၂၀၁၇ အတွက် SEA ဈေးကွက်အတွင်း စမတ်ဖုန်း တင်ပို့မှုတွင်



ဈေးကွက်သုတေသန ကုမ္ပဏီ ဖြစ်သည့် International Data Corporation (IDC) ကနောက်ဆုံး ထုတ်ပြန်ထားသော အစီရင်ခံစာအရ #OPPO အနေဖြင့် ၂၀၁၇ အရှေ့တောင်
အာရှ ဒေသ ဈေးကွက် အတွက် နှစ်အလိုက်စမတ်ဖုန်းတင်ပို့မှုတွင် ကိန်းဂဏန်း၂ ခု ပမာဏ ရှိသော ၂၉ ရာခိုင်နှုန်းကျော် တိုးတက်မှု ရရှိခဲ့ပြီး အဆင့် -၂နေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။

IDC အဖွဲ့အစည်းက ကောက်ယူခဲ့သော “ Quarterly Mobile Phone Tracker ” စစ်တမ်းက အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့ အပါအဝင် SEA ဈေးကွက် မှနိုင်ငံများ ပါဝင်ခဲ့သည်။
 
၂ဝဝ၉ ခုနှစ်တွင် ပထမဆုံး နိုင်ငံတစ်ကာဈေးကွက် အဖြစ် ထိုင်းနိုင်ငံတွင် ဈေးကွက် စတင် ထူထောင်ခဲ့ပြီး ကတည်းက  #OPPO အနေဖြင့် ဒေသခံသုံးစွဲသူများ နှစ်သက်သဘော ကျစေမည့် ထုတ်ကုန်များ တင်ပို့ရောင်းချခြင်းဖြင့် သက်ဆိုင်ရာ ဒေသတွင်းတွင် မြန်ဆန်သည့် တိုးတက်မှုများကို ထိန်းသိမ်း ရယူ ထားနိုင်ခဲ့သည်။
 
#OPPO ကုမ္ပဏီ၏ ပြည်တွင်းဈေးကွက်နှင့် ကိုက်ညီစေမည့် အစီအမံများလုပ်ဆောင်ရာတွင် လှပပြီး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းပုံစံများနှင့်ပေါင်းစပ်ကာ ထူးခြားဆန်းသစ်သည့် နည်းပညာများကို
ဖန်တီးပေးခြင်းဖြင့် လူငယ် သုံးစွဲသူများ၏ လိုအပ်ချက်ကို အတွင်းကျကျ နားလည်စေရန် အားထုတ်ကြိုးပမ်း ခဲ့သည်။
 

 
လူငယ် ပရိတ်သတ်များ အကြားတွင် ကျယ်ကျယ်ပြန့်ပြန့် လူကြိုက် များတာကို သက်သေပြ လာနိုင်ခဲ့ပြီး နောက်တွင် Selfie Expert ဟုခေါ်ဆိုသည့် Selfie ဘုရင် F series ထုတ်ကုန်များ၊ အထူးသဖြင့် လက်ရှိ ထုတ်လုပ်ပေးထားသည့် OPPO F5 series ထုတ်ကုန်များမှာ မိုဘိုင်းဖုန်းလောကတွင် ပထမဆုံးအဖြစ် ထူးခြားဆန်းသစ်သော A.I Beauty Recognition Technology နည်းပညာကိုစတင်အသုံးပြု ခဲ့သည့် ထုတ်ကုန်များဖြစ်ပြီး အဆိုပါနည်းပညာမှာ ရိုက်ယူလိုက်သည့် Selfie ဓာတ်ပုံတွင် သက်ဆိုင်ရာသုံးစွဲ သူများအတွက် အလှအပဖန်တီးမှုများကို စိတ်တိုင်းကျလုပ်ဆောင်နိုင်စေရန် တီထွင်ဆန်းသစ်ပေးထားခြင်း
ဖြစ်သည်။
 
အခြားသော ပထမဆုံးအဖြစ်တီထွင်ဖန်တီးမှုများတွင် အဆင့်မြင့် Full Screen FHD+ display နှင့် အဆင်ပြေ လွယ်ကူစေမည့် Facial Unlock  နည်းပညာတို့လည်းပါဝင်ထားသည်။
 
ရှေ့ဆက်ဖန်တည်း ထုတ်လုပ်သွားမည့် ထုတ်ကုန်သစ်များတွင် ခေတ်မီ ဆန်းသစ်သည့် ထိတွေ့သုံးစွဲမှု အတွေ့အကြုံများကို ဆက်လက်ရယူပေးသွားမည်ဖြစ်သလို သက်ဆိုင်ရာဒေသတွင်းရှိ လူငယ်စမတ်ဖုန်း
သုံးစွဲသူများ အကြားတွင် ကုမ္ပဏီ၏ ဦးဆောင်ရပ်တည်မှု ကိုလည်း အားကောင်းခိုင်မာစေရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။
 
ထို့အပြင် ရှေ့ဆက်ရောက်ရှိလာမည့် ပိုမိုခေတ်မီ ဆန်းပြားသည့် မိုဘိုင်းနည်းပညာနှင့် 5G ကွန်ယက်ချိတ် ဆက်မှု ခေတ်ကာလ အတွက်လည်း #OPPO အနေဖြင့် အရှေ့တောင်အာရှ ဒေသတွင်  ရှေ့လာမည့် နှစ်များအတွင်း အံ့သြ စိတ်လှုပ်ရှားစရာကောင်းစေမည့် ရှေ့ပြေး ထုတ်ကုန်များနှင့်အတူ အကောင်းဆုံး ကြိုးစား အားထုတ်သွားရန်လည်း စီစဉ် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
 
Mahar Entertainment
 

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိမ်​ နှင့် လောကီပညာ

 
365myanmar.com - Myanmar Online Shopping Mall