မင်းသမီး လှလှမိုး နဲ့ ဧည့်ဂေဟာ.. ၃ ( ပ၇လောကသား တို့နှင့် သက်ဆိုင်သမျှ)




မင်းသမီး လှလှမိုး ဆိုရင်ဖြင့် ရုပ်ရှင် ပရိတ်သတ်ကြီး သိပြီးသားမို့ အထူး မိတ်ဆက်ပေး မနေတော့ ပါဘူး။
လွန်ခဲ့တဲ့ ၁၉၈၀ လောက်ဆီကပါ ။ အဲဒီအချိန်တုန်းဆီကမေမြို့မှာခုလောက် တည်းခိုခန်း
၊ဟော် တယ်စသဖြင့် မရှိသလောက်နည်းသေး ပါတယ်။


ဒီတော့ ရုပ်ရှင် သွားရိုက်ပြီိ ဆိုယင် အိမ်လုံးချင်း ဌားရမ်း တည်းခိုကြရပါတယ်။ အခုပြောမဲ့ ဧည့်ဂေဟာ ၃ လည်း အပါ အဝင်ပါ့။  ဒီနေရာမှာ ဧည့်ဂေဟာ ၃ နဲ့ ပရိသတ်ကြီးကိုမိတ်ဆက်ပေးပါရစေ။


အင်္ဂလိပ် ကိုလိုနီခေတ်ရဲ့လက်ကျန် အဆောက်အဦးပါ။  သူ့ရဲ့ထူးခြားချက် ကတော့ သရဲ အလွန်ခြောက် တယ်လို့ နာမည်ကြီးခြင်းပါပဲ၊။  ဆရာ ဦးတင်ဦး  ရိုက်ကူးမဲ့ငွေစန္ဒာ ကစား သမား ဇာတ်ကား ကို အဲဒီမှာ တည်းခိုပြီး ရိုက်ကြပါတယ်။  ပါဝင်သူတွေက  နေအောင်၊စောမြသန္တာ၊ဟန်တင်၊လှလှမိုး တို့ပါ။

ကျနော်ကတော့ ကင်မရာနောက်ကွယ်က၊ ကလက်ရိုက် မှတ်တမ်းရေး၊ ဇာတ်ညွန်းတွဲဖက် ဒါရိုက်တာ အစုံသုတ်နဲ့ပိတ်ကားရှေ့ရောက်ဖို့ကြိုးစားနေဆဲပါ။
 

ကျနော်တို့ ဒါရိုက်တာက အပေါ်ထပ် အခန်း (၁) မှာ အိပ်ကြရပါတယ်။ ပုံထဲက စုလစ်မွန်းချွန်အောက် တဲ့တဲ့က အခန်းပေါ့။

အတူ အိပ်ကြသူတွေ ထဲက မှ ဦးတင်ဦး ၊ကိုဟန်တင်၊ ကင်မရာမင်း ချစ်မင်းလူ၊စတေမင်း ကိုမြသန်းထွန်း၊ ကိုကြည်လှိုင်၊ ကိုမြတ်ထွန်း ကိုဆန်းတင့်၊ ကျနော်ရယ်  ကျနော်နဲ့အတူ ပါလာ တဲ့နောင်တချိန် ဒါရိုက်တာ ဖြစ်ခဲ့တဲ့ပိုင်သ တို့ပါပဲ။






မင်းသမီးလှလှမိုး

ကြမ်းပေါ်မှာ အားလုံး တန်းစီ အိပ်ကြတာပါ။  မေမြို့က လူတွေကလည်း သရဲဇာတ်လမ်း
စုံကို အတော်ပြော နိုင်ကြပါပေ့။  အခု ကွယ်လွန်သွားပြီဖြစ်တဲ့ ရှူတင် ထမင်းကျွေးတဲ့ကိုသိန်းဝင်းက အဆို့းဆုံးပေါ့။


သူက အဲဒီတုန်းက ညစောင့် ဘဝပဲ ရှိပါသေးတယ်။ မေမြို့  မိုးကလည်း တဖွဲဖွဲနဲ့မို့ Out door အခန်းတွေ လဲ မရိုက်ရ ရက်ကကြာ။ အဲဒီ အိမ်ကြီး ရဲ့လှေခါး လက်ရမ်းမှာလည်း အရင် ညစောင့် သရဲခြောက် ခံရလို့ဓားနဲ့ လိုက်ခုတ်ထားတဲံ့ အရာတွေကလည်း အထင်းသား။

ကျနော့်တော့နောက်ပိုင်း သရုပ်ဆောင်ဖြစ်လာတော့လည်း တစ်ခါမှ အခြောက်မခံခဲ့ရပါဘူး။
တစ်ခုတော့ ရှိပါတယ် ။်မရိုသေ့ စကား ဆီးသွားတိုင်းတော့ ထူးတာ ရှိပါတယ်။ ရေချိုးခန်း ထဲမှာ မျက်နှာကျက် ကနေပြီး ကြိုးတန်းလန်းနဲ့ မီးတစ်လုံးရှိပါတယ်။


 ကျနော် ဆီး မတ်တပ်ရပ်သွားယင် မီးလုံးကိုကျောခိုင်းရက်အနေအထားပေါ့ ။ကျနော့်ရှေ့ နံရံမှာပေါ်နေတဲ့ ကျနော့် အရိပ်ကဘယ်ညာ လွှဲနေလေ့ ရှိပါတယ် ။ မီးလုံး ကို လှည့်ကြည့်တော့လည်းငြိမ်လို့၊ကျနော် ကလည်း ယိမ်ထိုး မနေပဲ မတ်တပ်ရပ်။ ကဲ မီးလုံးလဲ မလွှဲ လူလည်း မလွဲပဲ အရိပ်ကတော့ လွှဲနေပါတယ်။
 

တနေ့ နေလေး ပွင့်တုန်း အဲဒီနေ့က မှ တက်လာတဲ့ မလှလှမိုး က BT Brothers ရေကူးကန် မှာရေကူး ဝတ်စုံ့နဲ့ရိုက်ကြပါတယ် ။ဘာပြောကောင်း မလဲဗျို့ အဲ့ဒီ အချိန်က အသားအရေ ကိုယ်လုံး ကိုယ်ပေါက်အွန်လီ တဲ့ မင်းသမီးကိုကျန်ာတို့ ပုရိသများ ဝိုင်းအားပေးလိုက်ကြတာ သူ့ခမျာ သဘက်နဲတောင်
ပတ်ထားရရှာ ပါတယ်။


ကျနော်ပြောလိုခြင်း အကြောင်းက ခုမှ စပါ့မယ်။ အဲဒီနေ့ ညနေ ရှူတင်ပြီးလို့ နားနေကြ တဲ့အချိန်ခြံထဲ လမ်းလျှေက်နေတဲ့ လှလှမိုး ကို သမီး သတ္တိရှိယင် အလံတိုင်ကို သုံးခါပတ်ပြီး  ”ငါဘယ်သူ့မှ မကြောက် ဘူး”လို့ သုံးခါအော်ရဲ၇င် ညကြ စတော်ဘယ်ရီဖျော်ရည် တိုက်မယ်လို့ လှမ်းစတယ်။

မလှလှမိုး ကလည်း အာဂဗ်ျို့အလံတိုင်တင် မကပဲ အိမ်ကြီးကိုပါ ပတ်ပြီး ငါဘယ်သူ့မှမကြောက်ဘူး ဆိုပြီးအော်လေ သဗျ။
 

ညဘက်ရောက်တော့ ကျနော်တို့တွေ နောက်နေ့ ရိုက်ကူးရေ့း တိုင်ပင်နေတဲ့အချိန်၊ မိန်းမတွေ ထားတဲ့ အခန်းက အော်သံဟစ်သံနဲ့ ဝုံးဒိုင်းကြဲတဲ့ အသံတွကြားရပါရော။
 

အဲဒီတော့ ဦးတင်ဦးက မောင်ဌေး သွားကြည့်စမ်း ဘယ်သူတွေရန်ဖြစ်နေသလဲလို့ အငယ်ဆုံးဖြစ်တဲ့ ကျနော့်ကို ခိုင်းပါတယ်။

 ကျနော်လည်း အပေါ်ထပ်မှာပဲ ရှိတဲ့မိန်းမတွေ အခန်းကိုပြေး တံခါးကို တွန်းဖွင့်ကြည့်လိုက်တော့၊အလားလား မလှလှမိုး တစ်ယောက် ကိုယ်တုန်းလုံးကြီး နဲ့ ပါးစပ်ကလည်း..ငါ့ကိုစမ်းကြတယ်၊ငါ့ကို စမ်းကြတယ်နဲ့အော်နေပါတယ်။


အထက်ဂိုဏ်း လိုက်တဲ့ အမေဒေါ်မေနွဲ့ က မလှမိုး ဆံပင် ကို ဘယ်လက်နဲ့ဆုပ်ကိုင် လို့ နင်ဘယ်ကကောင်မ လည်း ခုထွက် ခု ထွက်လို့ပြောယင်း ညာလက် ကလည်း မလှမိုး ပါးကို တဖြန်းဖြန်း ရိုက်နေတာတွေ့လိုက်ပါတော့တယ်။

 ကျနော်လည်း အခန်းကိုပြန်ပြေးပြီး တံခါးဝကနေပဲ..ဟိုမှာ မလှမိုးနိကက်ကြီးနဲေ့ အ်ာနေတယ် လည်းပြောရော၊ အခန်းထဲက ယောင်္ကျားသား များ ကျနော်ဘေး ဖယ်ပေးတာ တောင် မစောင့်နိုင်ပဲတွန်းထိုး ထွက်သွားကြတာ ကျနော်တောင်ပက်လက်လှန်လဲကျန် ခဲ့ပါတော့တယ်။
 

သူတို့တွေ အပြေးအလွှားနဲ့ မိန်းမတွေအခန်းဝ စုပြုံ တိုးခွေ့ကြည့်ကြတော့၊အမေ ဒေါ်မေနွဲ့က..သရဲက တစ်မှောင့် ဒီ နှာဗူးတွေ ကလည်းတမှောင့်..ဆိုပြီး  အခန်းတံခါးကို ပိတ်လိုက်ပါ တော့တယ်။

ဇာတ်ပေါင်းတော့မှ လှလှမိုး တစ်ယောက် ညတွင်းချင်းပဲမြို့ထဲက သူ့မိတ်ဆွေ အိမ်ကိုရွှေ့သွားပါတော့ တယ်။

 ကွယ်လွန်သွားပြီဖြစ်တဲ့ ဓာတ်ပုံ ကိုမြသန်းထွန်း ကတော့ မနက်ကျတော့ တမ်းတမ်းတတပြောရှာပါရဲ့။
လှလှမိုးပြောင်းသွားတာ မှားတယ်ကွ၊သူဒီမှာပဲ ဆက်နေပြီး ညတိုင်း သရဲပူးရမှာ..တောက်နာသကွာ…တဲ့ခင်ဗျာ။

စာကြွင်း..နောက်ပိုင်း အဲဒီအိမ်ကြီးကို သဇင်မြိုင်ဟော်တယ် ရယ်လို့ ဖွင့်ကြပါသေးတယ်။သိပ်မကြာခင်ပဲပြန်ပိတ် လိုက်ရပါတယ်ဗျာ။

ရေးသားသူ။ ။ဇင်ဂိုင်း
Zin Wyne Facebook


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall