ကာမဂုဏ် မစွန့်ဘဲ ကျင့်လို့ရတဲ့ တရား




ဗုဒ္ဓမြတ်ဘုရားက အနာဂါရလမ်း အာဂါရလမ်း ဟူ၍ လမ်းနှစ်သွယ် ကို ဥဂ္ဂသေနသူဋ္ဌေး တောင်းပန် လျှောက် ထားခြင်းကြောင့် ဟောပြခဲ့သည် ။

သူဋ္ဌေးက “အရှင်ဘုရား တပည့်တော်၏ မယားသည် တပည့် တော် ခရီးထွက်သွားလျှင် တပည့်တော် လာမည့်လမ်းကို တမ်းတ၍ ထမင်းမစား ဟင်းမစား လေသာ ပြတင်းက ဘယ်ကိုမှမကြည့်ဘဲ တပည့်တော် ကို မျှော်တ၍သာ နေပါ၏ ။ လင့် ၀တ္တရားကိုလည်း ကျေပြွန်ပါ၏ ။

သည်လောက် လင်ကို ချစ်သော မယားကိုလည်း တပည့်တော် မပစ်နိင်ပါ၊ ကျေးကျွန် သင်းပင်း ရတနာ၊ ရွှေ၊ ငွေ၊ ဆင်၊ မြင်း၊ ကျွှဲ၊ နွား၊ တို့ကိုလည်း မစွန့်ပစ်နိင်ပါ ။ ၎င်း စည်းစိမ်ကြီးကိုပစ်၍ ရဟန်းလည်း မပြု နိင်ပါ ။ ဆင်းရဲသော ဘ၀နှင့် အပါယ်လားမည် ကိုလဲ မလိုလားပါ ။ လောကီ စည်းစိမ်ကို ခံစားစံစားလျှက် ကာမဂုဏ်ကို လက်မလွှတ်ဘဲ နိဗ္ဗာန်ကို ရောက်လို ပါသည်၊” ဟုလျှောက်ထားလေ၏….၊

ဤအခါ ဘုရားရှင်က ကာမဂုဏ် တန်းလန်းနှင့် ပုဂ္ဂိုလ်များ ကျင့်ကြံ၍ နိဗ္ဗာန်သို့ သွားသော ဘုံစဉ်စံ စခန်း သောတာပန်ဖြစ်သော အာဂါရ လမ်းစဉ်ကို ဟောကြားတော်မူလေသည်။

ဤ သောတာပန်ဘုံစဉ်စံ လမ်းသည် ရှေးဦးစွာ ဉာတပရိညာစခန်း တည်းဟူသော ရုပ၊် နာမ် ခန္ဓာ ၊ပဋိစ္စသမုပ္ပါဒ်၊ ဓာတ်သစ္စာ တရားတို့ကို သင်ကြားပြီးလျှင် တက်မြောက်သောအခါ အိမ်ထောင်မှုကိစ္စ များကို မပယ်ချဘဲ ဤရုပ်ကောင်၊ နာမ်ကောင်၊ ခန္ဓာကောင်၊ ပဋိစ္စသမုပ္ပါဒ်၊ ကောင်သာရှိသည်ဟု ထင်အောင်၊မြင်အောင် မိမိခ န္ဓာပေါ်မှာ ပုံမှန်နေထိုင် စားသောက်ရင်း ရှုကြည့်၍ ပုဂ္ဂိုလ် ငါ သူတပါး အမြင်ပျောက်ပြီး ဓာတ်ကောင်၊ ရုပ်နာမ်ကောင်မှန်း သိသည်ကိုပင် အတ္တပျောက်၍ အနတ္တပေါက်သူ သောတာပန်ဖြစ်သူဟု ခေါ်နိင်ပေမည်။

အပါယ်ကို တစ်ကယ်ကြောက်သူဖြစ်ကြကုန်သော သူတော်ကောင်းတို့သည် မိမိတို့၏ သားမယား စည်းစိမ် ကာမဂုဏ် တို့ကို မစွန့်ပစ်ရဘဲ ခံစား စံစား ၍ နိဗ္ဗာန်သို့သွားသော သိကြားမင်း၊ ၀ိသာခါကျောင်းအမ၊ တို့ဥပမာ စံထား၍ သောတာပန် ဖြစ်ခြင်း တရားကိုလိုလားကျင့်ကြံပါက သမထ လမ်းများလို ရသေ့ ရဟန်း ပြုလုပ်ပြီး သမာဓိ အထူး ထူထောင်ကာ ကျင့်ရသော လမ်းမဟုတ် နိဗ္ဗာန်သို့ အကြာဆုံး ခုနှစ်ဘ၀ နှင့် သွားနိင်သော နည်းလမ်း ဖြစ်ပေသည်။



သောတာပန် ဆိုသောစကား၊ ကလျာဏ ဆိုသောစကား၊ စူဋ္ဌသောတာပန် ဆိုသော စကား၊ သဘော တူတူု ဖြစ်သည်၊ ဤပုဂ္ဂိုလ် သုံးမျိုးဖြစ်မှ ကျင့်စဉ် လမ်းကို ကျကျ နနသိရုံရှိသေးသည် ဤပုဂ္ဂိုလ်မျိုးသည် သမထ လမ်းများ ကဲ့သို့ ကမ္မဋ္ဌာန်းထိုင် ကျင့်ရသည်မဟုတ်၊ ရုပ်နာမ် ခန္ဓာ ဓာတ်သစ္စာ တရားတို့ကို သင်ရင်းကြား ရင်း မေးမြန်းရင်း တရားနာရင်းဖြစ်ကြသော ဒဿနဘုမ္မိ ဒဿန ကိစ္စသာ ဖြစ်၍ အမြင်မှန် အယူမှန်လျှင် သောတာပန်ဖြစ်လေသည်။

ဝိပဿနာတရားကို မကျင့်ဘဲ ဒိဋ္ဌိ၊ ၀ီစိက္ကိစ္စ ပြုတ်၍ သာမန်လူလိုနေထိုင် သွားလာနေသော၊ သောတာပန် သည် ခုနှစ်ဘ၀ ဘုံစဉ်စံ၍၊ နောက်ဘ၀များ၌ တဖြည်းဖြည်း ကျင့်ကြံ နိဗ္ဗာန်ဝင်သည် ။

သာမန် လူလိုနေထိုင်ပြီး ၀ိပဿနာ ဖြစ်ပျက်ရှုနေသော၊ သောတာပန်သည်၊ ဧကဗီဇ သောတာပန် ဟုခေါ်၍ နောက် တစ်ဘ၀နှင့် နိဗ္ဗာန်သွားသော ပုဂ္ဂိုလ်၊ ကောလံကောလ သောတာပန်သည်၊ နှစ်ဘ၀ မှခြောက် ဘ၀ အတွင်း နိဗ္ဗာန်ကို သွားနိင်သော ပုဂ္ဂိုလ် ဖြစ်ကုန်၏။


*** သောတာပန်ဖြစ်ခြင်း အင်္ဂါလေးပါး ***
(သုတ်ပါထေယျ၊ပါဋ္ဌိတော်)

*စတ္တာရိမာနိ ဘိက္ခဝေ သောတာပတ္တိ ယင်္ဂါနိ၊ ကတမာနိ စတ္တာရိ၊
သပ္ပုရိသသံသေဂေါ သဒ္ဓမ္မသ၀နံ ယောနိသော မနသိကာရော ဓမ္မာနုဓမ္မပဋိပတ္တီတိ။

*သံသရာဝဋ် ကျော့ကွင်း ညွတ် မှ ကင်းလွတ်လိုငြား အိုချစ်သားတို့၊ လေးပါးသော တရားတို့သည်၊ သောတာပန် ဖြစ်ဖြင်း အကြောင်း အင်္ဂါတို့တည်း၊ အဘယ်အကြောင်း တရားလေးပါး တို့နည်းဟူမှုကား။

ရုပ် နာမ် ခန္ဓာ ဓာတ်သစ္စာ တို့၌ ကျွမ်းကျင် လိမ်မာသော သူတော်ကောင်း တို့နှင့် ပေါင်းဖော်ရခြင်းတစ်ပါး။

ရုပ်၊ နာမ်၊ ခန္ဓာ၊ ဓာတ်သစ္စာ၊ တို့နှင့် စပ်သော တရားစကားကို ကြားနာ နာခံ မှတ်သား သင်ကြား ရခြင်း သည် လည်းတစ်ပါး။

ရုပ်ဓာတ် နံဓာတ် ခန္ဓာဓာတ် ပရမတ် တရားတို့ကို မြင်အောင် ထင်အောင် အသင့်အတင့် နှလုံးသွင်းရခြင်း သည်လည်း တစ်ပါး။၊

ဖိုဥာဏ်၊ နိဗ္ဗာန်တရားတို့ကို ရခြင်း၏ အကြောင်းဖြစ်သော သက္ကာယဒိဋ္ဌိကို ပယ်ရှား ရခြင်းလည်း တစ်ပါး။ စသည်တို့သည် သောတာပန်ဖြစ်ခြင်း အင်္ဂါလေးပါးပေတည်း။


ရုပ် နာမ်၊ ခန္ဓာ ဓာတ်သစ္စာ တို့ကို ဟောပြော ပြနိင်သော သူတော်ကောင်းနှင့် ပေါင်းမိခြင်း၊ ရုပ်နာမ် ခန္ဓာ ဓာတ်သစ္စာတို့ကို မိမိက ကြားနာ နာခံ သင်အံ ကျက်မှတ်ခြင်း၊ မိမိစိတ်ကို ကောင်းစွာ အသင့်အတင့် နှလုံးသွင်းနိင်ခြင်း၊ ဤ အင်္ဂါသုံးပါးနှင့် ပြည့်စုံသော်လည်း၊ မဂ်ဥာဏ် ဖိုဥာဏ် နိဗ္ဗာန် တရားတော် မြတ်ကို ရခြင်း၏ အကြောင်းဖြစ်သော သက္ကာယဒိဋ္ဌိ တရားကို မပယ်သတ် နိင်က မဂ် ဖို နိဗ္ဗာန်ကို မရနိင်ဟူ၏ ။

ဤလေးပါး တစ်ပါးပါး ပျက်ကွက်က သောတာပန်မဖြစ်နိင်၊ သောတာပတ္တိမဂ် ဆိုသော စကားသည်၊
မဂ္ဂေါ၊ သံသရာနယ် စခန်းမှ ထွက်လမ်းတည်း ဟူသော ခရီးအစ သို့။ သောတော၊ စီးဝင်ခြင်းသည်၊ ပတ္တိ၊ ရောက်ကုန်၏ တစ်နည်း သောတ နား၊ မဂ္ဂ၊ မဂ်တရား၊ ပတ္တိ၊ေ၇ာက်ခြင်း၊ အဓိပ္ပါယ်မှာ သံသရာကို ထွက်တက်သော မဂ်တရား နားသို့ ရောက်သူဟု ခေါ်သည်။

ကျမ်းကိုး။---။ သောတာပန်လမ်း အလင်းကျမ်း
( မူကြိုဆရာ )

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

အိမ်​ နှင့် လောကီပညာ

 
365myanmar.com - Myanmar Online Shopping Mall