဏ်ဂူ အတွင်း ဝင်နိုင်ခဲ့သူ အမရပူရမြို့ သတ္တမမြောက် ကျော်အောင်စံထား ဆရာတော် အရှင် ဝါယမာဘိဝံသ သည် ၁၃၁၆ ခု တပို့တွဲ လဆန်း ၁ ရက်နေ့တွင် အလောင်းတော် ကဿပ လှိုဏ်ဂူရှိရာသို့ စတင် ခရီးထွက်လာ၏။  သက်တော် ၃၁ နှစ်။ ကပိုင်မှ တစ်ဆင့် တောကြီး အတွင်းသို့ခြေလျှင် ကြွခဲ့၏။ ချောင်းမကြီးကို ဖြတ်ကျော်ပြီး လူသွားလမ်းလေး အတိုင်းလာခဲ့ရာ သစ်ပင်ကွယ်မှ ခွေးတစ်ကောင် ထွက်လာပြီး ရှေ့တည့်တည့်မှ လမ်းပြသွား၏ ။နောက်ကျနေလျှင်  စောင့်၏။ ကြေးစည်သံ ကြားရ၍ ဘုရား အာရုံရောက်၏။ ရဟန္တာ အရှင်မြတ်ကြီး ပရိနိဗ္ဗာန်ပြု  နေပုံ အာရုံတွင် ဖူးရ၏။ ထိုနေရာမှ အောက် လှိုဏ်ဂူသို့ ကျောက်တုံးများ နင်းပြီး ဆင်းလာခဲ့၏။ မှောင်နေ၍ စမ်းတစ်ဝါးဝါးဖြင့်သာ။ အောက်သို့ရောက်လျင် လှိုဏ်ဂူဝကို ကျောက်တုံးကြီး  တစ်ခုက လျှာထိုးသကဲ့သို့ ပိတ်နေ၏ ။ ရေစီးကြောင်း တစ်ခုက ကျောက်တုံးကြီး အောက်ခြေအတွင်း စီးဝင်သွားပြီး တစ်ဖက်မှ ပြန်ထွက် လာ၏။ ထိုရေစီးကြောင်းများ ကြားတွင် ရေသနုပ် သင်းပိုင် ကို ခင်းပြီး ရှိခိုး၏။ အမျှဝေ၏။ အလင်းတိုင် ၃ တိုင် မီးပူဇော်၏ ။  သစ္စာပြု၍ ပုတီး ၂ ပတ် စိပ်၏ ။ ဂူအပေါက်က လှုပ်နေ၏ ။ ဆောင်းတွင်းဖြစ်သော်လည်း ဂူတွင် နွေးနေ၏ ။ခ

မတ်တပ်ရပ်နေစဉ် ရေမသောက်သင့်သည့် အကြောင်းရင်းများ

Image
ကျန်းမာရေး ကောင်းဖို့အတွက် တစ်နေ့ကို ရေ ၈ခွက် သောက်တာက ပြဿနာ မဟုတ်ပါဘူး ။ ပြဿနာ က ရေသောက်တဲ့ အခါ ဘယ်လိုအနေအထားမျိုးနဲ့ သောက်ဖြစ်နေလဲ ဆိုတာပါပဲ ။ လူတော်တော် များများဟာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သိပ်ပြီး မသိရှိကြသလို သတိလည်း မထား မိတတ်ကြပါဘူး ။ သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေ အရ ရေသောက်တဲ့ အခါမှာ မတ်တပ်ရပ် အနေ အထားနဲ့ မသောက်သင့်ဘူး ဆိုတာကို အံ့အားသင့်စွာ တွေ့ရှိခဲ့ပါတယ်။   ၁။ အဆစ်ရောင်ခြင်းကို ဖြစ်စေနိုင် မတ်တပ်ရပ်အနေအထားဖြင့် ရေသောက်တဲ့ အလေ့အထဟာ ကြာလာတဲ့အခါမှာ အဆစ်ရောင်တဲ့ ဝေဒနာ ကို ခံစားလာရနိုင်ပါတယ် ။ မတ်တပ်ရပ်ပြီးရေသောက်ခြင်းက ခန္ဓာကိုယ်တွင်းရှိ အဆစ် အဆက်များ ဆီသို့ အရည်ဓါတ် စီးဆင်းမှုကို အနှောင့် အယှက်ဖြစ်ရာမှ တစ်ဆင့် အဆစ်ရောင် ရောဂါအတွက် အစလမ်းကြောင်းကို ဖြစ်စေပါတယ်။   ၂။ အစာခြေ စနစ်ကို ထိခိုက်စေ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် ရေတွေဟာ အစာအိမ်နံရံတွေမှာ ပိုပြီးမြန်မြန် ဆန်ဆန် စီး ဆင်း စေပါတယ် ။ ဒီလိုမျိုး ပုံမှန် မဟုတ်တဲ့ စီးဆင်းမှုဟာ အချိန်ကြာလာတဲ့ အခါမှာ အစာအိမ် နံရံကို ထိခိုက် စေကာ အစာခြေ စနစ်ကိုပါ အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ် ။   ၃။ ရေဆာနေမြဲဖြစ် မတ

ဆယ်စုနှစ်ချီ ခံစားနေရတဲ့ ဒူးနာ ခါးနာ အရိုးအဆစ်နာ ဝေဒနာအတွက် ကိုယ်နဲ့ထိုက်လို့ ရခဲ့တဲ့လိမ်းဆေး

Image
လွန်ခဲ့သော နှစ် ၂၀ နီးပါးကထဲက ရခဲ့သော ဆေးနည်းဖြစ်ပါသည် ။ အပြင်းအထန် လေ့ကျင့် ခဲ့ကြသော အားကစားသမား များတွင် sport injury တစ်ခုမဟုတ် တစ်ခု ရတတ်ပါသည် ။ ကျွန်တော့်တွင်လည်း ခါးနာခြင်း နှင့် ဒူးနာခြင်း ရခဲ့ပါသည်။ အားကစား မလေ့ကျင့်သူများလည်း ဒူးနာခါးနာ အရိုးအဆစ်များ အကြောင်းအမျိုးမျိုးနှင့် နာ တတ်ပါသည် ။ ကျွန်တော့ ခါးနာခြင်းက အမြဲတမ်း မနာဘဲ အကြောင်းအကျိုး မသင့်သည့်အခါ အိပ်ယာထဲ လှဲနေရ သည်အထိနာပြီး သက်သာသွားလျှင် မနာတော့ပါ ။ ဒူးနာခြင်း ကတော့ ဆယ်စုနှစ် တစ်ခုတိုင်ခဲ့ပါသည် ။ ဤဆေးနည်း ရခဲ့သည်မှာ ဆယ်စုနှစ်ချီ ခဲ့ပြီဖြစ်သော် လည်း အသုးံမပြုဖြစ်ခဲ့ဘဲ အခြား မြန်မာ နိုင်ငံခြားလိမ်းဆေး ပေါင်းစုံလိမ်းခဲ့ပါ သည် ။ နာနေသည့် ဒူးဆစ် အရိုးတွင် ဆရာဝန်ဖြင့်ဆေးထိုးခြင်းကိုပါ ပြု လုပ်ခဲ့ပါသည်။ ဘယ်ဆေးနည်းကမျှ မသက်သာ မပျောက်ကင်းခဲ့ပါ ။ ဤဆေးနည်း ရခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း မထိုက်သေးသဖြင့် အသုံးမပြု ဖြစ်ဘဲ ရောဂါကို မွေးမြူ လာခဲ့သည်မှာ ဒူးတစ်ဖက်ယောင်ကိုင်းပြီး ကွေးဆန့်မကောင်းတော့ပါ ။ ဆယ်စုနှစ်ကျော်ကြာပြီးမှ အသုံးပြု ပြီး သက်သာပျောက်ကင်းခဲ့သဖြင့် ဝေဒနာ ခံစားခဲ့ရသည့် ကုန်လွန်ခဲ့သောအချိန်များကိ

လကြတ်ခြင်း

Image
လကြတ်ခြင်း အဟောများ ကျွန်တော် ဒီစာစုကို ရေးသား တင်ပြခြင်းဟာ ကျွန်တော့်ရဲ့ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုေ မာင်နှမများ  အတွက် ဗဟုသုတ ရရှိစေရေးအလို့ငှာ ရှာဖွေလေ့လာ တင်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော်ရေးထားတဲ့ အချက် (၄) ချက်က ကျမ်းအခိုင်အမာ ရှိပါတယ်လို့  ပြောပါရစေ။ ဒါပေမဲ့ ဗေဒင် နက္ခတ် ဝေဒပညာရပ်တွေမှာ ဆရာ့ဆရာကြီး ဆိုသူများနဲ့ လကြတ်တာတို့ နေကြတ်တာတို့ ဆိုတာ ပုံမှန်ဖြစ်နေကျ သဘာဝ ဖြစ်ရိုးဖြစ်စဉ်ပါ သောက်ပိုလုပ်ပြီး ဟောနေတယ်လို့ ယူဆသူများ  ဒီပို့စ် ကို ဆက်မဖတ်ပါနဲ့ကျော်သွားလိုက် ဖို့ ကြိုတင်ပန်ကြားအပ်ပါတယ်။ (၁) ‘လ’ အလိုက် လကြတ်ခြင်း အဟောကတော့ ... တပို့တွဲ လကြတ်သော် မဇ္ဈိမဒေသအရပ် ဥပါဒ်ဖြစ်အံ့ လို့ဆိုပါတယ် ။ (အခြားသော လအလိုက် လကြတ်ခြင်း အဟောတွေရှိပါတယ် ။  ကြုံကြိုက်တဲ့အခါ တင်ပြပါမယ် ။) (၂) လကြတ်ချိန်မှာ လ ရဲ့အရောင်အဆင်းကို ကြည့်ပြီး ဟောချက်တွေကတော့ ..... ခိုခြေကဲ့သို့ နီသောအရောင်ရှိလျှင် မိုးရေနည်းအံ့ ။ ငတ်မွတ်အံ့ ။ ရွှေနီ ကျောက်နီကဲ့သို့ နီသောအရောင်ရှိလျှင် စစ်ထွက်အံ့ ။ (အခြားသော အရောင်အဆင်းများနဲ့  ပတ်သက်ပြီးတော့ အဟောတွေရှိပါတယ် ။ အခု လကြတ်တဲ့ အရောင်အဆင်းက အနီရောင်ဖြစ်တဲ့အတွက် အနီရောင

မြေကြီး ပြိတ္တာ

Image
ဘယ်လောက်ပင် စားရ စားရ၊ တစ်ဝမ်း ၀ရုံပဲ။ ဘယ်လောက်ပင် ၀တ်ရ ၀တ်ရ၊ အရေပြား ဖုံးရုံပဲ။ ဘယ်လောက်ပင် အိပ်ရ အိပ်ရ၊ တစ်ကိုယ်စာလေးပဲ။ ဘယ်လောက်ပင် ပစ္စည်းဥစ္စာ ရှိရှိ၊ သေရင် ထားပစ်ခဲ့ရတာချည်းပဲ။ ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊ ကျန်ခဲ့လျှင် သူများဖို့။ နိဗ္ဗာန်ကို အတိအကျ မြန်မာပြန်လျှင် တဏှာ(လောဘ) ကင်းခြင်းဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့် လိုချင်မူနည်းသွားလေ ချမ်းသာများလာလေဟု သိအပ်၏။ ရဟန်းသံဃာများကို ဗုဒ္ဓသည် ရဟန္တာ မြန်မြန်ဖြစ်စေချင် ၏။ ထို့ကြောင့် စားရေး၊ ၀တ်ရေး၊ နေရေးနှင့် ပတ်သက်၍ ဗုဒ္ဓ က ယခုလို ဆုံးမခဲ့၏။ ရှေးတုန်းက ရှေးကံရှိ၍ ပို့ဆွမ်း၊ ပင့်ဆွမ်း ရှိလျှင်လည်း ဘုဉ်းပေးပါ။ မရှိလျှင် ဆွမ်းခံ၍ စားပါ။ လှူသူရှိလျှင် သင်္ကန်း အကောင်းစားများကို ၀တ်ပါ။ မရှိလျှင် ပံသကူ သင်္ကန်း ရှာ၍၀တ်ရုံပါ။ လှူသူရှိလျှင် ကျောင်းကောင်းကောင်းနှင့် နေပါ။ မရှိလျှင် သစ်ပင်အောက်တွင် နေပါ။ လှူသူရှိလျှင် ဆေးဝါးကောင်းကို ဘုဉ်းပေးပါ။ မရှိလျှင် နွားကျင်ငယ်ရေကို သောက်ပါ။ ထို အဆုံးအမအတိုင်း လိုက်နာသူများသည် ပစ္စက္ခ၊ သံသရာနှစ်ဖြာလုံး ချမ်းသာ၍၊  မလိုက်နာသူ များသည် ပစ္စက္ခ၊ သံသရာနှစ်ဖြာလုံး  ဆင်းရဲရပေသည်။ ဆင်းရဲသွားသော

ငလျင် လှုပ်ခတ်မည်ကို ကြိုတင် သိရှိနိုင်မည့် နိမိတ်များ

Image
အခုနှစ်ဦးပိုင်းမှာ နေ့စဉ် ရက်ဆက် အကြိမ်ရေ တော်တော်များများ  ငလျင် လှုပ်ခတ်ခဲ့တော့  လူပြော သူပြောများတဲ့ ငလျင်နဲ့ ပတ်သက်ပြီး  ကျတော့် လေ့လာ ဖတ်ရှု မှတ်သားထားသည်များကို  အသိပေး တင်ပြသွားပါ မယ် ။ ငလျင်လှုပ်မှာကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပါသည် ဆိုသည့် နိုင်ငံတွေက သိပ္ပံပညာရှင်ကြီးတွေတောင် မခန့်မှန်းနိုင်သေးတာ  ကျတော့်လို့ ငမြောက် ငချောက် ချာတိတ်လေးက "ငလျင် လှုပ်ခတ်မည့်ကို ကြိုတင်သိရှိနိုင်မည့် နိမိတ်များ" လို့ ခေါင်းစဉ် တပ်တော့ မတန်မရာဟယ် လို့ ထင်မြင်ကြပါလိမ့်မယ် ။ ငလျင်လှုပ်မှာကို ခေတ်မီ သိပ္ပံပညာအရ ကြိုတင် မခန့်မှန်းနိုင်သေးဘူး ဆိုတာကို  မိတ်ဆွေတို့ သိသလို ကျတော်လည်း သိပါတယ်။ ခေတ်မီ စက်ကိရိယာတွေ ခန့်မှန်း တွက်ချက်နိုင်ခြင်း မရှိပေမဲ့ ငလျင်လှုပ်ခါနီး ဖြစ်ပေါ်တတ်တဲ့ နိမိတ်များအကြောင်းကို  ရှေးလူကြီးသူမများရဲ့ ပြောဆို လက်ဆင့်ကမ်းခဲ့တာများကို မိတ်ဆွေတို့ကို ဝေမျှပေးလိုက်ပါတယ် ။ ရှေးထုံးကို မပယ်ကောင်းသလို ဈေးသုံးလည်း မကြွယ်ကြနဲ့ပေါ့ဗျာ ။ ကုန်ဈေးနှုန်းတွေက တက်နေတယ် ။ ၁ မြွေ၊ ကြွက် စတဲ့ တွင်းအောင်း သတ္တ၀ါများ တွင်းမအောင်းပဲ ပုံမှန် မဟုတ်တဲ့ သွားလာ လှုပ်ရှားတာမှုများ အမြင့်ေ

ငါးကြီး အန်ဖတ်

Image
  ပင်လယ်ကနေ ထွက်တဲ့ အဖိုးတန်ပစ္စည်းလို့ပြောလိုက်တာနဲ့ လူတိုင်းရဲ့ မျက်စိထဲမှာ မုတ်ကောင် က ထွက်တဲ့ ပုလဲဆိုတာကို တန်းခနဲမြင်ကြမှာသေချာပါတယ်။ န၀ရတ် ကိုးပါး ရတနာ စာရင်းဝင် ပုလဲလို တန်ဖိုးကြီးပေမယ့် ရတနာ မဟုတ်တဲ့အရာ၊ ပုလဲထက်တောင်မှ ရှားပါးတဲ့ ပစ္စည်းတစ်မျိုးကိုတော့ မြင်ဖူး တဲ့လူနည်းပါလိမ့်မယ်။ မမြင်ဖူးတဲ့ အပြင် သိတောင် မသိကြတဲ့လူတွေ တော်တော်များမယ် ထင်ပါတယ်။ ဒီပစ္စည်းဟာ သဘာဝပုလဲ ထက် ပိုပြီး ရှားပါးသလို ပိုပြီးတော့ ဒဏ္ဍာရီ ဆန်ပါတယ်။ ဒီပစ္စည်းဟာ ပင်လယ် ကမ်းစပ်မှာ နိစ္စဒူဝ သားငါး ရှာဖွေရင်း တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေအဖို့ ဘုရားသခင် ဖန်ဆင်းပေးတဲ့ အိပ်မက်ထဲက လက်ဆောင်ပါပဲ။ ဒီပစ္စည်းကို ပင်လယ် ကမ်းစပ်မှာ လမ်းလျှောက်ရင်း အမှတ်မထင် ကံကောင်းထောက်မစွာ ရှာဖွေတွေ့ရှိသူကတော့ အောင်ဘာလေထီ အမြင့်ဆုံးဆုကို ပေါက်သလို ဘ၀ပြောင်းသွားစေနိုင်တဲ့အထိ သူ့ရဲ့တန်ဖိုးက ကြီးမားလှပါတယ်။ ဒါပေမယ့် ဒီပစ္စည်းကိုတွေ့ဖို့ ပင်လယ်ကမ်းစပ်မှာ တစ်သက်လုံး နေ့စဉ်ရက်ဆက် သွားရှာမယ် ဆိုရင်တောင်မှ ထိုက်တန်တဲ့ကံဇာတာ ပါမလာရင် မတွေ့နိုင်ပါဘူး။ သူဆင်းရဲ တံငါသည်တွေကို နေ့ချင်း ညချင်း သူကြွယ်ဖြစ်အောင် ဖန်ဆင်းပေးနိုင်တဲ့ ဒီပစ္စည်းက ဘ
 
365myanmar.com - Myanmar Online Shopping Mall