ဝက်ခြံ ပျောက်ကင်းမယ့် အိမ်တွင်း နည်းလမ်းလေး


 



မြတ်ကြည် ရဲ့ အသားအရေ က sensitive ဖြစ်တဲ့ အထဲ မှာပါတယ်။ တစ်ခုခု မဖြစ်လိုက်နဲ့ ဖြစ်တာနဲ့ ဝက်ခြံပေါက်တော့တာပဲ။ ပြီးတော့ ဒီတိုင်းနေသလားဆိုတော့ မနေဘူး။ လက်က သွားသွား ကလိတာ။ အဲဒါ လက်ရောင်တွေ လိုက်ပြီး ဝက်ခြံပျောက်သွားရင် အမဲစက်လေးတွေ ကျန်ခဲ့ရော။
 


ဟိုတလောက ဝက်ခြံတွေ လှိမ့်ထွက်နေတာ ဟိုရှာ ဒီရှာလုပ်ရင်း မှာ ဒီနည်းလေးသွားတွေ့တယ်။ အဲဒီ ထဲမှာတော့ ပဲမှုန့်ရယ်၊ နနွင်းရယ်၊ သံလွင်ဆီရယ်ရောပြီး မျက်နှာပေါ်အုပ်တာ။ ပြီးရင် မျက်နှာပြန်ဆေးပေါ့နော် ။ အဲဒီလို။

 မြတ်ကြည် ကတော့ နနွင်းရယ်၊ လက်ဆောင်ရထားတဲ့ သံလွင်ဆီအကြွင်းအကျန်လေးရယ် ရောပြီး လိမ်း တယ်။ နနွင်း အနံ့တော့ နည်းနည်း သည်းခံရတယ်။ 


လိမ်းပြီး မေ့မေ့ပျောက်ပျောက်ဖြစ်တော့မှ ရေနဲ့ဆေးချလိုက်တယ်။ ပထမ တစ်ရက်တင် တော်တော် သိသာ တယ်။ ရောင်နေတာတွေ ကျသွားတယ်။ တစ်ရက်ခြားပြီး ၂ ခါပဲလုပ်လိုက်တာ ဝက်ခြံမရှိတော့ဘူး။ အမာရွတ်ရော ဝက်ခြံရော လုံးဝမကျန်တော့ဘူး။
 


 မြတ်ကြည်ရှာကြည့်တော့ နနွင်းမှာ ဆာလ်ဖာ ဓာတ် အများကြီးပါပါတယ်။ ဆာလ်ဖာဓာတ် က ရောဂါပိုးတွေ ကို သေစေနိုင်ပါတယ်။ သဘာဝ ပစ္စည်းဆိုတော့ လူကို လည်း ဥပါဒ် မဖြစ်ပါဘူး။ နောက် တစ်ခုက ဝမ်းခေါင်း အတွင်းမှာ ရှိတဲ့ အဆီတွေကို လျှော့ပေးပါသတဲ့။


 ဝက်ခြံပေါက်တာက တော်တော် စိတ် ကသိကအောက်ဖြစ်စရာကောင်းပါတယ်။ ဒီတိုင်းပျောက်လို့က အကြောင်း မဟုတ်ပါဘူး။ ယောင်လိုက်ပြည်တည်လိုက်၊ အမာရွတ်တွေ ကျန်လိုက်။ အမာရွတ်ကပျောက် မယ် မကျန်သေးဘူး၊ အသစ် က ထပ်ထွက် လာပြန်လိုက်နဲ့ ဝက်ခြံ သံသရာလည်နေတော့တာပဲ။

ဝက်ခြံတွေက များသော အားဖြင့် အပျိုဖော် ဝင်ကာစ အရွယ် မှာ ပို အဖြစ်များပြီး အသက် နှစ်ဆယ် စွန်း တာ နဲ့ သူ့ အလိုလို လျော့သွားတတ်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ စင်းလုံးချောပျောက်နိုင်မယ် ဆို တာ ခန့်မှန်း လို့ မလွယ်ပါဘူး။

ဘာကြောင့်ပေါက်ရတယ်



ပုံမှန် အရေပြား

ဝက်ခြံ

 မွေးညင်းနုလေးတွေ ဘေးမှာ အသားအရေ ကို စိုပြေစေဖို့ သဘာဝ အဆီ ထုတ်ပေးတဲ့ follicle အိတ် လေးတွေ ရှိပါတယ်။  အကြောင်း တစ်ခုခုကြောင့် လမ်းပိတ်သွားတဲ့ အခါ အဆီ က အထဲမှာ ခဲသွား ပါတယ်။ အပေါ်က keratin နဲ့အုပ်တာ ခံရတဲ့ အခါ ဆား ဝက်ခြံလေးတွေ ဖြစ်လာပါတယ်။ အရေပြားပေါ်မှာ အကျိုးပြုတဲ့ ဘက်တီးရီးယား က ပိတ်နေတဲ့နေရာဆီရောက်လာပြီ ဆိုရင်တော့ နီမယ်၊ ပြည်တည်မယ် ဝက်ခြံ  ဖြစ်လာပါမယ်။





ဟော်မုန်း

ရာသီစက်ဝန်း အဆုံးနားလေး နဲ့ အပျိုစဖြစ်တဲ့ အခါတွေမှာ သွေး ထဲမှာ Androgen ပမာဏတက် လာ ပါ တယ်။ Androgen က အဆီအိတ်တွေ ကို ပိုကြီးထွားစေပြီး အလုပ် ပိုလုပ်စေတာကြောင့် လမ်းကျဉ်းကျဉ်းလေး မှာ ဈေးတန်းလျှောက် သလို  အဆီ ထွက်ဖို့ လမ်းတွေ ပိတ်ကုန်တာဖြစ်ပါတယ်။

ဟော်မုန်း အပြောင်းအလဲ ရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်၊ Polycistic ovary syndrome နဲ့ steroids ပုံမှန်သောက်နေ ရတဲ့ သူတွေမှာလည်း တွေ့ရပါတယ်။ သွေးဆုံးခါနီး အချိန်မှာ မ ဟော်မုန်း estradiol နည်း သွားတာကြောင့်လည်းဖြစ်တတ်ပါတယ်။

စိတ်ဖိစီးမှု

Singaporean မြီးကောင်ပေါက် တွေ မှာ ဝက်ခြံ ထွက်တဲ့ သူတွေက stress level နဲ့တိုက်ရိုက် အချိုးကျတာ ကို တွေ့ရှိခဲ့သလို National Institute of Health (USA)  ရဲ့ စာတမ်း အရ stress ဟာ ဝက်ခြံ အခြေအနေ ကို ပိုပြီး ဆိုးရွားစေတာကို လည်း တွေ့ရှိခဲ့ပါတယ်။ Stress  ကြောင့်ပဲ ဝက်ခြံဖြစ်လား၊ ဝက်ခြံ ထွက်တာ ကြောင့် stress ဖြစ်တာလား ဆိုတာတော့ ကဂနဏ မသိရသေးပါဘူး။

ရောဂါပိုး




Propionibacterium acnes က ဝက်ခြံ ကို ဖြစ်စေပြီး Staphylococcus epidermidis ကတော့ အကောင်လေးတွေ follicles နားမှာ စုဝေးဖို့အားပေးတဲ့ တရားခံပါ။ သူတို့တွေ က အဆီ ထုတ်တဲ့ cycle ကို ကမောက်ကမဖြစ်စေ သလို၊ ဝက်ခြံကြွေကျတာ ကိုလည်းနှေးစေပါတယ်။ အခု အခါမှာ antibiotics ကို ခံနိုင် ရည်ရှိတဲ့ strains တွေလည်းပေါ်နေသေးပါတယ်။

အစားအသောက်

သကြား တို့၊ ကစီ တို့ အများကြီး ပါတဲ့ အစာတွေက ဝက်ခြံ ကို ပိုပြီး ဆိုးစေတယ်လို့ ဆိုပါတယ် ။နောက် တစ်ခု က နွားနို့ သောက်တာနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်တဲ့။ ဒါပေမယ့် ချောကလက် နဲ့ ဆား သုံးစွဲ တို့ကြောင့် ဝက်ခြံဖြစ်တယ် ဆိုတာကို တော့ သက်သေမပြနိုင်ပါဘူး။

ဘာတွေလုပ်မလဲ

Benzoyl peroxide



P. acnes ကို သတ်ပေးပါတယ်။ side effect က မျက်နှာခြောက်တယ်၊ နီတယ်၊ စပ်ဖျင်းဖျင်း နဲ့ အပြင် သွားရင် sunscreen လိမ်းသွားရတယ်။ မဟုတ်ရင် ကြွလာရော။ (လိမ်းဖူးသည်) ကောင်းတဲ့ အချက် က ဆေးသောက် စရာမလို ပဲ သောက်ဆေး နဲ့ အာနိသင် အတူတူပဲ။ ဆေးယဉ် တာလည်း မရှိဘူး။

Antibiotics

အဲဒါက ဆိုးဆိုးရွားရွား တွေ အတွက် ပါ။ ဆေးယဉ်တတ် ပါတယ်။ လိမ်းဆေးရော သောက်ဆေးရော ရှိပါ တယ်။  Erythromycin, Clindamycin, tetracycline, minocycline တို့ပါ။ (ဒါလည်း သုံးဖူးတာပဲ) ကောင်းတာက Benzoyl Peroxide လို မျက်နှာ ရဲတာ  ရောင်ကိုင်းတာ အဲဒီလောက်မဆိုးဘူး။

ဟော်မုန်း

ဝက်ခြံဖြစ်စေတာက ကျားဟော်မုန်း အနွယ်ဝင်တွေပါ။ ဒီတော့ မဟော်မုန်းပေးရတာပေါ့။ တစ်ချို့ ဆရာ တွေ ကုလို့မနိုင်တော့လို့ ကိုယ်ဝန် တားဆေး ပေးလိုက်ရင် တော်တော်များများ သက်သာသွားကြတာ ကို တွေ့ ရပါတယ်။ အထိရောက်ဆုံး က ကျားဟောမုန်း ကို တိုက်ဖျက်တဲ့ cyproterone နဲ့ မ ဟော်မုန်း estrogen ကို ပေါင်းထားတဲ့ Diane 35/ Dianette ပါ။  နောက် တစ်မျိုး ဘေးထွက်ဆိုးကျိုး နည်းတဲ့ Drosperinone လည်း ထွက်လာပါပြီ။ သူလည်း ကိုယ်ဝန် တားဆေးပါပဲ။

Retinoids

အဆီ ထုတ်တဲ့ follicle cycle ကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ပေးပါတယ်။ နာမည် တွေက Tretinoin (Retin-A) (လက်ရှိ သုံးနေသည်), adapalene (Differin), and tazarotene (Tazorac) ပါ။ အဆီ ထွက်လမ်း ကို ပိတ်ဆို့ စေ တဲ့ keratinization ကို လည်း မဖြစ်အောင်တားပေးပါတယ်။ စစချင်း သုံးရင်တော့ နီရဲတာ အသားခြောက် တာတို့ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ Benzoyl peroxide လောက် မဆိုးဘူး။

ဗိုက်တာမင် အေ နဲ့ အမျိုးတော်တဲ့ isoretinoid ကို တစ်နေ့တစ်လုံး 4 လ မှ 6 လ အထိ သောက်မယ် ဆို ရင် ရေရှည် ဝက်ခြံ မထွက်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ Roaccutane, Accutane, Amnesteem, နာမည်တွေ နဲ့လာပါတယ်။ 


ဆိုးဆိုး ရွားရွား ဝက်ခြံပေါက်တဲ့ သူရဲ့ 80% လောက်မှာ မျက်နာ စဉ်းလုံးချောဖြစ်လောက်အောင်  ရှင်းနိုင် ပါတယ်။ ရပ်လိုက်မယ် ဆိုရင်လည်း  ဆေး အာနိသင်အကြာကြီး ထိန်းထားနိုင်ပါ တယ်။ ဘေးထွက် ဆိုးကျိုးတွေ ကတော့ အများကြီးပါပဲ။ နှာခေါင်းသွေးလျှံတာ၊ အသည်း ထိတာ၊ ကိုယ်ဝန်ဆောင်တွေ သုံးရင် ကလေးမှာကိုယ်လက် အင်္ဂါ ချို့တဲ့တာ ဖြစ်တတ်ပါ တယ်။                                                                                                                                              

Nicotinamide

အရောင်ကျဖို့ အတွက် သုံးလို့ရပါတယ်။ 1995 က လုပ်တဲ့ သုတေသန အရ antibiotics လို အလားတူ အာနိသင် ရှိတယ်လို့ဆိုပါတယ်။ ဗိုက်တာမင် B3 အမျိုးအစား ပါ။ အသားအရေ ကို တင်းရင်းစေတဲ့ collagen ဖွဲ့စည်းရာမှာ ပါဝင်သလို အရေပြားမှာ ရှိတဲ့ အမည်းစက်တွေကို ဖျော့ ပေးနိုင်ပြီး၊ အစိုဓာတ်ကို လည်း ထိန်းပေး ပါသေးတယ်။

တစ်ခြား

Ayuveda ကျမ်းထဲမှာ ရှားစောင်း လက်ပတ်၊ နနွင်း တို့ကို ဝက်ခြံ အတွက် အစွမ်းထက်တယ် လို့ ဖော်ပြထား ပါတယ်။ အတိအကျ သုတေသနပြုထားတာတော့ မရှိသေးပါဘူး။

Tea tree oil


 


အထိုက် အလျောက် အောင်မြင်တယ်လို့ဆိုရမှာပါ။ အသားအရေ ကို မခြောက်သွေ့စေပဲ၊ P. acnes ကို သတ်နိုင်တဲ့ အပြင်၊ ရောင်ရမ်း တာကို ကျစေတဲ့ ဂုဏ်သတ္တိလည်းရှိပါတယ်။

နည်းပညာ

Dermabrasion လုပ်လို့ရသလို၊ Phototherapy မှာ လုပ်စရာ Blue and Red light, Photodynamic therapy,
Laser treatment ဆိုပြီး သုံးမျိုးလည်း ရှိပါတယ်။ အကုန်အကုန် ဆို surgery လည်းလုပ်ကြပါတယ်။

ကျွန်မ နဲ့ ဝက်ခြံ

ကျွန်မ ကိုယ်တိုင်က ဝက်ခြံပေါက်တဲ့ ဒဏ် ကို လှိမ့်နေအောင် ခံခဲ့ရဖူးတယ်။ လှချင်တဲ့ အရွယ်မှ ဝက်ခြံတွေ က မညှာ မတာ၊ မှန်ကြည့်တိုင်း အမြဲ ငိုခဲ့ရတယ်။ အခုတော့ အဆင်ပြေသွားပြီ။ (ပဲပေးရမယ့် အရွယ်လည်း လွန်သွားပြီ)



ဒီပုံတွေက ဝက်ခြံပျောက်ဆေး ကြော်ညာလို့ရတယ်။ :D

ရန်ကုန် ပြန်ရောက်တော့ အတန်းထဲက လူတွေက Plastic surgery လုပ်လိုက်တာလားတဲ့ မေးကြတယ်။ ကျွန်မ သုံးတာက Obagi  Nu-Derm set ပါ။ Retin A နဲ့ရောလိမ်းရတယ်။



 ဆေးရုံက Dermatologist ညွှန်းလို့ လိမ်းတာ၊ ဘာမှ မကျန်တော့ဘူး။ ပုံမှန် မသုံးရင်တော့ပြန်ပေါက်တယ်။ အဆီ မပြန်အောင်တော့ ဂရုစိုက်တယ်။ မျက်နှာ များများ သစ်တယ်။ ဆီ ပါတဲ့ မိတ်ကပ် ကို မသုံးဘူး။ အဆီ စုပ် တဲ့ စက္ကူလေး ဆောင်ထားတယ်။ ခရမ်းချဉ်သီးဖျော်ရည်သောက်တယ်။ ဗိုက်တာမင် အေ ပါလို့။

ဒီဆောင်းပါးလေးက ကျွန်မ ချစ်တဲ့ မမပွင့် အတွက်ရေးပေးတာမို့ပြည့်စုံအောင် ရှာ ရေး လိုက် တာ တော်တော် ရှည် သွားတယ်။ ရေးဖူးသမျှထဲ၊ ဒါ အရှည်ဆုံးဖြစ်မယ် ထင်တယ်နော်။ သိချင်တာလေးတွေ ရှိရင်လည်းမေးလို့ရပါတယ်။ ပျိုမေတွေ လှသည်ထက် လှနိုင်ကြပါစေရှင်။


 http://thanakharmay.blogspot.my/2013/10/blog-post.html

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

 
365myanmar.com - Myanmar Online Shopping Mall