အထီးကျန်တဲ့ အခါ သင့်ဘေးမှာ ဘယ်သူရှိမလဲ…





လူကြီး သူမ သက်ကြီးရွယ်အိုတွေ အသက် အတော်လေး အိုမင်း သွားပြီ ဆိုရင်လေ အရပ် သုံးစကားတွေ အရတော့ ငယ်မူပြန်သွားတယ် လို့ ခေါ်မလား ကလေးငယ်လေးတွေပြုမူ နေထိုင်သလိုနေထိုင် တတ်ကြ တယ်လို့ ဆိုရမလား ပါပဲ။

ဒါကို အသက်ကြီးရောဂါ၊ သူငယ်ပြန်ရောဂါ လို့လည်း အလွယ်ခေါ်တတ်ကြ ပါတယ်။ သူတို့အတွက် အနား မှာ အဖော်နေပေးမယ့် သူတိုင်း ကို မှီတွယ်ချင်ကြတယ်လေ။

ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းမှာ အသေအကြေ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ကြီး ကင်မ်ဒန် ဟာလေ အခုဆိုရင် အသက် အနှစ် ကိုးဆယ်အရွယ်ကိုတောင်ရောက်လို့နေခဲ့ပါပြီတဲ့။


အသက်ကြီး အထီးကျန်ရောဂါက လွဲလို့ ကျန်းကျန်း မာမာနေထိုင်လျှက် နဲ့လေ။ သူ့ရဲ့ ဒီလို ကျန်းမာ သန်စွမ်း ဖျက်လတ်နေရတဲ့ လျို့ဝှက်ချက် ကလည်း သူ့ရဲ့ ပေါင်းသင်း ဆက်ဆံရေးကောင်းလို့ပဲဖြစ် ပါတယ် လို့ ဖွင့်ဟလာ ပါတယ်။

သူ့ပြောတဲ့ သူ့ရဲ့ အကောင်းဆုံး အဖော်မွန် ကတော့ အသက် သုံးနှစ် အရွယ်ရှိ ကလေးငယ်လေး အန်းမက်ရခ်ျနာ ပဲဖြစ်ပါတယ်။ သူရဲ့ ဒီလိုရောဂါမျိုးကို ခံစားရတဲ့ ဆယ်နှစ်ကျော်ကြာ ကာလအတွင်း မှာတော့ ဒီ ကလေးငယ် အန်းမက် ကလေးက သူ့ အတွက် အလင်းတံခါး ဖြစ်စေခဲ့ပါတယ်။



လွန်ခဲ့တဲ့ တစ်နှစ်ကျော် အချိန်က အိမ်ချင်း ကပ်လျှက်အိမ်ကို ပြောင်းလာခဲ့တဲ့ အချိန်က စလို့ပေါ့။ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ ခံစားမှု တွေ အားလုံး ကို ကုသပေးခဲ့တယ် လို့ ဆိုတယ်။ နေ့ တစ်နေ့တာရဲ့ အားလပ် ချိန်အားလုံး မှာ သူတို့နှစ်ယောက် အတူအမြဲ ရှိနေခဲ့ကြတယ်။
 

အေးစက်လွန်းတဲ့ ဆောင်းရာသီနံနက်ခင်းတွေဆို သူတို့အတူ ရှိနေကာ ခြေခင်းလက် ခင်း အတူ ဆော့ ကစားကြတယ်။ မြက်ခင်းပြင်ပေါ်မှာ ကားမောင်းတမ်း၊ တူတူပုန်းတမ်း၊ ပြေးလိုက်တမ်း တို့ကို အတူကစားဖူးကြတယ်။ သက်တူ ရွယ်တူ အမှီအခို တစ်ခုလိုပါပဲ။

ကင်မ်ဒန် က ကလေးငယ် အန်းမက် ကို ဆော့ကစားတဲ့ နည်းလမ်းတွေသင်ပေးပါတယ်။ အန်းမက်ရဲ့ ရှေ့ဆောင်လမ်းပြ ရဲဘော်ကြီးလည်း သူလုပ်ပါတယ်။ ဆရာတစ်ဆူ လည်း လုပ်ပါတယ်။ သူငယ်ချင်း အဖော်တစ်ယောက်လည်း သူကလုပ်ပါတယ်။


သူတို့နှစ်ဦး စလုံးရဲ့ ဘာကိုမှ ဂရုမစိုက်ပဲ ဒီလို မျိုး လွတ်လွတ် လပ်လပ်ဆော့ကစား တဲ့ အချိန်တွေမှာ ဆိုရင် ကင်မ်ဒန် ရဲ့ ရောဂါ အခြေအနေက အားလုံး အကောင်းအတိုင်း ပါပဲ။ ကင်မ်ဒန်လေး က သူ့အတွက်တော့ တကယ့်ကို အဖော်မွန်ကောင်းလေး တစ်ယောက်ပါပဲ။ ကင်မ်ဒန် လေး ကို အတော်လေး မှီတွယ် သံယောဇဉ်ကြီးနေပြီပေါ့။

ခရစ်နှစ်တစ်ခုကို ဖြတ်သန်းပြီးတဲ့ အချိန်မှာတော့ အန်းမက် အတွက် အပြောင်းအလဲ ကြမ္မာ တစ်ခု ရိုက်ခတ်လာတယ်လို့ဆိုရ မလားပဲ။ ဘေးအိမ် က အဖော်မွန် ကင်မ်ဒန် တို့မိသားစု အခြားတစ်နေရာကို အိမ်ပြောင်းသွားပါတော့တယ်။ သူ့အတွက် အတော်လေး အထီးကျန်သွားပါပြီ။ ကင်မ်ဒန်လေး မရှိတော့ရင် သူ့ရဲ့ နေ့ရက်တိုင်း အချိန်တိုင်းကို ဘယ်သူနဲ့ အတူဖြတ်သန်းကုန်ဆုံးရပါတော့မလဲ။

အတူနေတာကြာရင် သံယောဇဥ်တွယ် သွားကြတယ် ဆိုတာ တကယ့်ကို မှန်ပါတယ်။ ဒါကြောင့်မို့လို့ စာဖတ်သူ ပရိသတ်ကြီးလည်း မိမိတို့ရဲ့သက်ကြီး ရွယ်အို မိခင် ဖခင်တွေ ဒီလိုမျိုး အဖော်မွန်တွေလို အပ်လာတဲ့ အချိန်ရောက်ရင် အထီးမကျန်ကြရအောင်လို့ အနားမှာနေပေးပြီး ပြုစု ယုယစောင့်ရှောက်ပေး ကာ ကျန်ရှိနေတဲ့ ဘ၀ အချိန်တွေမှာ အကောင်းဆုံးနေ့ရက်တွေအဖြစ် ဖန်တီးပေးပြီး အကောင်းဆုံးဖြတ် သန်းပေးကြပါ လို့ တိုက်တွန်းရင်း………………………..။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။



http://www.ygnnews.com/2014/07/blog-post_6547.html

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall