ကိုယ်ပိုင် လုပ်ငန်းတစ်ခု စတင်ချင်တဲ့ လူငယ် တွေ အတွက် လွယ်ကူ ရိုးရှင်းတဲ့ နည်းလမ်းကောင်း များ



ဒီစာလေးကတော့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ကို စတင်ပြီး လုပ်ကိုင်ကြလိုသူ လူငယ်တွေ အတွက် အထူး ရည်ရွယ်ပါတယ်။ မိမိ ၀ါသနာပါတဲ့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း ဆိုတာ ၀န်ထမ်း အလုပ် ထက် စိတ်ဖိစီးမှုလျော့နည်းစေပြီး အောင်မြင်ဖို့ရာခိုင်နှုန်းလည်း ပိုပြီးတော့ များပါတယ်။ 

ဒါပေမယ့်လည်း လက်တွေ့မှာ ဘယ်ကနေ ဘယ်လို စပြီး လုပ်ရမလဲ ဆိုတဲ့ အခက်အခဲကို မဖြစ်မနေကြုံရတတ်ပါတယ်။ ဒါကြောင့် လူငယ်တွေ အတွက် ကိုယ်ပိုင် စီးပွားရေးလေး တစ်ခု စတင်တော့မယ် ဆိုရင် ဘယ် လို အခြေခံကျတဲ့ အချက်တွေကို ကြိုတင်ပြင်ဆင်သင့်လဲ ဆိုတာ ဝေမျှပေးလိုက်ပါတယ်။
– လုပ်ငန်း အပေါ်မှာ စိတ်နှစ်ထားဖို့ လိုအပ်ပါတယ်.............
မိမိ စတင် လုပ်ကိုင်ချင်တဲ့ လုပ်ငန်း နဲ့ ပတ်သတ်ပြီး လိုအပ်တဲ့ ဈေးကွက်လေ့လာမှုတွေ လုပ်ဖို့လိုအပ်ပါတယ်။ ကိုယ်နဲ့ လုပ်ငန်းတူ အခြား စီးပွားရေး သမားတွေရဲ့ အကြံဥာဏ်တွေ၊ အားနည်းချက် အားသာ ချက်တွေ ကို လေ့လာပြီး မိမိသာ ဆိုရင် ဘယ်လို ပိုမိုကောင်းမွန်အောင် လုပ်မလဲ ဆိုတဲ့ ကြိုတင်ပြင်ဆင် မှုတွေ လည်း လိုအပ်ပါတယ်။ 


ဒါ့အပြင် အထူး လိုအပ်တာကတော့ ထိုလုပ်ငန်းဟာ မိမိ တစ်ကယ် ၀ါသနာပါပြီး စိတ်အား ထက်ထက်သန်သန် နဲ့ လုပ်ကိုင် လိုတဲ့ လုပ်ငန်းဖြစ်ဖို့ပါပဲ ။ အဲ့ဒီလို လုပ်ငန်းမျိုးဟာ သာမန်ထက် 75% ပိုမိုအောင်မြင်စေနိုင်ပါတယ်လို့လည်း လေ့လာချက်တွေ အရ သိရှိရပါတယ်။
– လုပ်ငန်း ရဲ့ တည်နေရာနဲ့ အချိန်အခါ ကို ကြိုတင် စဉ်းစားထားဖို့ လိုအပ်ပါတယ်။
မိမိ ရဲ့ လုပ်ငန်း အမျိုးအစားနဲ့ ကိုက်ညီ သင့်လျော်တဲ့ နေရာ နဲ့အချိန်အခါ ဟာလည်း အထူးပဲ အရေးကြီးလှပါတယ်။ မိမိ ရဲ့ လုပ်ငန်း အမျိုးအစားအလိုက် ချည်းကပ် သင့်တဲ့ နေရာတွေ ၊ အချိန်အခါ တွေကို လည်း ကြို တင်လေ့လာ တွက်ဆထားရပါမယ်။ ဥပမာ – စားသောက်ဆိုင် အတွက်ဆိုရင် ရုံးတွေ ၊ ကျောင်းတွေ အစရှိတဲ့ လူဦးရေ ထူထပ်တဲ့ နေရာတွေဟာ ပိုမိုသင့်လျော်ပါတယ်။



– ကုန်ကျစရိတ် တွေကို ကြိုတင် တွက်ချက်ထားဖို့ လိုအပ်ပါတယ်။
မိမိ စတင်တော့မယ့် လုပ်ငန်းအတွက် ကျစ်လျစ် တိကျတဲ့ ကုန်ကျစရိတ် ကို ကြိုတင်တွက်ချက်မှု ရှိရပါမယ်။ ဒါမှသာ ရင်းနှီးမြှုပ်နှံလိုသူတွေကို ဘယ်လောက်ထိ အကျိုးအမြတ် ရရှိနိုင်ကြောင်း အတိအကျ ပြောဆိုနိုင် မည်ဖြစ်ပြီး သင့် အပေါ် ယုံကြည်မှုကို ပိုမို ရရှိစေမှာပါ။


– ကြော်ညာတွေရဲ့ စွမ်းဆောင်ရည်ကို မမေ့ပါနဲ့ ....
ယနေ့ခေတ်ဟာ Media ခေတ်ဖြစ်တာကြောင့် မိမိရဲ့ လုပ်ငန်း ပိုမိုအောင်မြင်ပြီး လူသိများဖို့ ကြော်ညာတွေ ဟာ မပါမဖြစ် အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်နေပါတယ်။ ကြော်ညာတွေထဲမှာ မှ လူ ကိုယ်တိုင် လိုက်လံကြော်ညာတာ၊ စာအုပ်တွေနဲ့ ရုပ်သံတွေမှာ ကြော်ညာ ထည့်တာ အပြင် အခု ဆိုရင်တော့ Social Media လို့ခေါ်တဲ့ Facebook, Twitter, Instagram တွေမှာ အပြင် ကိုယ်ပိုင် website တွေထောင်ပြီးတော့ လည်း မိမိ ရဲ့ လုပ်ငန်းကို လူအများကြား ပိုမိုပျံ့နှံ့စေဖို့ ကြေညာနိုင်နေပါပြီ။
– စာရင်းဇယားများ အား ချစ်မြတ်နိုးတတ်အောင် ကြိုးစားပါ ....... 
လုပ်ငန်း record တွေ ဆိုရင် အတော်များများက အချိန်ပေး ဖတ်ရှုဖို့ငြီးငွေ့တတ်ကြပါတယ်။ ဒါပေမယ့် မိမိ ရဲ့ ကိုယ်ပိုင် လုပ်ငန်းမှာတော့ အဲ့ဒီ record တွေဟာ အင်မတန် အသုံးဝင်တဲ့ အချက် အလက်တွေပါပဲ။ အဲ့ဒီ အချက်အလက်တွေကနေမှ လစဉ် အလိုက် တိုးတက်မှု မှတ်တမ်းတွေ ၊ ၀င်ငွေ ထွက်ငွေ နဲ့ အမြတ်ငွေတွေကို တွက်ချက်ပြီး ရှေ့ဆက်လက် လုပ်ဆောင်ရမယ့် လုပ်ငန်း Plan တွေကို သေချာပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။
ဒီအချက်လေးတွေကနေ အားလုံးပဲ အောင်မြင် အဆင်ပြေတဲ့ ကိုယ်ပိုင် လုပ်ငန်းတွေ တည်ထောင်နိုင်ဖို့ အထောက် အကူလေးတွေဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
Credit : upupmm

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall