အပျိုကြီး



အပျိုကြီးသည် အရှက်မျက်နှာကို ဝှက်၍ တစ်ဝက်တစ်ပျက် ပေါ်နေသော သူ့တင်ပါးကို အသာအယာ ဆွဲဖုံးလိုက်၏ ။ ပြီးနောက် လိမ်နေသော ခါးကိုပြန်လည်တည့်မတ်ကာ တစ်ဆတ်ဆတ်တုန်သော လက်တို့ဖြင့် ထမီကိုပြင်ဝတ်လေသည်။

" အမယ်မင်းရယ်တဲ့မှပဲ ... အမေ ဘယ်အချိန်ကတည်းက ရောက်နေပါလိမ့်နှော် " ... ဟု စိတ်ထဲမှ တွေးသည်။ ဖော်မပြတတ်သော အမျိုးအမည်မသိ ဝေဒနာကြီးသည် အပျိုကြီး နှလုံးသားကို မထိတထိ ကလိနေဘိသို့ရှိလေ၏။

"ဟဲ့ မေးနေတာ မကြားဘူးလား ညည်း ဘာလုပ်နေတာလဲဆို "
ဒုတိယံမ္ပိ မေးလိုက်သံက ရှက်စိတ်ပြွမ်းလျှက် အသက်ပင် ထွက်ချင်နေသော အပျိုကြီးကို မိုးကြိုး ပစ်ချလိုက်သလို ရှိသည်နှင့် အပျိုကြီးမှာ တတ်နိုင်လျှင် သည်နေရာက အမြန်ဆုံး ပြေးထွက်သွားချင်
ိလေသည်။

အပျိုကြီးသည် သူ့အမေကို တည့်တည့်မကြည့်ရဲ ။ ကြွေပြားအဖြူ ကပ်ထားသော မီးဖိုခန်းထဲမှနံရံကိုသာ သတိလက်လွတ်ကြည့်နေ၏။ နံရံပေါ်ရှိ အိမ်မြှောင် တစ်ကောင်သည် အပျိုကြီးကို သနားသည့်အလား ကျွတ် ကျွတ် ကျွတ် ဟု စုပ်သပ်နေလေသည်။ အပျိုကြီးသည် အကြောက်လွန်၍ ရေငတ်သလို လည်ချောင်း ခြောက်သလိုဖြစ်လာ၏။ သူသည် အသံ အစ်အစ်ကို အားစိုက် ညှစ်ထုတ်လိုက်ကာ -

"ရေ ... ရေ ရေနွေးအိုး တည်မလို့ပါ အမေရဲ့" 
ဟူ၍ ထစ်ထစ်ငေါ့ငေါ့ပြန်ပြော၏။ ရှက်စိတ် မွှန်နေသော အပျိုကြီးမျက်နှာမှာ နီရဲလို့နေလေသည်။


အဆက်အစပ် မဲ့သောအဖြေ၊ ယုတ္တိမတန်သည့် ဆင်ခြေ စကားကြောင့် သူ့အမေက အပျိုကြီးကိုတစ်လှည့် ရေနွေးအိုးကို တစ်လှည့် ကြည့်ကာ ဇဝေဇဝါဖြစ်နေ၏။

အမှန်တော့ အထက်ဖော်ပြပါ အဖြစ်အပျက်သည် သူ့ပေါင်တံ ဖြူဖြူဖွေးဖွေးပေါ်က ဘီယာပုလင်းဖုံး အရွယ် ပွေးကွက်များနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြာင်းကို အပျိုကြီး ကျိန်ရဲပါသည်။ ထိုအကြောင်းတရားသည် မနေ့ကမှ ဝယ်လာသော အကောင်းစား လျှပ်စစ်မီးဖို အသစ်နှင့်တစ်စုံတစ်ရာ ပတ်သက်နေသည်ကိုမူကား အပျိုကြီးတစ်ယောက်မှ လွဲ၍ မည်သူမျှမသိနိုင်။ အမေ့ကိုနားလည်အောင် ရှင်းပြဖို့ကြိုးစားရပေဦးမည်။

အပျိုကြီး၏ စိတ်အာရုံထဲမှာ မနေ့က ဝယ်လာသော အသစ်စက်စက် လျှပ်စစ်မီးဖိုနှင့် ထိုဆိုင်မှ ကောင်လေးကိုမြင်ယောင်နေမိလေသည်။ သွက်လက်ချက်ခြာလှသော ထိုကောင်ချောချောလေးသည် သူတို့ သားအမိ နေ့စဉ်ကြည့်ရှူနေလေ့ရှိသော ကိုရီးယားကားထဲမှ မင်းသားလေးနှင့်တူသည်ဟုထင်သည်။ ဒါကပင် အပျိုကြီးကို ရင်ခုန်မြန်စေသော လုံလောက်သည့် အကြောင်းတရားပင်ဖြစ်၏။ 

ထိုအချိန်က မီးဖို အသုံးပြုပုံအား လက်တွေ့ပြသနေသည်ကိုစိတ်မဝင်စား၊ ကိုရီးယားမင်းသားလေးကိုသာ တစ်စိမ့်စိမ့်ကြည့်ရင်းမှ " ငါအသက်ကြီးသွားလို့ပေါ့ဟယ်၊ နှမြောလိုက်တာ" ဟုပင်အတွေး ဝင်နေမိ သည့် အဖြစ်ကိုပြန်သတိရလျှက် ရှက်မိပြန်သည်။

ထိုကောင်လေးပြောသော စကားတစ်ခွန်းကို ယခုချိန်ထိတိုင် ရင်ခုန်လှိုက်မောစွာ ကြားယောင်နေ မိသေးသည်။

"ကဲ အမရေ မီးဖို ကိုင်တွယ်အသုံးပြုပုံတော့ ရှင်းပြပြီးပြီ။ အဓိက ဓါတ်မလိုက်ဖို့ ဂရုစိုက်ရမယ်။ မီးဖိုခန်းကို ဝင်ရင်ဖိနပ်စီးဖို့မမေ့ပါနဲ့။ နောက်ပြီးတော့ ..."

(ဟုတ်သည်။ အဲဒီနောက်ပြီးတော့ရဲ့ နောက်ပိုင်း သူပြောတဲ့စကားကြောင့်ပြဿနာတက်ရတာပဲ ..)
ထုပ်ပိုးထားသော မီးဖိုကို လက်ဖြင့် ကမ်းပေးရင်း ထိုကောင်လေးပြောလိုက်သည်က ...

" အိုးတွေကို ခွင်ပေါ်မတင်ခင် ဖင်ကို အရင်ဆုံးပြောင်နေအောင် သုတ်နှော် အမ၊ ရေစိုနေရင် ... "

ဟင် !

အပျိုကြီးကား နောက်ထပ် ဘာဆက်ပြောသည်ကိုပင် မကြားနိုင်တော့။ ခပ်သော့သော့လေးပြေးထွက်လာ ခဲ့လိုက်သည်မှာ အိမ်ကို မည်သို့မည်ပုံ ရောက်လာမှန်းကိုပင်မသိ။

သူ့အမေက အပျိုကြီး ရှင်းပြသည့် အထက်ပါ အဖြစ်အပျက်တို့ကို တစ်အံ့တစ်သြနားထောင်ရင်း ရင်တုန် ပမ်းတုန်ဖြစ်နေသော အသံကြီးဖြင့် ..

" ဘုရား ဘုရား ... ညည်းဟာလေ၊ ကြီးတောင့်ကြီးမားနဲ့ ဒီအသက်အရွယ် ရောက်တာတောင်မှ စဉ်းစား ဉာဏ်လေး တစ်စက်မှ မရှိဘူး၊ ငါ့သမီးလို့ပြောရမှာတောင် ရှက်တယ်" ဟု မှတ်ချက်ပြု၏။

သူ့အမေစကား အဆုံးမှာတော့ အပျိုကြီးတစ်ယောက် ကလေးငယ် တစ်ဦးလို ဝါးကနဲငိုချလိုက်လေသည်။

(တစ်ချို့အမျိုးသမီးများမှာ အသက်အရွယ်ကို အားမနာဘဲ သူရို့ မိဘရှေ့တွင် ကလေးတစ်ယောက်လို ငိုယိုတတ်ကြသည်။ ဤကား လက်တွေ့ဖြစ်၏။ ဗွီဒီယိုဖိုင်နှင့်တစ်ကွ သက်သေပြနိုင်ပါသေးသည်။ တစ်ချို့မှာသေးပင် ထွက်ကျတတ်သေးသည်။)

သို့သော် သူ့အမေ ထပ်မံပြောလိုက်သည့်စကားကြောင့် အပျိုကြီးကျေနပ်ကာ အငို ရပ်သွားရှာသည်။
သူ့အမေပြောလိုက်သည်က -

"ဟဲ့ ဟဲ့ နင်ကဘာလို့ ငိုနေတာတုံး၊ ငါပြောချင်တာက နောက်ဆိုရင် ရေချိုးခန်းထဲ ဝင်ပြီး လုံလုံခြုံခြုံ လုပ်ပေါ့ လို့ပြောမလို့ဟဲ့၊ ကဲကဲ သွား သွား ရေချိုးခန်းထဲဝင်ပြီးသွားသုတ်ချေ" - ဟူသတတ်။

တိုက်ခန်းတို့၏ နောက်ဖေး ပြူတင်းပေါက်များမှာ ဖင်ခြင်းကပ်လျှက် တိုးလျှိုပေါက်မြင်နိုင်သည်ဖြစ်လေ ရကား အပျိုကြီးအား တစ်စုံတစ်ယောက်မြင်တွေ့သွားမှာ စိုး၍ သူ့အမေက ထိုသို့ပြောရခြင်း ပင်ဖြစ်ပေသည်။

ထိုအဖြစ်အပျက်နောက်ပိုင်း၊ သူရို့ သားအမိ ထမင်းဟင်း ချက်ကြသည့်အခါများ၌ ပွဲမဝင်ခင် အပြင်က ကျင့် ဟူသည့် စကားပုံလို အိုးမတည်ခင် သမီးတစ်လှည့် အမေတစ်လှည့် ရေချိုးခန်း ဝင်၍ ပြောင်နေအောင်ရှင်းလင်းသုတ်သင်ကြလေသော ဟူ၏။


Crd ; မင်းမင်းဇော်မောင်

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

 
365myanmar.com - Myanmar Online Shopping Mall