မြန်မာ့ဘောလုံး အတွက် ခေတ် အဆက်ဆက် တာဝန် ကျေလွန်းမက ကျေခဲ့သော (၁၂) ယောက်မြောက် ကစားသမားများ



မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း ရဲ့ ကမ္ဘာ့ အဆင့် သတ်မှတ်ချက်က (၁၅ဝ) ကျော် ။ ဒါပေမယ့် ကျွန်တော် ပြောရဲတယ်.. ပရိတ်သတ် အားပေးမှုကိုသာ ဖီဖာ က အဆင့် သတ်မှတ်ပေးရင် မြန်မာ ပရိတ်သတ်တွေဟာ အမြဲတမ်း ကမ္ဘာ့ အဆင့် (၃) အတွင်းက ထွက်မှာ မဟုတ်ပါဘူး။

မြန်မာ ပရိတ်သတ်တွေဟာ ကမ္ဘာပေါ်မှာ ဆုံးဖြတ်ချက် မခိုင်မာဆုံး ပရိတ်သတ်တွေပါ ။ မြန်မာ အသင်းရဲ့ ပြိုင် ပွဲ တစ်ခုပြီးတိုင်း စိတ်ပျက် အားလျော့စွာနဲ့ နောက်ဘယ်တော့မှ မြန်မာပွဲကို မကြည့်တော့ဘူးလို့ ပြောလေ့ ရှိပါတယ်။ ဒါပေမယ့်.. နောက်ထပ် မြန်မာပွဲတွေ လာတိုင်း TV ရှေ့မှာ အသံ ကုန်အော် ၊ ဘောလုံးကွင်းထဲ ကွင်းလျှံအောင် အားပေးလေ့ ရှိတာလဲ သူတို့ပါပဲ။

ဦး ဗဟာဒူး-ဦး တင်အောင်တို့ ရဲ့ ရွှေခေတ် ကနေ ဦး သန်းတိုးအောင်-ဦး မျိုးလှိုင်ဝင်း တို့ရဲ့ ငွေခတ် အထိ ၊ နေသူလှိုင်-ဝင်းထိုက် တို့ ခေတ်ကနေ ကျော်ကိုကို - ရန်ပိုင်တို့ ခေတ် အထိ၊ အခု နောက်ဆုံး အောင်သူ - သန်းပိုင် တို့ ခေတ်အထိ ဘယ်ခေတ်ပဲ ရောက်ရောက် ဒီ (၁၂)ယောက်မြောက် ကစားသမားတွေဟာ မြန်မာ့ဘောလုံးအပေါ် အမြဲတမ်း တာဝန်ကျေခဲ့ပါတယ်။

ဆန်အိုးထဲမှာ ဆန် မရှိရင်နေမယ်၊ ဘောလုံးပွဲ ရှိတိုင်း သုဝဏ္ဏကွင်းဆီ ချီတက်၊ အောင်ဆန်းကွင်းဆီ ကြားကားတွေနဲ့သွား၊ ချွေးနဲစာနဲ့ မှောင်ခို လက်မှတ်တွေကို မတန်တစ်ဆ ဈေးကြီးနဲ့ဝယ်၊ ပွဲပြီးတော့ ခေါင်းငိုက်စိုက်နဲ့ အိမ်ပြန်ကြပေမယ့် အမှတ်မရှိတာလဲ  ဒီပရိတ်တွေပါ။

ပြည်ပရောက် မြန်မာ ပရိတ်သတ်တွေရော ......  ဥပမာ စလုံးက ဖန်တွေကို ကြည့်ပါ။ မြန်မာ ပွဲသာ ရှိပါစေ.. စင်္ကာပူ Sports Hub ကွင်းကြီးကို အောင်ဆန်းကွင်း အလား ထင်မှတ် သွားအောင် တစ်ကွင်းလုံး မြန်မာ အလံတွေနဲ့  ပြည့်နေစေရမယ်လို့ အာမခံထားတဲ့အလား ။ ဒီိလို လာအားပေးတာ ပိုက်ဆံ ရှိလွန်းလို့ အဆင်ပြေလွန်းလို့တော့ မထင်နဲ့ ။ 











တစ်နေ့ ဒေါ်လာ (၂ဝ) လောက်သာ ရတဲ့ Work Permit သမားလေးတွေ လည်း သူဌေးရဲ့ အညိုအငြင်ခံပြီး၊ စူပါဗိုက်ဆာ နဲ့ ဖိုက်တင် ပလေးပြီး၊ ငွေအဖြတ်ခံပြီး လာကြည့်ကြတယ်။ လယ်ပေါင် အိမ်ပေါင်. နောက်မှာ မှီခိုသူ မိသားစုနဲ့ အကြွေးတွေနဲ့.. ဒီလို အခြေအနေကြောင့် သာမန် အချိန်မှာ အလုပ်ပြုတ်မှာ ကြောက်ပြီး စကားတောင် ဟဟ မပြောရဲတဲ့ သူတွေလည်း.. မြန်မာပွဲ နေ့ဆို အလုပ်ဖြုတ်ချင် ဖြုတ်ကွာ ဆိုတဲ့ အထာနဲ့ ကွင်းထဲ အရောက် တာဝန်ကျေကြတယ်။ ဒီလို ဘဝ နဲ့ ရင်းပြီး အားပေးတဲ့ ဘောလုံး ဖန်မျိုး ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံက ပိုင်ဆိုင်ထားပါသလဲ.. ဟုတ်ကဲ့ လုံးဝ မမှားစေရဘူး.. မြန်မာ လို့သာ ရဲရဲ ဖြေလိုက်ပါ။





ကွင်းထဲ ဝင်နေတုန်း ကမ္ဘာမကျေ အသံကြားလို့ ရောက်ရာနေရာ ကနေ သတိ ဆွဲ၊ နိုင်ငံတော်သီချင်း သံပြိုင်ဆို.. ကြီးကျယ်လှတဲ့ စလုံး ရဲတွေ ပါးစပ် အဟောင်းသားနဲ့ ငေးရတာ မြန်မာ ပရိတ်သတ်တွေပါ။ ပွဲပြီးတော့ အမှိုက် တစ်စမှ မကျန်အောင် ကိုယ့် အသိစိတ်ဓါတ်နဲ့ ကိုယ်ရှင်း၊ ကမ္ဘာ့ အသန့်ရှင်းဆုံး ဆိုတဲ့ စင်္ကာပူနိုင်ငံကတောင် အထင်ကြီးလေးစား အတုယူရတာ မြန်မာ ဖန်တွေပါ။ ပါမစ် မရှိ ဘာမရှိ.. ယိုးဒယား ရဲတွေ ငွေညှစ်မှာ ကို မကြောက်ပဲ သုဝဏ္ဏ ဘူမိ ကွင်းထဲ အရောက် ချီတက်လာတာလည်း  မြန်မာဖန်တွေက လွဲလို့ ဘယ်သူ တွေ လုပ်ဝံ့မှာလဲ ။

အားကစားနဲ့ ဘာသာရေး ကို ရောယှက်၊ မြန်မာ ပရိတ်သတ်တွေကို လက်မှတ် မရောင်းတဲ့ မလေးရှား မှာတောင် အိမ်မပြန်ပဲ ကွင်းဘေး ရရာ နေရာ သစ်ပင်ပေါ်အထိ တက်ပြီး အသင်း ကို အားပေးတဲ့ မြန်မာ ပရိတ်သတ်တွေရဲ့ မြင်ကွင်း ကတော့ ကမ္ဘာ ကိုတောင် ကိုင်လှုပ်လိုက်ပါပြီ။ 


အစွန်းရောက် အကြမ်းဖက် သမားတွေရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှု ၊ အော်ပရာစီ၊ မလေးရဲတွေ ရဲ့ ညစ်ပတ်မှုတွေဟာ ဘောလုံးကွင်းဆီ လှမ်းချီ လာတဲ့ (၁၂) ယောက်မြောက် ကစားသမားတွေ ရဲ့ ခြေလှမ်းတွေ ကို အဟန့်အတား မဖြစ်စေခဲ့ပါဘူး။





ဘာသာတရား ကွဲပြားမှု မရှိ ၊ လူမျိုးရေး ခွဲခြားမှုမရှိ ၊ အသားအရောင် ကွာခြားမှု မရှိ ၊ ဘောလုံးပွဲ နေ့တိုင်း မြန်မာ ဆိုတဲ့ အလံတော်အောက်မှာ အားလုံး တစ်စည်းတစ်လုံးထဲ ဖြစ်သွားတတ်တာ ချစ်စရာ မြန်မာ ဘောလုံးဖန်တွေပါ။

မိတ်ဆွေ.. ခင်ဗျားတို့ ရန်ကုန်မှာလား၊ မန္တလေး တောင်ကြီး … မြန်မာနိုင်ငံ ဘယ်နေရာမှာပဲဖြစ်ဖြစ် ၊ အာရှ၊ဥရောပ ၊ အမေရိကား.. ကမ္ဘာပေါ်က ဘယ်နိုင်ငံကိုပဲ ရောက်နေရောက်နေ.. ဘောလုံးပွဲနေ့ ဒီအချိန်မှာ အတူတူ စုကြမယ်။ ရင်ခုန်သံ ညီကြမယ်။ 






ဆင်းရဲပင်ပန်းမှုတွေကို မေ့ထားပါ ၊ သေနတ်သံတွေ တိတ်ထားပါ  ..  နီးစပ်ရာ ဘောလုံးကွင်း၊ ပရိုဂျက်တာရှေ့၊ ကွန်ပျူတာ ရှေ့မှာ ကမ္ဘာမကျေ ဆိုကြမယ်။ ပြီးရင် အတူတူ သံပြိုင်အော်ပြီး မြန်မာ အသင်းကို အားပေးကြမယ်..


“ မြန်မာဟေ့ မြန်မာ ”..



ဖတ်ရင်းနဲ့ မျက်ရည်ဝဲရတဲ့ Post လေးပါ ။ ဒါမျိုးကို မျိုးချစ်စိတ်ခေါ်မလား..............?
ကူးလာတာဗျို့ ........


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

 
365myanmar.com - Myanmar Online Shopping Mall