Posts

Showing posts from June, 2017

ပန်းချီဆရာ အစွမ်းနဲ့ အောက်ပိုင်း ဘာမှမဝတ်ဘဲ မြို့ထဲလျှောက်ခဲ့တဲ့ မော်ဒယ်

Image
ဥရုဂွေး အလှမယ် တစ်ယောက်ဖြစ်တဲ့ Gime Gelos ကတော့ အ၀တ် မပါတဲ့ အောက်ပိုင်း ခန္ဓာကိုယ် နဲ့ မြို့တော် တစ်ခွင် ပြဲပြဲစင်အောင် လျှောက်သွားပြခဲ့ပါတယ်။ တစ်ကယ်တော့ လူတစ်ယောက် ကိုလုံးတီး လမ်းလျှောက်နေတာမျိုးဆို နိုင်ငံတိုင်း အတွက်တော့ ထူးဆန်းနေတဲ့ ကိစ္စရပ်ပါ။  သို့ပေမယ့် Gime ကတော့ အပေါ်ပိုင်းမှာ ဂျက်ကတ် အင်္ကျိတစ်ထည် ၀တ်ထားတာက လွဲရင် အောက်ပိုင်းမှာ လုံးဝ ဘာမှ ၀တ်မထားဘူးလို့ ဆိုပါတယ်။ Gime ဟာ Social Experiment ပြုလုပ်တဲ့ အနေနဲ့ Montevideo မြို့တော် တစ်ခွင်ကို လျှောက်သွားခဲ့တာပါ။ သူမရဲ့အောက်ပိုင်းက ဂျင်းဝတ်စုံ အစစ်နဲ့ တူတဲ့ ပန်းချီ ကိုတော့ ပန်းချီဆရာ တစ်ယောက်က လက်စွမ်းပြ ခဲ့တာပါ။ အရင်ဆုံး သူမရဲ့ အောက်ပိုင်းကို ဆေးအပြာ မှုတ်ဆေးနဲ့ ဖြန်းလိုက်တယ်လို့ ဆိုပါတယ်။ နောက်တော့မှ ဂျင်းဘောင်းဘီမှာ ပါတဲ့ ချုပ်ရိုးကြောင်း ဘောင်းဘီအိတ် ပုံလေးတွေကို ပန်းချီဆရာက ထည့်သွင်းပုံဖော်ပေးခဲ့တာပါ။ Gime ဟာ အောက်ပိုင်း မိမွေးတိုင်း ဖမွေးတိုင်း ခန္ဓာကိုယ် နဲ့ ဘက်စ်ကား စီးခြင်း၊ အစားအစာ ၀ယ်ယူဖို့ တန်းစီခြင်း၊ ဈေးဆိုင် များကို လှည့်ပတ်ကြည့်ရှုခြင်း စတာတွေကို ပြုလုပ်ခဲ့ပါတယ်။ သူမ ပြုလုပ်သမျှကို ခပ်လှမ်းလှမ်း ကနေ ကင်မရာ ဆရာက မ

ဘာလီကျွန်းတွင် ခွေးသား များကို ကြက်သား အဖြစ်လိမ်ပြီး ဟင်းချက်ရောင်းချနေ

Image
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ရှိတဲ့ စားသောက်ဆိုင်တွေဟာ ကျွန်းပေါ် လာလည်ကြတဲ့ ခရီးသွားဧည့်သည်တွေကို ခွေးသား များအား ကြက်သား အဖြစ် လိမ်ပြီး ဟင်းချက်ကာ aရာင်းချနေတယ် လို့ သိရပါ တယ်။  အထူးသဖြင့် အားလပ်ရက် အပန်းဖြေလာကြတဲ့ သြစတြေးလျနိုင်ငံခြားသားများ ဟာ ဘာလီကျွန်း က ကြက်သား စာတေးဟင်းကို အလွန်ကြိုက်နှစ် သက်ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီ ကြက်သားစာတေးဟင်း ဟာ ကြက်သားနဲ့ ပြုလုပ်ထားတာ မဟုတ်ဘဲ ခွေးသားနဲ့ ပြုလုပ်ထားတာဖြစ်တာ  ကြောင့် သြစတြေးလျ ခရီးသွားတွေဟာ ခွေးသားတွေကို မသိဘဲ စားမိခဲ့ကြတာဖြစ်ပါ တယ်။ အဆိုပါ အဖြစ်အပျက်ကို AnimalsAustraliaအဖွဲ့က စုံစမ်းစစ်ဆေးကာ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါ တယ်။ အင်ဒိုးနီးရှားနိုင်ငံမှာ ခွေသား ကို ဟင်း အဖြစ်ချက်စားကြရန် တရားဝင် ခွင့်ပြုထားသော်လည်း ခွေးများကို အတင်း ဓမ္မနှိပ် စက်သတ်ဖြတ်ခြင်း၊ အဆိပ်များ သုံးပြီး သတ်ဖြတ်ခြင်း ကိုတော့ အရေးယူပါတယ်။ ဒါပေ မယ့် ဘာလီကျွန်းမှာ ခွေးသား  မှောင်ခိုဈေးကွက် ရှိပြီး အဲဒီကနေ တစ်ဆင့် စားသောက်ဆိုင်တွေက ၀ယ်ယူ  ကြတာလို့ သိရပါတယ်။

ပျူခေတ် သမိုင်း ကွက်လပ်များနှင့် ဖိုးပိုက်ဆံ ၏ နောက်က ရွှေတွင်းကြီး

Image
ကျွန်တော့ သူငယ်ချင်း ခင်မောင်သန့် နဲ့ရှေးဟောင်း သမိုင်းသုတေသီများက ပျူခေတ်မြန်မာတွေဟာ  .. ကရင် နဲ့မွန်ပြည်နယ် တစ်ကြော ကျက်စားနိုင်ခဲ့ပုံ အထောက်အထားတွေ ရှာဖွေခဲ့ကြရင်းနဲ့ မမျှော်လင့်ဘဲကရင် သူတော်စင်ကြီး ဖိုးပိုက်ဆံ နဲ့ဆက်စပ်ပြီး သမိုင်းအချက် အလက်တွေ ဆက်စပ် ယူလိုက်တဲ့ အခါရွှေကျင်ကျောက်ကြီး အရှေ့ဖက် ဖာပွန်မြောက်ဖက် နယ်မှာ အလွန် ကြီးမားတဲ့ရွှေကြောကြီး တည်ရှိနေနိုင် တယ် ဆိုတဲ့ သုံးသပ်ချက်တွေကို ဆွေးနွေးရင်းသိရှိလာရပါတယ်။  ရှေးဟောင်း သုတေသနဌာန ကလည်း ဒီဖြစ်စဉ်တွေကို လေ့လာနေပြီလို့သိရပါတယ်။  ဖိုးပိုက်ဆံ ဟာ ဖဒိုမြို့ကြီး ကို ထူထောင်နိုင်အောင်ဗြိတိသျှတွေကို ရွှေတွေ များစွာပေးခဲ့ ပါတယ်။ ဒါတွေဟာပျူခေတ် ကထဲက (ပျူတွေဟာ ရွှေရှိတဲ့ နားမှာပဲမြို့တည်ကြပါတယ်) ရှိခဲ့တဲ့ ရွှေကြောကြီးဖြစ်နိုင်တယ်လို့ ဆက်စပ်ယူလို့ရပါတယ်။ သူ့ဆောင်းပါးတွေကို မှတ်တမ်း အဖြစ်ဆက်စပ်နိုင်အောင်ပြန်လည် စု စည်းဖော်ပြလိုက်ပါတယ်။ စစ်တောင်းမြစ်ဝှမ်း နှလုံးသားမှ ကျောက်ခေတ် လူသားရှာပုံတော် (အပိုင်း၁) သည်ဇတ်လမ်းကို စသူကတော့ ကျနော်တို့ က အမ်းတိတ်ကြီး ( Antique) လို့ခေါ်တဲ့ ရှေးဟောင်းသုတေ သန ဌာန က ညွှန်ကြားရေးမှုး သူငယ်ချင်းကြီး ဗိုလ်ညို က

ကား VIN ဂဏန်း/စာလုံး 17 လုံးကနေ ကားမော်ဒယ် ကြည့်နည်း

Image
VIN ( Vehicle Identification Number) ယာဉ်သက်သေခံနံပါတ် မှာ ဂဏန်း/စာလုံး 17 လုံး ပါ ပါတယ်။  ထို ဂဏန်း/စာလုံး 17 လုံး မှ 10 လုံးမြောက် ဂဏန်း/စာလုံး ကိုကြည့်ပြီး ဘယ် ခုနှစ်ထုတ်လဲ ဆိုတာ အတိကျ ပြောနိုင်ပါတယ်။ ပုံမှာပြထားတဲ့... အနီရောင် စာလုံး G က 2016 လို့ သတ်မှတ်ပါတယ်။ 1980 မတိုင်မီက (ထုတ်လုပ်တဲ့ ခုနှစ)်က 6 ခုမြောက် အနေအထား၌ရှိခဲ့တယ်။ 1980 ခုနှစ်တွင် (ထုတ်လုပ်တဲ့ ခုနှစ)်က 10 ခုမြောက် အနေအထား မှာ ရှိပါတယ်။ ဥပမာ။ ။ A ဆိုရင် 1980 or 2010 ပါ။ K ဆိုရင် 1989 or 2019 ပါ။ X ဆိုရင် 1999 or 2029 ပါ။ 9 ဆိုရင် 2009 or 2039 ပါ။ A က 1980 ; 2010 ; 2040 ;2070 ကို ကိုယ်စားပြုပါတယ်။ VIN မှာ ထူးထူးခြားခြား 10 လုံးမြောက် ဂဏန်း/စာလုံး မှာ (I.. O .. Q.. U & Z ,ဂဏန်း 0) လုံးဝ မပါ ပါ။ ပါရင်တော့ VIN အတုပါ။ VIN ကို ဘယ်မှာ ကြည့်ရမလဲ ဆိုရင် အများအားဖြင့်.... * ကားမောင်းသူ ရှေ့ဒက်စဘုတ် * ကားမောင်းသူ ဘက် အတွင်းတံခါးဘောင် * ရှေ့အင်ဂျင်ခန်း အတွင်း * ရှေ့ ဖရိမ်ဘောင် မှာ ရှိပါတယ်။ ကုတ်(code )=ခုနှစ် (Year) တွေ ကတော့ အောက်မှာဖော်ပြပေးထားပါတယ်။ Code Year A = 1980 B = 1981

သင့် နဖူးက ပြောတဲ့ သင့် အကြောင်း (သူများကိုလည်း ကြည့်လို့ရတယ်နော်)

Image
  ၁။ နဖူး ကျဉ်းမြောင်းသူတွေဟာ စိတ်ထိခိုက်ခံစား လွယ်ပြီး တစ်သီး တစ်ခြား နေတတ်သူတွေ ဖြစ်ပါ တယ် ။ သူတို့က ဆုံးဖြတ်ချက်တွေကို နှလုံးသားနဲ့ ချမှတ်တတ်ပါတယ်။   ၂။ အခုလို ပုံစံ နဖူးရှိသူတွေက စိတ်ကူးဉာဏ် ကောင်းမွန်ပြီး တီထွင် ဖန်တီးမှု အားကောင်းကာ လူတွေကို ဆွဲဆောင်နိုင်သူပါ။  ၃။ ဒီလို နဖူးပုံစံ ရှိသူတွေဟာ ခေါင်းမာတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ပြောဆို လုပ်ကိုင်မှု တွေက သူတို့ ကိုယ်တိုင် သတိမပြုမိဘဲ တစ်ခါ တစ်ရံမှာ လူတွေကို ထိခိုက်နာကျင်စေပါတယ်။  ၄။ ကျယ်ဝန်းတဲ့ နဖူး ပိုင်ဆိုင်သူတွေက နှစ်လိုဖွယ်ရာကောင်းပါတယ်။ သူတို့ဟာ စွမ်းရည်မြင့်မားပြီး လျင်မြန် စွာ သင်ယူ တတ်မြောက်နိုင်စွမ်း ရှိပါတယ်။

ကား တစ်​စီး ဝယ်​​တော့မယ် ​ဆိုရင်​ ဘာ​တွေ ကြည့့်​ရမလဲ

Image
မကျွမ်းကျင်​​သေးတဲ့သူ​တွေ အတွက်​ အ​ခြေခံ​လေး​တွေပါ။ ကား နားလည်​တဲ့ သူကိုလည်း​ခေါ်သွားရင်း ကိုယ် ​လည်း ဒါ​လေး​တွေ စ စ်​ကြည့့် ပေါ့။ ကားမှာ အ​ရေးအကြီးဆုံးက အရှုပ်​အရှင်း ကင်းပြီး လိုင်​စင်​ ပါတဲ့ကားဖြစ်​ဖို့ပါ။ အုံနာဘုတ်​ ဝှီးတက်​ မှန်/​မမှန်​ ချက်​စီ (Chassis) ​ဘောင်​ နှင့်​ မိန်း ပလိတ်​ပြား ဖြတ်​ဆက် ​လုပ်​ထားလား ဆိုတာ ​သေချာ​အောင်​ ကညနရုံးမှာ ကားမဝယ်​ခင်​ သွားစစ်​ပါ။  မှတ်​ပုံတင်​ပြပြီး တရားဝင် ​စစ်​တာ ​ငွေငါး​ထောင်​​ပေးရပါတယ်​။ ကားမှာ အလိမ်​​တွေ ပါရင်​​တော့ ကားသိမ်းခံရပြီး လူပါ အမှုဖြစ်​မှာပါ။ ဒါက​တော့ ကားကို ကြည့်​ပြီး အားလုံးကြိုက်​လို့ ​ဈေးပါ တည့်​ပြီးမှ final အ​နေနှင့်​ လုပ်​ရမှာပါ။ ကားတစ်​စီး ဝယ်​ဖို့ သွားကြည့်​ရင်​..... ၁။ အင်​ဂျင်​ခန်း ကြည့်​မယ်​ ကားရဲ့အရိုးအဆစ်​ လို့​ခေါ်တဲ့ အဓိက တန်း​တွေ Frame ​တွေကြည့်​ပါမယ်​။ ရေတိုင်​ကီ တန်း​တွေ ဘေး​ဘောင်​​တွေ ​ရှော့ဘား​ဘောင်​​တွေ ​သေသပ်​ရမယ်​။  အင်​ဂျင်​ ဂီယာ​ဘောက်​စ်​ အားလုံးကြည့်​​ကောင်း​နေရမယ်​။ ​ အင်​ဂျင်​ခန်းက​ အော်​​ဆေးဖြစ်​ရမယ်​။ ​Original Spot​ တွေ ချိတ်​​တွေဖြစ်​ရမယ်​ ။ ဘောနပ်​​အောက်​က ​ချိတ်​​တွေ​ ​ဆေး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Image
တစ်လောက မိတ်ဆွေ တစ်ယောက်က ထားဝယ် အပြန် လက်ဆောင် ဆိုပြီး လစ်ပို ပုလင်းနှင့် ထည့်ထားသည့် ကမ်းဇော်ဆီ တစ်ပုလင်းကို လာပေးသည်။ အမှန်အတိုင်း ဝန် ခံရရင် ကမ်းဇော်ဆီ ဆိုတာကို ကျွန်တော်က နှမ်းဆီ၊ ပဲဆီ တို့လို အဆီ တစ်မျိုးလို့ပဲ ထင်သည်။  လစ်ပို ပုလင်းနှင့် တစ်ပုလင်းစာလောက်ကို တစ်ကူး တစ်က လာပေးနေရသေး တယ်လို့ ကျွန်တော်က လည်း အလိုက်ကမ်းဆိုးမသိ သွား ပြောမိသည်။ ဒီမှာတင် မိတ်ဆွေက ကမ်းဇော်ဆီ ဘယ် လောက် တန်ဖိုး ရှိကြောင်း၊ ကင်ဆာရောဂါ ကိုပင် အမှန်တစ်ကယ်ပျောက်စေနိုင်ကြောင်း သိပ္ပံနည်းကျ သုတေသနပြုထားသည့် အထောက်အထားတွေလည်း ရှိကြောင်း၊ ကရားရေလွှတ် ပြောလာပါတော့သည်။  တစ်ဆက်တည်း ဆိုသလိုပင် ကမ်းဇော်ဆီနှင့် ပတ်သက်ပြီး ထောက်ခံရေးသားထားကြသည့် လူနာရှင်များ၏ အထောက်အထား မှတ်တမ်းများကို ထုတ်ပြလာသည်။ မိတ်ဆွေ ထုတ်ပြသော မှတ်တမ်းများတွင် ပင် ရောဂါ မျိုးစုံစွာ ပျောက်ကင်းကြောင်းကို တွေ့ရသည်။  ကျွန်တော်လည်း အံ့သြ မှင်သက်စွာဖြင့် သူပြောသမျှကို ပါးစပ် အဟောင်းသားဖြင့်သာ နားထောင်နေရ သည်။ တစ်ခါမျှ မကြားဖူးသော အကြောင်းအရာများဖြစ်နေ၍လည်း အင်း... လိုက်ရုံမှ လွဲ၍ တစ်လုံး တစ်ပါဒ မှ ဝင်မပြောဖြစ်ပေ။ မိတ်ဆွေ ကလည်း ကမ်းဇော်ဆီ အကြောင

လူသိနည်းတဲ့ Facebook Messenger ရဲ့ လုပ်ဆောင်ချက် ၅ မျိုး

Image
ကျွန်တော်တို့ တော်တော် များများဟာ Messenger ဆိုရင် စာပို့ ဖို့ လောက်ပဲ အသုံးများတာ ဖြစ်လို့ သူ့ ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အပြည့် အဝ အသုံးမချဖြစ်ကြပါဘူး။  Messenger ဟာ Facebook ကနေ သီးခြား အက်ပလီကေးရှင်း အဖြစ် ခွဲထွက်ပြီး Facebook နဲ့ ပေါင်းကူး ဆက်သွယ်ဖို့ Facebook မှ သူငယ်ချင်းများ နဲ့ စကားစမြည်ပြောဖို့ အပြင် တစ်ခြား ရည်ရွယ်ချက်များနဲ့ လည်း ထွက်လာတဲ့ အက်ပလီကေးရှင်းဖြစ်ပါ တယ်။ ဒီအက်ပလီကေးရှင်း ဟာ Facebook အတွက် ကြော်ငြာနဲ့ ငွေရှာတဲ့ လုပ်ငန်း အခွင့်အလမ်းများစွာကိုပါ ဖန်တီးပေးတဲ့ အက်ပလီကေးရှင်း ဖြစ်တာကြောင့် Facebook ဟာ သူ့ ကို သုံးတဲ့လူတိုင်းကို Messenger ပါတွဲပြီး ဒေါင်းလုပ်ဆွဲဖို့ လုပ်ထားတာပါ။ ဒီတော့ Messenger အက်ပလီကေးရှင်း ကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့ သိထားသင့်တဲ့ လုပ်ဆောင်ချက် ၅ ခု ရှိပါတယ်။ (၁) Group chats Messenger မှာ တစ်ယောက်ချင်း မဟုတ်ဘဲ အဖွဲ့ လိုက် စကားပြောချင်တယ် ဆိုရင် Group chats သုံးနိုင်ပါတယ်။ ရိုးရိုး Group chat မှာဆို OS မတူတဲ့ devices တွေမှာဆို ပြောလို့ မရတာမျိုး ရှိပေမယ့် Messenger မှာတော့ ဒါမျိုး ပြဿနာ မရှိပါဘူး။ အဖွဲ့ လိုက် စကားပြောမယ် ဆိုရင် မက်

လက်ပ်တော့ သယ်ဆောင်ခြင်းကို နောက်ထပ် လေဆိပ် ၇၁ ခု မှာပါ အမေရိကန် ပိတ်ပင်

Image
ပြီးခဲ့တဲ့ မတ်လ က အမေရိကန် အစိုးရဟာ လေဆိပ် ၁၀ ခုမှာ လက်ပ်တော့များ သယ်ဆောင်ခြင်းကို ပိတ်ပင်ခဲ့ခြင်းကြောင့် တစ်ပတ် ကို လေကြောင်း ခရီးစဉ် ၃၅၀ ပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ နောက်ထပ် လေဆိပ်ပေါင်း ၇၁ နေရာမှာပါ လက်ပ်တော့ သယ်ခွင့်ကို ပိတ်လိုက်ပြီ ဖြစ်ပါတယ်။ Homeland Security ရဲ့ အဆိုအရ လက်ရှိမှာ ဒီ ပိတ်ပင်မှုကို သုံးသပ် စဉ်းစားနေကြပြီး ဥရောပ ၊ အရှေ့ အလယ်ပိုင်း နဲ့ အာဖရိက မှ ဒါဇင်နဲ့ ချီတဲ့လေဆိပ် များရဲ့ တိုက်ရိုက်လေကြောင်းများမှာ လက်ပ်တောလို မျိုး အီလက်ထရောနစ် ပစ္စည်းများ သယ်ခွင့်ကို တိုးမြှင့် ပိတ်ပင်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။  ယခုလိုမျိုး ဥရောပ လေဆိပ်များမှာ လက်ပ်တော့ သယ်ခွင့် ပိတ်ပင်ခြင်းကို တိုးမြှင့်သွားခြင်းကြောင့် တစ် ရက် ကို လေကြောင်း ခရီးစဉ် ၄၀၀ နီးပါး ထိခိုက် နစ်နာဖွယ်ရှိပြီး ခရီးသည်ပေါင်း သန်း ၃၀ ပေါ် သက်ရောက်မှု ရှိလိမ့်မယ်လို့ လေကြောင်း လုံခြုံရေး အာဏာပိုင်များက ပြောကြားထားပါတယ်။ ယခုလို လက်ပ်တော့ များကို လေယာဉ် နဲ့ သယ်ခွင့် မပေးရတဲ့ အကြောင်းများထဲမှာ အကြမ်းဖက်မှု အန္တရာယ် ကလည်း တစ်ကြောင်း အပါအဝင် ဖြစ်ပါတယ်။ လေကြောင်းမှ တစ်ဆင့် လက်ပ်တော့ များ သယ်ဆောင်ခြင်

တပ်မတော်(ရေ) မှ Scuba Diver များသို့ ဂုဏ်ပြုလွှာ

Image
...Scuba Diving ဆိုတာ တစ်ကယ်တော့ အသက် အန္တရာယ်နဲ့ အလွန် နီးစပ်တဲ့ စွန့်စားမှု့ လုပ်ငန်းဖြစ်ပါတယ်။ ...ရေအောက် ကြမ်းပြင်ကို Flapper လို့ခေါ်တဲ့ရေယက် Fan တွေအားနဲ့ယက်ပြီး ဆင်းရပါတယ်။ ကျောမှာ ပိုးထားတဲ့အောက်စီဂျင်ဗူး ကနေ လေကို ပါးစပ်က ရှူသွင်း ရှူထုတ် လုပ်ရပါတယ်။ ..ရေအနက် ၃၀မီတာ (ပေ၁၀၀) ကနေ ၅၀ မီတာ (ပေ၁၅၀) အထိသာ Safety Limit သတ်မှတ်ထားပါ တယ်။ ...Diver Suit မှာ ရေအနက် နဲ့လေဖိအားပြ ကရိယာ တပ်ဆင်ထားပါတယ်။ ...ရေထဲကို ၁၀မီတာ (၃၃ပေ) နိမ့်ဆင်းတိုင်း hydrostatic pressure လို့ခေါ်တဲ့ ရေထု ဖိအားဟာ တစ်လက်မ ပတ်လည်ကို ၁၄.၇ပေါင် နှုန်းနဲ့ဖိအား ရှိပါတယ်။ မီတာ၅၀ ရောက်ရင်တော့ (ပေ ၁၅၀မှာ) ရေထုဖိအားဟာ တစ်လက်မ ပတ်လည်ကို (ရ၅ပေါင်) နှုန်းနဲ့ဖိနေပါပြီ။ ..ဒီအချိန်မှာ နားစည်အတွင်းလေထုဖိအား မညီမျှမှုကို ဖွင့်တတ်တဲ့ နည်းပညာ တတ်ရပါတယ်။ မလုပ်တတ်ရင် နားစည် ကွဲပြီးနားကန်းတတ်ပါတယ်။ ...ရေအောက်ကြမ်းပြင်မှာ ငြိမ်နေတတ်တဲ့ ဆူးရှည် အဆိပ်ရှိတဲ့ ရေသတ္တ၀ါမျိုးစုံကိုလည်း ရှောင်ရှားတတ်ရပါတယ်။ ..Ausi နဲ့US လို နိုင်ငံတွေမှာတော့ Safety Limit ကို ရေအနက်ပေ ၁၅၀ သတ်မှတ်ပါတယ်။ ဒါတောင်ရာသီဥတု ဆိုးချိန်မှာ လုံးဝရေထဲ ဆင်းခွင့်မရှိပါဘ

သင့် စိတ်ထဲမှာ အမှိုက် လာသွန်ခြင်း

Image
တစ်နေ့မှာ လူတစ်ယောက်ဟာ အထုပ်ကြီး တစ်ခုကို ပုခုံးမှာ ထမ်းပြီး အိမ်ထဲ ဝင်လာတယ်။.ပြီးတော့ ဘာမပြော ညာ မပြောနဲ့ အထုပ်ကြီးထဲက ပစ္စည်းတွေကို ညေ့်ခန်းက ကြမ်းပြင်ပေါ်ကို သွန်ချလိုက်တယ်။ ထွက်ကျလာတာတွေက ဘာတွေလဲ ဆိုတော့ အမှိုက်သရိုက်တွေပါ။ ဒီတော့ သင်ဘာလုပ်မလဲ။  “ဟေ့ လူ ဒါဘာလုပ်တာလဲ။ အဲဒီ အမှိုက်တွေကို ချက်ခြင်းပြန်ကောက်လိုက်။ မကောက်ဘူး ဆိုရင်တော့ မင်း ကိုငါ သတ်ပစ်မယ် ဆိုပြီး ဓါးဖြစ်ဖြစ် သေနတ်ဖြစ်ဖြစ် သွားယူပါလိမ့်မယ်။ အဲဒီလူကလဲ ချက်ခြင်းပဲ အမှိုက်တွေကို အိပ်ထဲပြန်ထဲ့တယ်။ အမှိုက်တစ်စ မကျန်အောင် သေချာကောက်ပြီး ထဲ့တယ်။ ဒါတင် မကသေးပဲ သူ့ဘောင်းဘီအိပ်ထဲက အဝတ်စ တစ်ခုကို ဆွဲထုတ်ပြီး ကြမ်းကို သေချာပြောင်အောင် ပြန်သုတ်ပေးလိုက်တယ်။ ပြီးတော့ ဘာစကားမှ မပြောပဲ အိမ်ပြင်ကို သူ့ အမှိုက်ထုပ်ကြီး ထမ်းပြီး ပြန်ထွက်သွားတယ်။  ကြမ်းပေါ်မှာ အမှိုက်သရိုက် အစအနလေး တစ်စက်တောင်မကျန်ခဲ့ဘူး။ ကြမ်းဟာ အရင်အတိုင်း ပြန်ဖြစ်သွားပေမဲ့ သင့်ရဲ့ စိတ်အခြေအနေကတော့ အရင်လို မဟုတ်တော့ပါဘူး။ ဒီအကြောင်းကို တစ်နူံ့နူံ့နဲ့ ပြန် စဉ်း စားပြီး ဒေါသ ထွက်နေလိမ့်မယ်။ နောက်တစ်နေ့မှာ သင့်ရဲ့သူငယ်ချင်းတွေကို အရူး တယောက်ဟာ သင့် အိမ်ထဲ ဝင်လာပြီး

တရုတ်​ နှင့်​ ကို့ကန့်တို့​ပေါင်း၍ ဖုံးကွယ် ​ထား​သော တိုက်​ကျားကျိုက် ​(Tai Chia Chai) မြို့​ဟောင်း

Image
တိုက်​ကျားကျိုက် ​(သို့) ခံတပ်​မြို့​လေး ************************** ၁။ တိုက်​ကျားကျိုက်​မြို့​ဟောင်းသည်​ ကိုးကန့်​​ဒေသ​ လောက်​ကိုင်​မြို့ ​မြောက်​ဖက်​ (၃) မိုင် ​အကွာတွင်​ တည်​ ရှိပြီး လွန်​ခဲ့​သောနှစ်​​ပေါင်း(၃၅၀) ကျော် ​အခါ က မြန်​မာပို င်​ကိုးကန့်​​ဒေသ ကို မန်​ချူး တရုတ်​တပ်​ များ ဝင်​​ရောက် ​မကျူး​ကျော်​နိုင်​ရန်​ အတွက်​ ၊​ညောင်​ရမ်းဆက်​ပြည်​မင်း မင်းရဲ​ကျော်​​ခေါင် ​(1661-1672) လက်​ထက်​က (1662) ခုနှစ်မှာ တည်​​ဆောက်​ထား​ သောခံတပ်​မြို့​လေးဖြစ်​ပါသည်​။ ၂။ တိုက်​ကျားကျိုက် ​၏ အဓိပ္ပါယ်​မှာ " တိုက်​ လူမျိုးစု တို့၏ သစ်​တပ်​" (Tai Clan Stockade) ဖြစ်​ပါသည်​။ ပြည်​မင်း ၏​ နောင်​​တော်​ ပင်းတလဲမင်း လက်​ထက်​တွင်​ စစ်​ကိုင်း၌နိုင်​ငံ​ရေး ခိုလှုံ ခဲ့ဘူး​သော တရုတ်​ မင်​ မင်းဆက်​ ရုံလှီ ဘုရင်​၏ စစ်​သူကြီး "တိုက်​ခုန့်​ခုန့်" မှပြည်​မင်း၏ ခွင့်​ပြုချက်​ဖြင့်​ တည်​​ဆောက်​ခဲ့ပါသည်​။ ထိုအချိန်​က မင်​မင်းဆက်​တို့သည်​ မန်​ချူး တို့၏​ ချေမှုန်းခြင်း ​ခံ​နေရ​သော အချိန်​လည်းဖြစ်​ပါသည်​။ ၃။ တိုက်​ကျားကျိုက် ​ခံတပ်​မြို့ ကို သစ်​တပ်​မှ အုတ်​တပ်​မြိ

ကိုယ်ပိုင် လုပ်ငန်းတစ်ခု စတင်ချင်တဲ့ လူငယ် တွေ အတွက် လွယ်ကူ ရိုးရှင်းတဲ့ နည်းလမ်းကောင်း များ

Image
ဒီစာလေးကတော့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ကို စတင်ပြီး လုပ်ကိုင်ကြလိုသူ လူငယ်တွေ အတွက် အထူး ရည်ရွယ်ပါတယ်။ မိမိ ၀ါသနာပါတဲ့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း ဆိုတာ ၀န်ထမ်း အလုပ် ထက် စိတ်ဖိစီးမှုလျော့နည်းစေပြီး အောင်မြင်ဖို့ရာခိုင်နှုန်းလည်း ပိုပြီးတော့ များပါတယ်။  ဒါပေမယ့်လည်း လက်တွေ့မှာ ဘယ်ကနေ ဘယ်လို စပြီး လုပ်ရမလဲ ဆိုတဲ့ အခက်အခဲကို မဖြစ်မနေကြုံရတတ်ပါတယ်။ ဒါကြောင့် လူငယ်တွေ အတွက် ကိုယ်ပိုင် စီးပွားရေးလေး တစ်ခု စတင်တော့မယ် ဆိုရင် ဘယ် လို အခြေခံကျတဲ့ အချက်တွေကို ကြိုတင်ပြင်ဆင်သင့်လဲ ဆိုတာ ဝေမျှပေးလိုက်ပါတယ်။ – လုပ်ငန်း အပေါ်မှာ စိတ်နှစ်ထားဖို့ လိုအပ်ပါတယ်............. မိမိ စတင် လုပ်ကိုင်ချင်တဲ့ လုပ်ငန်း နဲ့ ပတ်သတ်ပြီး လိုအပ်တဲ့ ဈေးကွက်လေ့လာမှုတွေ လုပ်ဖို့လိုအပ်ပါတယ်။ ကိုယ်နဲ့ လုပ်ငန်းတူ အခြား စီးပွားရေး သမားတွေရဲ့ အကြံဥာဏ်တွေ၊ အားနည်းချက် အားသာ ချက်တွေ ကို လေ့လာပြီး မိမိသာ ဆိုရင် ဘယ်လို ပိုမိုကောင်းမွန်အောင် လုပ်မလဲ ဆိုတဲ့ ကြိုတင်ပြင်ဆင် မှုတွေ လည်း လိုအပ်ပါတယ်။  ဒါ့အပြင် အထူး လိုအပ်တာကတော့ ထိုလုပ်ငန်းဟာ မိမိ တစ်ကယ် ၀ါသနာပါပြီး စိတ်အား ထက်ထက်သန်သန် နဲ့ လုပ်ကိုင် လိုတဲ့ လုပ်ငန်း

ကိုယ်စောင့်နတ် ရှိ / မရှိ

Image
မောင်လေး ညီမလေးတို့ရေ – လွန်ခဲ့တဲ့ လ က မောင်လေးတစ်ယောက် က ကိုယ်စောင့်နတ် ရှိ – မရှိ ပိုစ့်လေး တင်ပေးပါ လို့ ပြောတဲ့ အတွက် ဖတ်မိ မှတ်မိ သလောက်လေး တင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်နော် – ကိုယ်စောင့်နတ် ရှိ မရှိ ဆိုတာကို – ပါရာဇိကဏ် ပါဠိတော် ဒုဌလ္လ၀ါစာ သိက္ခာပုဒ်မှာ ဆိုထားတာက သင့် ကိုယ်စောင့်နတ် တွေ ဘယ်သော အခါ မှာ ငါ့ကို ကြည်သာကြမလဲ လို့ ပါရှိပါတယ် ။ ပါရာဇိကတ် အဋ္ဌကထာလာ ရှင်သုဒိန္န အကြောင်း ပါဠိတော်မှာလည်း ကိုယ်စောင့်နတ် အကြောင်း ပါရှိပါတယ် – ရှင်သုဒိန် ဆိုတာ သာသနာတော်မှာ မေထုန်မှု ကို ရဟန်း ဘ၀နဲ့ ပထမဦး ဆုံးပြုကျင့်သူပေါ့။ သူဟာ မဟာဝုန်တောထဲမှာ မယားဟောင်း ကို သားမျိုးစေ့ပေး  တဲ့ အနေနဲ့ မေထုန်မှုပြုကျင့်တော့ – ဘုမ္မစိုးနတ်တွေက စပြီး  စတုမဟာရာဇ်နတ်တွေ ၊  တာဝတိံသာနတ်တွေ စသည်ဖြင့် အဆင့်ဆင့် သိသွား လိုက် တာ  ဗြဟ္မာတွေထိတောင် သိရှိ သွားပြီး  အချင်းတို့ ရဟန်းသံဃာတွေဟာ (ဒုဿီလ) ဆိုတဲ့ အမြှပ် မှ ကင်းစင်တယ်။ အပြစ်ကင်းစင်တယ် ။  ကလန္ဒ သူဋ္ဌေးသား သုဒိန် ဟာ (ဒုဿီလ) ဆိုတဲ့ အမြှု ပ်ကို ဖြစ်စေ ခဲ့ပြီး – အပြစ် ကို ဖြစ်စေခဲ့ပြီ လို့  အဆင့်ဆင့် ကြွေးကြော်ကြတဲ့ အကြောင်း ပါရာဇိကဏ် ပါဠိတော်မှာ ပြဆိုထားပါတယ် ။ အဲဒါကို ထပ်မံ ဖွင

အမေ ကို ထမင်း တစ်နပ် ကျွေးရုံနဲ့ အောင်မြင်သွားတဲ့ လူတစ်ယောက် (သို့မဟုတ်) ဦးသုခ

Image
ကိုလိုနီခေတ်တုန်းက ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ် မြို့မှာ သိန်းမောင် ဆိုတဲ့ စာပေ ဝါသနာရှင် လူငယ် တစ်ယောက် ရှိခဲ့ဖူးပါတယ်။ သိန်းမောင် မှာ အမေတစ်ခု သား တစ်ခုဖြစ်လို့ အိုမင်း မစွမ်းဖြစ်နေတဲ့ မိခင် အိုကြီးကို လုပ်ကျွေးပြုစုနေခဲ့ရတယ်။  နယ်မြို့မှာနေတဲ့ လူတစ်ယောက်ဖြစ်ပေမယ့်လည်း တစ်နေ့မှာ အောင်မြင်တဲ့ စာရေး ဆရာ ဖြစ်ရမယ်လို့ ရည် မှန်းချက်ကြီးကြီးမားမား ရှိခဲ့တယ်။ ရည်မှန်းချက်ကို မစွန့်လွှတ်နိုင်တဲ့ အဆုံး သိန်းမောင်ဟာ ရန်ကုန်ကို သွားချင်တဲ့ အကြောင်း မိခင်ဆီကို အသိပေးလာတယ်။ “အမေ သားတို့လို အနုပညာ ဝါသနာပါသူတွေ အတွက် ရန်ကုန်မြို့ ဟာ အောင်မြေဖြစ်လို့ ရန်ကုန် ကို သွားချင်တယ်” “ဘယ်လိုပြောလိုက်တာလဲ ငါ့သားရယ်… ကြံကြံ ဖန်ဖန်ကွယ် တိုင်းပြည်ကြီးက မှ ခေတ်အခါ မကောင်းသေးတာ၊ အမေကလည်း ရှစ်ဆယ်နား ကပ်နေပြီ အမေက သားကို အားကိုးနေတာ၊ ငါ့သားလေး ရန်ကုန်ကိုသွားရင် ဘယ်သူ့ကို အားကိုး ရမလဲ” “ဟာ . . . နားမလည်ဘူး အမေရယ်၊ သား ကတော့ ရန်ကုန်ကို သွားဖြစ်အောင် သွားမှာပဲ ။ ရည်မှန်းချက် တော့ အပျက်မခံနိုင်ဘူး သွားပြီ အမေရေ . . သွားပြီ ၊ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာ တစ်ယောက် မဖြစ်မချင်း သား ကျိုက်လတ် ကို ပြန်မလာတော့
 
365myanmar.com - Myanmar Online Shopping Mall