ငလျင် လှုပ်ခတ်မည်ကို ကြိုတင် သိရှိနိုင်မည့် နိမိတ်များ



အခုနှစ်ဦးပိုင်းမှာ နေ့စဉ် ရက်ဆက် အကြိမ်ရေ တော်တော်များများ ငလျင် လှုပ်ခတ်ခဲ့တော့ လူပြော သူပြောများတဲ့ ငလျင်နဲ့ ပတ်သက်ပြီး ကျတော့် လေ့လာ ဖတ်ရှု မှတ်သားထားသည်များကို အသိပေး တင်ပြသွားပါ မယ် ။

ငလျင်လှုပ်မှာကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပါသည် ဆိုသည့် နိုင်ငံတွေက သိပ္ပံပညာရှင်ကြီးတွေတောင်
မခန့်မှန်းနိုင်သေးတာ  ကျတော့်လို့ ငမြောက် ငချောက် ချာတိတ်လေးက "ငလျင် လှုပ်ခတ်မည့်ကို ကြိုတင်သိရှိနိုင်မည့် နိမိတ်များ" လို့ ခေါင်းစဉ် တပ်တော့ မတန်မရာဟယ် လို့ ထင်မြင်ကြပါလိမ့်မယ် ။

ငလျင်လှုပ်မှာကို ခေတ်မီ သိပ္ပံပညာအရ ကြိုတင် မခန့်မှန်းနိုင်သေးဘူး ဆိုတာကို  မိတ်ဆွေတို့ သိသလို ကျတော်လည်း သိပါတယ်။

ခေတ်မီ စက်ကိရိယာတွေ ခန့်မှန်း တွက်ချက်နိုင်ခြင်း မရှိပေမဲ့ ငလျင်လှုပ်ခါနီး ဖြစ်ပေါ်တတ်တဲ့ နိမိတ်များအကြောင်းကို ရှေးလူကြီးသူမများရဲ့ ပြောဆို လက်ဆင့်ကမ်းခဲ့တာများကို မိတ်ဆွေတို့ကို ဝေမျှပေးလိုက်ပါတယ် ။

ရှေးထုံးကို မပယ်ကောင်းသလို
ဈေးသုံးလည်း မကြွယ်ကြနဲ့ပေါ့ဗျာ ။
ကုန်ဈေးနှုန်းတွေက တက်နေတယ် ။


မြွေ၊ ကြွက် စတဲ့ တွင်းအောင်း သတ္တ၀ါများ တွင်းမအောင်းပဲ ပုံမှန် မဟုတ်တဲ့ သွားလာ လှုပ်ရှားတာမှုများ
အမြင့်နေရာတွေမှာ အသိုက်ပြောင်းဖွဲ့တာမျိုး မြွေများ မြင်တွေ့နေကျ မဟုတ်သည့် အမြင့်နေရာတွေမှာ မြင် တွေ့ရခြင်း ၊



မြေတွင်းထဲမှ ကြွက်များ တွင်းထဲမှ ထွက်ကာ အုပ်စုလိုက် ယောက်ယက်ခပ်ကာ ပြေးလွှားကြတာကို မြင်တွေ့ရခြင်း ၊

၃ 
နေအိမ်မှ ကြွက်များ နေအိမ်မှ ထွက်ပြေးကြခြင်း ၊


တွင်းအောင်း သတ္တ၀ါများ အစုလိုက် အပြုံလိုက် ဦးတည်ရာမဲ့ ပြေးလွှားနေကြခြင်း ၊


အချိန်အခါမဟုတ် ကျီးတို့ ငှက်တို့ လန့်ပြီး ပြိုဆင်းတတ်ခြင်း ၊
အချိန်အခါမဟုတ်ပဲ လန့်၍ အုပ်စုလိုက် ထပျံကြခြင်းများ ၊


ဝက်များ အကြောင်းမဲ့ တစ်ကောင်နဲ့ တစ်ကောင် ကိုက်ခဲနေကြခြင်း ၊


ပုရွက်ဆိတ်များ ရာသီ အချိန်အခါမဟုတ်ပဲ အသိုက်ပြောင်းခြင်း ၊ အမြင့်နေရာများသို့ အိမ်ဖွဲ့ခြင်းများ ၊


အလှငါးမွေးကန်များ မှ ငါးများ ဂနာမငြိမ်ဖြစ်ပြီး ဟိုပူး ဒီကပ်ခြင်းများ ၊


ဘဲ၊ ငန်း စတဲ့သတ္တ၀ါများ သစ်ပင်ပေါ်သို့ တက်နေကြခြင်း ၊

၁၀
အိမ်မွေး တိရိစ္ဆာန်များဖြစ်တဲ့ ခွေးများ၊ ကြောင်များ အကြောင်းမဲ့ နေအိမ်မှ ဝေးရာသို့ ထွက်ပြေးကြခြင်း ၊

စတဲ့ နိမိတ် လက္ခဏာများဟာ ငလျင်လှုပ်တော့မည့် နိမိတ် လက္ခဏာများဖြစ်ပါတယ် ၊

ငလျင်လှုပ်ခတ်ခြင်း ဆိုတာ ပုံမှန် မဟုတ်တဲ့ ခန့်မှန်းရ ခက်ခဲတဲ့ သဘာဝဖြစ်စဉ် တစ်ခုပါ ။ ပုံမှန် မဟုတ်တဲ့ သဘာဝဖြစ်စဉ် ငလျင်လှုပ်မှာ ကြိုတင်ခန့်မှန်းချင်ရင်တော့ မိမိတို့ ပတ်ဝန်းကျင်မှာရှိတဲ့ သတ္တ၀ါများ ရဲ့ ပုံမှန်မဟုတ်တဲ့ သွားလာ လှုပ်ရှားမှုတွေကိုသာ သတိထားစောင့်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။



ချစ်တဲ့ ညီအစ်ကိုမောင်နှမများ ဗဟုသုတ အလို့ငှာ ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ ။

သတ္တဝါအပေါင်း ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ ။

တင်မောင်လှိုင်@ ဖိုးတာ
(၁၉-၁-၂၀၁၈)
သောကြာနေ့


**********************************************************








ဦးဇင်း က တိမ်ကိုကြည့်ပြီးတော့ပဲပြောတယ် ။ တိမ်လွှာ ညီညာပြီး နှစ်လွှာ ကွဲကွာလျှင် တိမ်ပေါ်၌ သက်တန့် ကဲ့သို့ အရောင် ထင်  ဟပ်နေခြင်း စသော လက္ခဏာများမြင်တွေ့လျှင် ဧကန် ငလျင်လှုပ်မည် ။

အဓိက ငလျင်နိမိတ်ကို ပြောခဲ့တာပါ ။ ကျိုက်မရောရောက်စဉ် ဆိုင်ကယ် တက္ကစီသမားနှင့် နောက်ပါ ဒကာမများအား ကောင်းကင်ကြီး အခြေအနေမကောင်းဘူး ငလျင်လှုပ်လိမ့်မယ်လို့ ပြောခဲ့ပါတယ် ။ ဒီပို့တင်နေတာက ဆိုင်ကယ်စီးရင်းတင်ခဲ့တာပါ ။

crd   ;  ..  အရှင် ပညာစက္က   


**********************************************************












Crd ... Phoe Kyaw


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

 
365myanmar.com - Myanmar Online Shopping Mall