ပေါက်စီ တစ်လုံးကပေးတဲ့ သင်ခန်းစာ




ပေါက်ဆီဆိုင်တစ်ဆိုင်ဟာ အရမ်းကို ရောင်းကောင်းပါတယ် ပေါက်စီက အလုံးကြီး သလို အဆာသွပ်ထားတာလည်း များပြီး အရသာ ကလည်းကောင်းတော့ အမြဲတမ်း ဆိုင်မှာ လာဝယ်တဲ့ သူတွေပေါင်းအိုးထဲက ထုတ်လာတဲ့ အငွေ့ တစ်ထောင်းထောင်း နဲ့ မွေးကြိုင်ဖြူ အိနေတဲ့ ပေါက်စီ ပူပူနွေးနွေး တွေကို လာစောင့်ပြီး ဝယ်စားတဲ့သူတွေ နဲ့ ဆိုင်မှာ အမြဲ လူပြည့်နေတတ်ပါတယ် ။


ဒီလိုနဲ့ တစ်နေ့ မှာ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နဲ့ သူတောင်းစားတစ်ယောက်ဟာ ဆိုင်တံခါး ဝမှာမဝံ့ မရဲ ပုံစံ နဲ့ လာရပ်တယ် ဈေးဝယ် တစ်ချို့ က နှခေါင်းရှုံပြီး သူ့ကို ကွင်းသွားကြတယ် ။ … ဆိုင်အလုပ်သမား တစ်ယောက် ကထွက်လာပြီး သူတောင်းစားကို ဆဲလည်းဆဲ ဆိုင်ထဲ က လည်း မောင်းထုတ်တော့တယ် ။

ဒါပေမဲ့ သူတောင်းစား က ကမန်းကတန်ူး ရှင်းပြရှာတယ် “ကျွန်တော် လာတောင်း စား တာ မဟုတ်ပါဘူး ခင် ဗျာ ပေါက်စီ လာဝယ်တာပါ ” လို့ ကြောက်ကြောက် လန့်လန့် နဲ့ပြောရှာ ယင်း လက်ထဲ မှာဆုတ်ထားတဲ့ ပိုက်ဆံလေးတွေ ကိုဖြန့်ပြရှာတယ် ။ ဆိုင်အလုပ်သမားက နားမထောင်ပဲ အမြင်ကတ်ကတ် နဲ့ သူတောင်းစား လက်ကို ပုတ်ထုတ်ပစ်တော့ ပိုက်ဆံတွေ ကြမ်းပြင်ပေါ်ပြန့် ကျဲကျသွားကုန်လေ ရော ။

ကမန်းကတန်း နဲ့ အလန့်တကြား သူ့ပိုက်ဆံလေးတွေ ကိုပြန်လိုက်ကောက်ရှာတယ်…ဒါပေမဲ့သူ့ပိုက်ဆံ က ၅၀ တန် တစ်ရွက်လို နေရော အောက်အကျမှာ သူ့ ငါးဆယ်ကျပ်တန်လေး တစ်ရွက်က ဆိုင်ထဲ လွင့်ပါသွားတာ သူဘယ်လို ကုန်း ရှာ၇ှာ မတွေ့ ဘူးဖြစ်နေရော..

အဲ့ဒီ အချိန်မှာပဲ...................

“ဒါ သင့်ရဲ့ ပိုက်ဆံ ဟုတ်ပါ သလားခင်ဗျာ ”

သူမော့ကြည့်လိုက်တော့ ဆိုင်ပိုင်ရှင် ဦးလေး သူဌေးကြီး ကိုယ်တိုင်ဖြစ်နေရော သူတောင်းစားလေးလဲ သာမှပြန် မပြောရဲတဲ့အပြင် သူ့ ပိုက်ဆံ တောင်သူပြန် မယူရဲတော့ပဲ ဆိုင်ထဲ ကနေ လှည့်ထွက်ပြေးမ လို့ပြင်ရှာတယ် ဒါပေမဲ့ သူဌေးက သူ့ကို ရပ်ခိုင်းပြီး“ ဝမ်းသာစွာ ကြို ဆိုပါတယ် ဘာ အဆာသွပ်ပေါက်ဆီများ ရချင်ပါသလဲ ခင်ဗျာ ” လို့ ချိသာ ပြုံးရွင်စွာနဲ့ ကြိုဆိုရင်း ပြောတယ် …

သူတောင်းစားလည်း အံ့သြစွာ နဲ့ကြောင်နေရှာရော ပြီးတော့မှ မဝံ့မရဲနဲ့ “ ကျွန်တော် ဝက်သားပေါက်စီတစ်လုံး ရချင်လို့ပါခင်ဗျာ ” လို့ပြောရော ။ သဌေး ကြီးက.........................

“ အော်ရပါတယ် ခင်ဗျာ ခဏစောင့်ပါ ”ဆိုပြီ ပေါင်းအိုးထဲ က ပေါက်စီ တစ်လုံးကို ယူပြီး သူတောင်းစားကို ထုတ်ပိုးပေးလိုက်ပါတယ် ။


ပြီးတော့မှ သူ့ရဲ့ အလုပ်သမားဖက် လှည့်ပြီးပြောတာ “ ဒါလား မင်းရဲ့ဖောက်သည်အပေါ် ဆက်ဆံ တဲ့ပုံစံ ................... ???

“ သူက သူတောင်းစား လေ ခင်ဗျာ ”  “ သူ့ဖာသာ သူတောင်းစားမက လို့ ဘာပဲဖြစ်ဖြစ် ပေါ့ ငါတို့ ဆိုင်လာဝယ်ရင် ငါတို့ ရဲ့ဧည့်သည် ဖောက်သည်ပဲ ကွ …မင်းကို ငါ အလုပ်ဖြုတ်တယ် ဆိုပြီး ..တန်းအလုပ် ထုတ် ပစ်ရော ....



အဲ့ဒီနောက်တော့ နောက်နေ့ တွေ မှာ ဆိုင်ကဖောက်သည်တွေ အံ့သြ လန့် ဖြန့်ကုန် စေတာကတော့ သဌေးကြီး ဟာ အဲ့ဒီ သူတောင်းစားလေးကို ဆိုင် အလုပ်သမား ခန့်ထားလိုက်တာပါပဲ ။

ပြီးတော့ သူတောင်းစား လူငယ်လေးဟာ လည်း ဆံပင် မုတ်ဆိတ် တွေ ရှင်းပြီး သန့်သန့် ပြန်ပြန့်လေး ဝတ် စားဆင်ယင်လိုက်တော့ ခန့်ညား ကြည့်ကောင်းတဲ့ လူငယ်လေးဖြစ်နေယုံတင် မက ဘူး အရမ်း ရိုးသားကြိုးစားပြီး ဆိုင်ရဲ့ အင်မတန်ကောင်းမွန်တဲ့ အလုပ်သမားဖြစ်နေတော့တာပါပဲ ..

ဒါနဲ့ ဖောက်သည်တွေ ကေ နာက်ကျတော့ ဆိုင်ရှင် သူဌေးကြီးကို မေးကြတာ   “ ဒီကောင်လေး ဟာ ပတ္တမြားနွံနှစ် လေးပဲဖြစ်တယ် ဆိုတာ ခင်ဗျားဘယ်လိုလုပ်ပြီး အကဲဖြတ် တာလဲ ” မီးခဲပြာဖုံး ဆိုတာ ဘယ်လိုသိနေတာလည်း ....  ? ဆိုတော့ သဌေးကပြောတာ......

“တစ်ကယ်တမ်းတော့ အရမ်းကို လွယ်ပါတယ် သူဟာ ပေါက်စီကို လာတောင်းစားတာ မဟုတ်ဘူး ပိုက်ဆံတွေ ခက်ခက် ခဲခဲ စုလာပြီး ပိုက်ဆံ ရှိတော့မှ ငါ့ ပေါက်စီ ကို လာဝယ်စား ကတည်းက သူ့ကိုယ်သူ လေးစားတဲ့ သူဖြစ်တယ် ဆိုတာ သိနေ နိုင်တာပါပဲ” တဲ့

တစ်ပါးသူကို လေးစားတတ်တာဟာ မိမိ ကိုယ်ကို လေးစားတတ်ခြင်းပါပဲ ။
ကိုယ့်ကိုယ် ကို လေးစားတဲ့ သူမျှ သာလျှင် ကိုယ်လုပ် တဲ့ အလုပ်ကိုလေးစားတတ်မှာပဲ ဖြစ်ပါတယ် ခင်ဗျာ.



Credit: သုတရသ မျှဝေမယ်

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall