ဒါတွေ တွေ့ရင် နိမိတ်ကောင်းတယ်




(1) သွားလမ်းမှာ ရှင်ပြု ရှင်လောင်း၊ မင်္ဂလာဆောင်ပွဲ ၊


(2) သံဃာတွေကို ဆွမ်းလောင်းနေတာ၊ ဘုရား ရုပ်ပွါးတော် ပင့်ဆောင်တာ ၊


(3) ရွှေငွေ ပြည့်စုံ ထည်ဝါသူ က မိမိရှေ့ မင်္ဂလာ ရှိသော စကားများ ပြောဆိုနေသော အခါ ၊


(4) ကားငှါးသွားမယ် ဆိုလည်း တစ်ခါတည်း နဲ့ ရှောရှော ရှုရှု အဆင်ပြေ ငှါးစီး သွားနိုင်ရင် ၊


(5) သွားတဲ့အချိန် မိမိအိမ်မှာ ရန်ဖြစ် စကားများမှု မရှိလျှင် ၊


(6) ကလေးတွေက ပျော်ရွှင်စွာဖြင့် အပြန် မုန့်ဝယ်ခဲ့ပါဟု မှာလျှင် ၊


(7) ကိုယ်သွားမယ့် အချိန်မှာ ရေဒီယို တီဗီ စသည်မှ မင်္ဂလာ ရှိစကား တရား သီချင်း စသည်တို့ လွှင့်နေချိန်ဖြစ်လျှင် ၊


(8) ကိုယ်ရှေ့မှာ လူအုပ်စု တစ်ဝါးဝါး တစ်ဟားဟားဖြင့် ရီမောပျော်ရွှင် နေလျှင် ၊


(9) စသွားချိန်မှာ မြင်ကွင်း ၌ မင်္ဂလာ ရှိသော ကြေငြာ ဆိုင်းဘုတ်များ တွေ့ရလျှင် ၊


(10) နိမိတ်ကောင်းသော လမ်းနာမည် ( စိတ္တသုခလမ်း/ ချမ်းသာကြီးလမ်း စသည် ) တွေ့လျှင် ၊


(11) လမ်းခရီးမှာ နာမည်ကျော်ကြား ထင်ရှားသော ပုဂ္ဂိုလ်ကို တွေ့လျှင် ၊


(12) လမ်းမှာ ရေတစ်ဟောဟော  ကျနေတဲ့ ပွင့်နေတဲ့ ရေဘုံဘိုင် ကို တွေ့လျှင် ၊


(13) လမ်းမှာ တစ်စုံ တစ်ဦးက ရေ ကို အားပါး တစ်ရ မော့သောက်နေသည် ကို မြင်သော် ၊


(14) လမ်းမှာ အသုဘ တွေ့သော်လည်း ငိုယိုနေသူကို မတွေ့သောအခါ ၊


(15) သွားခါနီး အိမ်ရှင်မ သို့မဟုတ် တစ်ဦး ဦးက ငါး ဝယ်လာသော် ၊



(16) တိရစ္ဆာန်တွေ ရန်မဖြစ်ပဲ အေးချမ်းစွာ စားသောက်နေတာမြင်သော် ၊

(17) သူတောင်းစား / အခြေမဲ့လူ တို့ ခိုက်ရန်ဖြစ် စကားများတာကို မကြုံရလျှင် ၊


(18) သွားကာနီး ကလေးတွေ ဘုရား ရှိခိုးတာ မြင်လျှင်၊ ဘုရားစာ ရွတ်သံ ကြားသော် ၊


(19) သူတော်စင်တို့ အလှုခံ ထွက်သည်ကို မြင်သော် ၊


(20) လှပတဲ့ မိန်းကလေး တစ်ယောက်က ထီး တံခွန် ကုက္ကား စသည်နှင့် ကန်တော့ပွဲ စသည် ဝယ်လာ သည် မြင်သော်


(21) အိုးစည် ဒိုးပတ် စသော တူရိယာဝိုင်း နှင့် ကြုံသော် ၊


(22) လမ်းခရီးမှာ ပျားရည် ပျားအုံ တွေ့သော် ၊


(23) ဆေးရုံကား အသုဘကား ဖြတ်သွားတာ မြင်သော် ၊


(24) သွားနေတုန်း ယောင်္ကျား က ဗယ်ဘက် မျက်ခုံး၊ မိန်းမဆို ညာဘက် မျက်ခုံး လှုပ်ခဲ့သော်

ထို နိမိတ်များသည် ကောင်းသော အောင်သောနိမိတ်မျ ဖြစ်ပေသည်။

{ မြစကြာ }


ကြိုက်ဆုံး ဗေဒင် ယတြာများ



Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

အိမ်​ နှင့် လောကီပညာ

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

 
365myanmar.com - Myanmar Online Shopping Mall