အတိုနူန်း နှင့် စီးပွားဝင်ငွေ တွက်ချက်နည်း အကြောင်းသိကောင်းစရာ



ကျွန်တော် ပစ္စည်းတစ်ခုကို ၁၉ သိန်း နဲ့ ဝယ်လှောင်ထားတာ ပြန်ရောင်းတော့ ၈သိန်းခွဲ လောက်မြတ်တယ်ဗျာ။ ဒါပေမယ့် ၉ လလောက် သိပ်ထားရတာလေ ။ ၅ ကျပ် တိုးနဲ့ပြန်တွက်ကြည့်တာ ၅သောင်းလောက် ရှုံးနေတယ်။

စီးပွားရေး လုပ်တဲ့ အခါမှာဘယ်လောက်မြတ်လဲ၊ ဘယ်လောက်ရှုံးလဲ ဆိုတာကို အတိုးနှုန်းနဲ့ တွက်ကြည့်တဲ့နည်းပါ။ ကိုဝင်းနိုင်စိုး ရဲ့ post ကိုပြန်ဖော်ပြပေးလိုက်ပါတယ်။ လေ့လာကြည့်ပါဦးဗျာ။
........
အတိုနူန်း နှင့် စီးပွားဝင်ငွေတွက်ချက်နည်း အကြောင်းသိကောင်းစရာ ...

စီးပွါးရေးသမားများ အလုပ်လုပ်ရာ တွင် မိမိလုပ်သော လုပ်ငန်း ဘယ်လောက် အတိုးကိုက်သလဲ ဆိုတာကို ပေသီး ပြန်ခေါက်ကြပါ တယ်။ 

ဥပမာ.....  ၃ ကျပ်တိုးလား? ၅ ကျပ်တိုးလာ? ၁၀ကျပ်တိုးလား?
သူများဆီမှ ငွေ မချေးပဲ ကိုယ်ပိုက်ဆံနှင့် ကိုယ် လုပ်သော်လည်း မိမိ လုပ်ငန်း အတိုး ဘယ်လောက်ကိုက်လဲ ဆိုတာ လချုပ် နှစ်ချုပ် တွက်ကြပေသည်။ တွက်ဘို့လဲ လိုပါသည် ဒါမှလဲ မိမိ လုပ်ငန်း တိုးတက်မူ့ ဆုတ် ယုတ်မူ့ သိနိုင်ပါသည်။
တစ်ချို့ စနစ်မကျသော လုပ်ငန်းရှင်များ က ok ok နဲ့ အချိန် တန်သော် မ ok ဘဲ ပြုတ်သွားပါတော့သည်။ ဘာဖြစ်လို့ လဲ ဆိုတော့ စနစ်တစ်ကျ တစ်လ တစ်ခါ ၊ တစ်နှစ် တစ်ခါ စာရင်း မချုပ်လို့ပါ။ စာရင်းပြန်
ချုပ်ခြင်း အားဖြင့် အရူံးအမြတ် ကိုဦးစွာ သိရပါလိမ်မည်။ 


ok မြတ်ပါတယ် နောက်တစ်ဆင့် ဘယ် အတိုးနဲ့ ကိုက် ပါသလဲ? ၂၀ တိုးလောက် ကိုက်ရင် ok ပါတယ်။ ၃ ကျပ် တိုး ကိုက်ရင် သိပ်မကောင်းဘူးပေါ့။
ကိုယ်ငွေလိုလို့ လှယ်ရင် ရွှေ အပေါင်လေးပေးမှ ၃ကျပ်တိုး နဲ့ ဆွဲလို့ ရမှာကိုး ဒီတော့ ၃ ကျပ် တိုး နဲ့ ကိုက်ရင် အရင်းပဲ အပေါင်ဆိုင် ကို လုပ်ကျွေးလိုက်တာပဲလို့သတ်မှတ်ပါတယ်။ 

အခု နောက်ပိုင်းမှာတော့ ဘဏ်တိုး (ဘဏ်ငွေ အပ်ထားရင် ဘဏ်ကပေးသော အတိုးနှုန်း)
တောင် သိပ် မကိုက်ခြင်ဘူး ဟု ငြီးတဲ့သူများပါသည်။ တစ်ကယ်လဲ အဲ့ဒီလို ဖြစ်နေကြပါသည်။


မြေကွက် ရောင်းဝယ် လုပ်နေသူ ရဲ့စကား
သူ ဟိုတစ်လောက နေရာတစ်ခု မှာ ၈၀×၈၀ မြေကွက် တစ်ကွက် ကို ၂၄၀၀ သိန်း နဲ့ ဝယ်လိုက်ပါတယ်။ အခုခြောက်လ လောက်ကြာ တော့ သိန်း၂၅၅၀ လာပေးပါတယ်။ ကျွန်တော်က " မင်းထောပြီ "
ဆိုတော့ "ဘယ်ကလာ ထောရမှာတုန်း ရူံးနေတာ" " ဟေ" ဆိုတော့ သူက စိတ်ရှည်လက်ရှည် တွက်ပြပါ တယ်။
သူ့ မိတ်ဆွေ ဆီမှာ ထားရင် ၁ ကျပ် ၂၅ပြား အတိုးရကြောင်း
သိန်း၂၄၀၀ ကို ခြောက်လ ထားရင် အတိုးရပုံတွက်ပြပါတယ်။


ပထမလ သိန်း၂၄၀၀ မှာ ရရှိသော အတိုး သိန်း ၃၀ ရပါတယ် ၊
ဒုတိယလ သိန်း ၂၄၃၀ မှာ အတိုး သိန်း ၃၀.၃၇ ရပါတယ် ၊
တတိယလ သိန်း ၂၄၆၀.၃၇ မှာ အတိုး သိန်း ၃၀.၇၅ ၊
စတုထ္တလ သိန်း ၂၄၉၁.၁၂ အတိုး သိန်း ၃၁.၁၃ ၊
ပဉ္စမလ သိန်း ၂၅၂၁.၂၅ အတိုး သိန်း ၃၁.၅၁ ၊
ဆဋ္ဌမလ သိန်း ၂၅၅၁.၇၆ အတိုး သိန်း ၃၁.၈၉ ၊
ခြောက်လ အပ်ပြီး ရရှိမဲ့ တိုးရင်းပေါင်း သိန်း ၂၅၈၃.၆၅ ဖြစ်ပါတယ်။
"အဲ့ဒီတော့ လက်ရှိ ရတဲ့ဈေးက ၃၃ သိန်းလောက် ရူံးနေကြောင်း ဒါတောင် အတိုးနှုန်းကို ၁ကျပ် ၂၅ပြား နှုန်း နဲ့သာ တွက် ထားကြောင်း ၊ တစ်ကယ်လို့  အပြင်မှာ ၃ ကျပ်တိုး နဲ့ ယူပြီး ဝယ်ထားတာ ဆိုရင် အရူံး
ပြနေပြီ ဖြစ်ကြောင်း ရှင်းပြတော့ နားထောင်ရင်း ကျွန်တော် တစ်ကိုယ် လုံး ချွေးတွေ ပြန်လာလို့ သူငယ်ချင်းက တစ်ရူးပေပါ ဆွဲထုတ်ပေး ပြီး " ဟာ မင်းဘယ်လိုဖြစ်တာလဲ ချွေးတွေ အရမ်းထွက်နေပါလား.... ? "


သူနဲ့ လမ်းခွဲပြီး အတိုးနှုန်း ရဲ့ လုပ်ငန်းပေါ် အကျိုးသက်ရောက်မူ့ ကို စဉ်းစားရင် ချွေးတွေ ထပ်ထွက်လာပါတယ်။


လက်လီဆိုင်များ နဲ့ အတိုးနှုန်း
ဆိုင်ခန်း တစ်ခန်း ကို တစ်လ ၆ သိန်း နဲ့ သိန်း၂၀၀ ရင်းပြီး လက်လီဆိုင် ဖွင့်တယ် ဆိုကြပါစို့။
ရောင်းကောင်းကောင်း မကောင်းကောင်း တစ်နေ့ ပုံမှန်ထွက် မဲ့ စားရိတ် တွက်ကြည့်ရအောင်.......

1) မိတ်ဆွေ လုပ်အားခကို ၈၀၀၀ သတ်မှတ်ကြစို့
2) အလုပ်သမား နှစ်ယောက် နေ့စားခ 5000×2= 10000ကျပ်
3) ရေဘိုးမီးဘိုး တစ်ရက် 3000 ဘဲ ထားကြစို့
4) ထမင်းဟင်း စားရိတ် 12000 ဘဲထားကြစို့
5)ဆိုင်ခန်း ဌားခ တစ်ရက် 20000
6) အရင်း သိန်း 200 ကို 3 ကျပ် တိုး နဲ့တစ်ရက် ပေးရမဲ့အတိုး 20000
7) စည်ပင် အမိုက်ခွန် 1000
သာရေး နာရေး ကျန်မာရေး ပညာရေး စား ရိတ်များ ထည့် မတွက်တော့ပါဘူး။ 
မိမိရောင်းတဲ့ ကုန်ပစ္စည်းများ အလေ အလွင့်ထည့် မတွက်တော့ပါဘူး။ 
ဒီ စားရိတ်တွေ က တစ်ယောက် နဲ့ တစ်ယောက် ကုန်ကျ စားရိတ် မတူနိုင်ပါဘူး။ ကိုယ်ဟာ ကိုယ် ထည့်ပေါင်းကြပါ။


အဲ့ဒီတော့ တနေ့ရောင်းကောင်းကောင်း မကောင်းကောင်း မိတ်ဆွေ ရဲ့ ထွက်ငွေက 74000 ကျပ် ရှိပါ တယ်။ ဒီနေ့ မိတ်ဆွေ အရောင်းအဝယ်လုပ် လို အမြတ်ငွေ 50000 ဆိုရင် မိတ်ဆွေ
24000 အနှုတ်ပြသွားပါပြီ။ 


အရောင်း အဝယ်က ဒီနေ့ ကောင်း တယ် မနက်ဖြန် မကောင်းဘူး ဆိုတဲ့သဘောရှိပါတယ်။ ဒီတော့
လချုပ် နဲ့ပြန်ဖမ်းရပါတယ်။ 


ရက် 30 ပဲ သတ်မှတ်ကြစို့။ တစ်လ မိတ် ဆွေရဲ့ သေချာတဲ့ ထွက်ငွေက 2220000 ကျပ်ပါ။ မိတ်ဆွေ ရဲ့
အမြတ် က သိန်း 40 ဆိုရင် ဒီလ 17.8 မြတ် ပါတယ်။ သာရေး နာရေး ပညာရေး ကျန်းမာရေး မော်တော်ကားဆီ ဘိုး နုတ်လိုက်ရင် ရူံးတောင် ရူံးမလားပဲ။
တစ်ချို့ လက်လီဆိုင်များ က ပစ္စည်းဈေးကို % အသေ တင် ရောင်းတဲ့ သူတွေ အတွက် ဖော်မြူလာ ချကြည့် ရအောင် .၊ 

ဆိုပါစို့.......
မိတ်ဆွေက ပစ္စည်း အားလုံးကို 10% တင်ထားတယ်ပေါ့။ မိတ်ဆွေ ထွက်ငွေ ကာဘာဖြစ်ဘို့ မိတ်ဆွေရောင်း ရငွေဟာ အနဲဆုံး တစ်သိန်း ကို တစ်သောင်းမြတ်တော့ အနဲဆုံး ရောင်ရငွေ က 780000 ဘိုး ရှိမှ
မိတ်ဆွေ အရင်း ရမှာဆို တဲ့ အသိလေး ထည့်ထားလိုက်ရုံပါပဲ။
ရှင်းပါတယ်နော်။


ရွှေ ဝယ်ရောင်း နဲ့ပတ်သက်လို့ ပြောကြည့်ရအောင်
ဆိုကြပါစို့ မိတ်ဆွေ သိန်း 210 ရင်းပြီး ရွှေသုံး တုံး ဝယ်လိုက်တယ်ပေါ့ဗျာ။ ရွှေဈေးက တစ်တုံး ကို သိန်း 70 ပေါ့ ။ ရွှေ ကစားရင် ရွှေ နဲ့ပဲ အရင်း သတ်မှတ်တာ အရှင်းဆုံးနဲ့ အမှန်ဆုံးပါ။

တစ်ချို့လဲ ယာယီ ဝင်ကစားသူက အရင်း ကို မြန်မာကျပ် သော်လည်း ကောင်း ဒေါ်လာနဲ့သော် လည်းကောင်း သတ်မှတ်ကြပါတယ်။
1) ရွှေ နဲ့ သတ်မှတ်ရင် ရွှေ 3 တုံး
2) မြန်မာငွေ နဲ့ သတ်မှတ်ရင် ကျပ် သိန်း 210
3) ဒေါ်လာ နဲ့သတ်မှတ်ရင် 1200 ပဲ သတ်မှတ်ကြစို့ ။


ဒေါ်လာ $ 17500
ဒီရွှေ သုံးတုံး ကို အရင်းပြုပြီး အရောင်း အဝယ် လုပ်ရာ
တစ်လပြည့်တဲ့ အချိန်မှာ ရွှေဈေးက 780000 ဈေးဖြစ်ပြီး ဒေါ်လာ
ဈေးက ၁၂၃၀ ဖြစ်နေသည် ဆိုကြပါစို့ ။
1) မိတ်ဆွေ လက်ထဲမှာ ရွှေ သုံးတုံး နဲ့ အမြတ်ငွေ ကျပ် 5 သိန်း
ဆိုရင် မိတ်ဆွေ သေချာတဲ့ ၅ သိန်း မြတ်သွားပါပြီ။
2) မိတ်ဆွေလက်ထဲ မှာ ကျပ် 225 သိန်း ငွေသားချည်းပဲ ကျန်တယ်
ဆိုရင် မိတ်ဆွေ ငွေသား 15 သိန်း အမြတ်ပြသော်လည်း ရွှေ နဲ့
တွက်ရင် ကျပ် 14 သိန်း အရူံး ပေါ်သွားပါပြီ။
3) မိတ်ဆွေ လက်ထဲမှာ ဒေါ်လာ $ 18200 ကျန်ခဲ့ရင် ဒေါ်လာ
အနေနဲ့ ပြောရင် 700 မြတ်သော်လည်း ရွှေ သုံးတုံး နဲ့ ပြန်တွက်
ရင် ဒေါ်လာ $ 520 အရူံးပြနေပါပြီ။
4) အတိုးနှုန်းနဲ့ တွက်ရင် 1.25 အတိုး နဲ့တွက်ရင် သိန်း210 တစ်လ
ပြည့်တဲ့ အချိန်မှာ ရမဲ့ တိုးရင်းပေါင်း 21262500 ရမှာပါ။


အတိုးနှုန်း အခြေခံပြီး အမြတ်ပြန်တွက်ကြည့်ကြစို့ .....
1) ရွှေ အခြေခံတဲ့သူက 2637500 ကျပ်မြတ်ပါတယ်။
2) ကျပ်ငွေ အခြေခံတဲ့သူက 1237500 ကျပ်မြတ်ပါတယ်။
3) ဒေါ်လာ အခြေခံ တဲ့သူက 1487500 ကျပ်မြတ်ပါတယ်။


ဒီအပင်မှာ ရွှေ ဝင်ကစားသူ သုံးဦး လုံး အတိုးပေးစားသူ နဲ့ စာရင် ok ပါတယ်။ တစ်ကယ် လို့များ ရွှေဈေး ငွေ လွှဲ နှုန်း ဂျွမ်းပြန် ကျလာရင် အတိုးပေးစား တဲ့သူက ရီနေမှာပါ။ ဆိုကြပါစို့ ရွှေဈေး 670000
နဲ့ ဒေါ်လာဈေး 1150 ဖြစ်ခဲ့ရင် ရွှေ ဝင်ကစားသူ သုံးဦး စလုံး မြန်မာကျပ်ပြန်လဲရင် အရူံးပေါ်နေပြီ အတိုးပေးစား သူက စင်ပေါ် ရောက်သွားပါတယ်။ မြန်မာ ကျပ် မာလာတဲ့သဘောပါ။
ဒီအဖြစ် အပျက်ကနေ "သီအိုရမ်" ထုတ်ကြည့်ရင် ရွှေဈေး ငြိမ်တဲ့ အကျဘက်ကို ဦးတည်နေရင် မြန်မာငွေ မာလာရင် " အတိုးပေးစား"တာကိုက်ပါတယ်။ 

တစ်ကယ်လို့ ရွှေဈေး တက်ရိပ်ပြတဲ့ အချိန် မြန်မာ ငွေ ပျော့လာတဲ့ အချိန် မှာ ရွှေ ဝင် ကစားတာ ပိုအကျိုးရှိပါတယ်။ အကျိုး အမြတ်က ဘာမှ မဆိုင်ပါဘူး။
ခုနက အဖြစ်အပျက် ကနေပြီး ကျပ်ငွေ နှင့် ဒေါ်လာ အခြေခံတဲ့သူ နှစ် ယောက်က ရွှေသုံးတုံး ပြန် မဝယ် နိုင်သော်လည်း နီးစပ်ရာ ဘဏ်မှာ ပြန်အပ်ပြီး အတိုးနှုန်း လိုင်း ပြန်စီးရင် ရွှေဈေး အကျ ကို ကျားချောင်း
ပြန်ချောင်းပြီ အဝယ် မှန်ရင် ပြန်မြတ်ကြပါသေးတယ်။ ကမ္ဘာရွှေဈေး က တက်လိုက်ကျလိုက် အမြဲဖြစ်နေတာကိုးဗျ။
Good will နဲ့ Intellectual property ဘက်တွေမှာ ရင်းနှီး မြိုတ်နှံ လုပ်ကိုင်တာဟာ အင်မတန်
ကောင်းပါတယ်။ နိုင်ငံတော် အစိုးရကလည်း အားပေးမှာပါ။
ကမ္ဘာ မှာ ဒုတိယ အချမ်းသာဆုံးဖြစ်တဲ့ မစ္စတာ ဝါရင်း ဘတ်ဖတ် (စာလုံးပေါင်းမှားရင် ခွင့်လွှတ်)
ကပြောပါတယ်။ " သူ ဘယ်တော့မှ ရွှေ မှာ ရင်းနှီးမြူတ်နှံ မူ့ မလုပ်ဘူး လယ်မြေမှာ ရင်းနှီး မြိုတ်နှံရင် အမေရိ ကန် လယ်သမားတွေ အလုပ် ရမည်ပေါ့ "
မြန်မာ့ ရွှေပေါ်မှာ အဓိက အကျိုးသက်ရောက်မူ့ 2 ချက် ရှိပါတယ်။ ကမ္ဘာ့ ရွှေဈေး ရယ် မြန်မာ့ ငွေလဲနှုန်း
ရယ် ရှိပါတယ်။ 


ကမ္ဘာ့ ရွှေဈေးက မည်သူမှ control မရပါ ။ သူဟာသူ float ဖြစ်နေမှာပါ ။ inflation ကတော့ ကျွန်တော်တို့ ငွေမာတာ ပျော့ တာနဲ့ တိုက်ရိုက် ဆက်နွယ်နေပါတယ်လို့ထင်ပါတယ်။ 

ဆရာပြောသလို ကုန်ဈေးနှုန်းဖောင်းပွတဲ့ သဘော က မြန်မာငွေပျော့လို့ ပါ။ အရင် က အစိုးရ ဝန်ထမ်း လစာ တိုးတယ် ဆိုရင်ပဲ အပြင်ဈေးကွက်မှာ ကျွန်တော်တို့ ငွေကပျော့လာတတ် ပါတယ်။
ဒီ factor တစ်ခုက မြန်မာ့ ရွှေဈေးကို မြင့်စေပါ တယ်။ ဆရာ ပြောသလိုပါပဲ အတိုးနှုန်းထက် စာရင် အဓိက အကျိုး သက်ရောက်မူ့က infation ပါ။ မျော်လင့်ထားတဲ့ ။ မျော်လင့် မထားတဲ့ ကုန်ဈေးနှုန်း ဖောင်းပွ မူ့ ကဖြစ်တတ်ပါတယ်။

 ငွေလွှဲနှုန်း ကို ကြိုးချည် ထားနိုင်ပေမဲ့ အများပြည်သူစားတဲ့ ပြည်တွင်း ဆန်ဈေးနှင့် အခြေခံ စားသောက် ကုန်က မမျှော်လင့်ပဲ ခုန်တက်တာမျိုး ဖြစ်တတ်ပါတယ်။
ကျွန်တော်တို့ အင်ဂျင်နီယာတွေ စက် ပစ္စည်းတွေ နဲ့ လုပ်ငန်းတည် ဘို့လုပ်တဲ့ အခါ ဒီ စက်ပစ္စည်းတွေရဲ့ အရင်းကျေ ကာလ တစ်ခုကို တွက်ရပါတယ်။ အဲ့ဒီမှာ ဒီ စက်ပစ္စည်းတွေရဲ့ တန်ဘိုးလျှောကျ မူ့ဆိုတာကို ထည့်သွင်း တွက်ချက် ရပါ တယ်။ ဆိုကြပါစို့ .. စက်အသစ် တန်ဘိုးက ၁၀၀၀ ကျပ် ဆိုပါစို့ နောက်နှစ်မှာ ဒီစက်က ၉၀၀ ကျပ်ပဲ တန်ပါတယ်။
ဆိုလိုတာ long term investment မှာ အရင်ဆုံး ဦးစားပေး တွက်ရတာ က "အရင်းကျေ ကာလ" တစ်ခု အရင် တွက်ချက်ရပါတယ်။ အဲ့ဒီထဲမှာ interest rateက factor အများကြီး ထဲက တစ်ခုပါ။ 

ဆိုလိုတာ long term investment မှာ အဓိက က ဘယ်တော့ အရင်းကျေ မလဲ ဆိုတဲ့ မဟာဗျူဟာ ချမှတ်ပြီး နည်းဗျူဟာ များ ဌာန အလိုက်ပြင်ဆင်ရပါတယ်။
တစ်ကယ်တော့ ရေးရင်တာ လွယ်တာပါ ။ ကမာ့္ဘ ရွှေဈေး နှုန်းနဲ့ မြန်မာ ငွေ နဲ့ ဒေါ်လာ ချိတ်ဆက်မူ့ နှုန်းထားက အင်မတန် ဖမ်းရ ခက်ပါတယ်။ မရိုသေ စကား ဗျ " အရူးမလင် " လုပ်ရတာမှ လွယ်ပါအုံးမယ်။


ဆရာကြီး မဟုတ်ပါဘူးဗျာ အယူအဆ မှားရင် ခွင့်လွှတ်ကြပါ။
ရတနာ ချစ်သူ မိတ်ဆွေများ အားလုံး နှစ်သစ်မင်္ဂလာပါလို့
နှုတ်ခွန်းဆက်လိုက်ပါတယ်။


Win Naing Soe
...........
ကဲ ရှုထောင့်စုံကနေ တွက်ချက်ပြီး စီးပွားရေးလုပ်ကာ အောင်မြင်ကြပါစေဗျာ။
ကျော်စောလွင်
24.5.2016

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

အိမ်​ နှင့် လောကီပညာ

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

 
365myanmar.com - Myanmar Online Shopping Mall