မျက်မြင် ကားသွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ဈေးမများစေဖို့



မျက်မြင် ကားသွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ဈေးမများစေဖို့ ဒါလေးဆောင်ထား အကြမ်းအားဖြင့် တော့ မမှားနိုင်တော့ပါ ။

၁။ ကားကို ကြည့်မယ်ဆိုရင် အလင်းရောင် ကောင်းကောင်း ရရှိပြီး အရိပ်အောက် သက်တောင့် သက်သာ  ကြည့် နိုင်သော နေရာ ဖြစ်ရမည်ဖြစ်ပြီး နေ့လည့်ခင်း နေပူအောက်ကြည့်ရှု့ခြင်း ရှောင်ပါ ။ အပူဒါဏ် ပြင်း ထန်လွန်း သဖြင့် ကားကြည့်ရှုသော အခါတွင် သက်တောင့်သက်သာ မဖြစ်လို့ စစ်ရမှာတွေ ကျန်ခဲ့တတ်ပါတယ်။ အပူဒါဏ် သက်သာအောင် ဆိုပြီး ညနေဘက် နဲ့ မိုးချူပ် ပိုင်းတော့ ကားကြည့်ဖို့ မလုပ်ကြပါနဲ့နော် သဘောပေါက်ပါ ရေထဲ ပိုက်ဆံ လွင့်ပြစ်လိုက်ရင်တောင် အသံမြည်ဦးမှာပါ..။

၂။ ကားကိုတွေ့တာနဲ့ ကားထိုင်ခုံ ခါးပတ်ကို ဆွဲထုတ်လိုက်ပါ ။ ခါးပါတ်ခေါင်းတွေမှာ ထုတ်တဲ့ ခုနှစ်တွေ အတိ အကျ ရေးထားပါတယ် ။ ဖြဲထားတာမျိုး ၊ ကတ်ကြေးနဲ့ ဖြတ်ထားတာမျိုး မဖြစ်ရပါဘူး ကြည့်တာနဲ့ တွေ့ရပါမယ် ကားပိုင်ရှင် ပါးစပ်က ဘယ်နှစ်ခုနှစ်ပါလို့ အမြုတ်ထွက်အောင်ပြောနေလဲ ကျွန်တော် တို့ မျက်စိရယ် ဦးနှောက်ရယ်နဲ့ဘဲ အလုပ် လုပ် ကြရမှာဖြစ်လို့ ... ကျန်တာတွေ ခဏ မေ့လိုက်ပါ ။

၃။ ကားကို စက်နှိုးပါ ပြီးတာနဲ့ အဲကွန်း ဖွင့်လိုက်ပါ ။ စက်သံသည် ဆူညံ ကျယ်လောင် တာမျိုးကို တော့ ခွဲ တတ်ပါစေ ပြီးလျှင် အဲကွန်းလေအေး မအေး စစ်ပါ ။

၎။ ကား အစီးတိုင်းမှာ Wheel Tax ပါပါတယ် ။ ပါတဲ့ Wheel Tax ဖရိန် နံပါတ်နဲ့ ကားမှာ တစ်ကယ် ပါသော နံပါတ် တူညီမှု ရှိမရှိ အရင်စစ်ပါ၊ ကားမှာ တပ်ထားသော ဖရိန် chassis နေရာသည်လည်း သန့်ရှင်း သပ် ရပ်နေရပါမည် ။ ဖြတ်ဆက် ဆိုလျှင် ကားဝယ်ပြီးတာနဲ့ ဆုံးသွားပါလိမ့်မည် ကညန သိမ်းပါလိမ့်မည်။

၅။ ပြီးရင် ကားရှေ့ဘက်ပိုင်း ကားနောက်ဖက်ပိုင်း မီးခွက်နေရာတွေ စစ်ပါ ။ မီးလုံး အရောင် တူညီမှု ရှိမရှိ  နေရာ အထိုင် မူလီတွေ မူလီရောင်ဘဲ ရှိရပါမည် ကားဆေး ကူးနေခြင်း လုံးဝ မရှိစေရ မူလီ က မူလီလိုဘဲ ညစ်ပတ်လို့ ရပေမယ့် ကားဘော်ဒီ ဆေးမကူးစေရ ။

၆။ ကားဘီး သဲကာ များသည်လည်း နဂို သဲကာ အတိုင်းသာ ဖြစ်ရမည်ဖြစ်ပြီး ညစ်ပတ်နေပေမယ့် သပ်သပ် ရပ်ရပ် ရှိနေရပါမည်။



၇။ အရေးကြီးဆုံးက ကားရဲ့ အောက်ပိုင်း နဲ့ အင်ဂျင်ခန်းက ဖရိန်တွေသည် သန့်ရှင်းနေရပါမည် ။ အများစု သည် ပုံမှန် အရောင် ပုံမှန် ကာလာဖြစ်ရမည် ပြန်မှုတ်ထားပါက သူတစ်နေရာတည်းကွက် ဖြူနေတတ်ပါ သည်။ ကွက်နေတိုင်း လည်း ယူလို့ ရတာတွေရှိပါတယ် ။ ဒါပေမယ့် ကားကောင်းရင် ကောင်းတဲ့ဈေး မကောင်းရင် လည်း မကောင်းနဲ့ဈေးဘဲ ပေးနိုင်ဖို့ စစ်ခိုင်းတာပါ ။

၈။ လူတွေ သတိမထားဘဲ ကျော်ကျော် သွားတဲ့ အရေးကြီးတဲ့ ကား အစိတ်အပိုင်းတွေကတော့ ကားခြေ နင်းပြားအောက် ကို လှန်ကြည့်ဖို့ နောက်ဖုံး အခင်းပြားအောက် ခွာကြည့်ဖို့ လုံးဝ အားမနာပါနဲ့ အားနာလို့ သံချေးလိုက်နေရင် ကိုယ့်လည်ပင်း ကြိုးကွင်းစွပ်ပြီသာ မှတ်လိုက်ပါတော့ သံချေး ရှိတဲ့ကား အလွန်ဆုံး  ၁  နှစ်လောက်ဘဲ ကောင်းမှာပါ ။

၉။ ကီလို မှန် မမှန် စစ်နိုင်ဖို့ ကတော့ အကြမ်းအားဖြင့် မှတ်သားရမှာ ကတော့ ကား ကီလိုတွေရဲ့ အသက်က ဖင်ထိုင်ခုံ နဲ့ စီယာရင် ထိုင်ခုံ ခါးပါတ်လို့ အကြမ်းဖျင်းမှတ်ပါ ၊ ကီလိုများရင် အားလုံးနွမ်းတတ်ပါတယ် ၊ ဒါပေမယ့် တစ်ချို့ ဂျပန်ကားတွေ ကလည်း ဂျပန်ကနောက်ဆုံး ပိုင်ရှင် အကိုင်အတွယ်ကြမ်းတမ်းရင် ကီလို သုံးသောင်းနဲ့ လည်း စုတ်ပြတ်သတ်နေတာကို မြင်ဖူးပါတယ် ။

၁၀။ တစ်ချို့ကလည်း တိုက်ကား ဘယ်လို ခွဲမလဲ မေးကြပါလိမ့်မယ် ။ ဂျပန်မှာ တိုက်ကား အားလုံးကို Recondition လုပ်ပြီးရင် ဒီအတိုင်း စစ်လို့ မရတော့ပါ ။ ဘာလို့ ဆိုတော့ တိုက်မိသမျှ ပျက်စီးသမျှ အကုန်အသစ်လဲ လိုက်သောကြောင့်ပါ ဒါကြောင့် ကန်ဆယ်လေးရှင်း အမှန်ဆိုရင် ကားဝယ်ယူသူတွေက တန်ဖိုးထားကြရတာပါ။

၁၁။ ဘာကြောင့် ကန်ဆယ်လေးရှင်း အမှန်တွေ ရောင်းကားထဲမှာ မရှိတာလဲ အများစုမေးပါလိမ့်မယ် ။ ဘယ် ရှိမလဲဗျာ ကားတစ်စီးကို ဈေးနှုန်း နှိုင်းယှဉ်ပြီး ၀ယ်တဲ့ တိုင်းပြည်မှာ ကန်ဆယ်လေးရှင်း အမှန်ဈေးနဲ့ အစုတ် အပြတ်ဈေး ဂျပန်မှာ တစ်ချို့ဆို သိန်း လေးငါးဆယ် ကွာနေတာမို့ ဘယ်သူမှ ကားကောင်းကို သွင်းမရောင်း နိုင်တော့တာပါ ... ဒါကြောင့် ကားကောင်းဆို စီးမယ် ဆိုပြီးသွင်းတဲ့ လူတွေ ပြန်ရောင်းမှသာ ရှိတော့တာပါ တစ်ကယ် စီးမယ့်သူတွေက သူတို့ ကားကီလို များရင်တောင် မကြိုက်ကြပါဘူး ကျန်တာဆို စဉ်းစားမနေပါနဲ့..။

၁၂။ ကား အရောင် တန်းမှာ မြန်မာပြည် အကြိုက်က အပေါ်ဆုံး အမြင့်ဆုံးဈေးက အဖြူ အမည်း ပါ ပြီးရင်  ကြား အရောင်လို့ ခေါ်တဲ့ မိုးပြာ တို့ ရွှေအို တို့ လာပါတယ် ။ ပြီးရင် အရောင်ပျက် လို့ ခေါ်တဲ့ ဓါတ်တိုင်ရောင်တို့ အပြာတောက်တောက် အနီတောက်တောက် အရောင်တွေ ကိုတော့ သခင်ချစ် ကားချစ်လွန်းလို့ ကိုယ့် နားက တော်တော်နဲ့ မသွားဘူး လို့ မှတ်သားထားပါ ။ အရောင် သတ်မှတ်ချက် ကတော့ ကားတိုင်း အတွက် တော့ မတူနိုင်ပေမယ့် အကြမ်းဖျင်း ကတော့ အရောင်တွေကို လိုက်ပြီး ဈေးနှုန်းက ၁၀ သိန်းလောက် ကနေ ပိုကွာတာမျိုးတွေလည်း ရှိပါတယ် ။ ဓါတ်တိုင် Silver အရောင်ပျက် ဆိုပြီး 99 Surf တို့ 99 Prado တို့ကိုတော့ သွားမလုပ်နဲ့နော် သူတို့ပုံစံ နဲ့ ငွေရောင်ဆို ကောင်းတာ မို့ အဲ့ဒီလို ကားတွေမှာတော့ အရောင်ပျက် လို့ မခေါ်နိုင်ပြန်ပါဘူး ။

၁၃။ ကားဝယ်ယူမည့် လူတွေကို လွယ်လွယ်နဲ့ တွန်းရောင်းတတ်တာလေး တစ်ခု ကတော့ 2WD / 4 WD ကိစ္စပါ လိုအပ်တဲ့ လူအတွက် လေးဘီးယက် ဆိုတာ လိုပေမယ့် လူ များစု နဲ့ ဆီစားနှုန်း သက်သာဖို့ အတွက်ကတော့ လေးဘီးယက်တွေဟာ ဖြုတ် မရဘဲ ၂၀ ကီလို နင်းမှ ပြုတ်တဲ့ဟာ ဆိုရင်တော့ ဆီစားမယ် ၊ ပြန်ရောင်းရင် ခက်မယ် ဆိုတာကိုပါ လုံးဝ တွက်ထားပါ ။ ကြမ်းတမ်းတဲ့ တောင်တန်း မြေသားလမ်းတွေ အတွက်  ( ကတ္တရာ လမ်းမပါ ) လေးဘီးယက်ကား အသုံးဝင်ပေမယ့် မြေပြန်လမ်းတွေ အတွက်ကတော့ မလိုအပ်တာမို့ ဒီတစ်ချက်ကိုလည်း ချင့်ချိန်ပါ 2WD / 4 WD နှစ်မျိုးရွှေးချယ်ခွင့် ရှိတဲ့ ပုံမှန် အိမ်စီး ကား အများစုမှာ 4WD ကားတွေက လေလံ မှာ ကိုဘဲ သိန်း 20 ကနေ သိန်း 40 လောက်ထိ သက်သာ နေတတ်တာကိုတွေ့ရပါတယ်. ။

၁၄။ ကားကို စစ်ရင် နောက်ခန်းလည်း ကျန်ခဲ့တတ် ပါတယ် ။ နောက်ခန်းကိုလည်း သေချာစစ်ပါ ကား မှာပါတာ Orginal ဟုတ်မဟုတ် သန့််ရှင်းမှု ရှိမရှိ အသုံးပြုထားသေးလား ဘီး ဂျိုက် ဂွ တွေ ပါတာတွေပေါ့ဗျာ ... အများအားဖြင့်တော့ ဂျပန်က လာရင် အသုံးမပြုရသေးတာ များပါတယ် ။

၁၅။ ကားကိုလည်း စစ်ပြီးပြီ စိတ်တိုင်းကျပြီ ဆိုရင်တော့ မောင်းသာ စမ်းပေတော့ နောက်ဆုံး အဆင့် ဆိုတော့ အားမနာပါနဲ့ ပိုက်ဆံ ရိုက်ထုတ်တဲ့ စက်လည်း မိတ်ဆွေတို့ ဆီမှာ မရှိနိုင်ပါဘူး ။ ကိုယ့် ချွေးနဲစာ ဆိုတော့ ထောင့်စိအောင်တော့ စစ်ကြပါ။

၁၆။ နည်းမျိုးစုံ စစ်လို့မှ ကိုယ်ကြိုက်နေပြီ ၀ယ်ချင်တယ် ဆိုရင် ရောင်းသူ အိမ်ကို လိုက်ပြီး စရံ ဒါမှမဟုတ် အကြေ ချေလို့ ရပါတယ် ..။. စာရွက်စာတမ်းကို မသင်္ကာသေးဘူး ဆိုရင် မြင်သာရုံး ဒါမှ မဟုတ် သက်ဆိုင်ရာ ရုံးဝန်ထမ်းတွေဆီမှာ ကား စသွင်းတဲ့ ငယ်ရုပ် စစ်ပြီးမှသာ ငွေ ချေပေါ့ဗျာ ။

နောက်ဆုံး တစ်ခုက မနေ့က ကျွန်တော် မိတ်ဆွေ တစ်ယောက် ပြောသလို အမြင် ၀ယ်ရင်တော့ ကားကောင်းကောင်း ကြိုက်တတ်ရင် ဈေးကောင်းကောင်းသာ မျှော်လင့်ဖို့နဲ့ ကားကောင်းကောင်းရဲ့ အရင်းဟာ ကား စုတ် တစ်စီးကို အမြတ်တင်ရောင်း ထားတဲ့ ဈေးထက်တောင် မြင့်တတ်တယ် ဆိုတာ နားလည်မှသာ ကိုယ်သုံးမယ့် ငွေ ကိုယ် ရမည့် ကားကို မှန်းနိုင်ကြမှာပါ ။ အောက်တန်းဈေး တစ်ခုနဲ့ အထက်တန်းစား ကားတစ်စီးကို ယေဘူယျ အားဖြင့် တော့ မရနိုင်ကြပါဘူး။

ပေါချောင်ကောင်း လိုချင်တဲ့လူတွေနဲ့ လောလော လောလော အလုပ် လုပ်တတ်တဲ့ ကား ၀ယ်ယူသူတွေဟာ ကားတစ်စီးကို ဈေးတန်း မှန်မှန် ကားမှန်မှန် မရတတ်ပါဘူး ။ ဒါကြောင့် သတိထားကြပါ ။

ကျွန်တော် အခု ပြောပြတာတွေက ငွေ နဲ့ လဲခဲ့ ရတဲ့ အတွေ့အကြုံ စစ်စစ်တွေကို ပြောပြနေတာပါ ။
 ထောက်ခံစရာမလိုပါဘူး ။ ငြင်းခုံလို့လည်း အကျိုး မရှိပါဘူး ။ သူတစ်ပါး အကျိုးစီးပွားအတွက် မိမိ အတွေ့ အကြုံကို နောက်လူတွေ မမှားစေရန် ရည်ရွယ်ပြီး ဒီစာကို အချိန်ပေးရေးသားပါသည် ။

မိတ်ဆွေတို့ သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းကား ပါစေ. ။
ချစ်ခြင်းစေတနာ မေတ္တာဖြင့် ဖြန့်ဝေပါသည် ။



#ကားချစ်သူ
Credit》》
James
James Ygn Good Speech


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

 
365myanmar.com - Myanmar Online Shopping Mall