ပေါက်စီ သမိုင်းကြောင်း





ဒါကို ဖတ်ပြီးမှ ပေါက်စီစားပါ

" လက်ဖက်ရည် ကရားက
  ရွာစားမင်း သဏ္ဍာန် ။
  ဟာမအား ဆိုပြန်သည်
  ပန်းကန် မရှိ။

  ကျွေးလိုက်သည့် ငွေပေါက်စီငယ်
  တစ်ယောက်စီကျွေးလို့ မစိ(စေ့) ......................................"


ဒါကတော့ ရတနာပုံခေတ်နှောင်းပိုင်းမှာ ရေးစပ်ခဲ့တယ်လို့ ယူဆရတဲ့ တေးထပ် တစ်ပုဒ်ရဲ့ တစ်စိတ် တစ် ပိုင်းပါ။ အလှူ မင်္ဂလာဧည့်ခံပွဲ တစ်ခုမှာ ဧည့်ခံကျွေးရာမှ အစီအစဉ် ညံ့ဖျင်းတဲ့ အလှူရှင်ကို အသိက စိတ်နာနာ နဲ့ သရော်တော်တော် ငေါ့တော့တော့ ရေးစပ်လိုက်ဟန်တူပါတယ်။ 

ဘာပဲဖြစ်ဖြစ် ပေါက်စီ ဟာ ရတနာပုံခေတ်လောက် ကတည်းက မြန်မာပြည်ကို ရောက်ရှိနေပြီ။ အလှူ မင်္ဂလာ ဧည့်ခံပွဲတွေမှာ ပေါက်စီ နဲ့ ကျွေးမွေး ဧည့်ခံတဲ့ ဓလေ့တောင် ရှိနေပြီ ဆိုတာကို ဒီတေးထပ်က ပြဆိုနေပါတယ်။ 

ဘယ်အချိန် ဘယ်ကာလ က စပြီး ရောက်ရှိလာခဲ့တယ် ဆိုတာ အတိအကျ မသိရပေမယ့် တရုတ် သရေစြာ ဖစ် တဲ့ ပေါက်စီ ဟာ နှစ်နိုင်ငံ ကူလူးယှက်သွယ်၊ သံတမန် ဖလှယ်တဲ့ အချိန်လောက်ကတည်းက ရောက်ရှိနေပေလိမ့်မယ်လို့ ယေဘုယျ ခန့်မှန်းသိရှိနိုင်ပါတယ်။

တစ်ကယ်တော့ တရုတ်ပြည်မှာ "ပေါက်စီ" ရယ် လို့ စတင်ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်း ကလည်း ရှည် ကြာလှပြီကိုး။ တရုတ်သမိုင်းစာအုပ်များ အဆိုအရတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင့်ခုနှစ်ရာကျော် (Period of Three Kingdoms -(220-280 AD)) သုံးပြည်ထောင်ခေတ်က စခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီခေတ်က "ဆူ"နိုင်ငံ (The State of Shu) နိုင်ငံရဲ့ ဝန်ကြီးချုပ် တစ်ဦးလည်းဖြစ်၊ စစ်သူကြီးလည်းဖြစ်တဲ့ ကျူးးကယ်လျန့် (Zhuge Liang) ဟာ နန်မန် (Nanman) လို့ခေါ်တဲ့ တောင်ပိုင်းသား ဂူနေ လူရိုင်း များ ကို တိုက် ခိုက်နှိမ်နင်းဖို့ အတွက် သူ့ရဲ့ စစ်တပ်ကြီးနဲ့ အတူ ချီတက်လာပါသတဲ့။ 

လုဆွေ (Lu Shui) မြစ်ကမ်းပါးကို ရောက်တဲ့အခါ ဒေသခံတွေက ဒီမြစ်ဟာ နတ်ကြီးတယ်၊ ဖမ်းစားတတ်တယ်၊ လူတွေသေအောင် ပြုစားနိုင်တယ်၊ ဒါကြောင့် ဒီမြစ်စောင့်နတ် ကျေနပ်အောင် ပူဇော်ပသမှ ရမယ်လို့ ကျူးးကယ်လျန့် ကို ပြောကြပါသတဲ့။ ဘယ်လို ပူဇော်ရမလဲလို့ ကျူးးကယ်လျန့်က မေးတော့ ဖမ်းဆီး ရမိတဲ့ နန်မန် လူမျိုးတွေကို သတ်ပြီး၊ သူတို့ ဦးခေါင်းနဲ့ ယဇ်ပူဇော်ရမယ်လို့ ပြောကြပါတယ်။ 

ဒါပေမယ့် စစ်သူကြီးသာ ဖြစ်လင့်ကစား ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင် ကျူးးကယ်လျန့် ကတော့ တစ်ကယ့် လူ အစစ်ရဲ့ ဦးခေါင်းတွေ အစား လူ့ဦးခေါင်းပုံ သဏ္ဍန်တူ မုန့်တွေ လုပ်ပြီး နတ်ကို ပူဇော်ပသ ပါသတဲ့။ အဲဒီအချိန်က စပြီး နန်မန် လူမျိုးတွေရဲ့ ဦးခေါင်း များနဲ့ သဏ္ဍန်တူ ပေါက်စီ လုပ်စားကြတဲ့ ဓလေ့ဟာ စတင်လာခဲ့ကြတယ်လို့ အဆိုရှိပါတယ်။




ဒါကြောင့် ပေါက်စီ ကို တရုတ် ဘာသာ (အများသုံး) နဲ့ မန်ထို (Man Tou) (သို့မဟုတ်) မန် လူမျိုး ရဲ့ဦးခေါင်း လို့ ခေါ်စမှတ်ပြုကြပါတယ်။ အင်္ဂလိပ် လိုတော့ Steamed လို့ခေါ်ဆို သုံးနှုန်းကြပါတယ်။ ဂျုံ ကို လုံးပြီး ရေနွေးငွေ့နဲ့ ပေါင်းရတာကိုး။ 

ရိုးရာပေါက်စီလုပ်နည်း ကလည်း သိပ် ခက်ခက်ခဲခဲတော့ မဟုတ်ပါ။ စောစောက ကြိုတင် စီမံထားတဲ့ တဆေး (Yeast) ကို ဂျုံမှုန့်၊ ရေ တို့နဲ့ သမအောင်ရောနယ်၊ မုန့်လုံးလုံး၊ ပွလာတဲ့ အထိ နာရီ အနည်းငယ်လောက် ထား၊ ပြီးမှ ပေါင်းချောင် နဲ့ ပေါင်းကြတာပါ။ တဆေး နဲ့ နယ်စားတဲ့ မုန့်ညက်လုံး များ အများဆုံး ပါဝင်လေတော့ ဆော်ဒါမှုန့် လည်း သင့်တော် သလောက်ထည့်ပြီး နယ်ရပါသတဲ့။ 

မကြာသေးမီကမှ တရုတ်ပြည်ပေ့ကျင်း နဲ့ ရှန်ဟိုင်း မှာ ပေါက်စီပေါင်းရတာ ပိုလွယ်ကူစေတဲ့ နည်းသစ်တစ်မျိုး ကို စမ်းသပ်တွေ့ရှိထားပါသတဲ့။ အဲဒီနည်း ကတော့ တဆေး ကို ရေအေး(သို့မဟုတ်) ကြက်သီးနွေးရေထဲမှာ အရင်ထည့်ဖျော်၊ နောက် မှ မုန့်ညက် နဲ့ သမအောင်ရောနယ်၊ အနေတော် မုန့်လုံးလေးတွေလုံး၊ အပူချိန် ၂၀`C နဲ့ ၃၀`C အတွင်းမှာ နာရီဝက်လောက်ထားပြီးမှ ပေါင်းတဲ့နည်းဖြစ်ပါသတဲ့။ 

၁၉၉၄ ခုနှစ်က တရုတ်ပြည် ခရီးသွားလာရေး စာအုပ်တိုက်က ထုတ်ဝေတဲ့ စာအုပ် တစ်အုပ်မှာ ဖတ်ရှုမှတ်သားမိပါတယ်။ ပေါက်စီရဲ့ အခြေခံ ကုန်ကြမ်းက ဂျုံဖြစ်ပေမယ့် အတွင်းမှာ ဌာပနာတဲ့ အစာကို လိုက်ပြီး၊ ပေါက်စီ အခေါ်ဝေါ်က ပြောင်းလဲသွားပါတယ်။ 

ပဲပေါက်စီ၊ သကြားပေါက်စီ၊ ကြက်သားပေါက်စီ၊ ဝက်သားပေါက်စီ စသဖြင့်ပေါ့။ ဒါကြောင့် " ငို၍ ရယ်၍ မရသော မျက်နှာ" ဇာတ်ကားထဲမှာ နိုင်ငံကျော် မင်းသားကြီး (ဦး)မြတ်လေးရဲ့ နာမည်ကျော် ဒိုင်ယာလော့ခ်တစ်ခုဖြစ်တဲ့ " ဒီမယ် ပပ၊ စိန် နဲ့ ကွပ်တော့ စိန်လက်စွပ်၊ မြ နဲ့ ကွပ်တော့ မြလက်စွပ်၊ ပတ္တမြား နဲ့ ကွပ်တော့ ပတ္တမြား လက်စွပ် နောက်ဆုံးတော့ ရွှေ ရဲ့ အနှစ်သာရဟာ ပျောက်သွားရော" ဆိုတာကို မန္တလေး အငြိမ့် လူရွှင်တော် တစ်ယောက်က " ပဲ နဲ့ လုပ်တော့ ပဲပေါက်စီ၊ သကြား နဲ့ လုပ်တော့ သကြားပေါက်စီ၊ ကြက် သား နဲ့ လုပ်တော့ ကြက်သားပေါက်စီ၊ ဒီလိုနဲ့ ဂျုံ ရဲ့ အနှစ်သာရက ပျောက်သွားရော" လို့ စာမြောင်ကပ် ပြီး ပြက်လုံး ထုတ်ခဲ့ဖူးပါတယ်။

ဂီတစာဆို မြို့မငြိမ်း ရဲ့ "အိမ်တော်ရာ ဘုရားဈေး" သီချင်းထဲမှာလည်း "ယုတ်စွ အဆုံးတိုင် မလိုင်ပေါက်စီ သုံးဆောင်နိုင်ပါသည် " လို့ ထည့်သွင်း စပ်ဆိုထားတဲ့ အတွက် ကိုလိုနီခေတ် က မန္တလေး အိမ်တော်ရာဘုရား မြောက်စောင်းတန်း က ပေါက်စီ ဟာ အထူးကောင်းမွန် ထင်ရှားလှကြောင်း သိရှိမှတ်သားမိပါတယ်။


ပေါက်ဖော်ဆွေရင်း နံနက်ခင်း စာစုများ ရွှေကြက်ဖ
ှSource

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

 
365myanmar.com - Myanmar Online Shopping Mall