Piston အကြောင်း




Piston အကြောင်း မဖော်ပြမှီ မီးလောင်ကျွမ်းမှုအကြောင်း ကို အနည်းငယ် ရှင်းပြလိုပါတယ်။ အရာဝတ္တု တခု မီးလောင်ကျွမ်းရန်အတွက် အခြေခံအချက် ၃ချက်လိုအပ်ပါတယ်။ ၄င်းတို့မှာ -
၁။ လောင်စာ ( fuel )
၂။ လေ ( oxygen )
၃။ အပူ ( heat )
စတဲ့ အချက်၃ချက်ရှိမှ အရာဝတ္တု တခုဟာ မီးလောင်နိုင်ပါတယ်။

Engine များတွင် Internal Combustion Engine ( အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် ) ၄င်းကို အတိုကောက်အနေနဲ့ ( I . C . E engine ) ဆိုပြီး ထိပ်ဆုံးစာလုံးများကို အတိုကောက် ရည်ညွှန်း၍ ခေါ်ဆိုပါ တယ်။ ယခုခေတ် အသုံးပြုနေကြသော engး အမျိုးအစားများ ဖြစ်ကြပါ တယ်။

External Combustion Engine ( အပြင် မီးလောင်ပေါက်ကွဲအင်ဂျင် ) ၄င်းကို အတိုကောက် အနေနဲ့ ( E . C . E engine ) ဆိုပြီး ထိပ်ဆုံးစာလုံးများကို အတိုကောက်ရည်ညွှန်း၍ ခေါ်ဆိုပါ တယ်။ရှေးခေတ်က သုံးစွဲခဲ့သော Boiler Engine များ ဖြစ်ကြပါတယ်( ဥပမာ - Titanic သင်္ဘော တွင် သုံးစွဲသော Engine ) စသည်ဖြင့် engး အမျိုးအစား ၂မျိုးရှိပါသည်။


I.C.E (Internal Combustion Engine) အတွင်းမီးလောင်ပေါက်ကွဲ အင်ဂျင် တွေမှာ-
1. S.I engး နဲ့
2. C.I engး ဆိုပြီး နှစ်မျိုးနှစ်စားထပ်ရှိပါတယ်။


1. S.I engး
S.I engး ဆိုတာ (Spark Ignition system ) ပါ ...cylး အတွင်းမှာ မီးလောင် ပေါက်ကွဲဖို့အတွက် sparking plug အကူအညီယူပြီး မီးလောင် ပေါက်ကွဲစေတဲ့စနစ်တခုပါ၊ cylးအတွင်း ရောက်ရှိလာတဲ့ အချိုးအဆတခုနဲ့ ရောစပ်ထားသော fuelး air အချိုးကို pressure တခုအရောက်မှာ plug ကနေ မီးပေးစေလိုက်ခြင်းဖြင့် combustion တခုကို ဖြစ်ပေါ်စေခြင်းပါ။(တနည်းအားဖြင့် ပြောရရင် sparking plug ကို အဓိက အားပြုပြီး ပေါက်ကွဲရတဲ့ engး အမျိုးအစားပါ)


2. C.I engး
C.I engးဆိုတာ cylး အတွင်းမှာ မီးလောင်ပေါက်ကွဲဖို့အတွက် လိုအပ်တဲ့ အပူတခုကိုpressure ဖြင့် (Compress)ဖိကျစ်ဖန်တီးယူပြီး fuel system တခုမှ fuel ဖြန်းပေးလိုက်ခြင်းဖြင့် combustion တခုကို ဖြစ်ပေါ်စေခြင်းပါ။(တနည်းအားဖြင့် ပြောရရင် compression (ဖိကျစ်ခြင်း) ကို အဓိက အားပြုပြီး ပေါက်ကွဲရတဲ့ engးအမျိုးအစားပါ)။


အထက်က ဖော်ပြပြီးသလို engး တလုံးတွင် ဖြစ်ပေါ် မည့် မီးလောင်ပေါက်ကွဲမှုအတွက် အခြေခံအနေဖြင့် အပူတခုလိုအပ်ပါမည်။ ထို လိုအပ်သောအပူကို piston က လုပ်ဆောင်ပေးပါသည်။ cylး အတွင်း ရောက်ရှိလာသောလေကို piston က အပေါ်သို့ တွန်းရွှေ့ဖိကျစ်ပြီး အပူတခုအဖြစ်သို့ ကူးပြောင်းရောက်ရှိစေရန် လုပ်ဆောင်ပေးပါသည်။








ထိုရရှိလာသော လေအပူထဲကိုမှ fuel ( လောင်စာ ) ပက်ဖြန်းပေး လိုက်သောအခါ [ လောင်စာ + လေ + အပူ = မီးလောင်ပေါက်ကွဲ (combustion) ] မှုတခု ဖြစ်ပေါ်ပါသည်။ ထိုပေါက်ကွဲမှု က မှ တစ်ဆင့် ပေါက်ကွဲအားဖြင့် piston အား အောက်သို့ တွန်းရွေ့စေပြီး crankshaft ကို လည် ပတ်မှု ဖြစ်ပေါ်စေပါတယ်။

ထို့ကြောင့် piston သည် မီးလောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ် လာသော thermal stress (အပူဒဏ်) အား အများဆုံး ခံရပါတယ်။ ထိုအပူဒဏ်ကို ခံနိုင်ရည်ရှိသည့် piston အား သတ္တု အမျိုးမျိုးဖြင့် ရောစပ်၍ တီထွင်ထုတ်လုပ်ကြပါတယ်။ piston သည် အပူဒဏ်ကို ခံနိုင်ရည်ရှိရမည့် အပြင် ၊ ၄င်းမှာဖြစ်ပေါ်နေသော အပူဒဏ်အား လျင်မြန်စွာစီးကူးစေ၍ အခြားအစိတ်အပိုင်း များ ကို အပူဖြန့်ဖြူးပေးရပါမည်။


ဒါကြောင့် အပူစီးကူးမှု လျင်မြန်သော aluminium (အလူမီနီယမ်) သတ္တု ကိုအခြေခံပြီး piston များအား ထုတ်လုပ်ကြပါတယ်။ piston ထုတ်လုပ်ပုံနည်းလမ်းစဉ် ၂မျိုးရှိပါတယ်။ ၄င်းတို့မှာ casting (သတ္တု အရည်အားမိုလ်တခုအတွင်း သွန်းလောင်းခြင်း) နှင့် forging ( အပူခံထားသော သတ္တု အား ဖိအားအမြင့်ဖြင့်ထုရိုက်၍ ပုံဖော်ခြင်း) ဟူသော နည်းများဖြင့် ပြုလုပ်ကြပါသည်။


forging နည်းဖြင့် ထုတ်လုပ်ထားသော piston သည် casting နည်းဖြင့်ထုတ်လုပ်သော piston ထက် ခံနိုင်ရည်အား မြင့်ပါသည်။

Piston တစ်လုံးတွင် ပါဝင်သော သတ္တု အချိုးအဆသည် ထုတ်လုပ်သူ အပေါ်မူတည်၍ piston တမျိုးနှင့်တမျိုး မတူညီကြပေ။ piston တွင် ပါဝင်သော သတ္တု အမျိုးအစားအပေါ်မူတည်၍ piston ၏ အရည် အသွေးနှင့် တန်ဘိုးဈေးနှုန်းများလည်း အထိုက်အလျောက် ကွာခြားကြပါ သည်။

casting ( သွန်းလောင်းခြင်း) နည်းဖြင့်ထုတ်လုပ်ထားသော piston များသည် ကုန်ကျစရိတ် အနဲ ဆုံးဖြစ်ပါသည်။ အားနဲသောအချက်မှာ သွန်းလောင်းနေစဉ်တွင် piston သတ္တု သား အတွင်း လေခိုပြီး vacuum (လေဟာနယ်) ဖြစ်ပေါ်စေနိုင်ပါသည်။


piston သည် အပူဒဏ် ၊ အပူစီးကူးမှုအပြင် ပေါ့ပါးမှု ရှိဖို့လည်း လို အပ်ပါသည်။ ထို့အတွက်ကြောင့် piston သတ္တု အား aluminium (အလူမီနီယမ်) သတ္တု ကိုအခြေခံပြီး အခြား သတ္တုများဖြင့် ရောနှော aပါင်းစပ်ပြီးထုတ်လုပ်ကြပါသည်။


ရှေးယခင်က piston အား အခြားသတ္တုများဖြင့် ရောနှောပေါင်းစပ်၍ ထုတ်လုပ်ကြသော်လည်း ယခုအခါတွင် ထို့ထက်နည်း ပညာမြင့် မားသော တီထွင်မှုများဖြင့် ထုတ်လုပ်လာကြပါသည်။ piston ထုတ် လုပ်ရာတွင် စဉ်းစားရသည့်အခြေခံအချက် မှာ အပူဒဏ်ခံနိုင်ရည် ရှိရမည် ၊ အပူ စီးကူးမှုအား ကောင်းရမည် ၊ ပေါ့ပါး ခိုင်ခန့်ရမည်။ ထုတ်လုပ်သူများသည် ထိုအချက်များအား အခြေခံစဉ်းစား၍ တီထွင် ထုတ်လုပ်လာကြပါသည်။


ထို့ကြောင့် ယခုအခါတွင် piston အတွက် aluminium အတွင်း silicon ပေါင်းစပ်ပြီး ထုတ်လုပ် လာကြပါသည်။ silicon သည် အပူစုပ်ယူမှုနည်းသည်။ ခံစားရသည့်အပူကြောင့် aluminium သား အတွင်းပျော်ဝင်ပြီး တသားတည်းပေါင်းစပ်သွားသည်။


ထို့အတွက်ကြောင့် အပူအား piston မှ စုပ်ယူရသည့် အားလည်း aလျာ့နဲသွားပါသည်။ ထို့ကြောင့် thermal stress ဒဏ် ခံရမှုနဲ သည့် အတွက် အပူကြောင့် piston ပုံပျက်ခြင်း ၊ piston အား liner နှင့် ရိုက်ခတ်စေသည့်ဖြစ်စဉ်အား လျှော့ချနိုင်လာပါသည်။ ထိုနည်းတူစွာ engး မှထွက်ပေါ်မည့် noise ( ဆူညံမှု ) ကိုလည်း လျှော့ချနိုင် လာ ပါသည်။ အဆိုပါ piston မျိုးကို Hypereutectic piston ဟု ခေါ် ဆို ကြပါသည်။


Piston type ကိုရွေးချယ်ရာတွင် combustion chamber ၏ ထုထည် ၊ compression ratio စသည်တို့အား အသေးစိတ်တွက် ချက်ပြီးမှ သင့်တော်မည့် piston type ကို ရွေးချယ်၍ သုံးစွဲကြ ပါ သည်။

1. Dome piston type (ထိပ်လုံး piston)
အဆိုပါ piston type အား 2 stroke engine များတွင် အများဆုံးအသုံးပြုပါသည်။ အထူးသဖြင့် compression ratio မြင့် သော 2 stroke engine များတွင်သုံးကြသည်။

2. Bowl / Dish piston type (ထိပ်ချိုင့် piston)
အဆိုပါ type အား compression မြင့်လွန်းသည့် combustion chamber ရှိသော engine များတွင် compression ratio လျှော့ချရန်အတွက် အသုံးပြုပါသည်။အထူးသဖြင့် turbocharger (သို့) supercharger ပါသော engine များတွင် detonation ဖြစ်ပေါ်မှုကိုရှောင်ကြဉ်နိုင်ရန် အတွက်compression ratio ကို လျှော့ချရန် အဆိုပါ bowl (or) dish piston type ကို သုံးစွဲကြ ပါသည်။များသောအားဖြင့် diesel engine များတွင် အသုံးများပါသည်။ ထို type ကိုသုံးစွဲခြင်း ဖြင့် fuel spray ( လောင်စာဆီ ပန်းသွင်းမှု ) အားကောင်းမွန်စေပါသည်။ sparking engine များတွင်လည်း လျင်မြန်စွာ မီးလောင်ပေါက်ကွဲမှုကို ပြုလုပ်ပေးပါသည်။

3. Flat piston type
အထက်ပါ flat piston type တွင် ၂မျိုး ၂စားရှိပါသည်။
၁။ plane flat top type (မျက်နှာပြင်လုံးဝညီညာနေသော) နှင့်
၂။ flat top piston with valve relief ( piston နှာပြင်တွင် Exhaust valve နှင့် Inlet valve အရာအချိုင့်များပါသော ) type ဟူ၍ ၂မျိုး ၂စား ကွဲပြန်ပါသည်။

နံပါတ်(၁) အမျိုးအစားသည် ထုတ်လုပ်မှုကုန်ကျစရိတ် အသက် သာဆုံး ပုံစံဖြစ်ပါသည်။ထို့ကြောင့် ဈေးသက်သာသော engine များနှင့် engine volume လျှော့ချလိုသော engine များအတွက် အသုံးများပါသည်။

နံပါတ်(၂) အမျိုးအစားမှာမူ ထုတ်လုပ်မှုကုန်ကျစရိတ် အနည်းငယ် မြင့်မားပါသည်။ ၄င်းအမျိုး အစားသည် compression ratio ကို မြင့်မားစေပါသည်။ အထူးသဖြင့် piston ထိပ်ဆုံးရောက် ရှိချိန်သည် compression ratio အမြင့်ဆုံးအချိန်ဖြစ်ပါသည်။ direct injection ဖြစ်သော diesel engine များတွင် swirl volume နှင့် turbulance အတွက် air flow အားကောင်းစွာဖြစ် ပေါ်စေပါသည်။

piston type အားရွေးချယ်ရာတွင် မည်သည့် engine အတွက် မည်သည့် type အသုံးပြုမည်ဟု ပုံသေသတ်မှတ်ချက်မရှိပါ။ combustion chamber ၏ volume နှင့် compression ratio တို့ အား တွက်ချက်ပြီးမှသာ ၄င်းနှင့်ကိုက်ညီမည့် piston type ကို ထုတ်လုပ်သူမှ ရွေးချယ်သတ် မှတ် သုံးစွဲကြပါသည်။

Piston တိုင်းတွင် piston slap ( piston ရိုက်ခတ်မှု) ရှိတတ်ကြ ပါသည်။ အဆိုပါ ရိုက်ခတ်မှု သည် piston မည်သည့်နေရာသို့ ရောက်ရှိနေပါစေ ဖြစ်ပေါ်တတ်ပါသည်။ ဘယ်အချိန်တွင် အဖြစ် များသနည်း ? engး အား စတင်နှိုးသောအချိန်တိုင်းတွင် ဖြစ်ပေါ် တတ်ပါသည်။

မည်သည့်နေရာတွင် အဓိက ရိုက်ခတ်တတ်သနည်း ?
Piston skirt နေရာတွင် အများဆုံးရိုက်ခတ်ပါသည်။ piston တလုံး အား သာမန်ကြည့်လျင် လုံးဝ ဝိုင်းစက်နေသောပုံဟု ထင်မြင် ရ တတ်ပါသည်။ အမှန်တကယ်တွင်တော့ oval shape (ဘဲဥပုံ သဏ္ဍာန်) သာ ရှိပါသည်။

combustion ကြောင့်ဖြစ်ပေါ်သော အပူကြောင့်သာ piston ပြန့် ကားသွားပြီး အဝိုင်းပုံစံ အပြည့် သို့ ရောက်ရှိပါသည်။ engး အေးစ အချိန်တွင် engး စနိုးနိုးချင်း piston သည် မပြန့် ကားသေးပါ၊ အချိန် အနဲငယ်အကြာ လုံလောက်သည့်အပူချိန်ရမှ ပြန့်ကားလာရသည့် အတွက် engး စနှိုးတိုင်းတွင် piston slap ဖြစ်ရခြင်းဖြစ်ပါသည်။

သို့မဟုတ်ပါပဲ piston မှ အချိန်တိုင်း ရိုက်ခပ်သံ ထွက်ပေါ်နေပါက engး အား စစ်ဆေးသင့်နေ ပါပြီ။ ထို့အတူ piston တွင် side thrust effect ဟူသော ဖြစ်စဉ်လည်း ရှိကြပါသည်။

piston တွေရဲ့ side thrust effect (ဘေးတိုက်တွန်းခြင်း) အကြောင်း ကို အနည်းငယ်ရှင်းပြ လိုပါတယ်။

piston တိုင်းဟာ engး သုံးစွဲသူရဲ့အပေါ်ကိုမူတည်ပြီး side thrust effect ဒဏ်ကို အနဲနှင့် အများ ခံစားကြရတဲ့ အစိတ်အပိုင်း တခုဖြစ် ပါတယ်။ piston တလုံးကိုယူပြီး piston pin ပေါက် ရှိတဲ့အခြမ်းကို မိမိဘက်တွင်ထားပါ ၊ ပြီးရင် piston မျက်နှာပြင်ကို အပေါ်စီး ကနေ ကြည့်ပါ piston pin ဝန်ရိုးရဲ့ ဘယ်ဘက်အခြမ်းနဲ့ ညာဘက်ခြမ်း ဧရိယာတွေဟာ အဆိုပါ side thrust effect ကို ခံစားကြရတဲ့ ဧရိယာတွေပါပဲ။(piston pin ပေါက်ရှိတဲ့ဘက် အခြမ်းတွေမဟုတ်ပါ ပုံနှင့်တကွ ရှင်းပြပေးထားပါတယ်)

ဘယ်အချိန်မှာ ဘယ်လို side thrust ဒဏ်ခံစားရသလဲ ဆိုတော့ မီးလောင်ပေါက်ကွဲပြီးလို့ piston အောက်ဘက်ကို အရှိန်နဲ့ဆင်း လာချိန်မှာအဆိုပါ ဒဏ်ကိုအပြည့်အဝ ခံစားရပါတယ်.။ ..ပေါက်ကွဲမှုရဲ့ force(အား)နဲ့ piston ကိုဆောင့်တွန်းချခံလိုက်ရတဲ့ အတွက်ပါ၊

အဆိုပါခံစားချက် ကို (major side thrust effect)လို့ ခေါ်ပါတယ်။ ဒီဒဏ်ကို engး အကြီးကြီးတွေ (တစ်နည်းအားဖြင့် cylးအရေ အတွက် များတဲ့ engးတွေမှာ lever ကို တဗျင်း ဗျင်း တဗြဲဗြဲနဲ့ ဆော့ကစားခံ ရတဲ့ piston တွေမှာ) အဲ့ ဒဏ်အများဆုံးခံစားရပါတယ်။

piston အပေါ်ဘက်ကို တက်တဲ့အချိန်မှာကျ သူ့မှာ force(အား) သိပ်မရှိတော့ပါဘူး၊ ဒါကြောင့် အနည်းငယ်ပဲ ဒီဒဏ်ကို ခံစားရ ပါ တယ်၊ ဒါကို (minor side thrust effect) လို့ခေါ်ပါတယ်။ သူ က လည်း လုံးဝ မခံစားရတာတော့မဟုတ်ပါဘူး၊အနည်းငယ်တော့ခံစား ရပါတယ်။

ဒီသဘောကို ဆင်ခြင်မိရင် engး ကြီးတွေမောင်းနှင်နေတဲ့သူများ မိမိ engးကို lever ကစားခြင်း ရှောင်ကြဉ်နိုင်ကြပါစေ ဗျာ...။

( ငါးဖမ်းစက်လှေတွေမှာ တချို့ပဲ့နင်းများ lever ကစားတတ်လေ့ ရှိကြပါတယ်)။
များသော အားဖြင့် ဒီအက်ကွဲတဲ့ ဒဏ်ကိုခံရတဲ့ piston တွေကတော့ piston တွေမှာ ချောဆီ oil groove slot မြောင်းလေးတွေပါတဲ့ piston တွေမှာ အဖြစ်များလေ့ရှိတာ..သုံးသပ်မိပါတယ်။
Piston တလုံးအား ကြည့်ရှု စစ်ဆေးရန်အတွက် piston အား အပိုင်း ၃ပိုင်းခွဲ၍ စစ်ဆေးပါ။
1. Piston head ( piston crown)
piston ၏ ထိပ်ဆုံးအပိုင်းကို ခေါ်ဆိုပါတယ်။
2. Rings land & pin
piston ၏ piston rings နှင့် piston pin ရှိသောအပိုင်းကို ခေါ်ဆိုပါတယ် ။
3. Skirt
Piston ၏ အောက်ပိုင်း( piston pin ၏ အောက်ဘက်အပိုင်း ကိုခေါ်ဆိုပါတယ်)


Piston တစ်လုံးတွင် ရှိသော တည်နေရာခေါ်ဆိုပုံများအား ပုံနှင့်တကွ ပုံ(1) တွင်ဖော်ပြပေး ထား ပါသည်။ ပုံနှင့်စာ တိုက်ဆိုင်ကြည့်ရှု၍ လေ့လာကြပါရန်။

piston တလုံး၏ total height (piston အမြင့်) အား piston ၏ ထိပ်ဆုံးနေရာ အနားအမြင့်မှ piston skirt အောက်စွန်းအနားထိ အကွာအဝေးကို ခေါ်ဆိုပါသည်။

piston head (or) piston crown ၄င်းကို piston ring အပေါ်ဆုံး ကွင်းနေရာမှ piston အပေါ်ဘက်မျက်နှာပြင်နေရာအထိကို ခေါ်ဆိုပါသည်။

Rings land (rings zone) ဆိုသည်မှာ piston ring များ တည် ရှိ ရာနေရာ အစိတ်အပိုင်းကို ခေါ်ဆိုပါသည်။

Top land ဆိုသည်မှာ piston ring အပေါ်ဆုံးကွင်း၏အထက် တည်ရှိရာနေရာကို ခေါ်ဆိုပါသည်။

2nd land ဆိုသည်မှာ ပထမ piston ring နှင့် ဒုတိယ piston ring အကြား တည်ရှိရာနေရာကို ခေါ်ဆိုပါသည်။

3rd land ဆိုသည်မှာ ဒုတိယ piston ring နှင့် တတိယ piston ring အကြား တည်ရှိရာနေရာကို ခေါ်ဆိုပါသည်။

Rings groove ဆိုသည်မှာ piston ring အထိုင်ချ တပ်ဆင်ရာ မြောင်းကလေးကို ခေါ်ဆိုပါသည်။

Piston တလုံးမှာ ထိပ်ဆုံးမှာရှိနေတဲ့ ring ကcompression ring ပါ၊ အလယ်မှာရှိနေတဲ့ ring တွေကတော့ intermediate ring တွေပါ၊ အောက်ဆုံးမှာ ရှိနေတာကတော့ oil control ring ပါ။

intermediate ring တွေကို wiper ring , scrapper ring ဟုလည်း ခေါ်ဆိုတတ်ပါသည်။
Piston တလုံးတွင် ဖိကျစ်မှုကို အဓိက လုပ်ဆောင်ပေးရတာက အပေါ်ဆုံးမှာ တည်ရှိနေတဲ့ compression ring ပါ၊ intermediate ring (wiper) (scraper) ကွင်းကတော့ ဒုတိယ အနေနဲ့ ဖိကျစ်ပေး တာပါ။ ၄င်းရဲ့ အဓိကလုပ်ဆောင်ချက်က oil control ring က liner ကို သုတ်လိမ်း ပေးခဲ့သည့် ချောဆီများကို ပြန်လည် ခြစ်ထုတ်ယူ သွား ရန် အတွက် အဓိက ရည်ရွယ် လုပ် ဆောင် ပါ တယ် (ဒါကြောင့်လည်း ၄င်းကို wiper ring , scraper ring ဟု ခေါ်ဆိုရခြင်းဖြစ် ပါတယ်)။

oil control ring ကတော့ piston နှင့် liner ပေါ်တွင်ရှိနေသော အပူများအား ချောဆီမှတဆင့်သယ်ဆောင်ရန် နှင့် liner နှင့် rings များ၏ ပွတ်တိုက်မှုများအား လျော့နည်းစေရန်အတွက် ဖြစ်ပါတယ်။ တချို့ engး များတွင် piston မှ အပူများအား လျှော့ချရန်အတွက် piston cooling nozzle ဟုခေါ်ဆိုသည့် ချောဆီဖြန်းပေးသော nozzle များအား liner ၏ အောက်ဘက် crankase block အတွင်း ဘက်တွင် တပ်ဆင်ပေးထားတတ်ကြပါသည်။

oil control ring groove ထဲတွင်ရှိသော အပေါက်ကလေးများကို oil return hole ( ဆီပြန် ပေါက် ) ဟုခေါ်ဆိုပါသည်။

Compression height ဆိုသည်မှာ piston ၏ ထိပ်ဆုံးနေရာ အနားအမြင့်မှ piston pin ပေါက်၏ အလည်နေရာအထိကို ခေါ်ဆိုပါသည်။

Piston pin ကို wrist pin ၊ gudgeon pin စသဖြင့် ခေါ်ဆိုပါသည်။

Pin bore ဆိုသည်မှာ Piston pin တပ်ဆင်သည့်အပေါက်ကို ခေါ်ဆိုပါသည်။

Piston pin အောက်ဘက်က နေရာလေးအား piston boss ဟုခေါ် ဆိုပါသည်။

Piston pin ဘေးရှိ နေရာအား side relief on full round ဟုခေါ် ဆိုပါသည်။

Piston ထိပ်ရှိ v/v ပုံစံအခွက်ကလေးအား v/v relief ဟု ခေါ်ဆို ပါသည်။

Piston pin ပေါက်အတွင်း အပြင်နေရာတွင်ရှိသော မြောင်းနေ ရာလေးကို pin lock groove ဟု ခေါ်ဆိုပါသည်။Piston pin ကို lock လုပ်ရန်အတွက်ဖြစ်ပါသည်။


Piston ၏ မျက်နှာပြင် ခုံးနေသော နေရာအား dome height ဟု ခေါ်ဆိုပါသည်။

Piston ၏ မျက်နှာပြင် ခွက်ဝင်နေသောနေရာအား bowl ဟု ခေါ် ဆိုပါသည်။

တချို့သော Piston ၏ skirt နေရာတွင် အပေါက်ကလေးများ ပါရှိ တတ်ပါသည်။ ထိုနေရာကို slot ဟု ခေါ်ဆိုပါသည်။

Piston တစ်လုံးအား visual check (မျက်မြင်စစ်ဆေး) ရာတွင် piston crown များ အက်ကွဲ နေခြင်း ၊ ပွန်းစားနေခြင်း ရှိ/မရှိ ၊ piston bowl နေရာများတွင်အက်ကွဲနေခြင်း ရှိ/မရှိ ၊ piston pin နေရာတွင် အက်ကွဲနေခြင်း ၊ ပွန်းစားနေခြင်း ရှိ/မရှိ ၊ piston pin ၏ အခြား တဘက်ခြမ်းနေ ရာတွင် side thrust effect ကြောင့် ပွန်းစားနေခြင်း ရှိ/မရှိ ၊ piston skirt နေရာတွင် piston slap ကြောင့် ပွန်းစား ပဲ့နေခြင်း ရှိ/မရှိ ၊ piston to liner clearance ကို စစ်ဆေးရာတွင် piston အား piston ring နှင့်အတူ liner အတွင်းထည့်သွင်းပြီး piston နှင့် liner အကြား feller gauge ဖြင့် ထိုးသွင်းပြီး စစ်ဆေးပေးရပါမည်။


စစ်ဆေးရာတွင် လက်ခံနိုင်သည့်အတိုင်းအတာ တန်ဘိုးများမှာ ပုံသေ သတ်မှတ်ချက်မရှိပါ။ ထုတ်လုပ်သူ၏ ညွှန်ကြားချက်ပေး ထားသော ကိန်းဂဏန်းတန်ဘိုးများအတိုင်းသာ လိုက်နာဆောင်ရွက် ရပါသည်။

Piston ပျက်စီးမှုအကြောင်းရင်းအား ဆန်းစစ်ကြည့်လျင် % အားဖြင့် .....

၁။ ဆီပန်းသွင်းပုံ timing မမှန်ခြင်းကြောင့် 32%
၂။ exး ပိတ်ဆို့ခြင်းကြောင့် 22%
၃။ engး load အလွန်အကျွံမောင်းခြင်းကြောင့် 15%
၎။ cylး အတွင်းဆီများစွာ ရောက်ရှိသောကြောင့် 12%
၅။ piston crown လုံလောက်စွာမအေးသောကြောင့် 11%
၆။ လောင်စာဆီအရည်အသွေးညံ့ဖျင်းသောကြောင့် 5%
၇။ တပ်ဆင်ပုံနည်းစနစ်မမှန်သောကြောင့် 3% စသည့် အကြောင်းအချက်တို့အားတွေ့ရှိ ရပါ မည်။

ထို့အပြင် မည်သည့်နေရာများတွင် ပျက်စီးလေ့အများဆုံး ရှိသည်ကို စမ်းစစ်ကြည့်လျင် ....
၁။ piston pin ပျက်စီးမှု 29%
၂။ piston head ပျက်စီးမှု 21%
၃။pistonhead seizeဖြစ်ခြင်19%
၎။ piston skirt seize ခြင်း 17%
၅။ rings နှင့် skirt ပျက်စီးခြင်း 7%
၆။ piston pin ကျိုးပဲ့ခြင်း 4%
၇။ piston pin seize ဖြစ်ခြင်း 3%   စသည်ဖြင့် တွေ့ရှိရပါမည်။

piston ပျက်စီးပုံနှင့် မည်သည့်အတွက် ပျက်စီးရကြောင်းကို သီးခြား post ရေး၍တင်ထားပြီးဖြစ်သည့်အတွက် ရှာဖွေလေ့လာ ဖတ်ရှုကြ ပါရန်။
ဆက်လက်၍ ဖော်ပြပေးပါမည်။



ပညာရှင်အားလုံးအားလေးစားလျက်  ........  

(ပြန်လည်မျှဝေခြင်းသာ)

Respectfully Credit >>>
အောင်မြင်သူ - ဆားဗစ် အင်ဂျင်နီယာ
ကား - Car အ ကြောင်း စုံ



Comments

  1. As claimed by Stanford Medical, It is indeed the one and ONLY reason women in this country live 10 years longer and weigh on average 42 lbs less than we do.

    (And really, it is not related to genetics or some secret exercise and EVERYTHING about "how" they eat.)

    P.S, What I said is "HOW", not "WHAT"...

    Tap this link to discover if this short test can help you find out your true weight loss possibilities

    ReplyDelete

Post a Comment

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိမ်​ နှင့် လောကီပညာ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အထင်မမှားဖို့ ပွဲကျောင်း ဆိုတာ လေ့လာကြပါ

 
365myanmar.com - Myanmar Online Shopping Mall