ကံလြဲသူမ် ား




လူ့ဘဝ ဆိုတာ ....
ကုသိုလ်ကံ အကျိုးပေးရဲ့ အသီး အပွင့် တစ်နည်း အားဖြင့်  ကုသိုလ် အကြောင်းခံ ပါလာပြီးသား။
အဲဒီ ကုသိုလ်က အကြောင်းခံ မတူးဖေါ် မခံစား တတ်ရင် အကုသိုလ် အကြောင်းတွေကချ ည်း ဖိစီးနေရာယူ ခြယ်လှယ်ပါလိမ့်မယ် ။

အကုသိုလ် ဆိုတာ အထူးပြု နေစရာမလို စိတ်ကို လွှတ်ထားလိုက်ရုံ နဲ့ ဦးတည်ရာမဲ့ သွားလာကျ က်စားမယ့် နေရာဟာ အကုသိုလ်ချ ည်း မှတ်ပါ ။

လူ့ဘဝ တစ်ကြိမ် ရဖို့  တိရစ္ဆာန် ဘဝပေါင်း တစ်ရာလောက် ကျ င်လည်ပေးဆပ်ခဲ့ရတာ ဆိုတော့ အဲဒီ တိရစ္ဆာန် ဘဝတွေက ပါလာတဲ့ မောဟ စတဲ့ တိရစ္ဆာန် စိတ်တွေက မကောင်းမှု အကုသိုလ်တွေဆီ အချိန်မရွေး ဦးတည်ခေါ်ဆောင် သွားနေတယ် ။

အဲဒီတော့ { ပြည်တန်တဲ့ ပတ္တမြား ပဲလှော်နဲ့ လဲစားနေသလို လူ့ ဘဝကို အကုသိုလ်တွေ လုပ်ရင်း အချိန်ဖြု န်း ပစ် နေကြတာဟာ ထီဆုကြီးပေါက်ပြီး ထီ လက်မှတ် ပျောက်နေတာနဲ့ အတူတူပါပဲ}

တစ်ချို့  ကတော့ ကောင်းတာတွေ လုပ်နေပါလျ က် ဘဝကောင်း မရ ။ အကျိုးပေး ညံ့နေသေးတာ ဘာကြောင့် ဘာလဲလို့  မေးကြတယ် ၊


အတိတ် သံသရာ ဘဝများစွာက ကိုယ်လုပ် ခဲ့တဲ့ အကုသိုလ်ကံတွေ ပြန်မြင်နိုင်စွမ်းရင်.... ( ဒီမေးခွန်း
ပေါ်ပေါက်လာစရာ အကြောင်းမရှိပါ ) ကောင်းတာတွေ လုပ်နေလို့  ဒီလောက် ခံသာနေသေးတာ လို့ ပဲ နှလုံး သွင်းစေချ င်ပါတယ် ၊

သို့ သော် အားမလျှော့ပါနဲ့ ၊ စီးပွား ဝမ်းစာ ရှာဖွေရာမှာ အကျိုးပေး တုံ့ နှေးနေလို့  ဆိုပြီး မိမိရဲ့ သီလသိက္ခာကို ဘယ်တော့မှ မဖျ က်ဆီးပစ်ပါနဲ့ ၊ 


ကုသိုလ်ကောင်းမှု တို့ မည်သည် ဘယ်တော့မှ အရင်းမရှုံး အတိုး အညွန့်ဖြင့်သာ ခံစားရ ရိုးထုံးစံ ရှိပါတယ် ၊
လက်ရှိကောင်းကံ နဲ့ အတိတ်က ကောင်းကံ ဆက်မိရင်ကြီးမားတဲ့ ကုသိုလ် အင်အား အကျိုးပေးချိန်
တစ် လှည့်တစ်ပြန် ရောက်လာမှာပါ ။


သူသူ ကိုယ်ကိုယ် အတိတ်ကုသိုလ် ပါလာပြီးသား
* ကံတူးမှားနေလို့ သာ ရေမထွက်တာ *

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးက အတိတ်က ကုသိုလ်ကံကောင်းကြီးတွေ သေသေချာချာ ပါလာခဲ့ပါ လျ က် ကံတူး မှားလို့  ပြောင်းပြန် အကျိုးပေး ခံစားရရှာတဲ့ သာဓက ဇာတ်ကြောင်းများ နဲ့ သက်သေဆောင်ပြပါတယ် ။

အများသိကြတဲ့ အဇာတသတ် ဆိုပါစို့  ။
ဒေဝဒတ် ကို ဆရာတင် လူပေါ င်းမှားလို့  သောတာပန် ဖခင် ဗိမ္မသာရ မင်းကြီးကို သတ်ဖြတ် ပစ်မှား မိခဲ့တဲ့
ဒီဘဝရဲ့ အကုသိုလ်ကံကြီးထိုက် လို့  သောတာပန် တည်ရမယ့် အတိတ်ကံ ပါလာသော်လည်း ငရဲ လားရရှာတယ် ။

ဒေဝဒတ် က မြှောက်ပေးလို့  သူသတ် လိုက်မိတဲ့ ဖခင် ဘုရင်ကြီး ဆိုတာ သောတာပန် သူတော်ကောင်းကြီး ဖခင်ကို သတ်ပြီးမှ အိပ်မရ စားမဝင် သမားကျော် ဇီဝက ပင် ကုလို့ မရတဲ့ ရောဂါ ပေါ်လာရတယ်မ ဟု တ်လား ၊

ဒီမှာ ဇီဝက က...
( အရှင်မင်းကြီးရဲ့ ရောဂါ ဘုရားရှင်တော်မှ တစ်ပါး ကုပေးနိုင်သူ မရှိပြီ )ဆိုပြီး အဇာတသတ်ကို ဘုရားရှင်ထံတော်မှောက် ခေါ်ဆောင်လာတယ်  ၊

ဘုရားရှင် ကလည်း အဇာတသတ် ရဲ့ ရောဂါဆိုးကြီးကို တရားရေအေး အမြို က်ဆေးနဲ့ ကုပေးတော်မူပါ တယ် ( ဘုရားတရား နာကြားပြီး အဇာတသတ်ဟာ ဘယ်လောက်ထိ ပီတိဖြစ်သလဲဆိုရင် အဲဒီနေရာတွင် ပင် သောတာပန်တည်နိုင် သွားတဲ့အထိပါပဲ သို့ သော် အဖသတ်အကုသိုလ်ကံကြီးက ပိတ်ဆီးထားတော့ ...
သဒ္ဓါစိတ် ထက်မပိုဘူး ။ ဘုရားဖူးပြီးတဲ့နောက် ကုသိုလ်ကောင်းမှုတွေ ဘယ်လောက်ပဲ လုပ်သွားရှာပေမယ့် ဒီဘဝ အဖသတ် အကုသိုလ် ကံကြီး ထိုက်ပြီးသေတော့ ငရဲရောက်သွားတာပဲ ။

* အတိတ်ကံ က အပါယ် တံခါး ပိတ်တဲ့ အထိ ပါပြီးသား ။
ပစ္စု ပ္ပန်ကံက အပါယ် တံခါး တွန်းဖွင့်လေတော့
အဇာတသတ် ဟာ ကံတူး မှားသူ ကံလွဲသူ * လို့ ဆိုရမယ် ။

ပြီးတော့ ဘုရားရှင် လက်ထက်တော် အခါ ကာလက ပါပဲ ။ ဗာရာဏသီပြည်မှာ ဓနဗလ သူဋ္ဌေးသား ဆိုတာ ရှိသေးတယ် ၊ သူက တစ်ဦးတည်းသော သား ဆိုတော့ မိဘအမွေ ကုဋေရှစ်ဆယ် လုံး တစ်ဦးတည်း ရ လိုက် တယ် ၊
သူနဲ့ အကြောင်းပါတဲ့ သူဋ္ဌေးသမီးကလည်း ... တစ်ဦးတည်းသောသမီး သူလိုပဲ ကုဋေရှစ်ဆယ် အမွေရလိုက်တယ် ၊ အမွေနှစ်ရပ်ပေါင်း ကုဋေတစ်ရာ့ခြောက်ဆယ်နဲ့ တစ်ကယ့် ဧရာမ သူဋ္ဌေး ဘွဲ့ထူးကြီး ဆွတ်ခူးလိုက်တော့တာပေါ့။

အဲဒီခေတ်က သူဋ္ဌေး ဆိုတာ မင်းတိုင်ပင် အမတ်နေရာကလည်း တာဝန်ယူရတယ် ။ တိုင်းပြည်ရဲ့ စီးပွားရေး သူဋ္ဌေးတွေ လုပ်လေ့ရှိတာ ဘုရင်က အုပ်ချူ ပ်ရေး တရားစီရင်ရေး စသည်လုပ်ရတယ် ။

တိုင်းပြည်ရဲ့ စီးပွားရေး အစီအမံတွေကိုလည်း ဘုရင်ထံ တစ်နေ့ တစ်ကြိမ် တင်ပြ အစီရင်ခံရလေ့ရှိတယ် ၊
အဒီမှာ ဓနဗလ သူဋ္ဌေးလေး နန်းတော်ဆီ သွားလေတိုင်း ဝိုင်းဝန်းကြည့်ငေး အားကျ သူတွေ ရှိခဲ့သလို
သူ့  စည်းစိမ်ကို မနာလို သူကိုဖျ က်ဆီးလို သူတွေလည်းပဲ အမြဲစောင့်ကြည့်ခါ ရှိနေခဲ့ပါတယ် ။

ဓနဗလ ကိုယ်တိုင်က မင်းတိုင်ပင် အမတ်ဖြစ်နေလေတော့ စည်းစိမ်တွေကို လုယက် ဖျ က်ဆီးပစ်ဖို့  ဆိုတာလည်း မဖြစ်နိုင်ဘူး ။ ဒီတော့----အကြမ်းနည်း နဲ့တော့ မရဘူး တဖြည်းဖြည်း လှိုက်စား တိုက်စားတဲ့နည်း အနုနည်း နဲ့ ဖျ က်ဆီးဖို့  ကြံစည်ကြတော့တာပေါ့  ။

ဒီတော့ ဓနဗလ ကို ချ ဉ်းကပ်ပြီး မြှောက်ပင့်တဲ့ နည်း အယုံ သွင်းတဲ့နည်း အောက်ကျ ခံ တပည့်ခံပေါင်းတဲ့နည်း---နည်းမျိုးစုံနဲ့ ထိုးစစ်ဆင်တော့တယ် ။

လူ ဆိုတာ အမြှောက်ကြို က် အရိုအသေကြို က် *
ဒီကြို က်စိတ် အားနည်းချ က် * ကို ဖိနင်းပြီး
ဓနဗလ သူဋ္ဌေးသားကို ချ ဉ်းကပ်ပေါင်းသင်း ကြတယ် ။

ပြီးတော့ ...
* လူဆိုတာ အဆိုးလောကဓံ ကိုသာ တောင့်တင်းခံ အံကြိတ်ခံနိုင်တာ အကောင်းလောကဓံ ကျ တော့ ခံလို့ ခံနေရမှန်း မသိတော့ တတိတိ တအိအိ နဲ့ တရိရိ လိုက်စား ဖျ က်ဆီးခြင်း ခံနေရပြီနော် *

အပေါင်းအသင်းတွေက... ဓနဗလ ကို သောက်စားပျော်ပါးဖို့  စည်းရုံးသိမ်းသွင်းကြတယ် ။ တစ်ကြိမ် နှစ်ကြိမ် သုံးလေးငါးကြိမ် အထိတော့ ဓနဗလငြင်းနိုင် ပါသေးတယ် ။ ကြာတော့ ငြင်းအား မရှိတော့ဘူး။
အဲဒီမှာ *( ပျ က်စီးခြင်းရဲ့ လမ်းစ ဆိုတာ အရက်သေရည် မူးယစ်က စတာ)*။

ဘာလို့ လဲ--
* မူးရင်မေ့ မေ့ရင်ပျ က် ၊ ရှင်လျ က်နဲ့ သေနေတာနဲ့ မခြားဘူး တဲ့ ။
အပျော် အပျ က် ဆိုတဲ့အတိုင်း အပျော်လွန်တော့ ပျ က်လာပြီ ။* စမ်းသောက်ရာက စွဲလာပြီ ။

အချိန်ပြည့်မူးမေ့နေတော့ စာရင်းဇယားတွေလည်း
အမှန်အမှား မခွဲခြားနိုင်တော့ဘူး ။
လုပ်ငန်းကိစ္စတွေလည်း အမှန်အကန် မစီမံနိုင်တော့ဘူး။
ငွေရေးကြေးရေး တွေလည်း အပေးလား အယူလား မခွဲခြားနိုင်တော့ဘူး။
ရတနာစသည့် ပစ္စည်းပစ္စယတွေလည်း ဘယ်သူယူလို့  ယူမှန်း မသိတော့ ဘယ်နားထားလို့  ထားမှန်း မသိတော့ဘူး ။ စီးပွားဥစ္စာတွေ ကုန်ဆုံးလို့  ကုန်ဆုံးမှန်း မသိတော့ဘူး ။

စိတ် အထင်ကတော့ နဂိုရှိပြီးသား ကုဋေ များစွာ အပေါ်မှာပဲ ရှိနေတယ် ။ ဒါပေမဲ့ တစ်ကယ် အရှိကတော့ လုံးပါး ပါးနေပြီ ။ ချေးပြီးပြန်မဆပ်တာတွေ ပေးပြီးပြန်မရတာတွေ နေ့ စဉ် ပျော်ပါး ဝါကြွားတဲ့ အသုံး စရိတ်တွေ ဘာအလုပ်မှ ဆက် မလုပ်တော့ဘဲ သောက်စားမူးယစ် နေတာတွေနဲ့ ကြာတော့ ...
ချ မ်းသာကြွယ်ဝ သမျှ ကုဋေ များစွာ ငွေကြေး ပမာဏ ကုန်ပါလေရောတဲ့ ။

ဒီလိုနဲ့ ရှိတာတွေ ပေါင်နှံရောင်းချ သုံးစားပျော်ပါး လိုက်တာ...
ဘာမှ မကျ န်တော့အောင်ပဲတဲ့ ။

*( ဒီအချိန်မှာ ကိုယ့် ပစ္စည်းတန်ဖိုးက သေးပြီး အရက်တန်ဖိုးက ကြီးနေပြီ ။
ဒီလိုပဲ---ကိုယ်ကြို က်တဲ့ ဘက်က တန်ဖိုးကြီးပြီး မကြို က်တဲ့ဘက်က တန်ဖိုးသေးနေမှာ ဓမ္မတာပဲ )*

ဒီတော့ အရက်ဖိုးရပြီးရော သူပစ္စည်းတွေ မတန်တဆနဲ့ ချ ည်း ရောင်းပစ်ရတယ် ။ တစ်ရာ တန်ပေမယ့် တစ်ဆယ်ပဲ ရချ င်ရမယ် ။ ဒီလိုနဲ့ ရှိသမျှ ကုန်တော့ ... ဇနီးမောင်နှံနှစ်ယောက် သူတောင်းစား ဘဝ ရောက်သွားတယ်။



*( သင်္ခါရ   ဆိုတဲ့ ပြု ပြင်ပြီး ဖြစ်လာတာ မှန်သမျှ ... ပျ က်ရတာချ ည်းပဲ )*

ဒီလိုနဲ့ ကုဋေကြွယ် သူဋ္ဌေးဘဝ တစ်ဖြစ်လဲ သူတောင်းစား ဇနီးမောင်နှံ ဟာ လှည့်လည်တောင်းရမ်းစား သောက်ရင်း .... တစ်ရက်တော့ မိဂဒါဝုန် ဘက် ရောက်လာတယ် ။

အဲဒီမှာ နန္ဒိယ သူတို့ သား ဆောက်လုပ်လှူ ဒါန်းထားတဲ့ အံ့မခန်းဆန်း ကြယ်တဲ့ ဘုရားရှင် သီတင်းသုံး တော်မူရာ ကျောင်းတော်ကြီး ရှိတယ် ဒီကျောင်းတော်ကြီး အနား... သူတောင်းစား မောင်နှံ ရောက်လာပြီး ဆွမ်းကျ န် ဟင်းကျ န်စား ဖို့ စောင့်စားနေချိန်ဘုရားရှင်မြင်တော့ ပြုံးတော်မူတယ် ။

ဘုရားရှင်တို့  မည်သည် အကြောင်း မရှိဘဲ ပြုံးတော်မူရိုး ထုံးစံမရှိ ၊
ဒါကိုသိတဲ့ အရှင်အာနန္ဒာက ပြုံးတော်မူရခြင်း အကြောင်းရင်းကို မေးလျှောက်တာပေါ့ ၊
ဒီတော့ ဘုရားရှင် ရှင်းပြ ဆုံးမတော်မူတာက ...

( ချ စ်သား အာနန္ဒာ )
အဲဒီ--သူတောင်းစားမောင်နှံမှာ
* လောကီ လောကုတ္တရာ နှစ်ဖြာသော အတိတ် ကုသိုလ်ကံ ပါလာပြီးသား ၊ လောကီ စီးပွားဘက်မှာ ကြိုးစားရှာဖွေမယ် ဆိုရင် ပထမအရွယ်မှာ စီးပွားရှာဖွေမယ် ဆိုရင် ပထမတန်းစား သူဋ္ဌေးကြီးဖြစ်မှာ

တစ်ကယ်လို့  ပထမ အရွယ်မှာ စီးပွား မရှာဘူးပဲထား
ဒုတိယ အရွယ်ရောက်မှ စီပွားရှာမယ် ဆိုရင်လည်း ဒုတိယတန်းစား သူဋ္ဌေးကြီး ဖြစ်နိုင်တယ် ။

ဒုတိယအရွယ်မှာ စီးပွားမရှာဖြစ်ဘူးပဲထား
တတိယ အရွယ်ရောက်မှ ထလုပ်လည်း တတိယတန်းစား သူဋ္ဌေးကြီးတော့ အေးအေးဆေးဆေး ဖြစ်နိုင်တဲ့ အတိတ်ကံ ပါလာပြီးသား ၊

အတိတ် ကုသိုလ်ကံ ဘယ်လောက်ကောင်းကောင်း လက်ရှိကံကမှ မဖေါ်ထုတ်ရင် မြှုပ်သွားမှာပဲ ။
လောကုတ္တရာ ဘက်က ကြည့်လိုက်ပြန်ရင်လည်း---
သူတို့ ဇနီးမောင်နှံဟာ ....
ပထမ အရွယ်တုန်းက တရား ရှာလိုက်ရင် လင်က ရဟန္တာ မယားက အနာဂါမ်ဖြစ်မယ့်ပုဂ္ဂို လ်တွေ
ဒုတိယ အရွယ်မှာသာ ကျ င့်မယ်ဆိုရင် လင်က အနာဂါမ် မယားက သကဒါဂါမ် ဖြစ်မယ့်ပုဂ္ဂို လ်တွေ ၊
ပထမ ဒုတိယ အရွယ်တွေမှာ တရားမရှာနိုင်ဘူးပဲထား ။
တတိယ အရွယ်မှာများ တရားရှာခဲ့ရင် လင်က သကဒါဂါမ် မယားက သောတာပန် ။ ဧကန်မုချဖြစ်နိုင်သူတွေ----

ခုတော့ လောကီ ဘက်မှာလည်း ဘာစီးပွား မှ မပွားစီး ၊ လောကုတ္တရာ ဘက်မှာလည်း အချ ည်းနှီး ။

အတိတ် ကုသိုလ်ကံ အားကြီးသော်လည်း ... လက်ရှိ ကုသိုလ်ကံ ကောင်းအောင်မပြု ။
အကုသိုလ်ဘက် လေ့ကျ က်လိုက်စားရင်း ... ကုဋေကြွယ် သူဋ္ဌေးဘဝမှ သူတောင်းစား ဘဝသို့ 
ကျရောက်သွားနိုင်ကြောင်း ဘုရားရှင်က ဆုံးမဟောပြ တော်မူပါတယ် ။

ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ကတော့....
*( အတိတ် ကုသိုလ်ကံ ပါလာပါလျက်
ကုသိုလ် ဆက်ဖို့  မကြိုးစားကြခြင်းဟာ... ပြည်တန် တဲ့ ပတ္တမြား
ပဲလှော် နဲ့ လဲစားနေတာလို့  ဆုံးမဖော်ပြပါတယ်)*

* ကုသိုလ် ကံကောင်းကို မတူးဖော် ၊
အကုသိုလ် ဒုစရိုက်တွေကြား အာရုံ ငါးပါး
ပျော်ပါး လိုက်စား နေသူများဟာ ...
တစ်နည်းအားဖြင့်တော့ ကံလွဲသူများ လို့ ပဲ ဆိုရတော့မှာ
ဖြစ်ပါတယ် *။

(မောင်သွေးချွန်၏
ဆယ်ဆသာရမယ် မှ ကူးယူပူဇော်ပါ၏)


ကို ရုပ် ဆိုး



Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

အိမ်​ နှင့် လောကီပညာ

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

 
365myanmar.com - Myanmar Online Shopping Mall