လူသိနည်းတဲ့ Facebook Messenger ရဲ့ လုပ်ဆောင်ချက် ၅ မျိုး


ကျွန်တော်တို့ တော်တော် များများဟာ Messenger ဆိုရင် စာပို့ ဖို့ လောက်ပဲ အသုံးများတာ ဖြစ်လို့ သူ့ ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အပြည့် အဝ အသုံးမချဖြစ်ကြပါဘူး။  Messenger ဟာ Facebook ကနေ သီးခြား အက်ပလီကေးရှင်း အဖြစ် ခွဲထွက်ပြီး Facebook နဲ့ ပေါင်းကူး ဆက်သွယ်ဖို့ Facebook မှ သူငယ်ချင်းများ နဲ့ စကားစမြည်ပြောဖို့ အပြင် တစ်ခြား ရည်ရွယ်ချက်များနဲ့ လည်း ထွက်လာတဲ့ အက်ပလီကေးရှင်းဖြစ်ပါ တယ်။
ဒီအက်ပလီကေးရှင်း ဟာ Facebook အတွက် ကြော်ငြာနဲ့ ငွေရှာတဲ့ လုပ်ငန်း အခွင့်အလမ်းများစွာကိုပါ ဖန်တီးပေးတဲ့ အက်ပလီကေးရှင်း ဖြစ်တာကြောင့် Facebook ဟာ သူ့ ကို သုံးတဲ့လူတိုင်းကို Messenger ပါတွဲပြီး ဒေါင်းလုပ်ဆွဲဖို့ လုပ်ထားတာပါ။ ဒီတော့ Messenger အက်ပလီကေးရှင်း ကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့ သိထားသင့်တဲ့ လုပ်ဆောင်ချက် ၅ ခု ရှိပါတယ်။
(၁) Group chats

Messenger မှာ တစ်ယောက်ချင်း မဟုတ်ဘဲ အဖွဲ့ လိုက် စကားပြောချင်တယ် ဆိုရင် Group chats သုံးနိုင်ပါတယ်။ ရိုးရိုး Group chat မှာဆို OS မတူတဲ့ devices တွေမှာဆို ပြောလို့ မရတာမျိုး ရှိပေမယ့် Messenger မှာတော့ ဒါမျိုး ပြဿနာ မရှိပါဘူး။ အဖွဲ့ လိုက် စကားပြောမယ် ဆိုရင် မက်ဆေ့ တစ်စောင်ရေးပြီး ပို့ မယ့် လူတွေရဲ့ အကောင့်တွေကို ထည့်ပေးလိုက်ရုံပါပဲ။
ပထမ စာတစ်စောင် ပို့ ပြီးတာနဲ့ setting icon လေးကို သွားပြီး စကားပြောတဲ့ Conversation ကို နာမည်ပေးတာ ၊ အရောင် ပြောင်းတာ ၊ ပုံတွေ ဖိုင်တွေ ပို့ တာ ၊ အဖွဲ့ ကို ယာယီ/အမြဲတမ်း အဖွဲ့ ဖန်တီးတာ ၊ noti တွေ ပြည့်လာရင် အချက်ပြဖို့ နဲ့ event ပွဲတွေကို အချိန်ဇယား ဆွဲတာတွေပါ လုပ်နိုင်ပါတယ်။

(၂) ပြောထားသမျှကို သူများ မသိအောင် ဝှက်ထားမယ်

ကိုယ်ပြောသမျှကို လုံခြုံစေချင်တယ် ဆိုရင်လည်း Messenger မှာ security feature သတ်သတ် ထည့်ထားပါတယ်။ လျှို့ ဝှက် မက်ဆေ့တွေ ပို့ မယ်ဆိုရင် Messenger ရဲ့ iOS ဗားရှင်း မှာ ညာဘက် ထိပ်ထောင့်မှာ ရှိတဲ့ မက်ဆေ့ပုံစံ အိုင်ကွန်လေးကို နှိပ်ပြီး Secret လို့ ရွေးလိုက်တာနဲ့ ကိုယ်ပို့ မယ့် မက်ဆေ့ဟာ လျှို့  ဝှက်မက်ဆေ့ဖြစ်သွားပြီး ပို့ မယ့် သူနဲ့ ပို့ ခံရတဲ့သူတွေပဲ သိတော့မှာ ဖြစ်ပါတယ်။
အန်းဒရိုက် မှာတော့ စကားပြောပြီး တာနဲ့ ညာဘက် အပေါ် ထောင့်နားမှာ ရှိတဲ့ Info ဆိုတဲ့ အိုင်ကွန်လေးကို နှိပ်ပြီး Secret conversation ကို ရွေးရမှာပါ။ ဒါ့အပြင် ကိုယ်ပို့ တဲ့ မက်ဆေ့ကို ဘယ်အချိန် မှာ ပျောက်စေချင်သလဲ ဆိုပြီး timer ထားလို့ ရမှာ ဖြစ်ပါတယ်။

(၃) ငွေပို့ / ငွေလွှဲလိုက်လို့ လည်း ရပါတယ်။

ဒါကိုတော့ လူတော်တော် များများ မသိတာ များပါတယ်။ Messenger ကို PayPal လိုမျိုး သုံးလို့ ရပါတယ်။ သူ့ ကို သုံးမယ် ဆိုရင် နှစ်ဖက် စလုံးမှာ debit card တစ်ခုစီ ကိုင်ဆောင်ထားဖို့ လိုပါတယ်။ ဒီလို ငွေလွှဲ လို့ လည်း ဝန်ဆောင်ခ လုံးဝ မပေးရပါဘူး။ ဒီ feature ကို တော့ PIN စနစ် နဲ့ လုံခြုံရေး တင်ထားပါတယ်။ ဒီငွေပေးစနစ် သုံးမယ်ဆိုရင် ကိုယ်ငွေလွှဲလိုသူရဲ့ အကောင့်ကို ရွေးပြီး payments ကို နှိပ်ရပါတယ်။

(၄) video calls

Facebook ရဲ့ Messenger ဟာ Skype တို့ လိုမျိုး ရုပ်သံခေါ်ဆိုမှု လုပ်နိုင်ပါတယ်။ Facebook ရှိရင် တစ်ခြား video chat အက်ပလီကေးရှင်း ကို ဒေါင်းလုပ် ဆွဲစရာ မလိုတော့ပါဘူး။ မြန်မာပြည်မှာဆို အတော်လေး အဆင်ပြေတဲ့ feature ဖြစ်ပါတယ်။ 
အကြောင်း ကတော့ မြန်မာပြည်မှာ Facebook သုံးတဲ့လူ ၁၅ သန်း နီးပါး ရှိပြီး Skype သုံးတဲ့သူ ကတော့ အတော့် ကို နည်းတာကြောင့် အချင်းချင်း ဆက်သွယ်မယ် ဆိုရင် Messenger ကနေ ထိထိရောက်ရောက် ဆက်သွယ်နိုင်တော့မှာပါ။ 
ဒီလို video call ခေါ်လို့ လည်း Messenger ကို ဘာပိုက်ဆံမှ ပေးစရာ မလိုပါဘူး။ အင်တာနက်ဒေတာ ဖိုးလာက်ပဲ ကုန်တာ ဖြစ်လို့ Wi-Fi ရတဲ့ နေရာမှာဆိုရင် အတော်လေး အဆင်ပြေမှာ ဖြစ်ပါတယ်။
(၅) ဂိမ်း ကစားနိုင်ပါတယ်။

Messenger မှာ ပေါ့ပေါ့ ပါးပါး ဆော့လို့ ရတဲ့ ဂိမ်းတွေ ၁၄-၅ မျိုး မက ရှိပါတယ်။ တစ်ယောက်တည်း ဆော့လို့ လည်း ရသလို သူငယ်ချင်း နဲ့ ဆော့မယ် ဆိုရင်လည်း ဆော့လို့ ရတဲ့ mini game လေးတွေကို Facebook Messenger မှာ ထည့်ထားပါတယ်။ 
arcade classic ဂိမ်းတွေ ဖြစ်တဲ့ Galaga နဲ့ Pac-Man တို့ လို ဂိမ်း အဟောင်းတွေ အပြင် နောက်ထွက်  ဂိမ်း သစ်တွေ ဖြစ်တဲ့ Words with Friends နဲ့ Cut The Rope 2 တို့ လို ဂိမ်းသစ်လေးတွေပါ ဆော့လို့ ရမှာပါ။
ကိုယ့်ဘာသာ ဆော့ချင်တယ် ဆိုရင် Messenger app ရဲ့ အောက်ခြေ ညာထောင့်လေးမှာ ပါတဲ့ Games အိုင်ကွန်လေး ကို နှိပ်ပြီး ကစားနိုင်မှာ ဖြစ်ပါတယ်။ တစ်ခြား သူငယ်ချင်းနဲ့ ကစားမယ် ဆိုရင်တော့ သူငယ် ချင်း နဲ့ စကားပြောထားတဲ့ history ကို ဖွင့်ပြီး သူ့ အောက်ခြေ ဘယ်နားက + လက္ခဏာလေး ကို နှိပ်ပြီး ဂိမ်းတွေကို သွားဆော့နိုင်တော့မှာပါ။
ဒါတွေကတော့ Messenger app ပေါ်က လူသုံးနည်းတဲ့ လုပ်ဆောင်ချက် တစ်ချို့ အကြောင်းပဲ ဖြစ်ပါတယ်။



Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

 
365myanmar.com - Myanmar Online Shopping Mall