ကိုယ်စောင့်နတ် ရှိ / မရှိ


မောင်လေး ညီမလေးတို့ရေ –
လွန်ခဲ့တဲ့ လ က မောင်လေးတစ်ယောက် က ကိုယ်စောင့်နတ် ရှိ – မရှိ ပိုစ့်လေး တင်ပေးပါ လို့ ပြောတဲ့ အတွက် ဖတ်မိ မှတ်မိ သလောက်လေး တင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်နော် –

ကိုယ်စောင့်နတ် ရှိ မရှိ ဆိုတာကို –
ပါရာဇိကဏ် ပါဠိတော် ဒုဌလ္လ၀ါစာ သိက္ခာပုဒ်မှာ ဆိုထားတာက သင့် ကိုယ်စောင့်နတ် တွေ ဘယ်သော အခါ မှာ ငါ့ကို ကြည်သာကြမလဲ လို့ ပါရှိပါတယ် ။

ပါရာဇိကတ် အဋ္ဌကထာလာ ရှင်သုဒိန္န အကြောင်း ပါဠိတော်မှာလည်း ကိုယ်စောင့်နတ် အကြောင်း ပါရှိပါတယ် –

ရှင်သုဒိန် ဆိုတာ သာသနာတော်မှာ မေထုန်မှု ကို ရဟန်း ဘ၀နဲ့ ပထမဦး ဆုံးပြုကျင့်သူပေါ့။

သူဟာ မဟာဝုန်တောထဲမှာ မယားဟောင်း ကို သားမျိုးစေ့ပေး တဲ့ အနေနဲ့ မေထုန်မှုပြုကျင့်တော့ –
ဘုမ္မစိုးနတ်တွေက စပြီး စတုမဟာရာဇ်နတ်တွေ ၊ တာဝတိံသာနတ်တွေ စသည်ဖြင့် အဆင့်ဆင့် သိသွား လိုက် တာ ဗြဟ္မာတွေထိတောင် သိရှိ သွားပြီး အချင်းတို့ ရဟန်းသံဃာတွေဟာ (ဒုဿီလ) ဆိုတဲ့ အမြှပ် မှ ကင်းစင်တယ်။ အပြစ်ကင်းစင်တယ် ။ ကလန္ဒ သူဋ္ဌေးသား သုဒိန် ဟာ (ဒုဿီလ) ဆိုတဲ့ အမြှု ပ်ကို ဖြစ်စေ
ခဲ့ပြီး – အပြစ် ကို ဖြစ်စေခဲ့ပြီ လို့ အဆင့်ဆင့် ကြွေးကြော်ကြတဲ့ အကြောင်း ပါရာဇိကဏ် ပါဠိတော်မှာ ပြဆိုထားပါတယ် ။

အဲဒါကို ထပ်မံ ဖွင့်ပြတဲ့ ပါရာဇိကဏ် အဌကထာ သုဒိန္နကဏ္ဍ အဖွင့်မှာတော့.............

မကောင်းမှုပြုသူ အတွက် ဆိတ်ကွယ်ရာ မည်သည် မရှိ ။
ပထမ ပြုသူကိုယ်တိုင် သိ၏ ။
နောက် မိမိ ကိုယ်စောင့်နတ် သိ၏ ။
ထိုမှတစ်ပါး သူတစ်ပါးစိတ်ကို သိတဲ့နတ်တွေ သိ၏ လို့ ဆိုထားပါတယ်။

အဲဒါကြောင့် တောအုပ်မှာ နေကြတဲ့ သူတစ်ပါး စိတ်ကို သိကြတဲ့ ဘုမ္မစိုး နတ်တွေ ဟာ အဲဒီ လွန်ကျူးမှု ကို ကြည့်ပြီး ကြွေးကြော် ကြတာ ဖြစ်တဲ့ အကြောင်း ရှင်းပြထားတယ်။

တစ်ခါ သုတ်မဟာဝါ အဋ္ဌကထာ၊ မဟာပဒါန သုတ်အဖွင့်မှာ –
အကြင် အခါ မင်းတို့ တရား မစောင့်ကုန် –
ထိုအခါ အိမ်ရှေ့မင်း အမတ် စစ်သူကြီး သူဌေး သူကြွယ် မြို့သူမြို့သာ ပြည်သူပြည်သားတို့ တရားမစောင့်ကြကုန် – ထိုအခါ ထိုသူတို့၏ ကိုယ်စောင့်နတ်များ တရား မစောင့်ကြကုန်လို့ ပြဆို ထားပါတယ်။

အဲဒါတွေကိုထောက်ထားပြီး ကိုယ်စောင့်နတ် ရှိတဲ့ အကြောင်း ကျမ်းဂန် အထောက် အထားနဲ့ မှတ်သားနိုင်တယ်။

တစ်ဖန် စတုကနိပါတ် စူဠ ကလိင်္ဂ ဇာတ်မှာ ကလိင်္ဂမင့်း  အသ က မင်းတို့ စစ်တိုက်ကြတော့ –

မင်းနှစ်ပါး ရဲ့ ကိုယ်စောင့်နတ် နှစ်ပါး ဟာ နွားလား ဥဿဘ အသွင် အယောင် ဆောင်ပြီး ဝှေ့တိုက် ကြ တယ်လို့ ဆိုထား ပြန်ပါတယ် ။

အသီတိနိပါတ် မဟာကုဏာလ ဇာတ်မှာ –
ကောသလမင်း နတ်ရွာစံတော့ ကောသလမင်း ရဲ့ မိဖုရားကို ဗာရာဏသီမင်း က မိဖုရားမြှောက် ပါတယ် ။
မိဖုရားမှာ ကောသလမင်း နဲ့ရတဲ့ ပဋိသန္ဓေ ပါသွားခဲ့ပါတယ် ။ နတ်ရွာစံသွားတဲ့ ကောသလမင်း ဟာ ထိုမိဖုရားက မွေးတဲ့ မိမိ၏ သားရဲ့ ကိုယ်စောင့်နတ်ဖြစ်တယ်လို့ဆိုပါတယ်။

အထက်ပါ ဗုဒ္ဓစာပေ အဆိုများအရ ကိုယ်စောင့်နတ် ရှိတယ်လို့ သတ်မှတ် ရပါမယ် ။

ဒါပေမယ့် လူတစ်ကိုယ်မှာ ကိုယ်စောင့်နတ် ဘယ်နှစ်ပါး စောင့်တယ် ဆိုတာတော့ သတ်မှတ်လို့မရပါဘူး။
.
တစ်ပါးဖြစ်စေ အများဖြစ်စေ မိမိရဲ့ ဖြူစင်မှု ပါရမီ မိမိပြုအပ်တော့ ကုသိုလ်ကံ အကုသိုလ်ကံ အလိုက် သင့်တော် သလို စောင့်ရှောက်ကြတယ်လို့ပဲ သတ်မှတ် ရမှာပါ။
.
နောက်တစ်မျိုး ကတော့ လောကီ ကျမ်းများ အဆိုအရ –
( ဂိုဏ်းဆရာများ လောကီပ ညာ လိုက်စားသူများ အယူ လို့ပြောရမလားပဲ ၊ ဟိန္ဒူ အယူလည်းရောထွေးနေသပေါ့ )
.
လူတစ်ကိုယ်မှာ ကိုယ်စောင့်နတ် တစ်ကျိပ်တစ်ယောက် ရှိပါတယ်တဲ့ –
( ၁ ) သူရသတီ နတ် – ပညာတိုးပွား သောနတ်
( ၂ ) သကျ နတ် – စည်းစိမ် ချမ်းသာပေး သောနတ်
( ၃ ) မဟိရာဇာနတ် – အိမ်မက်ပေး သောနတ်
( ၄ ) သတ္တဘာဂ နတ် – ဖူးစာရေး နတ်
( ၅ ) ၀ါမသူရာနတ် – နိမိတ်ပြ သောနတ်
( ၆ ) ဇနသူရ နတ် – အလှူပေးသည်ကို မှတ်တမ်းတင် သောနတ်
( ၇ ) ကရ၀ါနတ် – ကာမသူခကို ပေးသောနတ်
( ၈ ) ယောတနက နတ် – သွားလေရာကို လိုက်၍ စောင့်ရှောက် တတ်သော နတ်
( ၉ ) ကလျှာဏ မိတ္တနတ် – ကောင်းသောစကားကို မှတ်သားသောနတ်
( ၁၀ ) စန္ဒာဒေ၀ီနတ် – ကျက်သရေကို ဆောင်သောနတ်
( ၁၁ ) နရိန္ဒာဒေ၀ီနတ် – အိပ်သောအခါ ဦးခေါင်းရင်းက စောင့်သောနတ် တို့ဖြစ်ပါတယ်။

ဒါတွေ ကတော့ ဗုဒ္ဓ အလိုတော်ကျ မဟုတ်သလို ထေရ၀ါရ ဗုဒ္ဓ စာပေလာ နတ်များ မဟုတ်ကြပါဘူး ၊ ဗဟုသုတ အနေနဲ့ ထုတ်ဖော် ပြောပြခြင်း သက်သက်သာ ဖြစ်ပါတယ်။

ကိုယ်စောင့်နတ် အကြောင်း ကိုရှင်းပြတော့ အိမ်စောင့်နတ် အကြောင်းလည်း သိချင်ကြမှာပေါ့ နော်

အိမ်စောင့်နတ် ရှိတဲ့ အကြောင်းကို –

ဓမ္မပဒ အဋ္ဌကထာ၊ ပါပ၀ဂ်၊ အနာထပိဏ္ဍိက သေဋ္ဌိဝတ္ထု အဖွင့်မှာ ထင်ထင် ရှားရှားတွေ့နိုင်ပါတယ်။
အခါတစ်ပါးမှာ အနာထပိဏ်သူဋ္ဌေးကြီး စီးပွားတွေ ဆုံးရှုံးသွားတဲ့အခါ –
သူဋ္ဌေးကြီး အိမ်ရဲ့ စတုတ္ထ မြောက်တံခါးကို စောင့်တဲ့ တံခါးစောင့်နတ် က – ဘုရား အမှူးရှိတဲ့ သံဃာတော်တွေကို လှူဒါန်း မဲ့ အစား သာသနာတော် အတွက် ရည်စူးထားတဲ့ ငွေကြေးတွေကို စီးပွားရေး လုပ်ငန်းထဲ မှာ ရင်းနှီး မြှပ်နှံပြီးတော့ တိုးပွားအောင် လုပ်ဆောင် ဖို့ အကြံပေးခဲ့ပါတယ် ။
.
ဒီအခါမှာ သူဋ္ဌေးကြီးက အလွန်အမင်း အမျက်ထွက်ပြီး အဲဒီ ရတနာ သုံးပါးကို
မကြည်ညိုတဲ့ တံခါးစောင့်နတ် ကို နှင်ထုတ်လိုက် ပါတော့တယ် ။
.
တံခါးစောင့်နတ်လည်း နေစရာမရှိတော့ တဲ့အတွက် မြို့စောင့်နတ်၊ နတ်မင်းကြီး လေးပါးနဲ့ သိကြားမင်း တို့ထံ အဆင့်ဆင့်သွားပြီး သူဋ္ဌေး ကိုတောင်းပန် ပေးဖို့ အသနားခံ ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ် ။
အဲဒီဝတ္ထုကို ထောက်ဆရင် အိမ်စောင့် နတ် ရွာစောင့်နတ်၊ မြို့စောင့်နတ် တို့ တစ်ကယ်ရှိ တဲ့အကြောင်း သိနိုင်ပါတယ်။

အဲဒီ နတ်တွေကို အမျှဝေသင့်ကြောင်း ကိုတော့ ၀ိနည်း မဟာဝါ ပါဠိတော်၊ ဘေသဇ္ဇက္ခဏ္ဍက၊ သုနိဓိဝဿကာရ၀တ္ထု၊ ပါဋလိရွာကိုမြို့အဖြစ်တည် ဆောက်ခန်းမှာ တွေ့နိုင်ပါတယ်။
တစ်ခါသားမှာ မာဂဓတိုင်း ရဲ့အမတ်ကြီး နဲ့ ၀ဿကာရ အမတ်ကြီးတို့ဟာ ၀ဇ္ဇီမင်းတွေ ရဲ့ရန်ကို ခုခံပိတ်ဆို့ဖို့ အတွက် ပါဋလိရွာကို မြို့အဖြစ် အဆင့်မြှင့် တည်ဆောက်ကြတယ်။
အဲဒီအခါ နတ်တွေဟာ အိမ်ရာ ကွက်တွေကို သူ့နေရာ ငါ့နေရာ ဆိုပြီး သိမ်းပိုက်ကြပါ သတဲ့။
အဲဒီအကြောင်းတွေကို သိတော်မူ မြင်တော်မူ တဲ့ ဘုရားရှင်က ညီတော် အာနန္ဒာကို အာနန္ဒာ တန်ခိုးကြီးတဲ့ နတ်တွေ သိမ်းပိုက်ကြတဲ့ ရပ်ကွက်မှာ တန်ခိုးကြီးတဲ့ မင်း နဲ့ အမတ်ကြီးတွေရဲ့ အိမ်ရာတွေတည် ဆောက်ဖို့ စိတ်ဆန္ဒဖြစ်ကြလိမ့်မယ်။
တန်ခိုး အလတ်စား နတ်တွေ အိမ်ရာ သိမ်းပိုက်တဲ့ ရပ်ကွက်မှာ တန်ခိုး အလတ်စား မင်းနဲ့ အမတ် တို့ရဲ့အိမ် ရာတွေတည် ဆောက်ဖို့ စိတ်ကူးကြ လိမ့်မယ် ။
တန်ခိုးနည်းတဲ့ နတ် တွေ အိမ်ရာ သိမ်းပိုက်ထားတဲ့ ရပ်ကွက်မှာတော့ တန်ခိုး နည်းတဲ့ မင်းနဲ့ အမတ်တို့ရဲ့ အိမ်ရာတွေကို တည်ဆောက်ဖို့ စိတ်ဖြစ်ကြ တယ်လို့ မိန့်တော်မူ တယ်တဲ့။

မြို့တည်ပြီးတဲ့ အခါကျတော့ ဘုရားရှင် ကို နောက်ပါ ရဟန်း သံဃာနဲ့တကွ ဆွမ်းဘုန်းပေးကြွရောက်ချီးမြှောက်တော် မူဖို့ ပင့်ဖိတ်ကြတယ်။
.
အဲဒီမှာ ဘုရားရှင် အနုမောဒနာပြုတော်မူ တဲ့ တရားတော် ( သို့မဟုတ် ) အိမ်သစ်တက်၊ မြို့သစ်တက်တဲ့ အနုမောဒနာ တရားပေါ့။
ဒီ တရားတော်မှာ ဘုရားရှင် က................
ယသ္မိံပဒေသေ ကပ္ပေတိ၊ ၀ါသံပဏ္ဍိတဇာတိယော။
သီလ၀န္တေတ္ထ ဘောဇေတွာ၊ သညတေ ဗြဟ္မစာရယော။
ယာ တတ္ထ ဒေ၀တာ အာသုံ၊ တာသံ ဒက္ခိဏမာဒိသေ။
တာ ပူဇိတာ ပူဇယန္တိ၊ မာနိတာ မာနယန္တိနံ။
တတောနံ အနုကမ္ပန္တိ၊ မာတာ ပုတ္တံဝ သြရတံ။
ဒေ၀တာနုကမ္ပိတော ပေါသော၊ သဒါ ဘဒြာနိ ပဿတိ
ဆိုတဲ့ ဂါထာကို ဟောတော်မူတယ်။
မြန်မာလို အဓိပ္ပါယ်ကတော့..............
ပုဏ္ဏားတို့ ပညာရှိတဲ့သူဟာ အရပ်ဒေသ တစ်ခုမှာ အိမ်ယာဆောက်လုပ် နေထိုင်တယ်။
အဲဒီ အရပ် မှာ သီလ ရှိတဲ့ ကိုယ်နှုတ်နုလုံးစောင့်သုံးတဲ့ မြတ်သော အကျင့် ရှိတဲ့ ပုဂ္ဂိုလ်တွေကို ဆွမ်းကျွေးပြီးတော့ အဲဒီ အရပ်မှာ ရှိတဲ့ နတ်တွေ ကို အလှူ ရဲ့ အဖို့ဘာဂ ကို အမျှပေးဝေရမယ်။ အဲဒီလို အမျှပေးဝေ လို့ရှိရင် နတ်တွေ ဟာ ပူဇော်ခံရတဲ့ အတွက် အဲဒီ အမျှပေး ဝေတဲ့သူကို တုန့်ပြန်ပြီး ပူဇော်ကြတယ်။

မြတ်နိုး တနာပြုခံရတဲ့ အတွက်ကြောင့်လည်း တုန့်ပြန်ပြီး တော့ မြတ်နိုး တနာပြုကြတယ်။
အဲဒါကြောင့် မိခင် ဟာ ရင်မှာဖြစ်တဲ့ သား ကိုစောင့် ရှောက်သလို နတ်တွေ ကလည်း ထို အမျှ ပေးဝေ တဲ့သူကို စောင့်ရှောက်ကြတယ်။

နတ်တို့စောင့် ရှောက်ခံရတဲ့ သူဟာ အခါခပ် သိမ်းကောင်းမြတ် တဲ့ အာရုံတွေကိုသာ တွေ့ မြင်ရလေတယ် လို့ ဆိုလိုတယ်။

ကဲ ဒီလောက်ဆိုမောင်လေး ညီမလေး တို့နဲ့ မေးသူ မောင်လေး Ko Lay တို့ သိချင်တဲ့ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ် တွေ အကြောင်း ဘ၀င်ကျပြီထင်ပါတယ်။
.
ကျမ်းညွှန်း –
ပိုစ့်ပါ ကျမ်းညွှန်းများ အပါအ၀င်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
( ပရလောကသားများအတွက် အမျှဝေနည်းလမ်းညွှန် )
.
ဆရာတော် ဟံသာသီရိ
( ဗုဒ္ဓဘာသာဆိုင်ရာ အမေး အဖြေများ )
.
ချမ်းမြေ့ကြပါစေရှင် …
#CopyFrom_အစ်မမာလု


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall