လကြတ်ခြင်း




လကြတ်ခြင်း အဟောများ

ကျွန်တော် ဒီစာစုကို ရေးသား တင်ပြခြင်းဟာ ကျွန်တော့်ရဲ့ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုမောင်နှမများ 
အတွက် ဗဟုသုတ ရရှိစေရေးအလို့ငှာ ရှာဖွေလေ့လာ တင်ပြခြင်းဖြစ်ပါတယ်။

ကျွန်တော်ရေးထားတဲ့ အချက် (၄) ချက်က ကျမ်းအခိုင်အမာ ရှိပါတယ်လို့ ပြောပါရစေ။

ဒါပေမဲ့ ဗေဒင် နက္ခတ် ဝေဒပညာရပ်တွေမှာ ဆရာ့ဆရာကြီး ဆိုသူများနဲ့ လကြတ်တာတို့ နေကြတ်တာတို့ ဆိုတာ ပုံမှန်ဖြစ်နေကျ သဘာဝ ဖြစ်ရိုးဖြစ်စဉ်ပါ သောက်ပိုလုပ်ပြီး ဟောနေတယ်လို့ ယူဆသူများ ဒီပို့စ် ကို ဆက်မဖတ်ပါနဲ့ကျော်သွားလိုက်ဖို့ ကြိုတင်ပန်ကြားအပ်ပါတယ်။



(၁)
‘လ’ အလိုက် လကြတ်ခြင်း အဟောကတော့ ...


တပို့တွဲ လကြတ်သော် မဇ္ဈိမဒေသအရပ် ဥပါဒ်ဖြစ်အံ့ လို့ဆိုပါတယ် ။

(အခြားသော လအလိုက် လကြတ်ခြင်း အဟောတွေရှိပါတယ် ။ ကြုံကြိုက်တဲ့အခါ တင်ပြပါမယ်။)

(၂)
လကြတ်ချိန်မှာ လ ရဲ့အရောင်အဆင်းကို ကြည့်ပြီး ဟောချက်တွေကတော့ .....


ခိုခြေကဲ့သို့ နီသောအရောင်ရှိလျှင်
မိုးရေနည်းအံ့ ။
ငတ်မွတ်အံ့ ။


ရွှေနီ ကျောက်နီကဲ့သို့ နီသောအရောင်ရှိလျှင်
စစ်ထွက်အံ့ ။

(အခြားသော အရောင်အဆင်းများနဲ့ ပတ်သက်ပြီးတော့ အဟောတွေရှိပါတယ် ။
အခု လကြတ်တဲ့ အရောင်အဆင်းက အနီရောင်ဖြစ်တဲ့အတွက် အနီရောင် နဲ့ပတ်သက်တဲ့ အဟောကိုသာ တင်ပြထားခြင်းဖြစ်ပါတယ်။)

(၃)
နေကြတ် လကြတ်တဲ့ အခါ ပြန်လည် ထွက်ပေါ်လာတဲ့အရပ်ဒေသကိုကြည့်ပြီး ဟောတာလည်း ရှိပါတယ်။
‘အန်’ တယ်လို့ခေါ်ပါတယ်။


အရှေ့၊ အရှေ့တောင်၊ အရှေ့မြောက် အရပ် (၃) ခုကို အန် ရင် အန်တဲ့ အရပ်က သာယာဝပြောစည်ပင်မယ်ဆိုပါတယ်


အနောက်၊ အနောက်တောင်၊ အနောက်မြောက် အရပ်မျက်နှာ (၃) ခုကို အန် ရင် အန်တဲ့ အရပ်မှာ ငတ်မွတ်

ခြင်းဖြစ်အံ့။

ဒီနေ့ည ပြန် အန် တဲ့အရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။


ဒါကြောင့် မြန်မာနိုင်ငံရဲ့ အရှေ့တောင်ထောင့် အရပ်ဒေသတွေ ဖြစ်တဲ့
မွန်ပြည်နယ် ကရင်ပြည်နယ် ဒေသတွေ ဒီနှစ်ထဲမှာ စည်ပင်ဝပြောမယ်လို့ ဟောရမှာပေါ့ဗျာ။





(၄)
သာသနာ့သမိုင်းမှာ အကြီးကျယ်ဆုံးသော သာသနာပြုမင်းဖြစ်တဲ့ သီရိဓမ္မာအသောက မင်းကြီးရဲ့ မဟာ 

ကုသိုလ်တော်ဖြစ်တဲ့ စေတီပေါင်း ရှစ်သောင်းလေးထောင် ကျောင်းပေါင်း ရှစ်သောင်းလေးထောင် ကို လ
ကြတ်သည့်နေ့မှာ စတင် တည်ထားပြီး လကြတ်သည့်နေ့မှာပဲ အပြီးသတ်တယ်လို့ ကျမ်းဂန်တွေက ဆိုထားပါတယ်။

နေကြတ် လကြတ်ခြင်းဟာ အရေးကြီးတဲ့ လုပ်ငန်းကိစ္စရပ်တွေ စတင်လုပ်ဆောင်ဖို့အတွက်
အချိန်ကောင်း အခါကောင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

ဤတွင် လကြတ်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်တော် တင်ပြချက် ပြီးစီးပါပြီ ။



****************************************************

လကြတ်ခြင်းနဲ့ ဆက်စပ်ပြီး နည်းနည်းလေးဆက်ပြီးတော့ တိုက်တိုက် ဆိုင်ဆိုင်ဖြစ်ရပ်တစ်ခုကို သတိထားမိလို့ ကျတော်ပြောပြချင်ပါတယ် ။


အသောကမင်းကြီးရဲ့ မဟာကုသိုလ်တော်တွေဖြစ်တဲ့
စေတီတည် ကျောင်းဆောက်ခြင်းတွေကို လကြတ်တဲ့နေ့တွေမှာ လုပ်ဆောာင်ခဲ့တဲ့ အချက်ကို ထောက်ချင့်

ပြီးတော့ ပြောရရင် ဒီနေ့ လကြတ်တဲ့နေ့မှာ မင်းအစိုးရ အကြီးအကဲတွေမှာ .......

ဘယ်သူက သာသနာအတွက် အထောက်အပံ့ပြုလဲ ...?
သာသနာပြု အလုပ်တွေကို ဘယ်သူ လုပ်ဆောင်လဲ ....?   သိတဲ့သူတွေ သိကြပါလိမ့်မယ်။
သတိထားမိတဲ့သူတွေ သတိထားမိပါလိမ့်မယ်။


သာသနာပြု အလုပ်တွေကို လုပ်နေတာ ဘယ်သူပါလို့ ကျတော်ပြောလိုက်ရင် ကျွန်တော်က လော်ဘီလုပ်ရာကျဦးမယ် ဘယ်သူဆိုတာ ကျတော်မပြောတော့ပါဘူးဗျာ ။


ဘုန်းကံကြီးမားတဲ့ သူတွေဟာ ဘာလုပ်လုပ် ဘာကိုင်ကိုင် အချိန်ကောင်း အခါကောင်းတွေ ဖြစ်နေတတ်ပါတယ်။ ဘာရယ်မဟုတ်ပါဘူး သတိထားမိတာလေးကို ကြုံတုန်း တင်ပြလိုက်တာပါ။

ဝေနေယျသတ္တ၀ါအပေါင်း ချမ်းသာကိုယ်စိတ်မြဲကြပါစေဗျာ။



Crd ; ... တင်မောင်လှိုင် (ခ) ဖိုးတာ
              တပို့တွဲ လပြည့်ည
              (၃၁-၁-၂၀၁၈) (ဗုဒ္ဓဟူး ည)



Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

 
365myanmar.com - Myanmar Online Shopping Mall