အင်ဂျင် ညည်းသံ အထွက်မြန်စေတဲ့ အကြောင်းများ



ဘယ်လို ကားရဲ့ အင်ဂျင်ပဲ ဖြစ်ဖြစ်၊ သက်တမ်းစေ့ရင်တော့ အင်ဂျင် ကျလာမှာပါပဲ။ ဆူညံသံ ပေးလာမှာပါပဲ။ ဒါပေမယ့် အချိန်မတန်ခင် ဆူညံသံပေးတဲ့ ဖြစ်ရပ်မျိုး တစ်ချို့ မော်ဒယ်တွေမှာ တွေ့နေရပါတယ် ။ ဘာကြောင့် ပါလဲ။  များသောအားဖြင့် အိမ်စီးကားတွေမှာ အဖြစ်များပါတယ်။ နည်းနည်းလောက် ရှင်းပြပါရစေ။

အိမ်စီးကား ဆိုတာ ဇိမ်ခံမော်ဒယ်လည်း မဟုတ်၊ ပြိုင်ကားလည်း မဟုတ်၊ တန်ကြေး နည်းနည်းနဲ့ စီးနင်းနိုင်အောင် ထုတ်လုပ် ထားတဲ့ မော်ဒယ်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီနေ့ ပြည်တွင်းမှာ ခေတ်စားနေတဲ့ သိန်း ၁၀ဝ ကျော်တန် မော်ဒယ်တွေကို ဆိုလိုတာပါ။ 


အဲဒီထဲက မှ ကားတစ်စီးရဲ့ သက်တမ်း ကီလို ၂ သိန်း၊ နှစ် ၂၀ မတိုင်ခင် အင်ဂျင် ကျပြီ၊ ညည်းသံထွက်ပြီ ဆိုရင်တော့ ဒါဟာ မောင်းနှင် သူရဲ့ နည်းလမ်း မကျတဲ့ အသုံးကြောင့်ပါ။


ပထမဆုံး ဖြစ်နိုင်ခြေ တစ်ချက် ပြောပါရစေ။ 
သတ်မှတ်နှုန်းထက် ပိုမို ခိုင်းတာကြောင့် အင်ဂျင် ညည်းသံ အထွက် မြန်စေနိုင်ပါတယ်။
ဘယ်လို သတ်မှတ်နှုန်း တွေထက်လဲ ဆိုရင်............


> ဝန်ပို တင်ဆောင်မောင်းနှင်ခြင်း၊
> ခရီးဝေး မောင်းနှင်မှုမှာ
• ဥပမာ• မိုင် ၁၀ဝ တစ်ဆက်တည်း မောင်းနှင်နိုင်မှုကို မိုင် ၁၅၀ ကျော်မျိုး တစ်ဆက်တည်း မောင်းနှင်မှု၊
> လမ်းကြမ်းမောင်း မော်ဒယ် မဟုတ်ပေမယ့် လမ်းကြမ်းပိုင်း မောင်းနှင်မှု၊
> တောက်တက် လမ်းတွေမှာ ဂီယာချက် မှန်ကန်အောင် ပြောင်းလဲ မောင်းနှင်မှု မရှိခြင်း၊
> လေအေးပေး စနစ်ကို အချိန်ကြာ အနား မပေးဘဲ သုံးစွဲမှု၊
*** ဒီလို အချက်တွေက အင်ဂျင်ကို ညည်းသံပေးမှု မြန်ဆန်စေပါတယ်။ ဒါက မောင်းနှင်မှု အပိုင်းပါ။



နောက်ထပ် ယာဉ်မောင်း ဘက်ကနေ ပစ္စည်း ထည့်သွင်းမှု အားနည်းခြင်းကြောင့်လည်း အင်ဂျင် ညည်းသံပေး မြန်ဆန်နိုင်စေပါတယ်။
• ဥပမာ•
> Coolant အရည် ပုံမှန် လဲလှယ်ပေးမှု မရှိခြင်း၊ ရေတိုင်ကီ ရေ မလဲပေးခြင်း၊
> လေစစ် စစ်ဆေးမှု၊ သန့်စင်ပေးမှု၊ လဲလှယ်ပေးမှု မရှိခြင်း၊
> အင်ဂျင်ဝိုင် စစ်ဆေးလဲလှယ်မှု မရှိခြင်း၊
> ဂီယာဝိုင် စစ်ဆေးလဲလှယ်ပေးမှု မရှိခြင်း၊
> လေပေါင်ချိန် လျော့နည်းနေစေခြင်း၊
> အနားပေး မောင်းနှင်မှု မရှိခြင်းတွေက အင်ဂျင် ညည်းသံ အပေးမြန်စေတဲ့ အချက်ပါ။



နောက်ဆုံး ဖြစ်နိုင်ချေ ကတော့ ယာဉ်မောင်း ရဲ့ အမှားပါ။ မောင်းနှင်မှု ပုံစံ အမှားမျိုး ဖြစ်ပါတယ်။
Sport ကား တင်သွင်းမှု ပိတ်ထားတဲ့ ပြည်တွင်း အနေအထားမှာ Sedan နဲ့ တစ်ချို့သော Supermini တွေကို ပြိုင်ကား ပုံစံ ပြင်ဆင် စီးနင်း လာကြပါတယ်။


ဒါပေမယ့် မော်ဒယ် ကို ပြင်ဆင် လိုက်ရုံနဲ့ ရုပ်ထွက်မှာသာ ပြောင်းလဲ သွားပေမယ့် အင်ဂျင် ကတော့ မူရင်းပါပဲ။ 


ဒါပေမယ့် Sport တစ်စီးလို အပြိုင်မောင်းနှင်မှုတွေ၊ ခိုင်းစေမှုတွေ လုပ်ဆောင်လာပြီ ဆိုရင်တော့ အနှေးနဲ့ အမြန် အင်ဂျင်က ညည်းသံ ထွက်လာတော့မှာပဲ ဖြစ်ပါတယ်။



🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
Irrawaddy



Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

အိမ်​ နှင့် လောကီပညာ

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

 
365myanmar.com - Myanmar Online Shopping Mall