Posts

Showing posts from November, 2019

Piston အကြောင်း

Image
Piston အကြောင်း မဖော်ပြမှီ မီးလောင်ကျွမ်းမှုအကြောင်း ကို အနည်းငယ် ရှင်းပြလိုပါတယ်။ အရာဝတ္တု တခု မီးလောင်ကျွမ်းရန်အတွက် အခြေခံအချက် ၃ချက်လိုအပ်ပါတယ်။ ၄င်းတို့မှာ - ၁။ လောင်စာ ( fuel ) ၂။ လေ ( oxygen ) ၃။ အပူ ( heat ) စတဲ့ အချက်၃ချက်ရှိမှ အရာဝတ္တု တခုဟာ မီးလောင်နိုင်ပါတယ်။ Engine များတွင် Internal Combustion Engine ( အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် ) ၄င်းကို အတိုကောက်အနေနဲ့ ( I . C . E engine ) ဆိုပြီး ထိပ်ဆုံးစာလုံးများကို အတိုကောက် ရည်ညွှန်း၍ ခေါ်ဆိုပါ တယ်။ ယခုခေတ် အသုံးပြုနေကြသော engး အမျိုးအစားများ ဖြစ်ကြပါ တယ်။ External Combustion Engine ( အပြင် မီးလောင်ပေါက်ကွဲအင်ဂျင် ) ၄င်းကို အတိုကောက် အနေနဲ့ ( E . C . E engine ) ဆိုပြီး ထိပ်ဆုံးစာလုံးများကို အတိုကောက်ရည်ညွှန်း၍ ခေါ်ဆိုပါ တယ်။ရှေးခေတ်က သုံးစွဲခဲ့သော Boiler Engine များ ဖြစ်ကြပါတယ်( ဥပမာ - Titanic သင်္ဘော တွင် သုံးစွဲသော Engine ) စသည်ဖြင့် engး အမျိုးအစား ၂မျိုးရှိပါသည်။ I.C.E (Internal Combustion Engine) အတွင်းမီးလောင်ပေါက်ကွဲ အင်ဂျင် တွေမှာ- 1. S.I engး နဲ့ 2. C.I engး ဆိုပြီး နှစ်မျိုးနှစ်စားထပ်ရှိပါတယ်။ 1. S.I

နတ်ပြည်

Image
“ အလွန်စိတ်ဝင်စား အံ့သြဖွယ်ကောင်းသော နတ်ပြည် အကြောင်း သိချင်သူများအတွက် ” နတ်ဟူသည် မြန်မာစကား “နာထ” ဟူသော ပါဠိမှ  ဆင်းသက်လာသည် ဟု ဝေါဟာရ လိနတ္တ ဒီပနီကျမ်းက  ဖွင့်ဆိုထားသည်။ နတ်ကို ပါဠိဘာသာအားဖြင့် “ဒေဝ”  ဟူ၍၎င်း၊ “ဒေဝတာ” ဟူ၍ ၎င်း ခေါ်ဝေါ်သုံးစွဲခဲ့သည်။ “နတ်ပြည် ခြောက်ထပ်” ~~~~~~~~~~~~~~~ စတုမဟာရာဇ် တာဝတိံသာ ယာမာ တုသိတာ နိမ္မာနရတိ ပရနိမ္မိတ၀သ၀တ္တီ စတုမဟာရာဇ် သည် အောက်ဆုံးဖြစ်၍ ပရနိမ္မိတ၀သ၀တ္တီ သည် အထက်ဖြစ်သည်။ ‘နတ် စုတေ သေဆုံးခြင်း အကြောင်းတရား(၄)ပါး’ ~~~~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~ ၁။ အာယုက္ခယ = သက်တမ်းကုန်၍ သေခြင်း။ ၂။ ပုညက္ခယ = ကုသိုလ်ကောင်းမှု ကုန်၍ သေခြင်း။ (ကုသိုလ်ကောင်းမှု အနည်းငယ်မျှဖြင့် နတ်ပြည်တွင် လာဖြစ်သော နတ်သားတို့သည် ကုသိုလ်ကောင်းမှု ကုန်သောအခါ အစွမ်းသတ္တိ မရှိတော့ဘဲ သက်တမ်းမစေ့ခင် စုတေရသည်) ၃။ အာဟာရက္ခယ =  စားနေကျ သောက်နေကျ အချိန်  မစားမသောက်မိ၍ သေခြင်း။ (နတ်သားတစ်ဦးသည် ကာမဂုဏ် ခံစားနေ၍ စားချိန်ကို သတိမရဘဲ တစ်နပ်စာမျှ မစားဘဲနေ လိုက်လျှင် နောက်ဘယ်နှစ်ကြိမ် စားစား အသက်မရှည် နိုင်ပေ) ၄။ ကောဓာဘိဘ၀န = ဒေါသထွက်၍ သေခြင်း။ (နတ်သားများသည် နတ်သမီးများနှင့် ပျော်ပ

သင်္ဘောသီးပင် စိုက်ပျိုးနည်း

Image
အမည် - သင်္ဘောသီး ( papaya) (စိုက်ပျိုးနိုင်သည့် ဒေသများ)  သင်္ဘောပင်သည် အပူပိုင်း စားသုံးသီးပင်ဖြစ်၍ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသရှိ တိုင်းပြည်များ တွင်စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင်လည်းနေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ (သင်္ဘောမျိုးများ) သင်္ဘောတွင် အဖိုပင် အမပင်နှင့် လိင်စုံပင် အဓိက သုံးမျိုးရှိပါသည်။အဖိုပင်မှ အသီးသီးသည်ကို တွေ့ရခဲလှပါသည်။ အမနှင့် လိင်စုံပင်များမှသာ အသီးသီးလေ့ရှိပါသည်။ အဖိုပင် = အဖိုပင်မှာ များသောအားဖြင့် ပန်းပွင့်စောထွက်လေ့ရှိပြီး အခိုင်လိုက် ပွင့်ပါသည်။အဖိုပင်မှ ပုံမှန်အားဖြင့် အသီးသီးလေ့မရှိသော်လည်း အပင်ကို ထိခိုက်ဒဏ်ရာရခြင်း ထိပ်ပိုင်း ဖြတ်ပေးခြင်းဖြင့် အဖိုပွင့်များကြားတွင် အမပွင့်များပြောင်းလာကာ အသီးငယ်များ သီးလာ တတ် သည်။  ဤအပင်ကိုသင်္ဘောပဒေသာ ဟုခေါ်သည်။ အမပင် = အမပင်သည် ပွင့်၍ သီးလေ့ရှိသည်။ထိုကြောင့် မျိုးအောင်ရန် အတွက် အခြားအပင် မှဝတ်မှုန် ကူးပေးရသည် ။ ရာသီဥတု မြေပြောင်းလဲခြင်းကြောင့် အပွင့်သဘာဝ ပုံသဏ္ဍန် ပြောင်းလဲမှုမရှိပေ။ လိင်စုံပင် = အပွင့် ပွင့်ရာတွင် ပွင့်တံ တစ်ခုမှ အပွင့်နှစ်ပွင့် သုံးပွင့် ပွင့်တတ်သည်။ အပွင့် များ တွင် အဖို
 
365myanmar.com - Myanmar Online Shopping Mall