တစ်ကယ်တော့ ငိုတယ်ဆိုတာ စိတ်​ဓာတ်​ ခိုင်​မာလို့ပါ



ငိုတတ်​တိုင်း အားနည်းတဲ့သူ​ တစ်​​ယောက်​မဖြစ်​သွားပါဘူး​နော်​။ တစ်ကယ်​​တော့ ငိုတယ်​ ဆိုတာ ပို​ပြီး​တော့​တောင်​ လူသားတောင်ဆန်​​စေ​သေးတယ်​​။

စိတ်​ဓာတ် မာ​ကြောတဲ့သူ​တွေ ငိုရတဲ့ အ​ကြောင်းအရင်း​တွေက​တော့.........

(၁) ကိုယ့် ကျန်းမာ​ရေးကို ဂရုစိုက်​လို့။
အားရ ပါးရ ငိုလိုက်​တာက ကိုယ်​ရဲ့ ခံစားမှုကိုပို​ကောင်း​စေတယ်​။ ငိုလိုက်​တာက စိတ် ​ဖိစီးမှု​တွေ၊ စိုးရိမ်​ပူပန်​မှု​တွေကို​လျော့သွား​စေတယ်​။ ငိုတာက ​သွေးဖိအားကို ကျ​စေပြီး ခန္ဓာကိုယ်​ အတွင်းက အဆိတ်​​တွေပါထုတ်​​ပေး​သေးတယ်​။ 


စိတ်​ခံစားမှု မ​ကောင်းတာ​တွေဖြစ်​​စေတဲ့ Manganese ကိုလည်း​လျော့ချ​ပေးတယ်​။ ​သိပ္ပံပညာရှင်​များ​ရဲ့​ပြောကြားချက်​ အရ အရမ်းငိုချင်​​နေတဲ့ အချိန် မှာ မျိုသိပ်​မထားပဲ ငိုချလိုက်​သင့်​ပါတယ်​။ ငိုချလိုက်​တာက ခံစားမှု​တွေ အားလုံးကို လွှင့်​ပျယ်​သွား​စေပါတယ်​။

(၂) တစ်ခြားသူ​တွေ​ ဝေဖန်​မှာကို မ​ကြောက်​တတ်​လို့။
ကိုယ် ​ခံစားရတာ​တွေကို ကွယ်​လျှိုး မ​နေပဲ ရင်​ဖွင့်​လိုက်​ရာက လူ​တွေကိုယ့့်ကို သနားသွားမှာ၊ အထင်​အမြင်​​သေးမှာ၊ အမျိးမျိး​ဝေဖန်​ကြမှာကို မ​ကြောက်​တဲ့ သတ္တိဟာ နည်းသလားလို့။

(၃) သူများ​တွေ မလုပ်​နိုင်​တာကို ကိုယ်​လုပ်​နိုင်​စွမ်း ရှိလို့။

ခက်​ခဲတဲ့ အ​ခြေအ​နေ​တွေကို ရင်​ဆိုင်​ဖို့ထက်​ ​ရှောင်​ကွင်းသွားတာက အများကြီး လွယ်​ကူပါတယ်​။ အသည်းကွဲလို့ကျတဲ့ မျက်​ရည်​​​တွေ အများကြီး ကျတာက ကိုယ်​အရင်​က အများကြီး ရင်းနှီးမြှုပ်​နှံထားလို့​လေ။ တစ်ခြားသူတစ်​​ယောက်​ကို အရမ်း ဂရုစိုက်​ဖို့ သတ္တိ​တွေရှိခဲ့လို့ပါ။ ဒါဟာ အများမလုပ်​နိုင်​တဲ့ အရာတစ်​ခု​ပေါ့။




(၄) ​ဘေးနားက လူ​တွေကို လွတ်​လပ်​​စေချင်​လို့။
စိတ်​ဓာတ် ​ခိုင်​မာတဲ့ သူ တစ်​​ယောက်​ ငိုလိုက်​တာ ​ဘေးကလူ​တွေကိုပါ ငိုချင်​ငိုချဖို့ အဆင်​​ပြေ​စေတယ်​​လေ။ ကိုယ့့်မျက်​ရည်​စက်​တိုင်းက ငိုရင်ေ​ပျာ့ညံ့တယ်​၊ ရှက်​စရာ​ကောင်းတယ်​၊ က​လေးဆန်​တယ်​ ဆိုတဲ့လူ​တွေရဲ့အမြင်​ကို ​ပြောင်းလဲ​ပေးလိုက်​တယ်​။

(၅) ခံစားရမှာကို ရင်​ဆိုင်​နိုင်​စွမ်းရှိတယ်​။
လူ​တော်​​တော် များများက ခံစားရမှာကို​ကြောက်​ကြတယ်​​လေ။ ကိုယ့့်ကို ခံစား​ရ​စေမယ့်​ အရာမျိုးဆို ထွက်​​ပြေး လွတ်​​မြှေက်​ချင်​ကြတာ။ ထက်​မြတ်​တဲ့ သူ​တွေကျ​တော့ ဒီလို ခံစားရမှာက​နေ ထွက်​​ပြေး​နေတာက ခံစားရမှာ​ကို ဆပွား​စေတာကိုသိထားကြတယ်​။ ဒါ​ကြောင့်​လဲ အချိန်​ဆွဲ မ​နေပဲ သတ္တိရှိရှိ ရင်​ဆိုင်​လိုက်​ကြတယ်​။ ဒါကို ရှုံးနိမ့်​သွားတယ်​၊ ​ပျော့ညံ့တယ်​လို့မခေါ်ဘူး။ ထက်​မြတ်​တယ်​လို့​ခေါ်တာပါ။



လင်း( ​ရွှေအင်း​လေး)

Source




Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

အိမ်​ နှင့် လောကီပညာ

 
365myanmar.com - Myanmar Online Shopping Mall