ဂျပန်မှာ ကလေးတွေ ကျောင်းသွားတာ



ဂျပန်မှာ ကလေးတွေ ကျောင်းသွားတာ နမူနာ လေးပါ ကျောင်းကို ကိုယ့်ရပ်ကွက် က ကျောင်း မှာပဲ အပ်လို့ ရပါတယ် ရပ်ကွက်ကျော် အပ်လို့မရပါ ။

ကျွန်မတို့နေတဲ့ ITABASHI ဆို ရင်အပ်လို့ ရတာ မူလတန်း ၃ကျောင်းရှိ တယ် အဲဒီ ကျောင်း ၃ကျောင်းထဲကမှ တစ်ကျောင်းကို အပ်လို့ ရပါတယ် ကျောင်း ကို အပ်ဖို့ စီမံခန့်ခွဲတာ က ဘယ်အိမ်မှာနေတဲ့ ဘယ်ကလေးက ဘယ် နှစ်မှာကျောင်းတတ်ရမယ် လို့  တတ်လို့ကျောင်း လိပ်စာ နဲ့ တစ်ကွ ရပ်ကွက်ရုံးက စာလာပါတယ် ။ ကိုယ်က အဲဒီထဲကမှ ကိုယ် အဆင်ပြေမဲ့ ကျောင်းကိုရွေးပြီးကျောင်းကို သတင်းပို့ ရပါတယ် ။

အများစုရွေးတာက အိမ်နဲ့ နီးမဲ့ကျောင်းပါ ရပ်ကွက်မှာနေတဲ့လူ ဦးရေနဲ့ ကျောင်း အရေအတွက် က သူတို့ က လုံလောက်အောင် တွက်ချက်ထားတာပါ ။

ကျောင်း ဆင်း ကျောင်းတတ်ချိန် ကျောင်းအနီးနားကို ကားလဲ လာ လို့ မရပါ ကြိုပို့ လုပ်လို့ မရပါ ။ ဒါကြောင့် အဝေးမှာ မထားကြတာပါ ..

မြို့သစ် အိမ်ယာသစ် တည်ဆောက်တိုင်း ပါတာက ကျောင်း ဆေးခန်း လုံလောက်တဲ့ အကျယ်အ၀န်း နဲ့ ၄ ထပ် ၅ ထပ် ရှိတဲ့ ကားပါကင် နဲ့ ပန်းခြံ ကစားကွင်း ပါ မဖြစ်မနေ ပါပါတယ် ။

မြန်မာပြည်မှာလို မြို့စွန်တွေမှာ အိမ်ရာ စီမံကိန်း အကြီးကြီးတွေ လုပ်ပေးပြီး အဲဒီမှာနေတဲ့ မိသားစုမှာ ပါလာမဲ့ တိုးလာမဲ့ ကလေးငယ်များ အတွက် ကို စာသင်ကျောင်း မပါ ဆေးခန်း မပါ တော့ တာဝန်ရှိသူများ ကလေးပညာရေးကို မစဉ်းစားပေးတာ သိပ်သိသာပါတယ် ။ လူကြားအောင် ပညာရေးဘာညာ တာဝန်ရှိသူ သြော်နေတာပါ ။ (ဒါက စကားစပ်ပါ)

သူတို့ နိုင်ငံမှာ မွေးလာတဲ့ ကလေးတိုင်း ဘာလူမျိုး ဘာဘာသာ ဖြစ်ဖြစ် အရွယ်ရောက်လာလို့ နိုင်ငံတွင်းမှာ ရှိနေရင် ကျောင်း အပ်ရမဲ့နေ့ကို ချက်ချင်းသိပါတယ် ။ အစိုးရကျောင်း မအပ်ချင်လို့ ပုဂ္ဂလိက ကျောင်းအပ်ရင် လဲ private ကျောင်းက နိင်ငံတော်ကို အကြောင်းကြား ပေးရပါတယ် ။

မအပ်ဖြစ် ကျောင်းမထားဖြစ်ရင် မြို့ နယ်က ချက်ချင်းရောက်လာပြီး ဘာ အခက်အခဲ ရှီလဲ ကူ ညီဖို့ ချက်ချင်းရောက် လာတာပါ ။ ဒီလောက် ပညာရေးကို အားပေးပါတယ် ။ အစိုးရကျောင်းကြိုက်တဲ့ ကျောင်းကိုထား သင်္ခန်းစာ က ဟို တော ရေပတ်လည် ၀ိုင်းနေတဲ့ကျွန်းက စာသင်ကျောင်းက ဒီနေ့ သင်တာ နဲ့သင်ခန်းစာက မြို့ပေါ် အတန်းတူ ကျောင်းအားလုံး သင်ခန်းစာနဲ့အတူတူပါ ပဲ ဘာမှမကွဲပါ ။

ဘယ်ကလေးက ဘယ်ဘာသာ ညံ့တယ် ဆိုတာ ဆရာမများက သိပါတယ် ချက်ချင်း အစားထိုး သင်ပေးထားပြိးသားပါ အတန်းတင် စာမေးပွဲဆိုတာ မရှိပါ အတန်းကြီးလာရင် တော့ အရည်အချင်း စစ် စာမေးပွဲရှိပေမဲ့ ကျလို့ နောက်တစ်နှစ် ဒီအတန်းတတ်ရတယ် ။ ဆိုတာ လုံးဝ မရှိသလောက်ပါပဲ မိဘ များ ခရီးသွားရ လို့  ကျောင်းချိန် မမှန်ဖြစ်လို့ စာမမှီလို့  မဖြစ် မနေ ဒီအတန်း ပြန်နေရတာတော့ရှိပေမဲ့ အလွန်နဲပါတယ် ။

ကျောင်းမှာ သင်တာက အစု အဖွဲ့  နဲ့ ခေါင်းစဉ်လေးတွေ ချပေးပြီး အုပ်စု လိုက်ဆွေးနွေး ပွဲလေးတွေ ကိုယ်တစ်နေ့တာ လုပ်ငန်းလေးတွေ ပြင်ပလေ့လာရေး မှတ်ချက် လေးတွေ ကို Report လို လေး ပြန်ရေးခိုင်းတာ မျိုးတွေ ကိုယ်စိုက်ထားတဲ့ ပန်းပင် ရဲ့ အခြေအနေလေးတွေကို ပြန်ရေးခိုင်းတာမျိုးလေးတွေပါ ။


အဲဒီမှာ ဂီတ ပါမယ် ။ အားကစားပါမယ် ။ ပန်းချီပါမယ် ။ ၂ တန်းက စပြီး ကွန်ပြူတာ အခြေခံပါမယ် ။
အဲဒါလေးတွေကို ညှပ်ညှပ်ပြီးမှ ဂျပန် စာနဲ့ သချာင်္ ကို သင်ပေးလိုက်တာပါ ၄ တန်းလောက်ထိ ဒါပါပဲ အတန်းတင် စာမေးပွဲမရှိပါ ။






ဟိုကလေး သင်္ချာညံ့ တယ် လို့  စာညံ့တယ် ဆိုတာ မရှိပါ အလီ ကိုမဖြစ်မနေ ၃ တန်းမှာ မှ သင်ပါတယ် ။ ကျောင်းအုပ် ဆရာကြီးဆီကို ၃ တန်းကလေး ၁၀၀ ကျော်လောက်က တစ်ယောက်ချင်းစီ တန်းစီပြီး ဆိုပြရတာပါ ။

နောက် ကျောင်းမှာ အုပ်စုဖွဲ့ပြီးခေါင်းစဉ်လေးတွေကို ဆွေးနွေးခိုင်းတာပါ ။တစ်လ တစ်ကြိမ် စနေ မှာ မိဘတွေက ကျောင်းမှာ ကလေးတွေကို စာသင်တာကို နောက်က နေရပ်ကြည့်ဖို့ မိဘတွေကိုခေါ်ပါတယ် ။ ၀င်စွက်ဖက်တာ မရှိပါ ။ ဟိုလိုဖြေလိုက်လို့ ဒီလို ဖြေလို က်ပြောလို့ မရပါ ပြောဖို့ လဲ မလိုပါ ။

သူတို့ ဟာသူတို့ စီစဉ်သွားတာပါ အုပ်စု ဖွဲ ၅ ယောက် တစ်ဖွဲ့ ဆို ခုံနီးချင်း အုပ်စုလေး ၅ ခုံ စီဖွဲ့သွားပါတယ် ။ တစ်ယောက်ပို တစ်ယောက်လို ဆိုလဲ သူတို့ ချင်း ပဲ ညှိသွားပါတယ် ။ အမြဲ တန်း ဒီလူ ချည်းပဲ အုပ်စုဖွဲ့လို့ မရပါ ခုံ အရှေ့အနောက်ကို တစ်ရက်ချင်းစီ တိုးတိုး ပြီးထိုင်ရတာပါ ။

နီးစပ်ရာသူတို့ ဘာသာ အုပ်စုလေး ဖွဲ့ပါတယ် ။ ခေါင်းစဉ်လေးကလဲ ဆရာက စဉ်းစားပေးတာ မနေ့ က ကျောင်းအ၀မှာ အမှိုက် တွေ့  တယ် အဲဒီ အမှီုက်ကြောင့် စိတ်ထဲ ဘယ်လို ခံစားရလဲ ဘာတွေ လုပ်သင့်လဲ အဲဒီ အမှိုက်ပြစ်တဲ့သူက မပြစ်ရတဲ့နေရာမှာ ဘာကြောင့် ပြစ်တယ်ထင်လဲ ။



ဘယ်လို အရေးယူသင့်သလဲ နောက်မပြစ်အောင် ဘယ်လို လုပ်ရမလဲ ဒါမျိုး လေး တွေ ပါပါတယ် အရေးယူ အပြစ် ချည်းပဲ ပြောလို့ ဆွေးနွေးလို့ မရအောင် ဆရာက ပြန်ထိမ်းညှိပေးပါတယ် ။ သူ ပြစ်ရတဲ့ အကြောင်း အခက်အခဲ လဲရှိနိုင်ကြောင်းလေးကို အဖွဲ့ တစ်ခုချင်းစီ ကို အရင်ဆွေးနွေးခိုင်းပြီး ရင် ခေါင်းစဉ် ဂိုက်လိုင်း တစ်ခုကို တစ်ခုချင်း စီ သူ့ အမြင် ကိုယ့်အမြင် ဆွေးနွေးခိုင်းတာပါ ။

တစ်ဦးတည်း တတ်ပြီးတစ်ဦးတည်း တော်နေရင် လဲ လက်မခံပါ ။ကိုယ့်အုပ်စုက ကိုယ်လို မစဉ်းစားတတ်တဲ့ သူ ကို ပါ ကိုယ်ဘာကြောင့် ဒီလို စဉ်းစားတာ ဒီလို စဉ်းစားကြည့် ဆိုတာကို အချင်းချင်း ညှိခိုင်းတာပါ ။ အဲဒီသင်ခန်းစာ လေးက သူတို့ ဆီမှာ အုပ်စု တွေ အဖွဲ တွေ့များပေမဲ့ပြိုကွဲတာ သိပ် မရျီပါ ။

မြန်မာ က ၃ ယောက် ရှိရင် ၄ ဖွဲ့ ကွဲတယ် ဆိုတာ အပြောခံရတာ စာသင်ကျောင်းက ဒါမျိုး မသင်ပေးလိုက်လို့ ပါ ။



ငယ်စဉ်ကတဲက သူ့အမြင် ကိုယ့်အမြင်ကို ခံစားတတ်အောင် အရာရာကို အပြစ်ချည်းပဲ မမြင် ကြအောင် မသင်ပေးခဲ့လို့ ပါ ။ ထစ်ခနဲ၇ှိ မိဘ မကောင်းလို့ ဆိုတာချည်းပဲ ပြောကြပါတယ် ။ မိဘဆီက ပါလာတာ က စရိုက် နဲ့ ဗီဇပဲ ပါနိုင်မှာပါ ။ ဒါကို အများနဲ့ဆက်ဆံရရင် နေနည်းထိုင် နည်း က အများ နဲ့ တူတူ နေတတ်ဖို့ ကျောင်းကသင်ဖို့ လိုပါတယ် ဒါကကျောင်းက သင်ပေးရမဲ့ သင်ခန်းစာပါ...

အများစုက ကျောင်း ဆိုတာ စာပဲ သင်ရမယ် ထင်နေတာပါ စာတွေ အလွတ်ကျတ် အလွတ်ဖြေ အမှတ်ကောင်း နံပါတ် ၁ သူများထက် သာ တွေကို သင်ပေးလိုက်တဲ့ ကလေးက သူများကို ကိုယ်ချင်းစာတတ်ဖို့ သူများ အတွေးကို ပါ ခံစားပေးဖို့  အမှိုက်မြင်တာနဲ့ အမှိုက်ပြစ်တဲကော့င် စည်းကမ်းမရှိဘူးဆိုပြီး တွေးမဲ့ အစား အခြေအမြစ် ကျကျ စဉ်းစားတတ်အောင် အမှိုက်သွားပြစ်နေရင်း နဲ့ ရုတ်တရက် မူးလဲပြီး အရေးပေါ် အခြေအနေ တစ်ခုခုကြောင့်လား မျိုးလေးပါ ။

စဉ်းစားခိုင်းတာ ဒါကို ဘေးက ဒီအမှိုက်ကို မြင်တဲ့အချိန် မှာ ဘာမှ မလုပ်ကြဘူးလား ဆို တာ မိဘ မအားလို့ ကလေးကိုပြစ်ခိုင်း လိုက်တာမှာ ကလေးက နေရာမှားပြစ် သလား မျိုါ်လေးကို ဆွေးနွေးပြိး သင်တာပါ စာတစ်ပုဒ် ကို အလွတ် ကျတ်ခိုင်း တာထက် များစွာ တန်ဖိုးရှိတဲ့ သင်ခန်းစာများပါ .. .ဒါကျွန်မ ဥပမာပေးတာပါ ။
အဲဒီ သင်ခန်းစာ ဆွေးနွေးနေတုံးမှာ ကလေး တစ်ဦးက ဆရာကိုမေးလိုက်တဲ့မေးခွန်းလေး အရမ်း သဘောကျတယ် သူများ မမြင် မစဉ်းစားတာ စဉ်းစားလိုက်ပုံလေး ။

ဆရာ ဒီအမှိုက်ကို မြင်သလား တဲ့ ဆရာကမြင်တယ် မြင်လို့ ဒီမေးခွန်းကို မေးတာ လို့ ပြောတယ် ။ သူငယ်ချင်းလို ဆွေးနွေးတာ ကလေးက ထပ်မေး တယ် ပြစ် တဲ့သူကို တွေ့လိုက် သလားတဲ့ ဆရာက မတွေ့ ဘူးတဲ့ ။

ကလေးက ထပ်ပြောတယ် ဆရာ အဲဒီ အမှိုက်ကို ဘာလုပ်ခဲ့သလဲ တဲ့ ဆရာက လက်ခုပ်တီးပြီး ကလေးပါတဲ့ အဲဒီအုပ်စုကို ချီးကျူးတယ် ကလေးတစ်ယောက်ထဲကို မချီးမွှန်းပါ ။ သူလုပ်ခဲ့တဲ့ အကြောင်းကို ကလေးအားလုံးကိုပြန်ရှင်းပြတယ် ။ အဲဒီလို အုပ်စု အဖွဲ့လေး နဲ့ လုပ်တတ် စဉ်းစားတတ်အောင် သင်သလို တစ်ဦး ချင်း အတွက်လဲ သင်ပါတယ် ။

ပန်းပင်လေး စိုက်ထားရင် တစ်ဦးချင်စီ ကိုယ် အပင် ဖြစ်လာတာကို အသေးစိတ် ပုံလေးပါ ဆွဲပြီး သူတို့ အမြင် အဖြစ်အပျက် လေးတွေ ကို စာရေးခိုင်းပါတယ် ။

အိမ်မှာ ပိတ်ရက်မှာ လုပ်ခဲ့တာလေး ကို လဲ ဟောပြောပွဲမှာ ဟောပြောရ သလို အတန်းရှေ့ ထွက်တစ်ဦးစီ အကုန် လုံး အချိန်သတ် မှတ်ပေးပြီးပြော ခိုင်း တာလေး စကားပြောဖို့ ရှေ့ထွက်လာရင် လူတွေကို အရိုအသေးပေးရမှာ ကျေးဇူးတင်ပါတယ် ပြောရမှာ စသည်ဖြင့် အသေးစိတ် ပါသင်လိုက်တာပါ ။ကလေး က ငယ်ကတဲ က လူရာဝင်နေပါပြီ ။

အုပ်စုလိုက်ကို လဲ အလှည့်ကျခေါင်းဆောင်လေး လုပ်ခိုင်းပါတယ် ။ စိုက် ခင်းလေး တစ်ဖွဲ့ ဖွဲ့ပေးတာမျိုး လုပ်ပြီး ခေါင်းဆောင် အလှည့်ကျ လုပ်ခိုင်းတာ ခေါင်းဆောင်ခိုင်းတာကို နောက် လိုက် အလှည့်ကျ သူက လိုက်နာ ခိုင်းတာမျိုးလေးတွေပါ ။

ကျောင်းဆိုတာ စာသင်တာ တစ်ခုတည်း မဟုတ်ပါကြောင်း နဲ့ ထစ်ခနဲရှိ ဆရာ ၀န် ဖြစ် ဖို့ တစ်ခုတည်း ကျောင်း ပို့ တာ မဟုတ် ကြောင်း ကို မိဘကော ဆရာကော တာဝန် ရှိသူများကော သိဖို့ လိုပါတယ် ။
နောက် ကျောင်းအကြယ် အ၀န်း ပါ ကျွန်းနိုင်ငံမြေရှား တဲ့ နိုင်ငံမှာတောင် အကျယ် က ကစားကွင်း မိုးလုံလေလုံ အစည်းအဝေးခန်းမ စသည်ဖြင့်အ ကုန် ပါပါတယ် လုံလောက်ပါတယ် ။

မြန်မာပြည်မှာ ကျောင်းတွေက မူလက ကျယ်ပါတယ် ။ နောက်တော့ ကျောင်းမြေတွေ ပျောက်ကုန်ပါတယ် ။ ဘေး အိမ်နဲ့ ကပ်နေတဲ့ကျောင်းတွေလဲ များစွာရှိပါတယ် ။ မီးရေး ထင်းရေး သိပ် အန္တရယ်များပါတယ် ။

ထွက်ပေါက် လုံလုံလောက်လောက်မရှိ ကျောင်းရှေ့ မှာ ကား လမ်းမကြီး နဲ့ကျောင်းတွေ အခု ပုဂလိကကျောင်းတွေ ဆို အခန်းကျဉ်းလေးတွေ မှာ ကိုယ် ပိုင်ကျောင်း လုပ် သင်နေတယ် ။ အလင်းရောင် လုံလုံလောက်လောက်မရှီ ဒါတွေစီ စစ်ရမှာပါ ။ အောင် ချက် ကောင်းရင် အမှတ်အများကြီး ရတဲ့ကျောင်းသား မွေးထုတ်နိုင်တယ် ဆိုတာကို ဂုဏ်ယူနေတဲ့ ပညာရေးစနစ် က တစ်ကိုယ်ကောင်း စိတ် တွေ မွေးထုတ်နေ တာပါပဲ ။နောက်ကျောင်းလွှတ် ချိန် ပါ မြန်မာပြည် မှာ ကျောင်း ဆင်းခေါင်းလောင်း နဲ့ အကုန် အတန်း အားလုံး တစ်ပြိုင်တည်းဆင်းပါ ။

ဒီမှာ ကတော့ အတန်းခွဲ လွှတ်ပါတယ် ။ တစ်တန်းနဲ့ တစ်တန်း ၁၀ မိနစ် စီခြား လိုက်တာပါ ။ ၁ တန်း ကလေးတွေ ဆိုရင် တော့ အတန်းကြီးနဲ့ တစ်နာရီစော ကျောင်းဆင်းပေးပြီး တစ်တန်းနဲ့ တစ်တန်းကို ၁၀ မိနစ်လောက်စီ ခြား လိုက်တာပါ ။ အဲဒီတော့ အ၀မှာ လူမပြုံတော့ဘူး ။ မိဘတွေ လဲ ပြွတ်မနေတော့ဘူး ။

ပညာရေးပြောင်းမယ် ဆိုလို့ ပြောသံ သိပ်ကြားလာပြီး ခုထိတော့ သိပ်မ ထူးခြား မို့  ရေးလိုက်ပါတယ် ။
ကွှန်မမှာ သမီးတွေရှိတယ် သူတို့ အနာဂါတ်က သူတို့ ကို ကျောင်းမှာ ဘယ်လို ပညာသင်ပေးလိုက်မှာလဲ ပေါ်မူတည်တယ် လို့ ပဲ ကျွန်မ ခံယူထားပါ တယ် ။ ဒါကြောင့် ကျွန်မ နားလည်သလို ခံစား ရေးပေးလိုက်ပါတယ် ။

စာတွေ အလွတ် ကျက်ပြီးဂျောင်းဂျောင်းပြေး ပြန်ဆိုပြနိင်တာ ကို စာတော်တယ် ဆို တာ ဟုတ်ချင် ဟုတ်ပေမဲ့ လူတော် တာ ဥာဏ် ရည် ထက်မြတ်တာ စိတ်နှလုံး ရည် ပြည့်ဝတာ လောကမှာ ကိုယ်တစ်ဦးတည်း ထိပ်ရောက်အောင် ဖြတ်သန်း ပြီး ကိုယ်လို ထိပ်မရောက်လာသူ အကြောင်းကြောင်းကြောင့် အခက်အခဲဖြစ်ခဲ့သူကို ကိုယ်ချင်းစာတရားမထား နိုင်ပဲ နိင်လို မင်းထက်ပြု ပြီး ငါ့လို မှ မင်းမလုပ်ခဲ့တာ ဆိုပြီးနိမ့်နိမ့် ကျကျ ဆက်ဆံ မဲ့ ဘွဲ့ရ စာ တတ် ပညာမတတ် တစ်ကိုယ်ကောင်း ငါသိ ငါတတ် ငါတော် လို့  ထင်နေစေတဲ့ သူ တွေ မွေးထုတ် ပေးရာမျိုး ကျောင်း များ ကို ပြောင်းလဲစေချင်လိုက်တာ ။


Credit: Yuri Ko


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

အိမ်​ နှင့် လောကီပညာ

 
365myanmar.com - Myanmar Online Shopping Mall