ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး




(1) ယူသွားမယ့် အထုပ်ဟာ မမျှော်လင့်ပဲ ပြုတ်ကျ ပွင့်ကျရင် ၊


(2) ကျကွဲ သွားရင် ၊


(3) သွားခါနီး ဝတ်တဲ့ အဝတ်အစား ဗျိ ကနဲ ပြဲသွားရင် ၊


(4) ကိုယ်လေးစားတဲ့သူ တစ်ယောက်ယောက်ကို ကလေး တစ်ယောက်က တားထား ဆွဲထားရင် ၊


(5) လမ်းသွားရင်း သစ်ကိုင်း နဲ့ နဖူး ရိုက်မိတာ၊ ခလုတ်တိုက် ခြေမကွဲတာ ၊


(6) အငှါးယဉ် တားစီးတဲ့အခါ ၃ ကြိမ်ထက် မနည်း ဈေး မတည့်တဲ့အခါ ၊


(7) လမ်းတစ်လျှောက်မှာ လက်ခါ ပြသူတွေကို တွေ့မြင်သောအခါ ၊


(8) ကိုယ့်ရှေ့ တည့်တည့်က လူက မေးထောက်ပြီး ညည်းညူနေရင် ၊


(9) ကိုယ့်ရှေ့မှာ နွား ကျွဲ မြင်း ခွေး ကလေး လူကြီး စသည်တို့ကို ရက်စက်စွာ ရိုက်ပုတ် ညှင်းပန်းနေရင် ၊


(10) ကားစီးသော် လမ်းမှာ ကားပျက်မှုကြုံသော်/ စက်နှိုး မရ ပုံစံဖြစ်သော် ၊


(11) ကိုယ့်ရှေ့မှာ ယာဉ်တိုက်မှု မြင်သော် ၊


(12) အတူသွားသူနှင့် ရန်ဖြစ် စကားများ သွေးထွက်သံယို ဖြစ်သော် ၊


(13) မိမိခြေထောက်ကို နှစ်ကြိမ်ထက် မနည်း တက်နင်း ခံရသော် ၊


(14) မျက်မှန်ပြုတ်ကျသော် ၊


(15) ကိုယ့် ရှေ့မှာ လူ / ယာဉ် / ပစ္စည်း တစ်ခုခု လာပိတ် ရပ်သော် ၊



(16) လမ်းသွားရင်း မျက်လှည့်ပြတာ တွေ့ရင် ( ကိုယ်က ဝင်ရပ်ကြည့်သော် ဘာမှမဖြစ် )

(17) ကိုယ့်ရှေ့မှာ ဆိတ် နွား ခွေး ကြောင် ငှက် စသည်တို့ ရန်ဖြစ်သော် ၊


(18) ကိုယ့်မြင်ကွင်းရှေ့မှာ လက်ထိပ် သံကြိုး စသည်တို့ဖြင့် ချည်နှောင်ကာ ခေါ်သွားသော် ၊


(19) ကိုယ်သွားမယ့် လမ်းမှာ မြွေ အလ္ပာယ် ပြနေသော် ၊


(20) ကိုယ့်လမ်းပေါ် အချိန်ခါ မဟုတ် ခွေးထအူသော် ၊


(21) ကျီးကန်းပြိုသော် ၊


(22) အပြင်ရောက်မှ အရေးကြီး ပစ္စည်း မေ့ကျန်ခဲ့သော် ၊


(23) ကိုယ့်ရှေ့မှာ ငိုကြောရှည်နေတဲ့ ကလေး ကို တွေ့သော် ၊


(24) အလိုလို စိတ်ထဲလေးလံ နေသော် ၊

(25) ကိုယ့် အဝတ်စားက တံခါး သို့မဟုတ် တစိခုခုနှင့် ချိတ်မိ ညှပ်မိသော် ၊


(26) မအောင်ဘူး။ ပျက်ပြီ။ သေတာပဲ စသော အနိဋ္ဌ စကားများ ကြား သော် ၊


(27) သွားခါနီးမှ တစ်ခုခု ကျကွဲသော် ၊


(28) ဦးထုပ်ပြုတ်ကျသော် ၊


(29) မိမိ အရိပ်ကို ပြန် ကြည့်လျှင် အရိပ်ထဲမှာ မိမိဦးခေါင်း မတွေ့သော် ၊


(30) ဒုက္ခိတ တစ်ယောက် နဲ့ တည့်တည့် တိုးမိရင် ၊


(31) သွားရင်း ဖိနပ်ပြတ်သော် ၊


(32) ကိုယ့်ရှေ့မှာ အရူး တစ်ယောက်က အကြောင်းမဲ့ ရီမောနေသော် ၊


(33) ကိုယ့်ရှေ့မှာ လူတစ်ယောက်က မနိုင်မနင်း ပစ္စည်းတွေ သယ်မ ရင်း ပြုတ်ကျနေသော် ၊


(35) သွားကာနီးမှာ အိမ်က မိန်းမက အကြိမ်ကြိမ် စောစောပြန်ဖို့ မှာနေသော် ၊



****

ဒါတွေဟာ အနိဋ္ဌ နိမိတ်တွေပါ။
တောင်ကျွန်း သြဘာနိမိတ်ထွန်း အရ သဘာဝ နိမိတ်။ 

နတ်တို့ပြသော နိမိတ်။ 
မိမိ ၏ ဆိုင်ရာ အစောင့်ရှောက် ပြသော နိမိတ်များလည်း ပါဝင်သည်။

ကြိုသိက အချိန်ရသည်မို့ အလေးထား မှတ်သားစေလိုသည်။




{ မြစကြာ }

ကြိုက်ဆုံး ဗေဒင် ယတြာများ


Comments

  1. ရွှေဟမ်းချိန်းလေး ကောက်ရတယ် ဘာဖြစ်တတ်လဲ

    ReplyDelete
  2. ပိုက်ဆံဝင်တတ်တယ်

    ReplyDelete

Post a Comment

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

အိမ်​ နှင့် လောကီပညာ

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

 
365myanmar.com - Myanmar Online Shopping Mall