ယဉ်မောင်းတွေ လစ်လျူမရှသင့်တဲ့ ကားအနံ့များ



ကားတွေဟာ တစ်ချိန်ချိန်မှာ တော့ ယာဉ်မောင်း ကို ခေါင်း အ ကြီးကြီးကိုက်စေအောင်လို့ ပြုမူ တတ်ကြပါတယ်။ ဒီလို မဖြစ်ဖို့ ကာကွယ်ချင်တယ် ဆိုရင် ဆီ၊ ရေ၊လေ၊ ဝိုင် ပုံမှန် စစ်ဆေးဖို့လိုအပ် သလို လုံးဝ လျစ်လျူ မရှုသင့်တဲ့ ကိစ္စတစ်ခုလည်း ရှိပါသေးတယ်။ 
အဲဒါ ကတော့ ကား ဆီက ထူးခြား တဲ့ အနံ့ တစ်ခုခု ရပြီ ဆိုတာနဲ့ အ ကြောင်းရင်းကို အမြန်ဆုံး သိ အောင်လုပ်ပြီး ပြင်ဆင်ဖို့ပါ။ ဘယ်လို အနံ့မျိုးတွေလဲ ဆိုရင် ......

သကြားရည်၊ သကာရည်နံ့
ဒါဆိုရင်တော့ အအေးပေး ရာမှာ သုံးတဲ့ Coolant စိမ့်ထွက် နေလို့ပဲဖြစ်ဖြစ်၊ အပူပေးစက်ချို့ ယွင်းလို့ပဲဖြစ်ဖြစ် ဒီအနံ့ ရနိုင်တယ် ဆိုတာ သိထားပါ။
ဥပုပ်နံ့
ဒါကတော့ ကား အင်ဂျင်က ထွက်တဲ့ မီးခိုးတွေကို နှိမ်ပေးတဲ့ ဓာတ်ငွေ့ပြောင်း ကိရိယာချို့ယွင်းနေလို့ပါ။
ဒီလိုအနံ့တွေ ထွက်လာရင် အဲဒီ ကိရိယာ လဲလှယ်ဖို့ လိုတယ် ဆိုပေမယ့် ပစ္စည်းဈေးကြီးတယ် ဆိုတာလည်း သိထားဖို့ လိုပါတယ်။
ကော်ဇောမီးလောင်နံ့
ဒီလိုဆိုရင်တော့ ဘရိတ် ကြောင့်ဖြစ်တယ် ဆိုတာ သိထား ပါ။ ဒီအနံ့ ရပြီဆိုတာနဲ့ ဘရိတ် ကို အရင်ဆုံး စမ်း သပ်ပြီး အမြန်ဆုံး သာပြင်ပါ။


ရော်ဘာညှော်နံ့
ဒီအနံ့ရရင်တော့ ကားအင် ဂျင်မှာ တပ်ထားတဲ့ ကြိုးတွေ၊ ပိုက်တွေ သေချာတပ်ဆင်ထားရဲ့ လားဆိုတာ စစ်ဆေးကြည့်လိုက် ပါ။  အဲဒီကြိုးတွေ၊  ပိုက်တွေ ချောင်နေတဲ့အခါ ပြတ်နေတဲ့ အ ခါမျိုးတွေမှာ ဖြစ်တတ်တာမို့ အ ချိန်မီစစ်ဆေးကြည့်ပြီး အသစ်လဲ လှယ်လိုက်ပါ။
ဆီညှော်နံ့
ဆီတွေ ယိုစိမ့်ပြီး အိတ်ဇော ပေါ်ကိုကျတဲ့ အခါမျိုးတွေမှာ ကား မောင်းနေရင်းနဲ့ ဆီညှော် နံ့တွေ  ရလာ တတ် ပါတယ်။ ညှော်နံ့ ရဲ့ နောက်ဆက်တွဲ အဖြစ် မီးခိုးတွေ ပါ ဆက်တိုက် ထွက်လာနိုင်ပါတယ်။
စက္ကူ မီးလောင်နံ့
များသော အားဖြင့်တော့ ဂီယာပြောင်းချိန်တွေမှာ ကလပ်က နေ ညှော်နံ့ ထွက်လာတာပါ။ ဒီလို မဖြစ်ရလေအောင် ကလပ် ကို စနစ်တစ်ကျ ဘယ်လို သုံးမလဲဆိုတာ သိအောင် လုပ်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ ကလပ် ခဏခဏ လဲရတဲ့ပြဿနာကြုံရမှာပါ။

—Ref: umass.uloop.com


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

အိမ်​ နှင့် လောကီပညာ

 
365myanmar.com - Myanmar Online Shopping Mall