တပ်မတော်(ရေ) မှ Scuba Diver များသို့ ဂုဏ်ပြုလွှာ



...Scuba Diving ဆိုတာ တစ်ကယ်တော့ အသက် အန္တရာယ်နဲ့ အလွန် နီးစပ်တဲ့ စွန့်စားမှု့ လုပ်ငန်းဖြစ်ပါတယ်။

...ရေအောက် ကြမ်းပြင်ကို Flapper လို့ခေါ်တဲ့ရေယက် Fan တွေအားနဲ့ယက်ပြီး ဆင်းရပါတယ်။ ကျောမှာ ပိုးထားတဲ့အောက်စီဂျင်ဗူး ကနေ လေကို ပါးစပ်က ရှူသွင်း ရှူထုတ် လုပ်ရပါတယ်။


..ရေအနက် ၃၀မီတာ (ပေ၁၀၀) ကနေ ၅၀ မီတာ (ပေ၁၅၀) အထိသာ Safety Limit သတ်မှတ်ထားပါ တယ်။


...Diver Suit မှာ ရေအနက် နဲ့လေဖိအားပြ ကရိယာ တပ်ဆင်ထားပါတယ်။


...ရေထဲကို ၁၀မီတာ (၃၃ပေ) နိမ့်ဆင်းတိုင်း hydrostatic pressure လို့ခေါ်တဲ့ ရေထု ဖိအားဟာ တစ်လက်မ ပတ်လည်ကို ၁၄.၇ပေါင် နှုန်းနဲ့ဖိအား ရှိပါတယ်။ မီတာ၅၀ ရောက်ရင်တော့ (ပေ ၁၅၀မှာ) ရေထုဖိအားဟာ တစ်လက်မ ပတ်လည်ကို (ရ၅ပေါင်) နှုန်းနဲ့ဖိနေပါပြီ။


..ဒီအချိန်မှာ နားစည်အတွင်းလေထုဖိအား မညီမျှမှုကို ဖွင့်တတ်တဲ့ နည်းပညာ တတ်ရပါတယ်။ မလုပ်တတ်ရင် နားစည် ကွဲပြီးနားကန်းတတ်ပါတယ်။


...ရေအောက်ကြမ်းပြင်မှာ ငြိမ်နေတတ်တဲ့ ဆူးရှည် အဆိပ်ရှိတဲ့ ရေသတ္တ၀ါမျိုးစုံကိုလည်း ရှောင်ရှားတတ်ရပါတယ်။


..Ausi နဲ့US လို နိုင်ငံတွေမှာတော့ Safety Limit ကို ရေအနက်ပေ ၁၅၀ သတ်မှတ်ပါတယ်။ ဒါတောင်ရာသီဥတု ဆိုးချိန်မှာ လုံးဝရေထဲ ဆင်းခွင့်မရှိပါဘူး။

..ဘာကြောင့်လည်း ဆိုရင်တော့ ရာသီဥတု ဆိုးချိန်မှာရေအောက်ကြမ်းပြင်ကို ကြည်လင်စွာ မမြင်ရပါဘူးရှေ့မြင်ကွင်းမြင်တာဟာ ၃ မီတာလောက်ပဲ ရှိတဲ့နေရာတွေရောက်သွားတတ်ပါတယ်။


ဒီလို အချိန်မှာ ဆူးရှည် အဆိပ်ရှိတဲ့ရေသတ္တ၀ါမျိုးစုံတွေ၊ Demon Fish လိုရေသတ္တ၀ါကြီးတွေေ ရာက်လာတတ်တဲ့ ရန်တွေကို မကာကွယ်နိုင်တော့ပါဘူး။











..ရာသီဥတု ဆိုးချိန်မှာရေအောက်မှာ Under Water Tidal Waves တွေ၊ Demon Fish လို ရေသတ္တ၀ါကြီးတွေရောက်လာတတ်တဲ့ ရန်တွေကြောင့်လည်းဖြစ်ပါတယ်။ 


Strong Under Water Tidal Waves တွေက လူတွေကို ရေအနက်ထဲကို ဆွဲခေါ်သွားပြီး တစ်စစီဖြစ်အောင်ချေမွှ ပစ်လိုက်နိုင်ပါတယ်။ 


ရာသီဥတု ဆိုးချိန်မှာပျော်တတ်တဲ့ Demon Fish တွေကတော့ လူတွေရဲ့ Diver Suit တွေကို သိပ်ကြိုက်ပြီးလူအကောင်လိုက် ဆွဲစား တတ်ပါတယ်။




...ပြောချင်တာက ရေအောက်ကြမ်းပြင်ကို ရာသီဥတုဆိုးနေတဲ့ အချိန်မှာရေထဲကို သတ္တိရှိရှိ ဆင်းပြီးကိုယ့် တပ်မတော် မိသားစုတွေ အတွက် အသက်နဲ့လဲ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော် (ရေ) က စစ်သည်များကိုပေါ့ပေါ့သေးသေး တာဝန်ထမ်းဆောင်နေတာမဟုတ်ဘဲ၊ ကိုယ့်အသက်နဲ့ရင်းပြီး တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နေသူများဖြစ်ကြောင်းသိစေချင်လို့ဒီစာကိုရေးရခြင်းဖြစ်ပါတယ်။


...တပ်မတော်(ရေ) မှ Scuba Diver များဘေးရန်ကင်းကွာပြီး ရည်မှန်းချက် တာဝန်ကိုအောင်မြင်စွာဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းရင်း လက်တင် အလေးပြုလိုက်ပါရစေဗျာ။


Moe Kyaw (or) Sit Thwe (9-6-2017) #မြန်မာ့စစ်သွေး



Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

 
365myanmar.com - Myanmar Online Shopping Mall