သင် သိရင် သင် ချမ်းသာလိမ့်မယ်

Photo
 
 
 
တစ်ခါ တုန်းက ရွေတွင်း တစ်တွင်း မှာ အလုပ် လုပ်ခဲတဲ့ ဦးလေးကြီး တစ်ယောက် ရှိခဲ့တယ် ။ သူဟာ လူလတ်ပိုင်း အရွယ် ကတည်း ကနေ အလုပ် လုပ်နေခဲ့တယ် ။ သူဟာ အဲ့ဒီ ရွေတွင်းမှာ အလုပ် သမားခေါင်းဆောင်ကြီးဖြစ်ခဲ့တယ် ။

ဒါပေမဲ့ ဒီ ဦးလေးကြီးဟာ ပိုက်ဆံ တစ်ခါမှ မစုဆောင်းထားဖူးဘူး ။ ရလာသမျှ ကုန်အောင်သုံးလေ့ ရှိတယ် သူဟာ သဘော မနောလည်းကောင်းလွန်းတဲ့ အတွက် သူ့ အလုပ်သမားတွေ ကို အမြဲတမ်း ပေး ကမ်းကျွေးမွေးလေ့ ရှိပြီး ဘယ်သူ ပိုက်ဆံ လာချေးချေး ရှိရင်ပေးလိုက်တာချည်းပဲ ဦးလေးကြီးမှာ
အပေါင်း အသင်းတွေ ကလည်း အများကြီးပဲ ။

ဒီလို နဲ့ အသက်ကြီး လာတော့ ဇနီးမယား ကလည်း သေဆုံး သွားပြီး သူလည်း အသက်ကြီး လို့ အလုပ် ကနေ ပင်စင် ရ အနားယူ ရတယ် ဒါပေမဲ့ သူ့မှာ စုဆောင်းထားတာ ဘာမှ မရှိဘူး သူ အလုပ် လုပ်လာတဲ့သက်တမ်း တစ်လျှောက် သူ့မှာ သားသမီး ၅ ယောက် တောင် ရှိခဲ့တယ် ။ အားလုံးလဲ အတောင်စုံ အရွယ်ရောက် ပညာတွေ တတ်ကြလို့ အိမ်ထောင် ကိုယ်စီ ကျပြီး အသီးသီး  ခွဲခွာနေကုန်ကြပြီ  ။
.

တနင်္လာနေ့  ဦးလေးကြီး ကနေ အဖိုးကြီးဖြစ်လာတဲ့ အဖိုးအို က သမီး အငယ်ဆုံး အိမ်မှာ သွားနေတယ် အဲ့တော့ သမက်ကပြောတာ “အဖေ ကလည်း ဘာလို့ တစ်ခြား အိမ် သွားမနေတာလဲ ကျွန်တော် တို့  နှစ်ယောက်တည်းနေ ချင်တာ မလွတ်လပ်ဘူး ”


အင်္ဂါနေ့
ကျတော့ အဖိုးကြီးလည်း သားအိမ်မှာ သွားနေတယ် ချွေးမ ကဆောင့်ကြီးအောင့်ကြီး နဲ့ ပူညံ ပူညံ လုပ်တယ် ..တစ်ခြား သားတွေ အိမ်သွားနေပြန်တော့ လည်း အတူတူ ပဲ မြေးတွေ က အစ ပြောတာ “ အဖိုး ကို အမြင်ကတ် လိုက်တာ သားတို့ စားစရာ တွေ အကုန် ယူစား ပစ်တယ် သားသား တို့ ဘာသွား စားတော့ မှာလဲ ”တဲ့ ဒီလို နဲ့ အဖိုးအို ကို သမက်တွေ ချွေးမတွေ မြေးတွေ က ဘောလီဘော လို တစ်လှည်စီ ပုတ် ထုတ်နေကြရော .....

ဒီလိုနဲ့ တစ်နေ့ ကျတော့ အဖိုး ကြီး က သားသမီးတွေ အကုန်ကို လှမ်းခေါ်လိုက်ပြီး လူစုံတော့ ပြောတာ “ သားတို့ သမီးတို့ အဖေ ၂ နှစ်လောက် သားတို့ ဆီ မနေတော့ဘူး အဖေ့ သူငယ်ချင်း ရွေတွင်း ပိုင်ရှင် က စာရေး လာတယ် အဖေ့ ကိုရွေတွင်း မှာပြန်လာ ကူညီကြည့်ကြပ် ပေးဖို့ အကူ အညီလှမ်းတောင်းနေတယ် အဲ့တာကြောင့် အဖေ သွားကူရ အုန်းမယ်” ဆိုတော့ သားတွေ သမီးတွေ လည်း အဖိုးကြီး နဲ့ လွတ်လွတ် ကျွတ်ကျွတ် နေရအောင် သွားဖို့ ဝိုင်းဝန်း အားပေးကြပါလေရော ။

၂ နှစ် လည်းပြည့်ရော အဖိုးကြီး ဟာ သံသေတ္တာလေးတစ်လုံး နဲ့ ပြန်ရောက် လာတယ် သားသမီးတွေ ထူးခြားတဲ့ သံသေတ္တာလေး ကိုမြင်ကြတော့ အံသြစွာ နဲ့ ဝိုင်းမေးကြတယ်
“အဖေ အဲ့ဒီ သေတ္တာက ဘာသေတ္တာလေးလည်း ”ပေါ့

အဖိုးအို ကလည်းပြော ပြတာ ဒါ အဖေ့သူငယ်ချင်းရွေ တွင်းပိုင်ရှင် ဆီကနေ ရလာတဲ့ နောက်ဆုံး လက်ကျန် အမွေသေတ္တာလေး ပါ အကယ်လို့ အဖေ့ ကိုနောက်ဆုံး ထွက်သက် အထိ ကောင်းကောင်း မွန်မွန်ဂရု စိုက်ပြု စုတဲ့ သားသမီးကို အဖေ ဒီသေတ္တာလေး အမွေပေးမယ် ။

ဆိုတော့ သားသမီးတွေ အကုန်လုံး ရင်တွေခုန် ဝမ်းတွေ သာကုန်ကြရော အလု အယက် အဖိုးအိုကို ဂရု တစိုက်ပြုစုကုန်ကြပါလေရော ။

တနင်္လာ နေ့ သမီး အငယ် အိမ် အင်္ဂါ သား အငယ်အိမ် ဗုဒ္ဓဟူး သား အလတ် အိမ် စသဖြင့် အစဉ် လိုက် အတိုင်း လိုက်ပြီး အပြု စု ခံ နေခဲ့ လိုက်တာ တနင်္လာနေ့ တောင် မကုန်သေးဘူး သား အငယ် က အတင်း လာခေါ်သွားလိုက် သား အကြီး ကာ ပြန်လာ လု လိုက် နဲ့ အဖိုး ကို သူ့ထက်ငါ အပြိုင် အဆိုင် အဝတ်ကောင်း အစားကောင်းတွေ နဲ့ အိမ်ဦးခန်း မှာ ကောင်းကောင်း မွန်မွန် ရိုရိုသေသေ လိုလေသေးမရှိ ဂရုတွေ စိုက် ကုန်ကြပါလေ ရော

ဒီလို နဲ့ အချိန် ၇ နှစ်ကျော်လောက်ကြာတော့ အဖိုးအို လည်း သက်တမ်းစေ့ လို သေဆုံး သွားရှာ ပါလေရော
အသုဘ ပွဲ ပြီးတော့ သားသမီးတွေ အကုန်လုံး စုပြီး သေတ္တာလေး ကို အမွေ ခွဲကြ မလို့ ဖွင့်ကြတယ် သမီး အကြီး ဆုံးက သူအဖေ လည်ပင်းမှာ အမြဲ ဆွဲထားတဲ့ သေတ္တာသော့လေး နဲ့ စူးရှ စွာ စိုက်ကြည့်နေကြတဲ့ မျက်လုံးတွေအောက်မှာ သေတ္တာ ကို ဖွင့်လိုက်တယ် အထဲမှာ ပိတ်စ အဖြူ တစ်ထုပ်တွေ့ တော့ ဖြည် ကြည့် ကြတယ် ။
 
အထုပ်ထဲမှာ စက္ကူ ခေါက် ကလေး တစ်ခု ထွက်လာတယ် အမကြီး က စက္ကူ ခေါက် ကိုဖြန့် လိုက်ပြီး အထဲ ကစာတွေ ကို မောင်လေး ညီမလေးတွေ ကို ဖတ်ပြလိုက်တော့တယ် စာထဲ မှာရေးထားတာက.........

“အရင် ဆုံး အဖေ့ အနေနဲ့ အဖေ့ ကို ကျွေးမွေးစောင့်လျောက် ခဲ့တဲ့ ဒီထဲကကျောက်ခဲ တုံးလေးတွေ ကို ကျေးဇူးတင် မိတယ် ။ သားတို့ သမီးတို့ ဒီကျောက်ခဲလေးတွေ ကို ကိုယ့်ကိုယ် ကို သတိပေးနိုင်ဖို့ ဘဝရဲ့ သင်္ခန်းစာ အထိမ်းအမှတ် အဖြစ် အညီအမျှ ခွဲယူ ပြီး သိမ်းထားစေချင်တယ် ။ ခုချိန်က စပြီး ကြိုးစား စုဆောင်း ကြ ပါ ဒါမှ သားတို့ သမီးတို့ အိုမင်း လာတဲ့ အခါ အဖေ့လို မျိုး မသိမ်ငယ် ကြရမှာ ” တဲ့
.....................................

ဒီင်္ အကြောင်းအရာလေး က ဘာကိုပြောပြသလဲ ဆိုတော့ လျော့ မတွက်ပါနဲ့ ဘယ်သူ့ကိုမှ ကိုယ့်ကို လာကျွေးမွေးစောင့်လျောက်လိမ့်မယ် ရယ်လို့ မမျော်လင့်ပါနဲ့ ။ ခုချိန်က စပြီး စုဆောင်းထားကြပါ ဒါမှသာ ဘဝ အဖျားပိုင်း မှာအေးချမ်းနိုင်ပါလိမ့်မယ် ။

အကြောင်းအရာလေးကို ဖတ်ပြီး အကြောင်းအရာလေးမျှလောက် သာပဲ လို့ သဘော မထားမိပါစေ နဲ့ ။ ဘာကြောင့်လည်း ဆိုတော့ မပြင်ဆင် မစုဆောင်း တတ်တဲ့ လူတိုင်း အတွက် ဖြစ်လာနိုင်လို့ ပါ  ကိုယ့်ကို ကိုယ် အားကိုး တာလောက် ..ဘယ်သူ့ ကိုမှ အားကိုးလို့ မရ နိုင်ပါဘူး ...

လွပ်လပ်မှု့  ဆိုတာ  လူတိုင်း အတွက်ဖြစ်နိုင်ပါတယ် ။
ကိုယ်ကသာရွေးချယ် မလား ဆိုတာ မူတည်သွားတာပါ ။

သင်သိရင် သင် ချမ်းသာလိမ့်မယ် မှ........

‪#‎သုတဇုန်‬

http://www.thutazone.com

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall