Posts

Showing posts from June, 2016

မမြဲ ခြင်း မှ မြဲခြင်း သို့ 

Image
  ဒီကနေ့  ကမ္ဘာကြီး မှာ ဖြစ်နေတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ဟာ ဘုရားရှင်ဟော ခဲ့တဲ့ မမြဲခြင်း ဆိုတဲ့ နိယာမ ကို ပိုမို ပေါ်လွင်စေသလိုပဲ ။ ပိုင်ဆိုင်မှု့ပေါင်း များစွာ ပိုင်ဆိုင် ပြီး ကိုယ့်ကို ကိုယ် ချမ်းသာတယ် ဆိုတဲ့ သူဋ္ဌေးကြီးတွေ ။ သားသမီးတွေ နဲ့  ပျော်မြူးနေပြီး အမြဲတမ်း ပျော်ရွှင်နေရမယ် ထင်နေသူတွေ ။ ကျမ်းမာတယ် သန်စွမ်းတယ် ရုတ်တရက် ဘာမှ မဖြစ်နိုင်သေးဘူး လို့ ထင်ထားသူတွေဟာ ..... ငလျှင် လှုပ်တာ စစ်ဖြစ်တာ မီးလောင်တာ စတဲ့ သဘာဝ ရဲ့ ဘေးအန္တရာ ယ်တွေ နဲ့  ရုတ်တရက် ကြုံကြ ရတော့ သေဆုံးခဲ့ကြတယ် ။ သားသမီးတွေ နဲ့  ရှင်ကွဲ သေကွဲ ကွဲခဲ့ကြတယ် ။ လိုတာ ရတဲ့သူဌေးကြီး ဘဝကနေ ကုန်းကောက်စရာ မရှိအောင် ရုတ်တရက် မွဲသွား ခဲ့တယ် ။ ကမ္ဘာကြီး ရဲ့ ဘယ်နေရာမှာပဲ ရှိနေပါစေ နောက်ကျော မလုံတော့ဘူး ။ ဒီနေ့ သဌေး မနက်ဖန် ဆင်းရဲသား ၊ ဒီနေ့ လူ နောက်နေ့  ဘယ်ဘုံရောက်မလဲ ၊ ဒီနေ့ သာသနာတွင်း မှာ ကုသိုလ် ယူနိုင်တယ် ၊ မနက်ဖြန် သာသနာ ပ ချက်ချင်းရောက်နိုင်တယ် ၊ တကယ်တော့...................... ဒီနေ့ ဖြစ်နေတဲ့ အပျက်တွေ ကနေ သံဝေဂ ဥာဏ် ယူတတ်ရင် ၊ နိဗ္ဗာန် ထိ ခရီးရောက်ပါတယ် ။ ပဋာစာရီ တို့  ခေမာ တို့  မဟာဓန တို့ ရဲ့ ပျက်စီ

နှလုံး သွေးကြောကျဉ်း ရောဂါ အတွက် ဆေးနည်း

Image
     နှလုံး သွေးကြောကျဉ်း ရောဂါ အတွက် ဆေးနည်း    အင်္ဂလန် မှ ပါကစ္စတန် သို့ အစည်းအဝေး အတွက် ရောက်ရှိနေသော လူ တစ်ဦးသည် ရုတ်တရက် နှလုံး  ရော ဂါကြောင့် ဆေးရုံတက်ခဲ့ရသည်။ နှလုံး ခွဲစိပ် ဆရာဝန်ကြီး က ထို လူနာကို စမ်းသပ်ပြီး နှလုံးသွေးကြောကျဉ်း သည့် ရောဂါကြောင့် အသက် အန္တရာယ် ရှိသည့် အတွက် ခွဲစိပ် ရမည်ဖြစ်ကြောင်း၊ မခွဲစိပ်မီ ပြင်ဆင်သင့် တာတွေ ပြင်ဆင်ထားဖို့ မှာလိုက်ပါသည်။ ထိုလူနာမှာ ဆေးရုံ သို့ တစ်လကြိုတင်ငွေ Rs 225,000 ကို ပေးထား၍ ခွဲစိပ်ရက်ရောက်မည့် ရက် ကို စောင့်နေတုန်း မှာပင် သူ့ရောဂါ အကြောင်းကို ပါကစ္စတန် မှ တိုင်းရင်းဆေး ဆရာကြီး Hazrat Moulana Bashir Saheb ဆိုသူ အား ပြောပြလိုက်ပါသည်။ ထိုအခါ ဆရာကြီး Saheb သည် သူ ကိုယ်တိုင် ဖော်ပေးသောဆေးကို တစ်လ တိတိ လိုက်နာ သုံးစွဲလျှင် ထိုရောဂါ မုချ ပျောက်ကင်းမည်ဖြစ်ကြောင်း ပြောလာ သဖြင့် ဆရာကြီး ၏ ဆေးကို သောက်သုံးခဲ့ရာ တစ်လပြည့်သော အခါ ခွဲစိပ် ဆရာဝန်ကြီးမှာ သူ့ရောဂါ ကို စမ်းသပ်ကြည့်ပြီး ခွဲစိပ်စရာ မလိုတော့ကြောင်း၊     ပိတ်မိနေသည့် နှလုံးသွေးကြော များလည်း ပြန်ပွင့်နေပြီး နှလုံးမှာလည်း ပုံမှန် ပြန်လည် အလုပ် လုပ်နေပြီဖြစ်ေ ကြာင

ဖနောင့် အတက် ထွက်ခြင်း

Image
    ဖနောင့် အတက် ထွက်တယ် ဆိုတာ ဖနောင့် အရိုးမှာ ကယ်လ်စီယမ် အနည်ထိုင် လို့ ဖြစ်ရတယ်။ အမှန်တော့ ပျက်စီးမှု ကို ပြုပြင်ဖို့ ခန္ဓာကိုယ် က ကယ်လ်စီယမ်တွေ ထုတ်ပေးရတာပါ။ ဖနောင့်ရိုး (calcaneus) မှာ ကယ်လ်စီယမ်တွေ စုပုံရာ ကနေ သေးငယ် တဲ့ အရိုး အတက်ဖြစ်လာပါတယ်။    အဲဒီလို အရိုးအတက် ကို Heel spurs (သို့) osteophytes လို့ ခေါ်ပါတယ်။ လူ အများစုမှာ ဖြစ်နိုင်ပေမယ့် လက္ခဏာ ရပ် မပြလို့ မသိကြသူက များတယ်။ အကယ် ၍ ဖနောင့်ရိုး (calc aneus) နဲ့ ခြေဖဝါးရိုး (metatarsal bones) ကို ဆက်သွယ် ထားတဲ့ plantar fascia အရွတ်ရောင်တဲ့ အခါ ဖနောင့်နေရာ ကနေ စတင် နာကျင် လာပါတယ်။    တစ်ချို့က အရိုး အတက်ကြောင့်လို့ ထင်မှတ် မှားကြတယ်။ အမှန် က အရွတ်ရောင်ခြင်းကြောင့် တွယ်ဆက် ထားတဲ့ ဖနောင့်နေရာ က နာကျင် လာတာ ဖြစ်ပါတယ်။ ဒီလို အရွတ်ရောင်တာမျိုး ကို plantar fasciitis လို့ ခေါ်ပါတယ်။ ဓာတ်မှန် ရိုက်ကြည့်တဲ့ အခါ အတက် ထွက်တာ ရှိနိုင်ပေမယ့် ခြေ ဖနောင့်ကတော့ နာကောင်းမှ နာလိမ့်မယ်။ ဘယ်သူတွေဖြစ်လဲ   ဖနောင့် အတက် ထွက်တာဟာ အသက် အရွယ်၊ အချိန်မရွေးဖြစ်နိုင်တယ်။ ဝတဲ့ သူတွေ၊အမျိုးသမီးတွေ မှာ ပိုဖြစ်တယ်။ တောင်ပေါ်ဒေသေ

မဟာသမယ သုတ် ဖြစ်ပေါ်လာပုံ

Image
     မြတ်စွာဘုရားရှင် သည် ဘုရား အဖြစ်သို့ ရောက်တော် မူပြီးနောက် လေးဝါ အလွန် ငါး ဝါမြောက် ဖြစ်ပြီးသော မဟာ သက္ကရာဇ် ၁၀၈ ခု နယုန် လပြည့်နေ့ တွင် သက္ကတိုင်း က ပိဝတ်နေပြည်တော် အနီး မဟာဝုန်တောကြီး အတွင်း၌ သီ တင်းသုံးနေတော်မူပါ၏။ မြတ်စွာဘုရားရှင် ထံသို့ ညနေပိုင်း အခ်ျန်တွင် ရဟန္တာဖြစ် ပြီးစ သာကီဝင် မင်းသား ရဟန်း ငါးရာ ရောက်ရှိ လာပြီးရို သေစွာ ရှိခိုး ထိုင်နေတော်မြူ က ပါ၏။ ယင်းသို့ "ရဟန္တာ ၅၀၀ "ပေါင်းဆုံ စုဝေးနေခြင်း ကို "ဓမ္မ သမယ " ဟုခေါ်ရပါ၏။ မြတ်စွာဘုရားရှင့်နှင့် တစ်ကွ ရဟန္တာ ၅၀၀ တို့အား ဖူးမျှော် ရန် စကြာဝဠာ ကမ္ဘာပေါင်း တစ်သောင်း မှ အလွန် များပြား လှသော နတ်ဗြဟ္မာ အပေါင်း တို့သည် မဟာဝုန်တောကြီးအတွင်းသို့ရောက်ရှိ လာကြပါ၏။     နတ် နဂါး ဂဠုန် အသူရာ ဗြဟ္မာ အားဖြင့် ပရိတ်သတ် စုံ လင် သလို နတ်ပြည်ခြောက်ထပ် ကိုကျော်လွ န် ကာ ဗြဟ္မာ ပြည်ထိတိုင် များပြားလှပါ၏။    

ချွေးပေါက် ကျယ်နေလား...

Image
 သူများတွေ မိတ်ကပ်လိမ်း နေ့တစ်ဝက်ထိ အလှမပျက်၊ ကျွန်မ မှာတော့ ချွေးပေါက် ကျယ်လို့ မျက်နှာ အဆီ တစ်ဝင်းဝင်း နဲ့။ မိန်းကလေး ဆိုတော့၊ ဒီတိုင်းကြည့်လို့ ချွေးပေါက် အထင်းသားမြင်ရတာ သိပ် ဘဝင် မကျလှ ပါဘူး။  ဒါနဲ့ ဟိုနေ့က ကုန်ကြမ်း လိုက်ရှာနေတုန်း Bellasugar က၊ How to get Rid of Large Pores : DIY Egg White Treatment တွေ့လို့ ကိုယ်တိုင် လုပ်ကြည့်လိုက်ပါတယ်။ အစ်မရို့စ် လည်း အဲဒီလို လိမ်းတယ် ဆိုတော့၊ စမ်းရတာ အားရှိတာပေါ့နော်။ လုပ်မယ်ဆို လိုအပ်တာက ကြက်ဥ တစ်လုံး။ :)  အနှစ်ကို ခွဲထုတ်လိုက်ပြီး၊ အကာ ကို ပန်းကန်လုံး ထဲမှာထည့်ပါ။  ဇွန်း နဲ့ အဖြူရောင် အမြှုပ်လေးတွေ ထတဲ့ အထိ နာနာခေါက်ပါ။ ပြီးရင် cotton pad လေးကိုယူ၊ မျက်နှာ အနှံ့မှာ လိုက်လိမ်း။ ၅ မိနစ်လောက်နေရင်၊ မျက်နှာ တင်းတင်းလေးဖြစ်ပါလိမ့်မယ်။ အကုန်ခြောက်သွားရင် ရေနွေးနွေးလေး နဲ့ မျက်နှာသစ်ပြီး၊ ထူးခြားမှုကို ခံစားကြည့်ပေါ့နော်။

ဝက်ခြံ ပျောက်ကင်းမယ့် အိမ်တွင်း နည်းလမ်းလေး

Image
  မြတ်ကြည် ရဲ့ အသားအရေ က sensitive ဖြစ်တဲ့ အထဲ မှာပါတယ်။ တစ်ခုခု မဖြစ်လိုက်နဲ့ ဖြစ်တာနဲ့ ဝက်ခြံပေါက်တော့တာပဲ။ ပြီးတော့ ဒီတိုင်းနေသလားဆိုတော့ မနေဘူး။ လက်က သွားသွား ကလိတာ။ အဲဒါ လက်ရောင်တွေ လိုက်ပြီး ဝက်ခြံပျောက်သွားရင် အမဲစက်လေးတွေ ကျန်ခဲ့ရော။   ဟိုတလောက ဝက်ခြံတွေ လှိမ့်ထွက်နေတာ ဟိုရှာ ဒီရှာလုပ်ရင်း မှာ ဒီနည်းလေးသွားတွေ့တယ်။ အဲဒီ ထဲမှာတော့ ပဲမှုန့်ရယ်၊ နနွင်းရယ်၊ သံလွင်ဆီရယ်ရောပြီး မျက်နှာပေါ်အုပ်တာ။ ပြီးရင် မျက်နှာပြန်ဆေးပေါ့နော် ။ အဲဒီလို။  မြတ်ကြည် ကတော့ နနွင်းရယ်၊ လက်ဆောင်ရထားတဲ့ သံလွင်ဆီအကြွင်းအကျန်လေးရယ် ရောပြီး လိမ်း တယ်။ နနွင်း အနံ့တော့ နည်းနည်း သည်းခံရတယ်။  လိမ်းပြီး မေ့မေ့ပျောက်ပျောက်ဖြစ်တော့မှ ရေနဲ့ဆေးချလိုက်တယ်။ ပထမ တစ်ရက်တင် တော်တော် သိသာ တယ်။ ရောင်နေတာတွေ ကျသွားတယ်။ တစ်ရက်ခြားပြီး ၂ ခါပဲလုပ်လိုက်တာ ဝက်ခြံမရှိတော့ဘူး။ အမာရွတ်ရော ဝက်ခြံရော လုံးဝမကျန်တော့ဘူး။    မြတ်ကြည်ရှာကြည့်တော့ နနွင်းမှာ ဆာလ်ဖာ ဓာတ် အများကြီးပါပါတယ်။ ဆာလ်ဖာဓာတ် က ရောဂါပိုးတွေ ကို သေစေနိုင်ပါတယ်။ သဘာဝ ပစ္စည်းဆိုတော့ လူကို လည်း ဥပါဒ် မဖြစ်ပါဘူး။ နောက် တစ်ခုက ဝမ်းခေါင်း အတွင်းမှာ ရ

မိန်းမသားများ နဲ့ အဖြူ ဋီကာ

Image
အဖြူ ဆင်းတိုင်း စိုးရိမ်​စရာ မလို​ပေမယ့်  စိုးရိမ်​စရာ မရှိလို့ ပစ်​ထားလိုလဲ မရပြန်​ပါဘူး။ သာမန်အဖြူ ဆင်း တာ လား၊ သာမန် မဟုတ်ပဲ အဖြူ ဆင်းတာလား ခွဲခြားသိဖို့လိုပါတယ်။ သာမန်​ မှာ ရာသီမေ​ပေါ် ခင်​​လေးဖြစ်​ဖြစ်​ ၊ ကိုယ်​၀န်​​ဆောင်​ တာပဲဖြစ်​ဖြစ်​ အဖြူ ဆင်းတတ်​ကြပါတယ်​။  ဒါဆို ဘယ်အခါမှာ သာမန် မဟုတ်တာကို သတိပြူသင့်ပါသလဲ? အဆင်းများတာ၊ ယားတာ၊ နာတာ၊ နဲ့ အနံ့ နံတာ တို့ဆို ဒီလို ဆင်းတာဟာ သာမန် မဟုတ်တော့ပါဘူး။     ကိုယ့်ကြောင့်လား၊ သူ့ကြောင့်လား? တစ်ချို့မိန်းကလေးတွေက သူတို့ အဖြူ ဆင်းတာက သာမန် မဟုတ်ဘူးဆိုတာ သတိထားမိ လာတဲ့အခါ ကိုယ့် ချစ်သူ လင်ယောက်ျားတွေ ကို မျက်ထောင့်နီကြီးတွေ နဲ့ ကြည့်တတ်ကြပြန်ပါတယ်။ တစ်ကယ်တော့ မိမိကြောင့်လည်းဖြစ်နိုင်သလို၊ သူတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်သူ့ကြောင့်ဖြစ်တယ် ခွဲခြား လို့ လည်း ရပါတယ်နော်။ နောက် အပိုဒ်တွေမှာ ရေးသွားပေးမှာပါ။   သာမန် မဟုတ်ပဲ အဖြူဆင်းစေတဲ့ အခြေအနေလေးတွေ Bacterial Vaginosis  ကိုယ် အိပ်ရေးပျက်လို့သော်လည်းကောင်း၊ အားနည်း လို့သော်လည်းကောင်း၊ အသန့် လွန်ပြီး ဆေးလွန်း လို့သော်လည်းကောင်း မိန်းမ ကိုယ်ထဲမှာဖြစ်တဲ့ pH မညီ
 
365myanmar.com - Myanmar Online Shopping Mall