ငါ့ကို..ဘိုးဘွားရိပ်သာ ပို့ပေးပါ



၁၉၉၁ ခုနှစ်
————-

“သားကြီး ကျောင်းသွားတော့ မှာလား”
“ဟုတ်ကဲ့ဖေဖေ”

“စာကြိုးစား တဲ့ သားကြီးကို မုန့်ဖိုး အများကြီး ပေးရမှာပေါ့ကွ”
“အဖေကြီး…ရှင့်သားကို ကျွန်မ-မုန့်ဖိုးပေးပြီးသားလေ တော်ရဲ့”

“ဟာ…မင်းပေးသလို ငါလည်း ပေးမှာပေါ့ကွ၊ ငါ့သားကြီးက စာတော်တဲ့သားကွ”
“ရော့…သားကြီး အတွက် မုန့်ဖိုး။
ဒါက ဖေဖေပေးတာနော်” x


၂၀၀၂ ခုနှစ်
————

“သားကြီးရေ၊ သားကြီး”
“မင်းအတွက် စဖို့ရှပ်လေး ဖေဖေ ဝယ်လာတယ်”

“သားကြိုက်တဲ့ အပြာနုရောင်လေးပဲ။ လိုက်၊မလိုက် ဝတ်ကြည့်စမ်းပါဦးကွ”
“ငါ့သားကြီးက တက္ကသိုလ်ကျောင်းသားကြီးတောင် ဖြစ်ပြီ ဆိုတော့ အကျီ င်္ကောင်းကောင်းလေးတွေ လိုမှာပေါ့။ ဖေဖေနောက်လည်း ဝယ်လာခဲ့မယ်”

“အဖေကြီး…ရှင့်ပုဆိုးက တော်တော် စုတ်နေပြီလေ” “သားကြီးမှာ က အကျီ င်္ကောင်းတာတွေ အများကြီး ရှိသေးတာပဲ တော်ရယ်”

“ရှင့်အတွက် ပုဆိုး ကို ဝယ် မလာဘဲ ဘာလို့ သူ့ အတွက် ဝယ်လာရတာလဲ ရှင်”

“ငါ့ ပုဆိုး က လှည့် ဝတ်ရင် အဆင်ပြေပါတယ်ကွာ။ ဘာမှ မဖြစ်ပါဘူး”
“မင်းသိလား….ငါ့သားကြီး ပညာတတ် ဘွဲ့ရ၊ အလုပ်ကောင်းကောင်း ရတဲ့အခါ ငါ့ကို ပုဆိုးတွေ ဒါဇင်လိုက် ဝယ်ပေးမှာကွ။

အဲ့ဒီ့တော့မှ မင်း ငါ့ကို ငေးကြည့်ရမယ်”
“အေးပါတော်…။ ရှင်ပဲ ပြောတော့။ ရှင်ပဲ ပြောတော့” x


၂၀၁၂ ခုနှစ်
 ————

“မိန်းမရေ…ငါ့သား ချစ်သူက အချောလေး ပါလားကွ”
“ပိုက်ဆံ လည်း ချမ်းသာတယ် ဆိုတော့ ငါတို့ ဘက်ကလည်း တစ်ခုခုတော့ လုပ်ပေးဖို့လိုတာပေါ့။ မဟုတ်ရင် ငါ့သားကြီး ခမျာ မျက်နှာ ငယ်ရရှာမှာ”

ငါတို့နေတဲ့ မြေက…တို့ အဘိုး အဘွားကြီး နှစ်ယောက် အတွက် ကြီး မနေဘူးလားကွ”
“ပေ ၄၀ ထဲ က ပေ ၂၀ ကို ထုတ်ရောင်းပြီး သားကြီး မင်္ဂလာဆောင်အတွက် သုံးပေးလိုက်ရင် ကောင်းမယ်နော် မိန်းမ။ သူလည်း တော်တော် ပျော်ရှာမှာ”

“ရှင့်ကိုတော့ ကျွန်မ မပြောတော့ဘူး။ ရှင့်သားကြီး အတွက်ဆိုရင် ကျွန်မ ကိုပါ ရောင်းစားပေးမလား မသိပါဘူးတော်။ ရှင့်သဘော၊ ရှင့်သဘော” x

၂၀၁၄ ခုနှစ်
————-

(က) “ဟလို…သားကြီးလား…ဖေဖေပါ”
“ဖေဖေ အသုံး စရိတ်ပြတ်နေလို့ ဖေဖေ့ ကို ငွေ နည်းနည်းလောက် ပေးပါလား သားကြီးရယ်”

“ဟာ…ဖေဖေ ကလည်းဗျာ” “ပြီးခဲ့တဲ့ လ,တုန်း ကပဲ ကျွန်တော် ဖေဖေ့ ကို ငွေ သုံးသောင်း ပေးထားသေး တယ်မလား”

ဟုတ်တယ် သားကြီးရဲ့… ဖေဖေ ဆေးဝယ်သောက်နေရလို့ ငွေ က သိပ် အသုံးမခံဘူးကွယ်”

“မင်းမေမေ မရှိ ကတည်းက ဖေဖေ့ ကျန်းမာရေးလည်း သိပ် မကောင်းတော့ဘူး သားကြီးရယ်”


(ခ) “သားကြီး တို့ လင်မယား ပါလား…ဘယ်က လှည့်လာတာလဲ”
“ကျွန်တော်… ဟိုဘက် ရပ်ကွက် ထဲမှာ ကိစ္စ တစ်ခုနဲ့ လာရင်း လမ်းကြုံလို့ ဝင်လာတာ ဖေဖေ”

“ဒါဆို…သားကို ပြောစရာ ရှိတာနဲ့ အတော်ပဲ”
“သား မလာရင် သား ဆီကို ဖုန်းဆက်ပြီး ပြောမလို့”

“သားကြီး…ဖေဖေ့ မျက်မှန် က သိပ်ကြည့်လို့ မကောင်းတော့ဘူး”
“ဖေဖေ ပါဝါ တိုးရမလား မသိဘူး”
“သားကြီး အဆင်ပြေရင် ဖေဖေ့ ကို မျက်စိဆေးခန်း ခေါ်သွားပေးပြီး မျက်မှန်လေး လဲပေးပါလား သားကြီးရယ်”

“ဖေဖေ ကလည်း…မျက်မှန်က အကောင်းကြီး ရှိသေးတာပဲကို”
“ကျွန်တော်လည်း အခုက မအားသေးဘူး”

“ဖေဖေ့မြေး က ဖာလူဒါသောက်ချင်တယ် ဆိုလို့ သွားတိုက်ရဦးမှာ”
“ဒီလိုလုပ်လေ…ကျွန်တော် အားတဲ့ တစ်နေ့ ဖေဖေ့ ကို လာခေါ်မယ်လေ”


(ဂ) “သားကြီးရေ” “ဖေဖေ့ ကျန်းမာရေးက သိပ် မကောင်းတော့ဘူးကွယ်”
“နေလို့ ထိုင်လို့လည်း သိပ်မကောင်းဘူး။ အမော လည်း ခဏခဏဖောက်နေတယ်”

“သားကြီး အဆင်ပြေရင် သားကြီး အိမ်မှာ ဖေဖေ့ ကို ခေါ်ထားပါလား”
“သားကြီး အိမ်မှာ ဖေဖေ လိုက်နေရမယ် ဆိုရင် မြေးလေး မျက်နှာကို ကြည့်ရရုံနဲ့ တင် ဖေဖေ့ ကျန်းမာရေး တစ်ဝက်သက်သာပါပြီ”

“ဟာ…ဖေဖေ အဲ့ဒါတော့ အဆင်မပြေဘူးဗျ”
“ကျွန်တော့် မိန်းမ က အိမ်မှာ အသက်ကြီး ရွယ်အိုတွေ နေတာ သဘောမကျဘူး”
“အဲ့ဒါကြောင့် သူ့ အဖေ၊ အမေ ကိုတောင် ခေါ်မထားဘူး”

“ကျွန်တော် လုံးဝ အဆင်မပြေလို့ပါ ဖေဖေ။ ကျွန်တော့်ကိုနားလည်ပေးပါ” x


၂၀၁၅ ခုနှစ်။
————-

လူဆိုတဲ့ သတ္တဝါ ဟာ ကိုယ်စိုက်ခဲ့တဲ့ အသီး ကို မစား ရရင်တောင် အရိပ် ကလေးတော့ ခိုချင်ကြတာ သဘာဝ ပါ သားကြီးရယ်။

သားကြီး အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာ စိုးလို့ ဖေဖေ့ ဆန္ဒ နဲ့ ဖေဖေ ကိုယ်တိုင် ဆုံးဖြတ်ပြီး ဘိုးဘွား ရိပ်သာ မှာပဲ သွားနေဖို့ အသင့်ဖြစ်ပါပြီ။

သားကြီး တို့ မိသားစု ဘဝလေး အေးချမ်းသာယာပါစေ။ ခလုတ် မထိ ဆူးမငြိပါစေနဲ့လို့ ဖေဖေ ဆုတောင်း ခဲ့ပါတယ် သားကြီးရယ်။ x

၂၀၁၆ ခုနှစ်
————

ဘိုးဘွားရိပ်သာ တစ်ခု၏ ကုတင်နံပါတ် (၁၃) ရှိ အဘိုးအို တစ်ဦး၏ မျက်ဝန်း မှ မျက်ရည် တို့ တသွင်သွင် စီးကျနေသည် ကို စာဖတ်သူ တို့ မြင်တွေ့ရပါ လိမ့်မည်။

ထို အဘိုးအို ဘာတွေ တွေးပြီး၊ အဘယ်ကြောင့် ငိုကြွေးနေရှာ သလဲ ဆိုသည်ကို လည်း စာဖတ်သူတို့ နားလည် သဘောပေါက်ကြမည် ကို ကျွန်တော် အသေအချာသိပါသည်။

—————-


Khin Yadanar
အိမ်ဝေးသူ(KZ)

http://bit.ly/fxzulu

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall