သင့်စိတ်ကို ဖိစီး နှိပ်စက်နေတဲ့အရာတွေကနေ လွတ်မြောက်စေမယ့် နည်းလမ်းများ




စိတ်ပင်ပန်းတာဟာ လူပင်ပန်းတာထက် ပိုအခံရခက်ပါတယ်။ လူတိုင်းပဲ အကြောင်းကိစ္စအမျိုးမျိုးကြောင့် စိတ်ပင်ပန်းမှုတွေ ကြုံတွေ့ခံစားရနိုင်ပါတယ်။ ဒီအခါမှာ ထိုစိတ်ပင်ပန်းမှုတွေကို ကျော်လွှားပြီး ခွန်အားအပြည့်နဲ့ ရှေ့ဆက်နိုင်ဖို့က အင်မတန် အရေးပါလာပါတယ်။ ဒါကြောင့် စိတ်ပင်ပန်းမှုတွေ ကြုံနေရသူတွေအတွက် အောင်အောင်မြင်မြင်နဲ့ ရှေ့ဆက်နိုင်ဖို့ အကြံဥာဏ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။




အသက်အရွယ်မရွေး၊ ရာထူးနေရာ မရွေးက လူပေါင်းစုံဟာ စိတ်ဖိစီးမှုနဲ့ ကျိန်းသေပေါက် ရင်ဆိုင်ရနိုင် ပါတယ်။ စိတ်ဖိစီးမှုဟာ လူတစ်ယောက်ကို စိတ်ပန်း၊ လူပန်းဖြစ်အောင် ပြုလုပ်နိုင်တဲ့ အကြီးမားဆုံးသော နတ်ဆိုး တစ်ပါး ဖြစ်ပါတယ်။
တာဝန်ဝတ္တရားတွေ၊ ဖြေရှင်းရမယ့် အခက်အခဲတွေ၊ သင်ယူလေ့လာရမယ့် အရာတွေစတဲ့ အကြောင်း ကိစ္စပေါင်း မြောက်များစွာ နေ့စဉ်နေ့တိုင်း ကျွန်မတို့ရဲ့စိတ်တံခါးကို လာလာခေါက်နေကြပါတယ်။ ဒီအခါမှာ ခံနိုင်ရည်ထက် များလာပြီး စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ ဖြစ်လာပါတော့တယ်။
လူတစ်ယောက်ဟာ စိတ်ဖိစီးလွန်းလာရင် လူကပါ အလိုလို အားလျော့ နုံးခွေလာတတ်ပါတယ်။ စိတ်ထောင်းတော့ ကိုယ်ကြေ ဆိုတဲ့ စကားလိုပဲ စိတ်ဟာ လူကို အလွန်နှိပ်စက်ကလူ ပြုနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေနဲ့ ကြုံလာရရင် အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ ကြိုးစားပြီး စိတ်အေးအေးထား ဖြေရှင်းခြင်းအားဖြင့် စိတ်သက်သာမှုကို ရယူနိုင်ပါတယ်။



အာဟာရပြည့်ဝ ညီညွတ်တဲ့ အစားအစာကို စားသုံးပါ။




အစားအစာတွေဟာ စိတ်ခံစားမှုတွေနဲ့ တိုက်ရိုက် သက်ဆိုင်မှုရှိသလို စိတ်တက်ကြွပြီး ခွန်အားပြည့်ဖြိုးမှု ကိုလည်း ပေး စွမ်းနိုင်ပါတယ်။ အုတ်ဂျုံ ခပ်နွေးနွေး တစ်ပန်းကန်လောက်ကို စားသုံးပေးခြင်းဟာ ဦးနှောက် ဆဲလ်တွေကို တည်ငြိမ်စေတဲ့ ဓာတ်တစ်မျိုး ထုတ်လွှတ်ပေးလို့ စိတ်ဖိစီးမှု အတွက် ကောင်းပါတယ်။

အလားတူပဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေဟာလည်း ခန္ဓာကိုယ်ထဲက စိတ်ဖိစီးမှုကို ဖြစ်စေ တဲ့ဟော်မုန်း ထွက်ရှိမှုကို တားမြစ်ပေးနိုင်လို့ စိတ်ကြည်လင်ပေါ့ပါးစေပါတယ်။ လိမ္မော်သီး၊ပန်းသီးစတဲ့ သစ်သီးတွေကို စားသုံးသင့်သလို ဟင်းနုနွယ်ရွက်လို အစိမ်းရောင်အရွက်တွေနဲ့ အခွံမာသီး၊ အစေ့အဆံ စတာတွေကိုလည်း စားသုံးပေးသင့်ပါတယ်။

သစ်သီးဝလံတွေနဲ့ အသီးအရွက်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်၊ သတ္ထုဓာတ်စတဲ့ အာဟာရတွေကို ဖြည့်စွမ်းပေးနိုင် တာကြောင့် ကိုယ်ကျန်းမာရေး အတွက်ရော စိတ်ကျန်းမာရေး အတွက်ပါ အထူးကောင်းမွန်ပါတယ်။


ချစ်ခင်ရသူတွေနဲ့ ဆက်သွယ်ပါ

 
 
စိတ်ဖိစီးမှုတွေ လျော့ပါးပြီး ပေါ့ပါးကြည်လင်တဲ့စိတ် ရရှိဖို့ ဆိုရင် ထွက်ပေါက်တစ်ခု ကျိန်းသေလိုအပ်ပါ တယ်။ ဒါ့ အတွက် အဖြေကတော့ သင်ကချစ်ခင်ရသူ၊ သင့်ကို ချစ်ခင်သူတွေနဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှု ပြုလုပ်ပါ။ ကိုယ့်မှာခံစားနေရတဲ့ စိတ်သောကတွေနဲ့ တစ်ယောက်တည်း ကျိတ်မှိတ်မနေပါနဲ့။

ဒီလိုရင်းနှီးတဲ့လူတွေဆီမှာ ကိုယ့်ရဲ့ခံစားချက်တွေကို ရင်ဖွင့်လိုက်တာမျိုး၊ သူတို့နဲ့ အတူတူ ပျော်စရာ အချိန်လေးတွေ ဖန်တီးလိုက်တာမျိုးက သင့်ရဲ့စိတ်ဖိစီးမှုတွေ၊ စိတ်ရှုပ်၊ စိတ်သောက ရောက်နေရတာတွေ ကို အဝေးကိုလွင့်စင်သွားစေမှာပါ။ အားမာန် အပြည့်နဲ့ ရှေ့ဆက်ဖို့ စိတ်ခွန်အားတွေ လည်း ပြန်လည် မွေးဖွားလာစေနိုင်ပါသေးတယ်။




စိတ်ဖိစီးမှုကို ဖယ်ရှားနိုင်မယ့် အလွယ်ကူဆုံး နည်းလမ်း တစ်ခုကတော့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် လုံလောက်မှု ရှိစေခြင်းပါပဲ။ ရေဟာ ဦးနှောက်အပါအ၀င် ခန္ဓာကိုယ်တွင်းက ကလီစာ အားလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်အောင် အဓိကကူညီပေးပါတယ်။

ကိုယ်တွင်း ရေဓာတ်မလုံလောက်မှုဟာ ဦးနှောက် ဆဲလ်တွေရဲ့ လုပ်ငန်း စွမ်းဆောင်ရည်ကို ထိခိုက်စေလို့ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အချိန်တိုင်းမှာ ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်သောက်သုံးခြင်း က စိတ်ဖိစီးမှုနဲ့ ကင်းဝေးပြီး စိတ်ပျော်ရွှင်စေမယ့် အရိုးရှင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

ရေဓာတ် လည်းပြည့်ဝစေတဲ့အပြင် သစ်သီးသစ်ရွက်တွေရဲ့ အာနိသင်တွေပါ ပါဝင်တဲ့ sports drink မျိုးတွေကိုလည်း တစ်ချက်ခုတ် နှစ်ချက်ပြတ် အဖြစ် သောက်သုံးနိုင်ပါတယ်။ တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေခြင်းက သင့်ကို စိတ်ချမ်းသာစေမယ့် နည်းလမ်းတစ်ခုလည်းဖြစ်တာကို သတိရလိုက်ပါနော်။


http://www.shwemom.com

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

အိမ်​ နှင့် လောကီပညာ

 
365myanmar.com - Myanmar Online Shopping Mall