Posts

Showing posts from August, 2017

မျက်မြင် ကားသွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ဈေးမများစေဖို့

Image
မျက်မြင် ကားသွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ဈေးမများစေဖို့ ဒါလေးဆောင်ထား အကြမ်းအားဖြင့် တော့ မမှားနိုင်တော့ပါ ။ ၁။ ကားကို ကြည့်မယ်ဆိုရင် အလင်းရောင် ကောင်းကောင်း ရရှိပြီး အရိပ်အောက် သက်တောင့် သက်သာ  ကြည့် နိုင်သော နေရာ ဖြစ်ရမည်ဖြစ်ပြီး နေ့လည့်ခင်း နေပူအောက်ကြည့်ရှု့ခြင်း ရှောင်ပါ ။ အပူဒါဏ် ပြင်း ထန်လွန်း သဖြင့် ကားကြည့်ရှုသော အခါတွင် သက်တောင့်သက်သာ မဖြစ်လို့ စစ်ရမှာတွေ ကျန်ခဲ့တတ်ပါတယ်။ အပူဒါဏ် သက်သာအောင် ဆိုပြီး ညနေဘက် နဲ့ မိုးချူပ် ပိုင်းတော့ ကားကြည့်ဖို့ မလုပ်ကြပါနဲ့နော် သဘောပေါက်ပါ ရေထဲ ပိုက်ဆံ လွင့်ပြစ်လိုက်ရင်တောင် အသံမြည်ဦးမှာပါ..။ ၂။ ကားကိုတွေ့တာနဲ့ ကားထိုင်ခုံ ခါးပတ်ကို ဆွဲထုတ်လိုက်ပါ ။ ခါးပါတ်ခေါင်းတွေမှာ ထုတ်တဲ့ ခုနှစ်တွေ အတိ အကျ ရေးထားပါတယ် ။ ဖြဲထားတာမျိုး ၊ ကတ်ကြေးနဲ့ ဖြတ်ထားတာမျိုး မဖြစ်ရပါဘူး ကြည့်တာနဲ့ တွေ့ရပါမယ် ကားပိုင်ရှင် ပါးစပ်က ဘယ်နှစ်ခုနှစ်ပါလို့ အမြုတ်ထွက်အောင်ပြောနေလဲ ကျွန်တော် တို့ မျက်စိရယ် ဦးနှောက်ရယ်နဲ့ဘဲ အလုပ် လုပ် ကြရမှာဖြစ်လို့ ... ကျန်တာတွေ ခဏ မေ့လိုက်ပါ ။ ၃။ ကားကို စက်နှိုးပါ ပြီးတာနဲ့ အဲကွန်း ဖွင့်လိုက်ပါ ။ စက်သံသည် ဆူညံ ကျယ်လောင် တာမျိုး

Grab က သုံးနှစ်အတွင်း မြန်မာနိုင်ငံ၌ ဒေါ်လာ သန်း ၁၀၀ သုံးစွဲမည်ဟုဆို

Image
ခရီးသည်များကို ၀န်ဆောင်မှုပေးနေသော Grab အငှားယာဉ် တစ်စီး (straitstimes.com) အက်ပလီကေးရှင်းဖြင့် အငှားကား ဝန်ဆောင်မှု လုပ်ငန်း ကို အကောင်အထည်ဖော်ဆောင် ရွက်နေသည့် Grab ကုမ္ပဏီက သုံး နှစ် အတွင်း မြန်မာနိုင်ငံတွင် ကန် ဒေါ်လာ သန်းတစ်ရာ အသုံးပြု မည်ဟု ကြေညာသည်။ ရင်းနှီးမြှုပ်နှံမည့် ငွေကြေး များကို မြန်မာနိုင်ငံ အတွင်းရှိ အခြားသော မြို့ကြီးများသို့ ဝန် ဆောင်မှု ချဲ့ထွင်ခြင်း၊ GrabPay မှ တစ်ဆင့် အခြား ဝန်ဆောင်မှု စနစ် များနှင့် ချိတ်ဆက်ခြင်းနှင့် နိုင်ငံအ တွင်း ဝန်ထမ်းနှစ်ရာခန့်ရှိသည့် ကုမ္ပဏီ အဖွဲ့အစည်းကို တည် ထောင်ခြင်းတို့တွင် အသုံးပြုမည် ဖြစ်သည်။ ငွေသားဖြင့် မဟုတ်ဘဲ အက် ပလီကေးရှင်း အတွင်း ဖြည့်သွင်းထားသည့် ငွေကြေးဖြင့် ဒစ်ဂျစ် တယ် စနစ်ကို အသုံးပြုကာ တက္ကစီ ငှားရမ်းခ ကို ပေးချေနိုင်မည့် GrabPay ကို အကောင် အထည် ဖော်ဆောင်ရွက်နေသော်လည်း ပြိုင်ဘက် တက္ကစီ ဝန်ဆောင်မှု ကုမ္ပဏီ Oway က အဆိုပါဝန် ဆောင်မှုကို မြန်မာနိုင်ငံ အ တွင်း ဦးစွာ မိတ်ဆက်ခဲ့သည်။ လက်ရှိတွင် အက်ပလီကေး ရှင်းဖြင့် အငှားယာဉ် ခေါ်ဆိုနိုင် သည့် ဝန်ဆောင်မှုကို မြန်မာနိုင်ငံ အတွင်း  ကုမ္ပဏီလေးခုက အပြိုင် လုပ်ဆောင်နေသည်

မြန်မာ့ဘောလုံး အတွက် ခေတ် အဆက်ဆက် တာဝန် ကျေလွန်းမက ကျေခဲ့သော (၁၂) ယောက်မြောက် ကစားသမားများ

Image
မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း ရဲ့ ကမ္ဘာ့ အဆင့် သတ်မှတ်ချက်က (၁၅ဝ) ကျော် ။ ဒါပေမယ့် ကျွန်တော် ပြောရဲတယ်.. ပရိတ်သတ် အားပေးမှုကိုသာ ဖီဖာ က အဆင့် သတ်မှတ်ပေးရင် မြန်မာ ပရိတ်သတ်တွေဟာ အမြဲတမ်း ကမ္ဘာ့ အဆင့် (၃) အတွင်းက ထွက်မှာ မဟုတ်ပါဘူး။ မြန်မာ ပရိတ်သတ်တွေဟာ ကမ္ဘာပေါ်မှာ ဆုံးဖြတ်ချက် မခိုင်မာဆုံး ပရိတ်သတ်တွေပါ ။ မြန်မာ အသင်းရဲ့ ပြိုင် ပွဲ တစ်ခုပြီးတိုင်း စိတ်ပျက် အားလျော့စွာနဲ့ နောက်ဘယ်တော့မှ မြန်မာပွဲကို မကြည့်တော့ဘူးလို့ ပြောလေ့ ရှိပါတယ်။ ဒါပေမယ့်.. နောက်ထပ် မြန်မာပွဲတွေ လာတိုင်း TV ရှေ့မှာ အသံ ကုန်အော် ၊ ဘောလုံးကွင်းထဲ ကွင်းလျှံအောင် အားပေးလေ့ ရှိတာလဲ သူတို့ပါပဲ။ ဦး ဗဟာဒူး-ဦး တင်အောင်တို့ ရဲ့ ရွှေခေတ် ကနေ ဦး သန်းတိုးအောင်-ဦး မျိုးလှိုင်ဝင်း တို့ရဲ့ ငွေခတ် အထိ ၊ နေသူလှိုင်-ဝင်းထိုက် တို့ ခေတ်ကနေ ကျော်ကိုကို - ရန်ပိုင်တို့ ခေတ် အထိ၊ အခု နောက်ဆုံး အောင်သူ - သန်းပိုင် တို့ ခေတ်အထိ ဘယ်ခေတ်ပဲ ရောက်ရောက် ဒီ (၁၂)ယောက်မြောက် ကစားသမားတွေဟာ မြန်မာ့ဘောလုံးအပေါ် အမြဲတမ်း တာဝန်ကျေခဲ့ပါတယ်။ ဆန်အိုးထဲမှာ ဆန် မရှိရင်နေမယ်၊ ဘောလုံးပွဲ ရှိတိုင်း သုဝဏ္ဏကွင်းဆီ ချီတက်၊ အောင်ဆန်းကွင်းဆီ ကြားကားတွေန

သာကီဝင် မြန်မာ

Image
ဗုဒ္ဓ ဘုရားရှင်ကို  ကုလား လို့ပြောနေကြသူများအတွက်  ....  သူတို့ဟာ ကပိလဝတ်၊ ဒေဝဒဟ၊ ကောလိယ စတဲ့ သကာကီဝင်တွေရဲ့ သက္က တိုင်းဟာ မျက်မှောက်ခေတ် အိန္ဒိယနိုင်ငံတွင်း မဟုတ်ပဲ နီပေါနိုင်ငံမှာ ဆိုတာတောင် မသိပဲ ပြောဆိုနေကြတယ်။ သာကီဝင် မင်းသားက ဘုရားဖြစ်လာတဲ့ ဗုဒ္ဓ နဲ့ သာကီဝင်တွေရဲ့ သမိုင်းကြောင်းကို သေခြာ မဖတ်ဘူးတော့ သူများပြောတာ ဟုတ်လိ မ့်နိုးနိုး ဖြစ်ကုန်ကြတာပေါ့။ (အဲဒီလို ဘူမသိ ကိုးမသိ သူများပြောတာ ဟုတ်လိမ့်နိုး ထင်နေရင် သူများ လိမ်ညာတာ ခံရနိုင်ပါတယ် ။) ဗုဒ္ဓနှင့် သူ့ ဆွေတော်မျိုးတော် သက္က ဆိုတဲ့ သာကီဝင် တွေရဲ့ သမိုင်းကတော့ . . . ၁။ သာကီဝင်တွေ ဖြစ်လာမယ့် ဥက္ကာကရာဇ် မင်းကြီးရဲ့ သားတော်လေးပါး၊ သမီးတော် ငါးပါး နဲ့ နောက် လိုက်နောက်ပါ များဟာ မဇ္ဈိမဒေသသားများ မဟုတ် (ယနေ့ နီပေါနိုင်ငံနဲ့ အိန္ဒိယ နယ်စပ်ဒေသ က ဒေသခံတွေမဟုတ်ပဲ) အလွန်ရှေးကျတဲ့ ကာလက အလွန်ဝေးကွာတဲ့ ဒေသမှ ရွှေ့ပြောင်း ဝင်ရောက်လာသူများ ဖြစ် တယ်။ ၂။ အဲ့ဒီလို စတင် ရွှေ့ပြောင်းလာချိန်မှာ ကပိလ ရသေ့ကြီးက သူ့မြေနေရာကို မြို့တည်ဖို့ ပေးတဲ့ အတွက် ကပ္ပိလဝတ္ထု၊ ကပ္ပိလဝတ် လို့ ခေါ်တာ ဖြစ်တယ်။ ၃။ သကျ သာကီဝင်တွေ ဘယ်အရပ်က လာတာလဲလို့ မဇ္ဈိမဒေသက အာရ

၉/၁၁ လိမ်လည်မှုကြီိး နှင့် နောက်ကွယ်က ဖြစ်ရပ်မှန်များ

Image
WTC World Trade Center Tower ကို လေယာဉ် နဲ့ ၀င်တိုက်ခိုက်တဲ့ အထဲမှာ  အိုစမာဘင်လာဒင် တို့  အဖွဲ့ မပါခဲ့ကြောင်း  (ကမ္ဘာ့ ဖြစ်ရပ်မှန် ရှင်းလင်းချက်များ) ( ၉/၁၁ လိမ်လည်မြှု ကီိး နှင့် နောက်ကွယ်က ဖြစ်ရပ်မှန်များ ) ကမ္ဘာ့ အကြမ်းဖက် အဖွဲ့အစည်းတွေ အပေါ် မျက်စိဒေါက်ထောက် ကြည့်နေကြတဲ့ အနောက်နိုင်ငံက လေ့လာ စူးစမ်းသူတွေဟာ ကမ္ဘာ့ ကုန်သွယ် ရေးစင်တာနဲ့ ပင်တဂွန်တို့ အပေါ် တိုက်ခိုက်တဲ့ဖြစ် ရပ်ကို လေ့လာဆန်းစစ်ကြည့်ကြပြီး ချက်ချင်းပဲ ဒီလုပ်ရပ်ဟာ အိုစာမာ ဘင်လာဒင် နဲ့ အလ်ကိုင်ဒါ တို့ လက်ချက်ဖြစ်တယ်ဆိုတာကို ပယ်ချခဲ့ကြပါတယ်။ ဒါပေမဲ့ ဇီယွန်ဝါဒီ (ဂျူး-အစ္စရေးလ်) တွေ ချုပ်ကိုင်ထားတဲ့ မီဒီယာလောက ဟာ ဒီလို ဆန်းစစ်တွေ့ရှိတဲ့ အချက်တွေကို မျက်ကွယ်ပြုခဲ့တဲ့ အပြင် ဖုံးကွယ် ဖာထေးပြီး အလိမ် အညာ လုပ်ဇာတ်တွေ ကိုသာ ဖန်တီး ၀ါဒဖြန့် ခဲ့ပါတယ်။ အရှင်းဆုံး တွေ့ရှိချက် တစ်ခုကတော့ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု အတွက် လိုအပ်တဲ့ကျွမ်း ကျင်မှုတွေ၊ နည်းပညာတွေဟာ အိုစာမာဘင်လာဒင် နဲ့ အလ်ကိုင်ဒါ မှာ မရှိဘူးဆိုတဲ့ အချက်ပါပဲ။ အိုစာမာဘင်လာဒင် ကိုယ်တိုင်ကလည်း အလ်ဂျာဇီးရား ရုပ်သံဌာနက ထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့ ဗွီဒီယို တိပ်ခွေမှာ “ ဒီတိုက်ခိုက

ကာမီကာဇေ -သို့မဟုတ်- အသက်ထက် တိုင်းပြည်ကို ချစ်မြတ်နိုးကြသူများ

Image
ကာမီကာဇေ ခေါ် ဂျပန် လေသူရဲ တို့ရဲ့ အသေခံ တိုက်ခိုက်မှု့များကို ဒုတိယ ကမ္ဘာစစ်ကြီး ၏ နောက်ဆုံးနှစ် ၌ မြင်တွေ့ခဲ့ရပြီး ဒုတိယကမ္ဘာစစ် ရဲ့ မှတ်တိုင်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ကာမီကာဇေ ဟာ ဂျပန်ပြည်မကြီးဆီကို ဦးတည် လာနေတဲ့ ခေတ်မှီပြီး အင်အားတောင့်တင်းလှတဲ့ တပ်တော်ကြီး ကို ရပ်တန့်ဖို့ အတွက် နောက်ဆုံးဆေးတစ်ခွက်ဖြစ်ပါတယ်။ ကာမီကာဇေ တိုက်ခိုက်နည်း ဗျူဟာကို ၁၉၄၄ ခုနှစ် အောက်တိုဘာ ၁၉ တွင် ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး အိုနီရှီ က စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။ အိုနီရှီ ဟာ ဖိလစ်ပိုင် စစ်မြေပြင်တွင် အမေရိကန် ရေတပ်တော်ကြီးကို တိုက်ခိုက်ရန် တာဝန်ယူ ခဲ့ရပြီး သူ့လက်အောက်တွင် လေယာဉ် ၁၀၀ ခန့်သာရှိသည့် အတွက် ထိုလေယာဉ်များနှင့် သမာရိုးကျ တိုက်ခိုက်လျင် အမေရိကန် ရေတပ်သင်္ဘောများကို ဆေးပွန်းအောင်တောင် လုပ်နိုင်မည်မဟုတ်ပေ။ ထို့အတွက် အိုနီရှိ မှာ အကြံထုတ်လျက်ရှိရာ လမ်းညွှန် စနစ်သုံး ဗုံးများဟာ သာမန် ဗုံးများထက် ပစ်မှတ် ကို ပို၍ ထိမှန်အောင် ပစ်ခတ်နိုင်သည်ကို တွေးမိလျက် ၁၉၄၃ ခုနှစ်ကတည်းက ဂျာမန် တို့ အသုံးပြုနေတဲ့ ရေဒီယို ထိန်းချုပ်စနစ်သုံး ' Fritz X ' ဒုံးများ ဂျပန်တွင် ရှိရင် ကောင်းမှာပဲဟု တွေးနေမိပါတယ်။

သခင်စိတ် ကျွန်စိတ်

Image
(1) “If an eye for an eye and a tooth for a tooth, then soon the world becomes blind and toothless.” အိန္ဒိယက ငြိမ်းချမ်းရေး ဗိသုကာကြီး မဟတ္တမဂန္ဒီ ပြောခဲ့တဲ့ အမြော် အမြင်ရှိရှိ၊ ပညာ စကား ဖြစ်သည်။ “ မျက်လုံး တစ်လုံးအတွက် မျက်လုံး၊ သွား တစ်ချောင်း အတွက် သွား တစ်ချောင်းနဲ့ သာ လက်စားချေကြ   စတမ်း ဆိုရင် ကမ္ဘာကြီးဟာ မျက်လုံးတွေ ကန်းပြီး သွားတွေ ကျိုးနေမှာပေါ့ ” လူ့သမိုင်း (၅၅၆ဝ) နှစ်တွင် စစ်ပွဲပေါင်း (၁၄၅၃ဝ) ကျော်ဖြစ်ခဲ့ပြီး သန်းပေါင်း များစွာသော လူတို့ သေကြေ ပျက်စီးခဲ့ပြီး ဖြစ်သည် ။  အသိ မတူတဲ့လူတွေ *********************** လူတွေ အသိ မတူကြချေ၊ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင် ၏ အရောင်ကို လက်ခံကြ၏ ။ ဗုဒ္ဓသည် အမြင် (၂) မျိုးကို ချပြခဲ့၏။ {အဝိဇ္ဇာ} အမြင်နှင့် {ဝိဇ္ဇာ} အမြင် ဟူ၍ ဖြစ်သည် ။  ပုထုဇဉ်တို့ ၏ အမြင်ကို {အဝိဇ္ဇာ} အမြင် ဟူသော အမှန် မသိခြင်းဖြင့် ဆုံးမ ခဲ့ပြီး အရိယာ တို့၏ အမြင်ကို အမှန် သိသော {ဝိဇ္ဇာ} အမြင်ဖြင့် ပညာ အမြင်ရအောင် ဟောကြားခဲ့သည်။ {အဝိဇ္ဇာ} အမြင်တွင် အမှားကို အမှန်ထင်၏။ အိပ်မက်နှင့် နှိုင်းယှဉ်ခဲ့သည်။ အိပ်မက်ထဲ၌ အားလုံးဖြစ်နိုင်၏။ ဆင်းရဲနိုင် ၏ ။ မင်းဖြစ်နိုင်သလို သူတောင

န၀ရတ် လက်စွပ် နှင့် ကျောက်မျက်ရတနာ ကိုးမျိုး ၏ တန်ခိုး အာနိသင်များအကြောင်း

Image
န၀ရတ်ကိုးပါး ဆိုသည်မှာ ကျောက်မျက်ရတနာ ကိုးမျိုး ကို   ခေါ်ဆိုပါသည်။ န၀ရတ် ဟူသည် န၀ရတန ဟူသော ပါဠိမှ လာ၍ ရတနာ ကိုးပါး ဟု အနက်ရသည်။  န၀ရတ် ကိုးပါး ချယ်ထားသော လက်စွပ် ကို န၀ရတ်လက်စွပ် ဟုခေါ်သည်။  က၀ိလက္ခဏာ သတ်ပုံကျမ်းတွင် မျက်စုံလည်းသတ်၊ န၀ရတ်၊ စီခတ် အမွန်းတင် ဟုတွေ့ရသည်။ လူတို့  သ ည် န၀ရတ် လက်စွပ်ကို ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံသည်ဟု ယြုံ ကည်၍ ဆင် ယင်လေ့ရှိသည်။  ရှေးပဝေဏသီကပင် ကျောက်မျက် များ၏ ထူးခြားသော တန်ခိုးများ ရှိသည်ဟု လူတို့ အယူရှိခဲ့ကြသည်။ န၀ရတ် တွင် အပါအ၀င် ကျောက်မျက်ရတနာ တစ်ပါးပါး၏ တန်ခိုး အာနိသင်မှာ အောက်ပါအတိုင်း ဖြစ် သည် ဟု ယူဆကြသည်။ ပတ္တမြား ဘုန်တောက်၊ မြ ကျောက် အေးချမ်း စိန် စွမ်း ဂုဏ်ရောင်၊ ကြောင် ကား သိဒ္ဓိ မဏိ နီလာ - မေတ္တာကဲချုပ်၊ ဂေါ်မိတ် ခွန်အား ဥဿဖယား ကျန်းမာ၊ သန္တာ ကြီးကဲ ပုလဲ ကျက်သရေ၊ ဂုဏ်ကိုးဝေသည် ကိုးထွေ န၀ရတ် စွမ်းရည်တည်း။ န၀ရတ် လက်စွပ်သည် မြန်မာ လက်ထပ် ထိမ်းမြားခြင်းတွင် ရွှေခွက် (သို့) ငွေခွက် ထဲတွင်   န၀ရတ်ကိုးပါး၊ နံသာမျိုး ငါးပါးသွေး၍ (သို့မဟုတ်) ရေမွှေးများ ထည့်၍ သတို့သား၊ သတို့သမီး တို့၏ ထိပ်၌ သပြေပန်း ခက်ဖြင့် ပက်ဖြန်း၍ လက်ထပ် ထိမ်းမြားခြင်းကိုြ

ငါးမျက်စေ့ (သို့) အသားမာ (Corn)

Image
ငါးမျက်စေ့ (သို့) အသားမာ (Corn) ဖြစ်ပါတယ်။ ဒီရောဂါဟာလည်း လူနှင့် တိရိစ္ဆာန်​များ၌ ဖြစ်တတ်ပြီး ခံစားရ ခက်တဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။  အမှန်တစ်ကယ်တော့ ဒီရောဂါဟာ အမြစ်တွယ်တတ်တဲ့ ပိုး တစ်မျိုးဖြစ်ပါတယ်။ ဒီလိုရောဂါဖြစ်ပြီ ဆိုတာနဲ့ အချို့ ဆိုရင် ဆရာဝန်တွေနဲ့ ပြသ၍ ခွဲထုတ် ပစ်ကြပြီး ပျောက်ကင်းသွားတဲ့လူ ရှိသလို မပျောက်ကင်းတဲ့လူလည်းရှိပါတယ်။ အခု ကျွန်တော် ပြောပြမှာက အိမ်တွင်းကုထုံးဖြင့် လွယ်ကူစွာ လုံးဝပျောက်ကင်းသွားအောင် ကုသတဲ့နည်း ဖြစ်ပါတယ်။ သဘာဝ ဆေးနည်းတွေ အများကြီး ရှိတဲ့ အထဲမှ အကောင်းဆုံးနဲ့ လက်တွေ့ (90%) ပျောက်ကင်းစေမည့် ဆေးစွမ်းကောင်း တစ်လက်ကို ကျွန်တော် မောင်ခါး ဖော်ပြပေးပါ့မယ်။ စိတ်မပူပါနဲ့ ဆရာ ခါးခါး နဲ့တွေ့ရင် အမြစ်ပါ ထွက်သွားစေရမယ် ။ Ok,စလိုက်ရအောင်... ပုံမှာပြသထားတဲ့ အပင်ရဲ့ အမည်က အင်္ဂလိပ်လို (Calotropis Procera) လို့ခေါ်ပါတယ်...မြန်မာလို ဆို ရင်တော့ မုရိုးပင် (သို့) ငဖြူကြီးပင်ဟု ခေါ်ဆိုပါတယ်။ ဒေသ အလိုက် အမည်နာမ ကွဲလွဲနိုင်ပါတယ်။ အပွင့်မှာ အဖြူပွင့်ပင် ရှိသလို ပန်းရောင်ပွင့် အနီရောင်ပွင့် အပင်လည်းရှိပါတယ်...ဒါပေမဲ့ အပင် အားလုံးဆေး ဖက် ၀င်ပါတယ်၊ အသုံးပြုလို့ရပါတယ်။
 
365myanmar.com - Myanmar Online Shopping Mall