န၀ရတ် လက်စွပ် နှင့် ကျောက်မျက်ရတနာ ကိုးမျိုး ၏ တန်ခိုး အာနိသင်များအကြောင်း



န၀ရတ်ကိုးပါး ဆိုသည်မှာ ကျောက်မျက်ရတနာ ကိုးမျိုး ကို ခေါ်ဆိုပါသည်။ န၀ရတ် ဟူသည် န၀ရတန ဟူသော ပါဠိမှ လာ၍ ရတနာ ကိုးပါး ဟု အနက်ရသည်။ 

န၀ရတ် ကိုးပါး ချယ်ထားသော လက်စွပ် ကို န၀ရတ်လက်စွပ် ဟုခေါ်သည်။ 
က၀ိလက္ခဏာ သတ်ပုံကျမ်းတွင် မျက်စုံလည်းသတ်၊ န၀ရတ်၊ စီခတ် အမွန်းတင် ဟုတွေ့ရသည်။ လူတို့  သ ည် န၀ရတ် လက်စွပ်ကို ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံသည်ဟု ယုံကြည်၍ ဆင် ယင်လေ့ရှိသည်။ 

ရှေးပဝေဏသီကပင် ကျောက်မျက် များ၏ ထူးခြားသော တန်ခိုးများ ရှိသည်ဟု လူတို့ အယူရှိခဲ့ကြသည်။ န၀ရတ် တွင် အပါအ၀င် ကျောက်မျက်ရတနာ တစ်ပါးပါး၏ တန်ခိုး အာနိသင်မှာ အောက်ပါအတိုင်း ဖြစ် သည် ဟု ယူဆကြသည်။

ပတ္တမြား ဘုန်တောက်၊ မြ ကျောက် အေးချမ်း
စိန် စွမ်း ဂုဏ်ရောင်၊ ကြောင် ကား သိဒ္ဓိ
မဏိ နီလာ - မေတ္တာကဲချုပ်၊ ဂေါ်မိတ် ခွန်အား
ဥဿဖယား ကျန်းမာ၊ သန္တာ ကြီးကဲ
ပုလဲ ကျက်သရေ၊ ဂုဏ်ကိုးဝေသည်
ကိုးထွေ န၀ရတ် စွမ်းရည်တည်း။

န၀ရတ် လက်စွပ်သည် မြန်မာ လက်ထပ် ထိမ်းမြားခြင်းတွင် ရွှေခွက် (သို့) ငွေခွက် ထဲတွင် န၀ရတ်ကိုးပါး၊ နံသာမျိုး ငါးပါးသွေး၍ (သို့မဟုတ်) ရေမွှေးများ ထည့်၍ သတို့သား၊ သတို့သမီး တို့၏ ထိပ်၌ သပြေပန်း
ခက်ဖြင့် ပက်ဖြန်း၍ လက်ထပ် ထိမ်းမြားခြင်းကို ပြုလုပ်လေ့ရှိသည်​ ။

ပတ္တမြား၊ မြ၊ စိန်၊ ကြောင်၊ နီလာ၊ သန္တာ၊ ဥဿဖယား၊ ဂေါ်မိတ်၊ ပုလဲ

န၀ရတ် ကိုးပါး မှာ-

ပတ္တမြား (Ruby)
မြ (Emerald)
စိန် (Diamond)
ကြောင် (Cats eye)
နီလာ (Sapphire)
ဂေါ်မိတ် (Zircon)
ဥဿဖယား (Topaz)
သန္တာ (Coral)
ပုလဲ (Pearl) ဖြစ်သည်။


စိန် ကို ကျောက်မျက်တို့၏ ဘုရင် ဟုခေါ်သည်။ ကျောက်မျက် အမျိုးပေါင်း ၁၂၀ ခန့် ရှိသည့် အနက် စိန် သည် အမာဆုံးသော ကျောက်မျက်ဖြစ်သည်။

ယင်းတို့ အနက် စိန်၊ ပတ္တမြား၊ မြနှင့် နီလာ တို့သည် အဖိုး အတန်ဆုံး ဖြစ်သည်။ 

နီလာ နှင့် ပတ္တမြား သည် ကျောက်မျက် အမာ တစ်မျိုးထည်းပင် ဖြစ်သည်။ အရောင် အသွေးသာ ကွဲပြားသွားသည်။ ပတ္တမြား သည် သွေး ကဲ့သို့သော အနီရောင် ရှိပြီး နီလာ သည် တောက်ပသော အပြာရောင် ရှိသည်။

ပုလဲ နှင့် သန္တာ သည် တွင်းထွက်ကျောက်များ မဟုတ်ကြပေ။ ပုလဲ ကို ကမာ (သို့) မုတ်ကောင် ၏ ကိုယ်တွင်းမှ ရ၍ သန္တာ ကို သန္တာကောင်များ ရှိသော သန္တာကျောက်တန်းများမှ ရရှိသည်။

ကြောင် ကို ကြောင် ၏ မျက်လုံးနှင့်
  တူ၍ ကြောင်မျက်ရွဲ ဟုလည်း ခေါ်ကြသည်။

မြ တွင် ကြည်လင် စိမ်းမြ 
သော အရောင်ရှိသည်။ သို့သော် စိန်၊ နီလာ၊ ဥဿဖယား တို့လောက် မမာချေ။

 ေ
ဂ်ါမိတ် သည် ကျောက်သလင်းနှင့် ရော၍ တွေ့ရတတ်သော ကျောက်မျိုးဖြစ်သည်။

မဏိသျှတ္တရ ရတနာကျမ်းလာ န၀ရတ် လက်စွပ်ပြုလုပ်နည်း။

န၀ရတ် လက်စွပ် ပြုလုပ်နည်း၌လည်း ပဉ္စမသင်္ဂါယနာတင် မင်းတုန်း မင်းတရားကြီး မြောက်စားချီးမြင့်ခြင်းကို ခံတော်မူ ရသော အဂ္ဂမဟာသေနာပတိ ၀န်ရှင်တော် အရာရှိ ယောမြို့စား ဦးဘိုးလှိုင် ပြုစု ရေးသား
စီရင်တော်မူ သော ဥတုဘောဇနသင်္ဂဟကျမှ်းင့် လောကဟိတရာသီ ကျမ်းတို့တွင်တစ်မျိုး ၊ မဏိသျှတ္တရခေါ် ရတနာကျမ်းတွင် တစ်ဖုံ နှစ်မျိုးကွဲနေသည်ကို တွေ့ရပေသည်။

ဥတုဘောဇနကျမ်းနှင့် လောကဟိတရာသီကျမ်း ၌ န၀ရတ် လက်စွတ်ပြုလုပ်နည်း မှာ “ ပတ္တမြား၊ စိန်၊ ပုလဲ၊ သန္တာ၊ ဂေါ်မုတ်၊ နီလာ၊ ကြောင်၊ ဥဿဖယား၊ မြစသည့် ကျောက်မျက်ရတနာ ကိုးပါးကို ပတ္တမြား အလယ် ၊ စိန် အရှေ့ အစဉ်အတိုင်း ထား၍ လက်ယျာရစ် လှည့်ပြီးလျှင် လုပ်ရမည်။ 

ပြီးလျှင် သမ္မာဒေ၀ နတ်အပေါင်းတို့ အား ပန်းပေါက်ပေါက် တို့ဖြင့် ပူဇော်ပသပြီးမှ  ၀တ်ဆင်သော် ခပ်သိမ်းသော အပြစ် တို့ ကင်းကွာ၍ ၍ မင်္ဂလာ ကျက်သရေ အပေါင်းနှင့် ပြည့်စုံပြိး ကောင်းချီးချမ်းသာ ရအံ့ ဟုဆိုလေသည်။

မဏိသျှတ္တရခေါ် ရတနာကျမ်းတွင် န၀ရတ်လက်စွပ် ပြုလုပ်နည်း မှာ တနင်္ဂနွေဒေါင့်မှာ သန္တာ၊ အရှေ့
တနင်္လာဒေါင့် မှာ စိန်၊ အရှေ့တောင် အင်္ဂါဒေါင့် မှာ ပုလဲ၊ တောင် ဗုဒ္ဓဟူးထောင့်မှာ ကြောင်၊ အနောက်တောင် စနေထောင့်မှာ ဂေါ်မုတ်၊ အနောက်ကြာသပတေးဒေါင့် မှာ မြ၊ အနောက်မြောက် ရာဟုထောင့်
မှာ ဥဿဖယား၊ မြောက် သောကြာထောင်မှာ နီလာ၊ တိမ်တောင် အရပ် (၀ါ) အလယ် ဗဟိုတွင် ကိတ်ဂြိုဟ် အမှတ် ပတ္တမြား ကို မြှုတ်၇မည် ဟု ဆိုပေသည်။

ဥတုဘောဇန သင်္ဂဟကျမ်းနှင့် လောကဟိတရာသီကျမ်း လာ န၀ရတ် လက်စွပ် ပြုလုပ်နည်း 

န၀ရတ် လက်စွပ်ကို ဆင်မြန်းဝတ်ဆင်သော အခါ၌လည်း ရက်မြတ်ရာဇာ မင်္ဂလာ အခါရွေး၍ ရတနာသုံး
ပါး မိဘ ဆရာသမား အထက် နတ်မင်းကြီးများ ၊ အထက် ပုဂ္ဂိုလ်များ နှင့် ကိတ်ဂြိုဟ်ပါ ဂြိုဟ်ကြီး ကိုးလုံးကို ရှိခိုး ပူဇော်ကန်တော့ပြီးမှ မြ ကို အတွင်းဘက် ၊ စိန် ကို အပြင်ဘက် ထား၍ ၀တ်ဆင်ရမည်။

ရက်ကောင်း ရက်မြတ် မင်္ဂလာအခါမှာ ပန်းထိမ် ဆရာထံ အပ်နှံရမည်။ ပန်းထိမ် ဆရာကလည်း ရက်ကောင်း ရက်မြတ် မင်္ဂလာအခါရွေး၍ မိမိကိုယ်ကို သန့်စင် အောင်ပြုပြီး ၀တ်ကောင်း စားလှများကို ၀တ်ဆင်ကာ သမ္မာဒေ၀နတ်ကောင်းနတ်မြတ် များကို ကန်တော့ပေး၍ ပြုလုပ်သည်ဟု ဆိုသည်။

လက်စွပ်ပြုလုပ်ရန် စီစဉ်သော အခါ ပိတ်ဖြူ (သို့) သန့်ရှင်းသော နေရာပေါ်တွင် ကျောက်မျက် ကိုးပါး ကို ခင်း ၍ အစီအစဉ် အတိုင်း ဆီမီး အတိုင်းထားကာ ဆီမီး ဖယောင်းတိုင် တစ်တိုင်ကျစီ ပူဇော် ထားရမည် ဟု မဏိသျှတ္တရ ကျမ်းတွင် ညွန်းဆိုထားပေသည်။

ထို့ပြင် ကျောက်မျက် ကိုးပါးကို ခင်းကျင်း ရာ၌လည်း အောက်ပါ ခံရမည့်ပစ္စည်းများကို ဤသို့ ဖော်ပြထားပြန်သည်။

၁။ ပတ္တမြားအောက်တွင် ကတိုးနှင့် ကြာနီပွင့် ကို အောက်ခံထားရမည်။
၂။ စိန် အောက်တွင် ငွေနှင့် ဇာတိပ္ဖိုလ် ကို ထားရမည်။
၃။ ပုလဲ အောက်တွင် ဖုမ္မသိမ်နှင့် ခရုသင်းမှုန့် အောက်ခံ ထားရမည်။
၎။ ကြောင် အောက်တွင် ကြက်မောက်နီပွင့် အောက်ခံ ထားရမည်။
၅။ ဂေါ်မုတ် အောက်တွင် မာလာပွင့်ကို ထားရမည်။
၆။ မြ အောက်တွင် ကတိုးပွင့်နှင့် လေးညှင်းထားရမည်။
၇။ ဥဿဖယား အောက်တွင် ကရမက်နျင့် အကျော်ကို ထားရမည်။
၈။ နီလာအောက်တွင် ပန်းရင်းကိုထားရမည်။
၉။ သန္တာအောက်တွင် ကတိုး ကြာနီပွင့်၊ စန္ဒကူးကို ထားရမည်။

န၀ရတ် လက်စွပ် လုပ်နည်းနှစ်နည်း ရှိသည့် အနက် မဏိသျှတ္တရခေါ် ရတနာကျမ်း လက်စွပ်လုပ်နည်း ကိုသာ အများအပြား လုပ်ကိုင် ၀တ်ဆင်နေကြသည်ကို တွေ့ရသည်။

န၀ရတ် လက်စွပ် ၀တ်ဆင်ထားလျှင် မသန့်သောနေရာများကို မကိုင်တွယ် မိစေရန်နှင့် တရော်၊ ကင်ပွန်းနှင့် မကြာခဏ ဆေးကြောပေး၍ အမွေးနံ့သာ များ ဖြန်းပေးရန် ဖြစ်သည်။ အမျိုးသမီး များသည် လက်ယာလက်က ၀တ်ဆင်ရမည်။ အမျိုးသမီးများ ကိုယ်လက် အင်္ဂါ မသန့်သော အခါ မ၀တ်ဆင်ရန်ကိုလည်း မဏိသျှတ္တရကျမ်းက ညွန်းဆိုထားပေသည်။

ကျောက်မျက်ရတနာ ကိုးပါး စီချယ် ပြုလုပ်ထားသော န၀ရတ် လက်စွပ် ၀တ်ဆင်ထားခြင်းဖြင့် အသက်

ရှည်ခြင်း ၊ မင်္ဂလာရှိခြင်း၊ ကျက်သရေရှိခြင်း၊ စုန်းပယောဂ ဘေးရန်ကို ဖျက်စီးနိုင်သည့် အပြင် အနုပီယဆေးဖြစ်၍ လူနတ် ချစ်ခင်သည် ဟု ရတနာကျမ်း များတွင် ဖွင့်ဆိုထားပေသည်။

ချစ်စွာသော မိတ်ဆွေများ ခင်ဗျာ.......
ဂမ္ဘီရ ဆန်သော ဤ န၀ရတ်လက်စွပ် စီးရင်နည်းကို သိသလောက် ကြားဖူးနားဝ ရှိသလောက်၊ ဖတ်ဘူး
မှတ်ဘူး လေ့လာဖူး သလောက် ပြန်လည် တင်ပြပေးလိုက်ပါတယ်။

ဒီထက်မက တိတိ ကျကျ ဃဃ ဏဏ သိလိုကြပါက ရှေ့မီနောက်မီ နီးစပ်ရာရွှေပန်းထိမ် ဆရာကြီးများထံတွင် အနီးကပ်လေ့လာကြပါက ပိုမို၍ ပြည့်စုံနိုင်ပါကြောင်း စေတနာကောင်းဖြင့် တင်ပြပေးလိုက်ပါသည်။

credit

#မေသတင်းရပ်ကွက်လေး


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

 
365myanmar.com - Myanmar Online Shopping Mall