Posts

Showing posts from November, 2016

ဖျော်ပြီးကာစ ကွန်ကရစ်ထဲ သကြား နှင့် ဆား ရောခြင်း

Image
ဖျော်ပြီးကာစ မမာသေးတဲ့ ကွန်ကရစ်ထဲ သကြား နဲ့ ဆား ကို သီးခြားစီ ထည့်လိုက်ရင် ဘာတွေ ပြောင်းလဲသွားမယ် ထင်ပါသလဲ။ မြည်းတော့ မကြည့်ပါနဲ့။ လျှာကို ဘိလပ်မြေ ပေါက်သွားလိမ့်မယ်။ သကြား နဲ့ ဆားက ဆိုဒ်အင်ဂျင်နီယာတွေ အတွက် အသုံးဝင်မယ့် ဆေးမြီးတိုပါ။ ဆိုဒ်ထဲကို ကွန်ကရစ်ကား ရောက်လာပြီ။ ဒါပေမယ့် formwork က မပြီးသေးဘူး။ ဒါမှမဟုတ် လောင်းနေရင်း တစ်ခုခုဖြစ်လို့ ကွန်ကရစ် ကို ကားထဲမှာ တန်းလန်း ရပ်ထားရတယ်။  မကြာခင် ကားထဲက ကွန်ကရစ်က မာတော့မယ်။ ကွန်ကရစ် ချက်ချင်း မလောင်းနိုင်သေးလို့ မာသွားမှာ စိုးရိမ်နေရတဲ့ အချိန်ရောက်လာရင် ကွန်ကရစ်ထဲ သကြား 1% by volume လောက်ကို ထည့်ပြီး မွေလိုက်ပါ။  ကွန်ကရစ် initial setting နည်းနည်း ကြာသွားမယ်။ သကြားက retarder admixture တစ်မျိုးပါ။ ကွန်ကရစ် ရဲ့ plasticity state ကို ကြာစေပါတယ်။ side effect မရှိပါဘူး။ အချိန်တန်ရင် သူ့ အတိုင်း မာသွားပါလိမ့် မယ်။ coca cola လို အချိုရည်ဆို ကွန်ကရစ်က သကြားထက် ပိုကြိုက်ပါတယ်။  နောက်တစ်ခုက ကွန်ကရစ် လမ်းမှာ လမ်းကွဲနေတာကို ဖာနေတယ်။ ကွန်ကရစ်က လောင်းပြီး အနည်းဆုံး ၁ နာရီကျော်မှ ကားတွေ သွားရမယ်။ ကားတွေ ပိတ်တော့မယ်။ အဲဒီလိုမျိုး အချိန် နည်းနည်း

ပေါက်စီ သမိုင်းကြောင်း

Image
ဒါကို ဖတ်ပြီးမှ ပေါက်စီစားပါ " လက်ဖက်ရည် ကရားက   ရွာစားမင်း သဏ္ဍာန် ။   ဟာမအား ဆိုပြန်သည်   ပန်းကန် မရှိ။   ကျွေးလိုက်သည့် ငွေပေါက်စီငယ်   တစ်ယောက်စီကျွေးလို့ မစိ(စေ့) ......................................" ဒါကတော့ ရတနာပုံခေတ်နှောင်းပိုင်းမှာ ရေးစပ်ခဲ့တယ်လို့ ယူဆရတဲ့ တေးထပ် တစ်ပုဒ်ရဲ့ တစ်စိတ် တစ် ပိုင်းပါ။ အလှူ မင်္ဂလာဧည့်ခံပွဲ တစ်ခုမှာ ဧည့်ခံကျွေးရာမှ အစီအစဉ် ညံ့ဖျင်းတဲ့ အလှူရှင်ကို အသိက စိတ်နာနာ နဲ့ သရော်တော်တော် ငေါ့တော့တော့ ရေးစပ်လိုက်ဟန်တူပါတယ်။  ဘာပဲဖြစ်ဖြစ် ပေါက်စီ ဟာ ရတနာပုံခေတ်လောက် ကတည်းက မြန်မာပြည်ကို ရောက်ရှိနေပြီ။ အလှူ မင်္ဂလာ ဧည့်ခံပွဲတွေမှာ ပေါက်စီ နဲ့ ကျွေးမွေး ဧည့်ခံတဲ့ ဓလေ့တောင် ရှိနေပြီ ဆိုတာကို ဒီတေးထပ်က ပြဆိုနေပါတယ်။  ဘယ်အချိန် ဘယ်ကာလ က စပြီး ရောက်ရှိလာခဲ့တယ် ဆိုတာ အတိအကျ မသိရပေမယ့် တရုတ် သရေစြာ ဖစ် တဲ့ ပေါက်စီ ဟာ နှစ်နိုင်ငံ ကူလူးယှက်သွယ်၊ သံတမန် ဖလှယ်တဲ့ အချိန်လောက်ကတည်းက ရောက်ရှိနေပေလိမ့်မယ်လို့ ယေဘုယျ ခန့်မှန်းသိရှိနိုင်ပါတယ်။ တစ်ကယ်တော့ တရုတ်ပြည်မှာ "ပေါက်စီ" ရယ် လို့ စတင်ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်း ကလည်း ရှည် ကြာလှပြီက

ပေါက်စီ တစ်လုံးကပေးတဲ့ သင်ခန်းစာ

Image
ပေါက်ဆီဆိုင်တစ်ဆိုင်ဟာ အရမ်းကို ရောင်းကောင်းပါတယ် ပေါက်စီက အလုံးကြီး သလို အဆာသွပ်ထားတာလည်း များပြီး အရသာ ကလည်းကောင်းတော့ အမြဲတမ်း ဆိုင်မှာ လာဝယ်တဲ့ သူတွေ ပေါင်းအိုးထဲက ထုတ်လာတဲ့ အငွေ့ တစ်ထောင်းထောင်း နဲ့ မွေးကြိုင်ဖြူ အိနေတဲ့ ပေါက်စီ ပူပူနွေးနွေး တွေကို လာစောင့်ပြီး ဝယ်စားတဲ့သူတွေ နဲ့ ဆိုင်မှာ အမြဲ လူပြည့်နေတတ်ပါတယ် ။ ဒီလိုနဲ့ တစ်နေ့ မှာ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နဲ့ သူတောင်းစားတစ်ယောက်ဟာ ဆိုင်တံခါး ဝမှာမဝံ့ မရဲ ပုံစံ နဲ့ လာရပ်တယ် ဈေးဝယ် တစ်ချို့ က နှခေါင်းရှုံပြီး သူ့ကို ကွင်းသွားကြတယ် ။ … ဆိုင်အလုပ်သမား တစ်ယောက် ကထွက်လာပြီး သူတောင်းစားကို ဆဲလည်းဆဲ ဆိုင်ထဲ က လည်း မောင်းထုတ်တော့တယ် ။ ဒါပေမဲ့ သူတောင်းစား က ကမန်းကတန်ူး ရှင်းပြရှာတယ် “ကျွန်တော် လာတောင်း စား တာ မဟုတ်ပါဘူး ခင် ဗျာ ပေါက်စီ လာဝယ်တာပါ ” လို့ ကြောက်ကြောက် လန့်လန့် နဲ့ပြောရှာ ယင်း လက်ထဲ မှာဆုတ်ထားတဲ့ ပိုက်ဆံလေးတွေ ကိုဖြန့်ပြရှာတယ် ။ ဆိုင်အလုပ်သမားက နားမထောင်ပဲ အမြင်ကတ်ကတ် နဲ့ သူတောင်းစား လက်ကို ပုတ်ထုတ်ပစ်တော့ ပိုက်ဆံတွေ ကြမ်းပြင်ပေါ်ပြန့် ကျဲကျသွားကုန်လေ ရော ။ ကမန်းကတန်း နဲ့ အလန့်တကြား သူ့ပိုက်ဆံလေးတွေ ကိုပြန်လိုက်ကောက်ရှာ

အရွယ်တင် နုပျို ချင်ပါသလား ? ဆေးခြောက်ရှူပါ

Image
ဆေးခြောက်ဟာ ကိုယ်တွင်း အင်္ဂါများနှင့် အရေပြား ကင်ဆာ အချို့ကို တိုက်ဖျက်နိုင်စွမ်း ရှိပြီး ဆေးလိပ်သောက်ခြင်းနှင့် ဆန့်ကျင်စွာ အဆုတ် ကို သန့်စင်စေသော ဆေးဘက်ဝင် ပစ္စည်းဖြစ်သည်။   သုံးနှစ်နှင့် အထက် ဆေးခြောက်သုံးစွဲသူ အများစုဟာ သက်တူ ရွယ်တူများ ထက် ၃ နှစ် မှ ၅ နှစ်ခန့် အထိ နုပျိုနေသည်ကို တွေ့ရှိ ရပြီး စိတ်အာရုံ စူးစိုက်မှု အားကောင်းကာ သင်ယူနိုင်စွမ်း ပိုရှိကြောင်း တွေ့ရှိရ သည်။ အပေါ်ယံ အရေပြားတွင် ဖြစ်တတ်သော ဝက်ခြံ တင်းတိတ် နေလောင်ခြင်း များကို ပြန်လည်ပြုပြင်ပေးသော အစွမ်းသတ္တိ ရှိသည်။ ဆေးခြောက်သည် အရက်သေစာ ကဲ့သို့ မူးယစ် ရမ်းကား လိုစိတ်များ မဖြစ်ပေါ်စေဘဲ ဘိန်းကဲ့သို့ ထိုင်းမှိုင်း လေးလံမှုများလည်း မဖြစ်ပေါ်စေသည်ကို တွေ့ရှိရသည်။ ကျန်းမာရေး အတွက် အကျိုးကျေးဇူး များစွာ ရှိသဖြင့် အမေရိကန် ပြည်ထောင်စု ပြည်နယ် အတော်များများတွင် ဆေးခြောက် တရားဝင် သုံးစွဲခွင့်ပြုပြီ ဖြစ်သည်။ ဘိန်းထွက် ပစ္စည်းဖြစ်သော မူးယစ်ဆေးများ ဆေးရွက်ကြီးထွက်ဖြစ်သော စီးကရက်များ အယ်ကိုဟော အမျိုးမျိုးဖြစ်သော အရက်သေစာများ အစား ဘေးထွက်ဆိုးကျိုး မရှိသော ခန္ဓာဗေဒ ဆိုင်ရာ အကျိုးပြုသော ဆေးခြောက် ကို အစားထိုး သုံးစွဲဖို့ နိုင်ငံ

ငါး သုံးကောင် နှင့် သားအဖ နှစ်ယောက်

Image
“ အဖေ အဖေ ဘညို ဘညို ” အိမ်ရှေ့ ကွပ်ပစ်၌ ခြေပစ်လက်ပစ် အိပ်မောကျ နေသော ကိုညိုဒင်ကို ရွှေဘ လှုပ်နှိုးလိုက်သည်။ ကိုညိုဒင် ကိုယ်ကိုလူးလွန့်၍ တစ်ဘက်သို့ လှည့်စောင်းသွားပြန်သည်။ ရွှေဘကလည်း ထပ်ပြန် တစ်လဲလဲ လှုပ်၍ နှုတ်ကလည်း ဒရစပ်ခေါ်နေ၏။ “အင်” ဟု ခပ်တိုးတိုး ညည်းတွားရင်း ကိုညိုဒင် ငုတ်တုတ် ထထိုင်လိုက်ကာ မျက်လုံးနှစ်ဖက်ကို ပွတ်သပ်ပြီး လည်ပင်းမှ ချွေးများကို လုံချည်ဖြင့် သုတ် လိုက်၏။  “ဘာလဲ ရွှေဘ၊ ဘာအရေးကြီးလို့ လဲ”။ “ဟာ အဖေကလည်း နေစောင်းရင် ငါးတန်းသွားချမယ်ဆို၊ အဖေပဲ မနက်က မှာထားပြီး၊ ခု ဘယ်အချိန်ရှိပြီလဲ ကြည့်အုန်း”။ ကိုညိုဒင် ဘုရားစင်ပေါ်က စားပွဲတင် နာရီဝိုင်းလေးကို ကြည့်လိုက်တော့ လေးနာရီစွန်းနေပြီ။ “အိမ်အောက်က ပွဲ့လျက်နဲ့ ရေနံချေးပုံး ထုတ်ထားကွာ။ ငါး တန်းကြိုးနဲ့ ငါးစာတွေရော မင်းပြင်ထားပြီးပြီလား”။  “အင်း” ရွှေဘ သူ့ အဖေ  ခိုင်းသည့်အတိုင်း အမှားအယွင်း ကင်းအောင် ဂရုတစ်စိုက်လုပ်နေသည်။ “ပက် ခွက် လည်း မကောင်းတော့ဘူးကွာ။ အုန်းမှုတ်ခွက် ခပ်ကြီးကြီး တစ်ခွက်လောက်လည်းရှာခဲ့၊ မရှိရင် အုန်းခင်တို့ အိမ်သွားယူ။ အုန်းခင် မိန်းမ ထန်းသီးမုန့်လုပ် ရောင်းနေတော့ သူတို့ အိမ်မှာ ရှိနိုင်တယ်”။ ရွှေဘ ထွက်သွားစဉ် ကိုည

တန်​​ဆောင်​မုန်း လပြည့် ည သည်​ သူခိုးည လုံးဝ မဟုတ်​ပါ

Image
တန်​​ဆောင်​မုန်း လပြည့် ညသည် ဗုဒ္ဓဘာသာဝင်​ တို့၏ ​နေ့ထူး​နေ့မြတ်​ဖြစ်​ပါသည်​။  မြတ်​စွာဘုရားသည်​  အဇာတသတ်​  ရှင်​ဘုရင်​အား သာမညဖလ သုတ်​​တော်​ကို  ​ဟော​တော်​မူ၍ ဘုရင်​နှင့်​ တစ်ကွ ​နောက်​ပါ ပြည်​သူ ( ၁ ) သိန်း ခန့်​ ဗုဒ္ဓဘာသာဖြစ်​တဲ့  ညကြီးပါ ။ ဒီလိုကြီးကျယ်​ ခမ်းနားတဲ့ ဗုဒ္ဓဘာသာ  ​နေ့ကြီးကို မသမာသူ များက စုပ်​ပြတ်​​အောင်​  သူခိုးည ဆိုပြီး နာမည်​တပ်​လိုက်​  ​တော့ အမှန်​တရား ​ပျောက်​ကွယ်​သလို  ဖြစ်​သွားပါတယ်​။ တန်ဆောင်မုန်းလပြည့်ည ၌ ပစ္စည်း ခိုးရခြင်း အကြောင်း (ကျီးမနိုးပွဲ) ************************************************* လွန်လေပြီးသော ရှေး အခါက ယောက်ကျားသားများ  ရှင်လိင်ပြန်ကြရ၀ယ် ဆေးမင်ကြောင် ထိုးသည့် ဓလေ့ သည် အထင်အရှား ရှိခဲ့၏။ ရှင်ဘုရင်မှ  အစချီကာ မင်းညီ မင်းသား၊  မှူးမတ်သူကြွယ်၊ ကုန်သည်၊  လယ်လုပ်  အစချီကာ သူရင်းငှားများ  စသော လူယောက်ကျားတို့သည် ဆေး မင်ထိုးကြလေသည်။ ယခုခေတ်ကဲ့သို့ ကြုံသလို ထိုးခြင်း မဟုတ်ချေ။  ဆေးမှင် ထိုးသည့်အခါ နက္ခတ်ကောင်း၊    အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ်  မှင်ထိုးသည့် အခန်း တွင် ကန်တော့ပွဲပေး၍ ထိုးရသည်။ ထိုသို့ ထိုးခဲ့ပြီးသော ယောက်ကျားတု

ကျောင်းမှာ သင်ယူခွင့်မရခဲ့တဲ့ ဘ၀ သင်ခန်းစာ ( ၁၆ ) ခု

Image
ကျွန်မတို့တွေ ကျောင်းမှာ သင်ယူလို့ရတဲ့ ပညာရပ်တွေ ရှိသလို ဘဝ တစ်လျှောက် ဖြတ်သန်းရင်း သင်ယူရတဲ့ ဘဝ သင်ခန်းစာတွေလည်း အများကြီး ရှိပါတယ်။ နှစ်ခုစလုံးက သူ့နေရာနဲ့သူ အရေးကြီးပါတယ်။ တစ် ခုတည်းသော ပြဿ      နာကတော့ ကျွန်မ တို့ ဘာမှ မသိလိုက် ခင်မှာပဲ ဘဝ ရဲ့ အချိုး အကွေ့တွေက ပြောင်းလဲသွားတတ်တာပါပဲ။   ပြီးတော့ အဲ့ဒီ အဖြစ်အပျက်ကနေ ကျွန်မတို့တွေ ရယူသင့်တဲ့ သင်ခန်းစာတွေကလည်း နောက်ကျမှ ရလာတတ်ပါတယ်။ အောက်မှာ ဖေါ်ပြထားတာတွေကတော့ ကျွန်တော်တို့ စာသင်ခန်း ထဲမှာ သင်ယူလို့မရတဲ့ အရေးကြီးတဲ့ ဘဝသင်ခန်းစာ (၁၅) ချက်ပဲဖြစ်ပါတယ်။ ၁။ ကြင်နာမှုရှိပါ။   လူတွေရဲ့ ဘဝမှာ ဘာတွေ ခံစားကြုံတွေ့နေရတယ်ဆိုတာ ကိုယ် ကိုယ်တိုင် မသိနိုင်တာကြောင့် အမြဲ ကြင် ကြင်နာနာနဲ့ ဆက်ဆံပါ။ ၂။ တစ်စုံ တစ်ယောက်အတွက် ပျော်စရာနေ့လေးတွေ ဖန်တီးပေးတတ်ပါစေ။   ဘဝ ဆိုတာ ဘာမှ မရေရာပါဘူး။ အဲ့ဒီလို ပျော်စရာလေးတွေက နှစ်ဦးစလုံးအတွက် အကျိုးရှိတယ် ဆိုတာလည်း နားလည်ထားသင့်ပါတယ်။ ၃။ တစ်ခြားသူတွေရဲ့ အပြုအမူတွေက ဘယ်လိုပဲ ဆိုးရွားတဲ့ ပုံပေါ်နေပါစေ သူတို့တွေ အပေါ်မှာ ကိုယ်ချင်းစာစိတ် ထားလိုက်ပါ။ ၄။ သူ တစ်ပါးကို ခွင့်လွှတ်ပေးနိုင်ဖို့ သင်ယူပါ။   သင့်ကိ

ရှင်စောပု ဘုရင်မကြီး သုံးခဲ့သော ခေါင်းဆောင်းတော်

Image
ရှင်စောပု ဘုရင်မကြီး  သည် မွန်တို့၏ မဂဒူး မင်းဆက်တွင် ၁၅ ဆက်မြောက်မင်းဖြစ်သည်။  ပုံမှ ခေါင်းဆောင်းတော်မှာ အင်္ဂလိပ်များ မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းပြီး နောက် အင်္ဂလန်သို့ ယူဆောင် သွားပြီး နောက် လန်ဒန်မြို့ရှိ ဗစ်တိုးရီးယားနှင့် အယ်လဘတ် ပြတိုက်၌ ယခုထက်တိုင် ပြသလျှက်ရှိသည်။ ဖော်ပြပါ ပုံကိုကြည့်ခြင်းအားဖြင့် ထိုခေတ် ကတဲက မြန်မာတို့၏လက်မှူ ပညာရပ်များဖြစ်ကြသော ပန်းထိမ် ပညာ ၊ကြေးသွန်း ပညာတို့  ခန့်မှန်းထားသည်ထက် ပိုမို ထွန်းကားခဲ့ကြောင်း သုံးသပ်နိုင်ပေသည်။ ဘုရင်မကြီး ၏ သားမက်တော် ရာမာဓိပတိမင်း လက်ထက်တွင်မူ မြန်မာ တို့၏ စက္ကောမ ပညာရပ် (Robot) များသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြသည်ဟု ယူဆမိပေသည်။ ထို အကြောင်းကို မတင်ပြမီ ရာမာဓိပတိ ဟု အမည်ရသော်လည်း ယခုထက်တိုင်အောင် ရန်ကုန်မြစ်ဝ၌ နစ်မြုတ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီး အား လှုဒါန်း၍ ဓမ္မစေတီ မင်းကြီး ၏ ကြံရည် ဖန် ရည် နှင့် စွမ်းဆောင်းနိုင်မှုတို့ ကို တင်ပြနိုင် မှ ပြည့်စုံမည်ထင်ပါသည်။ ရှင်စောပု သည် အင်းဝသို့ ပါတော်မူခဲ့ ရပြီးလျှင် အင်းဝ ဘုရင်၏ မိဖုရားကြီး အဖြစ် နေခဲ့ရသည်ကို ကား မွန်၊ မြန်မာ ရာဇဝင်များ အားလုံးက ဖော်ပြကြပေသည်။ ရှင်စောပု သည် အင်

မြန်မာ့ သမိုင်း

Image
မြန်မာ့ သမိုင်း ကို သက်ကြီး စကား သက်ငယ်ကြား မဟုတ်တဲ့၊ သဘာဝ ယုတ္တိ မတန်  တာတွေ ပုံပြင် သက် သက် ပြောခဲ့တာတွေကို ဖြုတ်ပစ် သင့်ပေမဲ့ မဖြုတ် ခဲ့တဲ့၊ ဖြည့်သင့်  တာတွေကိုလည်း မဖြည့်ခဲ့တဲ့၊ ပြုံ ပင် နဲ့ သမိုင်း နဲ့ ခွဲမရအောင် တွဲနေတဲ့ သမိုင်း ပုံပြင်တွေ  ထားတဲ့ "မြန်မာ အကြိုသမိုင်း" အကြောင်းကို ရသလောက် စုစည်း တင်ပြလိုက်တာ ဖြစ်ပါ  တယ်။  ဒါတွေ အပြင် ရှေးနှစ် သန်းပေါင်း များစွာက မြန်မာ့ မြေပေါ်မှာ ရှင်သန် နေထိုင်ခဲ့ကြ  တဲ့ သတ္တဝါတွေ နဲ့ ရေမြေတောတောင် အနေအထားနဲ့ ပတ်သက်တဲ့ အသစ်တွေ့ရှိချက်တွေ  ကိုလည်း စုစည်းပေးထားပါတယ်။ရှမ်းကုန်းပြင်မြင့် အနောက် ကန်းလျှောက ပဒတ်လိုဏ် (ပြဒါးလင်း) အမှတ် (၁) မှာ နံရံဆေးရေး  ရှိ တယ်။ အဲဒီ အရုပ်တွေဟာ အရင် အနှစ် ၂၀,ဝ၀ဝ က ၁၀,ဝ၀ဝ အတွင်းရေးဆွဲ ခဲ့တာတွေ  ဖြစ်ပါတယ်။ မြန်မာ့ အကြို သမိုင်း လေ့လာရေးက နုသေးတော့ ဒီမှာ တွေ့ ထားတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းနဲ ကျောက် လက် နက်တွေက နည်းသေးတယ်။ ဒီတော့ရှေးလူတွေရဲ့အနေအထိုင် အစားအသောက် အခြေအနေတွေကို စုံအောင်မပြောတတ်သေးပါ။ တစ်ခြားကလေ့လာ ပြီးသမျှနဲ့ စပ်ဟပ်ပြီး  သရုပ်ဖော်ရမှာဖြစ်ပါတယ်။  အောက်က လူဆင့်ကဲ ဖြစ်စဉ် ပုံမှာ မြန်မာ ဘက်က အညာ

နန်းမတော် မယ်နု

Image
နန်းမတော် မယ်နု ဟု ဆိုလိုက်သည်နှင့် တိုင်းပြည် “ ခိုက် ” သောမြေး အဖွား (3) ဆက် ပထမ အင်္ဂလိပ်  -မြန် မာ စစ်ရှုံးသူ မယ်နု ၊ သူ့သမီး ဆင်ဖြူ   မရှင် ‘ နန်းတွင်း အာဏာလုပွဲ အတွက် မင်းတုန်းမင်း ၏ သားတော် (40)ကျော် ကို သတ် ကာ သီပေါမင်း ကိုသူ့ သမီး စုဖုရားလတ်နှင့် လက်ထပ်ပေးသူ၊ မြေး မတော် စုဖုရားလတ် သီပေါမင်း ကို ကျော်၍ အမိန့် မနာခံသော ဟု  နာမည် ဆိုးနှင့် ကျော်ကြားသူ အဖြစ်သိကြ သလို အင်း ဝရှိ မယ်နု အုဋ်ကျောင်း ကိုလည်း မြင်ယောင်မိကြမည်ဖြစ် ပါသည်။ ဟုတ်ပါသည် မယ်နု သည် မဟာအောင်မြေဘုံစံ မယ်နု အုဋ်ကျောင်းကြီး၏ ဒကာမဖြစ်သလို သူမ ဘဝ၏ အံ့ဖွယ် အတိတ်ကံ အကျိုးပေး၊ ပင်ကိုယ် စိတ်ထက်မြက် ကြွပ်ဆတ်မှု ၊အတ္တကြီးပြီး အကြောက် တရား ကင်း မှု၊ ဆင်ခြင်တုံ တရား နည်းပြီး တစ်ဇွတ်ထိုးနိုင်မှု တို့က သူမကို အထွဋ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။ နန်းမတော် မယ်နုသည် ဖလံခုံ ရွာ ဇာတိထောင်မှူး သီဟကျော်စွာ ဘွဲ့ခံ  ဦးလှုပ်နှင့်ဒေါ်ငယ် တို့မှ 18. June. 1783 အင်းဝမြို့၌ မွေးဖွားသည်။ မွေးချင်းနှစ်ယောက်ရှိပြီးကျန် တစ်ယောက်မှာ မောင်အိုဖြစ် သည်။ မယ်နု သည် ရွှေလင်ဗန်းနှင့် အချင်းဆေးသော တော်ဝင်မျိုးရိုး မဟုတ် သာမာန် အရပ်သူ တစ်ဦးသာ ဖြစ်သော် လည်း သူမဘဝ

မွန် မင်းသမီး ရှင်စောပု အင်းဝ မှ ထွက်ပြေးခြင်း

Image
မွန် မင်းသမီး ရှင်စောပု သည် အဆင်း လှပြီး၊ စိတ်သဘောထားမှာလည်း အလွန် သိမ်မွေ့လေ၏။ မိုးညှင်း မင်း တရား၏ မိဖုရား အဖြစ် ထပ်မံ ချီးမြှောက်ခြင်းခံရသည့် အပြင် နန်းတွင်းရှိ အမတ်များ အားလုံး၏ လေးစားခြင်းလည်း ခံရသူဖြစ်သည်။ ရှင်စောပု စံရာ နန်းဆောင်သည်လည်း မိဖုရားခေါင် နီးပါး သားနားရာ  မိုးညှင်း မင်း ၏ အချစ်ဆုံး မိဖုရား တစ် ပါး ဖြစ်လေ၏။ မိုးညှင်းမင်း ၏ မြှောက်စားခြင်း ခံရသော်လည်း  မိမိ၏ စိတ် အစဉ်မှာမူ၊ မူလဌာနေ ဖြစ်ရာ ဟံသာဝတီသို့သာရောက်နေဟန် ရှိ လေ၏။ အေဒီ ၁၄၂၈ ခုနစ်တွင် ဟံသာဝတီ မှ မွန် ရဟန်း နှစ်ပါး အင်းဝနေပြည်တော် သို့  ကြွလာရာ မွန်မင်းသမီး ရှင်စောပု သည်လည်း မွန် ရဟန်း အင်းဝနေပြည်တော်တွင် သီတင်းသုံးနေကြောင်း သိသော် မွန် ဘာသာဖြင့် ဟောသော  တရား နာလို သဖြင့်ရဟန်းတော်နှစ်ပါး ကို နန်းတော်သို့ ပင့်ကာဆွမ်းကပ် တရားနာလေ၏။ ရှင်စောပုလည်း ဆွမ်းကပ် လှူ ဒါန်းပြီး ဆက်ကပ်စရာ အလှူ တော်များ လှူ ဒါန်းလေ၏။ ထို အခါ မွန် ရဟန်းတော်မှ ရှင်စောပု အား အင်းဝတွင် ပျော်သလော ဟု မေးမြန်းရာ  ရှင်စောပုလည်း မိမိ၏ စိတ်ရင်းအမှန်ကိုလျှောက်ထား လေရာ ရဟန်း နှစ်ပါး စိတ်မကောင်း ဖြစ်လေ၏။ ထိုမှ ရဟန်းနှစ်ပါး မှ စိတ်မပူလေနှင့် လွတ်ြေ

ရှင်စောပု

Image
ပြည်ထောင်စုမြန်မာနိုင်ငံ သမိုင်း တစ်လျှောက်တွင် ရှင်စောပု ဟူ၍ မွန်ဘုရင်မ တစ်ပါး ထူးခြားစွာ ပေါ်ထွန်း ခဲ့ပေသည်။ ရှင်စောပု သည် မွန်တို့၏ မဂဒူး မင်းဆက်တွင် ၁၅ ဆက်မြောက်မင်းဖြစ်သည်။ရွှေတိဂုံစေတီ မွန်ကျောက်စာနှင့် အခြား မွန်ကျောက်စာ များတွင်ြ၈ီတြိဘုဝနာဒိတျ ပြ၀ရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မ ရာဇာဓိရာဇာဒေဝီ ဘွဲ့ခံ ၀ိဟာရဒေ၀ီ ဟူ၍လည်းကောင်း၊ ဗညားထောဝ် ဟူ၍လည်းကောင်း ပါရှိသည်။ မွန် ရာဇ၀င်တွင် ၀ိဟာရဒေ၀ီ၊ ၀ိသုဒ္ဓရာဇာ၊ ဣတ္ထိရာဇာ ၊ဗညားထောဝ် (မင်းအို) နှင့် သေ၀်စါဝ်ပေါအ် (ရှင်စောပု) ဟူ၍ နာမည် အမျိုးမျိုးဖြင့် ဖော်ပြပါရှိလေသည်။ ရှင်စောပုသည် မွန် ရာဇ၀င်တွင် အလွန် ထင်ရှားသည့် ရာဇာဓိရာဇ် ဘုရင် နှင့် မိဘုရား ဒလသုဒ္ဓမာယာ တို့မှာ ဖွားမြင်သော သမီးတော် ဖြစ်သည်။ ရှင်စောပု ၏ မွေးနေ့ သက္ကရာဇ် သည် ၇၃၅ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်လေသည်။ နေ့နံ အရ ၀ိဟာရဒေ၀ီ ဟု စတင်ခေါ်တွင် ခဲ့ဟန် တူလေသည်။ ယင်းနှင့် အတူ တစ်မိတည်းတွင် ဖွားမြင်သူကား မောင်တော် ဗညားရံ (ဗညားရာံ/ဗညားရာမ) ဖြစ်လေ သည်။ သက္ကရာဇ် ၇၇၅ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် ရှိစဉ်ကပင် အသက် ၂၀ အရွယ် ရှိပြီဖြစ်သော ရှင်စောပု အား တူတော် သမိန်စည်သူနှင့် စုံဖက်စေ
 
365myanmar.com - Myanmar Online Shopping Mall