မေမေ ဆိုတဲ့ ထို ဧည့်သည်

 မောင်(စွယ်စုံကျမ်း)'s photo.


 ဖတ်ကြည့်စေချင်ပါသည်.ညီမ / အစ်မ များသို့.....

အလုပ်တက်ချိန်ကြီးမှာ ယောက္ခမ ဆီက ဖုန်းလာ ပါတယ်၊ အိမ်မှာ ဧည့်သည်ရောက်နေတယ် နေ့လယ်စာ ကို အိမ်ပြန်စားနိုင်မလား တဲ့။

အလုပ် များနေချိန်မို့ အလုပ်ကနေခွာဖို့ ကလည်း မလွယ်၊ ဧည့်သည် ကို ထမင်း မဖိတ်ကျွေးရင်လည်း ဧည့် ဝတ် မကျေမှာ စိုးပါတယ်။ ဒီလို နဲ့ ယောက္ခမ ကို စားသောက်ဆိုင် မှာ စားစ၇ာ မှာပြီးစောင့်နေ ထမင်းစား ချိန်ရောက်တာ နဲ့ ကျွန်မ ချက်ချင်းပြေးလာခဲ့မယ် လို့ မှာလိုက်တယ်။
.
ဖုန်းချ လိုက်တာနဲ့ မကြာဘူး.. ဖုန်းက ထပ်မြည် လာပြန်တယ်။ ယောက္ခမ က “ဧည့်သည် ကပြောတယ်.. အိမ် မှာ ဖြစ်သလို စားလိုက်ရင် ရပြီ။ သမီး အလုပ်များနေရင် အိမ်ပြန် မလာလည်း ရပါတယ်တဲ့”လို့ ပြောတယ်။
.
ဖြစ်သလို စားလို့ ဘယ်ဖြစ် မလဲ.. မဟုတ်သေးပါဘူး…
.
ဒါပေမယ့် ယောက္ခမ က ဧည့်သည် နာမည်ကို ထုတ်ပြောလိုက် တာနဲ့ ကျွန်မ စိတ်သက်သာရာ ရသွားပါ တယ်။ ဧည့်သည် က ကျွန်မ ရဲ့မေမေပါ။ ဒီလို ဆိုတော့လည်း ထွေထွေ ထူးထူး စီမံနေစရာ မလိုတော့ ပါ ဘူး၊ ဖြစ်သလို လည်း ဖြစ်နေတာပါပဲလေ။
.
ဒီလို နဲ့ အဲဒီနေ့ နေ့လယ်စာ က ယောက္ခမနဲ့မေမေ ပဲ အတူ စားဖြစ်လိုက်ပါတယ်။ ဟင်း ကလည်း ရိုးရိုး စားနေကျ ဟင်းလျာတွေ ပါပဲ။ ကျွန်မ က ကျွန်မ ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ အတူ စားလိုက်ပါတယ်။
.
ညနေ ကျွန်မ အလုပ်ဆင်း အိမ်ပြန်ရောက်တော့ မေမေပြန်သွားခဲ့ ပါပြီ။ မေမေ ယူလာ ခဲ့တဲ့ လက်ဆောင် ပစ္စည်းတွေ ဧည့်ခန်း မှာ တစ်ပုံကြီး ကျန်နေခဲ့ပါတယ်။ လက်ဆောင်တွေ က စားလို့ ရတာတွေ၊ ဝတ်လို့ ရ တာတွေ စုံနေတာပါပဲ။
.


အဲဒီ ပစ္စည်းတွေကိုကြည့်ပြီး ကျွန်မ တို့ အိမ်မှာ မေမေ စားခဲ့တဲ့ မစုံမလင်  နေ့လယ်စာ ကို ကျွန်မ သတိရပြီး စိတ်မကောင်းဖြစ်သွားမိပါတယ်။
.
သူငယ်ချင်း တစ်ယောက် ကို ဒီ အကြောင်းပြောပြဖြစ်တော့ သူငယ်ချင်း ရဲ့အတိတ် ကို ကျွန်မနှိုးဆွလိုက် မိပါတယ်။
.
သူငယ်ချင်း က အိမ်မှုကိစ္စ လုပ်ရတာကို မနှစ်သက်တဲ့ သူပါ။ အိမ်နေရင် ကိုယ်သောက်တဲ့ရေခွက် ကိုတောင် ယူရမှာ ပျင်းသူဖြစ်တယ်။ ဒါပေမယ့် အိမ်ကို ဧည့်သည်လာတဲ့ အခါ သူဟာ နဂိုက နဲ့ ဆန့်ကျင်ဖက်ဖြစ်သွား ပါတယ်။ 


ဧည့်သည် အတွက် ရေနွေးကြမ်း ထည့်ပေး၊ အစား အသောက်ကျွေးမွေး နဲ့၊ ဧည့်သည်ငြင်းဆန် ရင်တောင် သူက ဧည့်ဝတ်ကျေအောင် ပြုစု သူဖြစ်သွားပါတယ်။ ကိုယ့်အိမ် လာတဲ့ ဧည့်သည်ကို ဧည့်ဝတ် မကျေ ရင် နောက် တစ်ကြိမ် ဧည့်သည် မလာမှာ စိုးတယ်လို့ သူက ထင်ပါတယ်။
.
ဧည့်သည်ပြန်သွားတဲ့ အခါ ဧည့်ခန်း ကို တံမြက်စည်း လှည်း၊ ကြမ်းတိုက်၊ အကြမ်း ပန်းကန်ဆေးကြော သိမ်း ဆည်းတာတွေကို သူ မလုပ်ချင်ပေမယ့် သူလုပ် ပါတယ်။ ဧည့်သည်တွေ ကို ဧည့်ဝတ်ကျေကျေ သူဧည့် ခံ လိုက် ရတော့ ဧည့်သည် ဝမ်းသာရင် သူလည်း လုပ်ရကျေနပ် ပါတယ်။
.
တစ်ခါ က သူ့မေမေ သူ့ဆီ အလည် လာပါတယ်။ အမေ အိမ်ထဲ ဝင်တာနဲ့ အိမ်နေ ဖိနပ် စီးခိုင်းပါတယ်။ အမေ ကို သစ်သီးနဲ့ ဧည့်ခံ ခဲ့လည်း ဧည့်ခန်း ညစ်ပတ် သွားမှာ စိုးတာကြောင်း အမေ ကို တတွတ်တွတ်နဲ့ သူ သတိပေးနေခဲ့ပါတယ်။
.
“အမေ.. သတိထားစား.. အရည်တွေ ကြမ်းပြင်ပေါ်ကျပြီး ကြမ်း ညစ်ပတ် သွားဦးမယ်”
.
ထမင်းစားချိန်မှာ လည်း ထမင်းလုံးတွေ မကျဖို့၊ ဟင်းရည်တွေ စားပွဲပေါ် မဖိတ် စင်ဖို့ မနားတမ်း သူပြောနေ ခဲ့ပါတယ်။
.
အမေ ကို ဟိုလို မလုပ်နဲ့ ဒီလို မစားနဲ့ လို့ သူ သတိပေးနေခဲ့ လို့ အမေဖြစ်သူဟာ ကိုယ့်သမီး အိမ် မှာတောင် နေမသိ ထိုင်မသာ နဲ့ အနေကျပ်ခဲ့ ရပါတယ်။ နေအိမ်ကြမ်းပြင် မညစ်ပတ်၊ မရှုပ်ပွအောင်ဆိုပြီး သမီးအိမ် မှာ ကြာကြာ မနေဘဲ ပြန်သွားခဲ့ပါတယ်။
.
အမေပြန်သွားပြီးနောက် နဂို အတိုင်း သန့်သန့်ရှင်းရှင်း ကျန်ရစ် ခဲ့တဲ့ နေအိမ် ကိုကြည့်ပြီး သမီးဖြစ်သူက ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတယ်။
.
ဖော်ရွေမှု ရှိတဲ့ မိတ်ဆွေ တစ်ဦးကလည်း သူ့ အဖြစ်အပျက်ကို ပြောပြပါတယ်။ အိမ်ကို ဧည့်သည်လာရင် သူဟာ ဘယ်လောက် ပဲ အလုပ်များများ အလုပ် ကိုဘေးချပြီး ဧည့်သည်ကို အဖော်ပြု တယ်၊ နေရာ အနှံ့လိုက် ပို့တယ်၊ အစားတွေ လိုက်ကျွေးတယ်၊ ဧည့်ဝတ် မကျေမှာ စိုးတယ်လို့ ဆိုပါတယ်။
.
မိတ်ဆွေ က ဖော်ရွေ တာကြောင့် အပေါင်းအသင်း လူချစ် လူခင်ပေါများ ပါတယ်။ သူ့ဆီ လာလည် သူတိုင်း ကို သူ မငြင်းမဆန် ဟိုပို့ ဒီပို့ နဲ့ ဧည့်ဝတ် ကျေပွန်ခဲ့ပါတယ်။
.
တစ်ခါ က သူ့မေမေ သူ့ဆီ အလည်လာပါတယ်။ ကံ မကောင်းချင်တော့ အဲဒီနေ့က သူ အရမ်း အလုပ်များနေ ခဲ့တယ်။
.
အမေ ကလည်း
.
“ခွင့် မယူနဲ့.. အလုပ် က အရေးကြီးတယ်၊ အမေ အသက်ကြီးပြီ အပြင်တွေ ဘာတွေ ထွက် မလည်ချင်ပါဘူး၊ အလုပ်ကပြန်ရောက်ရင် ပဲ အမေနဲ့ စကားလေး ဘာလေးပြောရင် ရပါပြီ”
.
လို့ ဆိုတယ်။
.
အမေ သူနဲ့ တစ်ပတ် တိတိနေခဲ့တဲ့ အချိန်အထိ အမေ ကို သူ ဘယ်မှ လိုက်မပို့ဖြစ်ခဲ့ပါဘူး။ မြို့ထဲ က လှပတဲ့ ရူခင်းတွေ ကို လိုက် မပြဖြစ်ခဲ့ပါဘူး။ အမေ့ အတွက် ဒါတွေ မလိုအပ်ဘူးလို့ သူထင်ခဲ့တယ်။ အမေ အိမ်ပြန် ပြီးနောက် အိမ်ကို သူဖုန်းဆက်တော့ မောင်ဖြစ်သူက
.
“မေမေ ကို ဘယ်တွေ လိုက်ပို့ဖြစ်သေးလဲ၊ မေမေ ကပြောတယ်.. ဒီ တစ်ခေါက် သမီးဆီ သွားလည် ရင် နေ ရာ အနှံ့ရူခင်းတွေ လိုက်ကြည့်ဦး မှာတဲ့”လို့ ဆိုတယ်။
.
မောင်ဖြစ်သူ ရဲ့စကား ကိုကြားတော့မှ သူ မျက်ရည်ပေါက်ပေါက် ကျပါတော့တယ်။
.
မိခင်တွေ အသွားချင်ဆုံးနေရာ နဲ့ အကြိုက်ဆုံးနေရာ က သမီးတွေ ရဲ့အိမ်ပဲဖြစ်မယ် ထင်ပါတယ်။ အဲဒီနေရာ မှာ အနွေးထွေးဆုံး သံယောဇဉ်၊ နှောင်ကြိုးတွေ ရှိလို့ပါ။ အိမ်ရှင်မဖြစ်တဲ့ သမီးတွေက အိမ်ကို လာတဲ့ ဧည့် သည်တွေ ကို အတတ်နိုင်ဆုံး ဧည့်ဝတ်ကျေအောင် ကြိုးစားကြတယ်၊ ဧည့်သည်တွေ ကို သက်တောင့် သက် သာ ရှိစေကြတယ်၊ ဝမ်းသာပျော်ရွှင်စေကြတယ်၊ အလေးထားကြတယ်။
.
ဒါပေမယ့် မေမေ ဆိုတဲ့ အဲဒီ ဧည့်သည်ရောက်လာတဲ့ အခါ သူ့ကို စိတ်ချမ်းသာပျော်ရွှင်စေမယ်၊ သက်တောင့်သက်သာ ရှိစေမယ်၊ အလေးထား ခံရစေမယ် လို့ ကျွန်မ တို့ တစ်ခါမှ မတွေးတောခဲ့ဖူးပါဘူး။ အမေတွေ ကလည်း ကိုယ့်ကိုယ်ကို ဧည့်သည် လို့ သဘော မထားခဲ့ကြဘဲ ဧည့်ဝတ် မကျေလည်း၊ ကိုယ်ပဲ စိတ်ညစ် ခံပြီး အိမ်ရှင်တွေ ကို အနှောင့်အယှက် မပေးချင်ခဲ့ကြပါဘူး။
.
သမီးဖြစ်သူ ရဲ့အိမ် မှာ မေမေ ဟာ တစ်ခြား ဧည့်သည်တွေ ထက် စိတ်ရင်းမှန်၊ နှလုံးမှန်တဲ့ သူပါ။ ဒါပေမယ့် တခြား ဧည့်သည်တွေလောက် သူ အလေးထား ဆက်ဆံ မခံခဲ့ရပါဘူး။ 


ဒါတွေကိုတွေးမိရင်း မျက်ရည်တွေ က ကျွန်မ ပါးပြင်တစ်လျောက် အတားအဆီး မဲ့ စီးကျလာခဲ့ပါတော့တယ်။
.အမေ့ ကို ချစ်တဲ့ သူတိုင်း Share လုပ်ပြီး သူငယ်ချင်းတွေ ကို ပြန်မျှဝေပေးပါ.......


Credit (အမေ့သားလတ် )


 မောင်(စွယ်စုံကျမ်း)

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall