သိုင်း ၏ အနက် အဓိပ္ပာယ်



သိုင်း ၏ အနက် အဓိပ္ပာယ်မှာ ......

"သ" ပြုပြင်ခြင်း ခြယ်သခြင်း၊ 
"သိ" သိမြင်ခြင်း နားလည်ခြင်း၊ 
"သို" သိမ်းဆည်းခြင်း သိုမှီးခြင်း သိုဝှက်ခြင်း၊ 
"သိုင်း" သိုင်းဝန်းခြင်း ခြုံလွှမ်းခြင်း ရစ်သိုင်းခြင်း ဟူ၍ဖြစ်သည်။

ရှေးမြန်မာဘုရင်များ လက်ထက် မင်းခန်း မင်းနား များတွင် သိုင်းတုတ်ကိုင် ကာ စောင့်ရှောက် ပေးရပြီး
ရှေ့မှ စောင့်ရှောက် ပေးရသူကို ရှေ့သိုင်းစောင့်၊ နောက်မှ စောင့်ရှောက် ပေးရသူကို နောက်သိုင်းစောင့် ဟုခေါ်သည်။ သိုင်း ဆိုသည်မှာ ကျော်လွှားခြင်းဟုလည်း နားလည်ရပေမည်။

မြန်မာ့သိုင်း

မြန်မာ့သိုင်းတွင် ပွဲကျောင်း၊ မင်းကျောင်း၊ နန်းတွင်းသိုင်း၊ မျိုးနွယ်စုပိုင် သိုင်းများ ရှိသည်။ ထိုမြန်မာ့သိုင်းပညာရပ်တွင် လက်သိုင်း၊ ဓါးသိုင်း၊ လှံသိုင်း၊ ကြိုးသိုင်း၊ ခဲပစ်၊ စူးပစ်၊ လှံပစ်၊ မြှားပစ်၊ လင်းလေး၊ ဒူးလေးပစ်၊ တုတ်သိုင်း၊ တင်ကျည်းသိုင်း အစရှိသော သိုင်းပညာ များကို သင်ကြားရသည်။ ထိုသို့ သိုင်းပညာ အကုန်အစဉ် တတ်အောင် သင်ပါက အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်ကြာအောင်သင်ရသည်။

ဗန်တိုဗန်ရှည်

မြန်မာ့သိုင်း ဟုခေါ်သော ဗန်တို၊ ဗန်ရှည် အတတ်ပညာသည် မြန်မာတို့၏ ယဉ်ကျေးမှု အမွေအနှစ် ကိုယ်ခံပညာတစ်ခု ဖြစ်ပါသည်။ ရှေးမြန်မာတို့က ကာယနှင့် စိတ်ဓါတ်ကြံခိုင်ရေး အတွက် အဓိကထားပြီး စစ်ပွဲများတွင် လက်နက်မဲ့၊ လက်နက်ကိုင်နှစ်မျိုးခွဲကာ အသုံးပြု တိုက်ပွဲဝင်သည့် ရိုးရာကိုယ်ခံပညာဖြစ်သည်။ 


၎င်း ဗန်တို ဗန်ရှည် ပညာရပ်များကို အထူးလျှို့ဝှက် သင်ကြားပေးခဲ့ကြသည်။ သားစဉ်မြေးဆက်၊ ဆွေစဉ်မျိုးဆက် သွေးရင်း သားရင်း များသာ လူမသိအောင် တိတ်တစ်ဆိတ် သက်ကြားပေးလေ့ရှိသည်။ မြန်မာတို့၏ အမွေဖြစ်သော ဗန်တို သိုင်း ပညာသည် သရေခတ္တရာ သာသနာနှစ် (အစ) ဘီစီင်္ (၄၅၅) ကတည်းက တည်ရှိခိုင်ခံနေပြီး ဒီထက်စောသော မှတ်တမ်းများလည်းရှိခဲ့ကြသည်။ 

သရေခတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ် သမိုင်း တစ်လျှောက် နိုင်ငံတော် ကာကွယ်ရေး အတွက် အသုံးပြုခဲ့ရာမှ မြန်မာ့သိုင်း ဟူ၍ယနေ့ခေါ်ဝေါ်ထားကြပြီဖြစ်သည်။ လက်နက်မဲ့ ဗန်တိုနှင့် လက်နက်ကိုင် ဗန်ရှည် ဟူ၍ခေါ်တွင်ခဲ့သည်။ 

အမာ ဗန်တို၊ အပျော့ ဗန်တိုနှစ်မျိုး ခွဲကာ မြန်မာ့ လက်ဝှေ့ကဲ့သို့ အကွဲအပြဲ မတွန့်မဆုတ် ရင်ဆိုင်သောနည်း ကို ဗန်တို (အမာ) ဟုခေါ်ပြီး မိမိအား အထိမခံဘဲ ရှောင်တိမ်းကာ တုန့်ပြန်သောနည်းကို ဗန်တို (အပျော့) ဟုခေါ်သည်။



ရှမ်းသိုင်း

ရှမ်းသိုင်း ပညာရပ်တွင်လည်း ရှမ်းကြီး၊ ရှမ်းတရုပ်သိုင်း၊ ရှမ်းလေးသိုင်း၊ အင်းသိုင်း၊ ပလောင်သိုင်း အစရှိသော ပညာရပ် များစွာရှိပါသည်။ ထို သိုင်းများတွင်လဲ လက်သိုင်း၊ ဓါးသိုင်း၊ ကြိုသိုင်း၊ ခဲပစ်၊ လှံသိုင်း၊ တုတ် သိုင်း အစရှိသော ပညာရပ်များ များစွာရှိသည်။

ရှမ်းကြီးသိုင်း သည် အကွက်ကျဲသည်။ ခြေကွက်မှာ လဲ ၄ ကွက်၊ ၆ ကွက်၊ ၈ ကွက်၊ ၁၂ ကွက် ဖြင့်ကစား သည်။

ရှမ်းလေးသိုင်း (ခူခါချန့်၊ ယနေ့အခေါ် သိုင်းပြောင်ပြန်) သည် အကွက်စိတ်သည်။ ခြေကွက်မှာလဲ ၄ကွက်၊ ၇ကွက်၊ ၉ ကွက်၊ ၁၂ ကွက် ရှိသည်။ သိုင်းပြောင်ပြန် ဟု ခေါ်သည်မှာ ရှမ်းကြီးသိုင်း ၏ ခြေကွက်များနှင့်မတူ ပြောင်းပြန် သဘောရှိသောကြောင့် သိုင်းပြောင်းပြန်ဟုခေါ်သည်။



ရာမညသိုင်း

ရာမညသိုင်း သည် မွန်ရိုးရာ သိုင်း ကိုခေါ်ပါသည်။ မွန်ရိုးရာ သိုင်း တွင်လဲ လက်ဝှေ့၊ လက်သိုင်း၊ ဓါးသိုင်း၊ လှံသိုင်း အစရှိသော ပညာရပ်များ ပါဝင်သည်။ ထို့အပြင် ကရင် ရိုးရာ လက်သိုင်း၊ ဓါးသိုင်း၊ ဒူးလေးပစ်၊ မြှားပစ် အစရှိသော ပညာရပ်များ နှင့်အတူ ရိုးရာသိုင်းများ၊ မျိုးနွယ်စုသိုင်းများလဲ ရှိသည်။

ကိုးကား
အလင်းစေတမာန်

Tin Maung Hlaing


************************************************************

သိုင်း ကို ရှမ်းအ​ခေါ် လိုင်း ​ဟု​ခေါ်သည်​ ။ အဓိပ္ပါယ်​မှာ နည်းလမ်းဟု ဖွင့်​ဆိုနိုင်​ပါတယ်​ ။ နည်းဥပ​ဒေသ​ပေါ့ဗျာ ။ ကိုယ်​ခံပညာရပ်​ တစ်​ခုထဲကို မသုံးပါဘူး ဘယ်​ရာမဆို နည်းရှိတယ်​ အဲ့ဒီနည်းလမ်းကိုသိသူက ကြုံလာတဲ့ပြဿ       နာ ကို အလွယ်​တကူ​ဖြေရှင်းနိုင်​တယ်​​ပေါ့ ။ 

ရှမ်း အ​ခေါ်​ဝေါ်နဲ့ဆိုရင်​ - ​မော်​လိက်​​မော်​လိုင်း-လို့ရှိပါတယ်​ ။ ​မော်​လိက် ​ဆိုတာက စာတတ်​​မြှောက်​ခြင်း လို့​ပြောတာပါ ။ ​မော်​လိုင်း ဆိုတာက နည်းလမ်း တတ်​သိခြင်းလို့ ​ပြောခြင်းဖြစ်​ပါတယ်​ ။ ဘာကို​ပြောတာလဲဆို​တော့ စာလည်းတတ်​ရမယ်​ နည်းလမ်းလည်း သိရမယ်​လို့​ပြောတာပါ ။ တစ်​ချို့က ရှိတယ်​​လေ စာ​တော့ တတ်​တယ်​ ဒါ​ပေမဲ့ မသုံးတတ်​ဘူး ။ 

တစ်​ချို့ကြ​တော့လည်း နည်းသိတယ်​ စာမတတ်​ပြန်​ဘူး အဲ့လိုရှိတယ်​ ။ ရှမ်းမှာက လိုင်း ဆိုတဲ့ဟာကို အကြယ်​ တစ်ဝင့်​သုံးကြပါတယ်​ ။ 
လိုင်း​င်္ကျက်​ခယ်​ ဟယ့်​ကာန်​င်​ = ခုခံကာကွယ်​နည်း တတန်​ပြန်​ တိုက်​ခိုက်​နည်း။ 
လိုင်းယာတို = ​ဆေးကုသနည်း။ 
လိုင်းဖုက်​ဆွမ်​=စိုက်​ပျိုးနည်းစသည့်​​ပေါ့ ။

နည်း ဆိုတဲ့အတိုင်း ဘယ်​ရာမဆို နည်းလမ်း သိရင်​ ​ပြဿ      နာလွတ်​​မြှောက်​ဖို့ မခက်​ခဲဘူးဆိုတဲ့ သ​ဘောပါပဲ ကိုယ်​ခံပညာကို တတ်​​မြောက်​ထားသူကိုပဲ စဝ်​လိုင်းလို့ မသုံးပါဘူး အဋ္ဌာရသ ၁၈ ရပ်​လုံးကို တတ်​​မြှောက်​ထားတဲ့ သူကို စဝ်​လိုင်းလို့​ခေါ်ပြီး သွန်​သင်​ပြသသူကို ခူးဆွဲန်​- ခူး - ရို​သေ​လေးမြတ်​​သောအားဖြင့်​ ဆရာ၊ ဆွဲန်​-သွန်​သင်​ပြသ။ လို့​ခေါ်ပါတယ်​။ 

နည်းသစ်​ တီထွင်​လမ်းပြ​ပေးသူကို ခူး​မော်​-ပညာတတ်​သိ ပညာရှိ​သော ဆရာလို့ အမြတ်​တစ်နိုး​ခေါ်​ဝေါ်ကြပါတယ်​ ။ စာ​ကြီး​ပေကြီး စသည့်​ ကျမ်းစားပြု  စာဆို​တော်​များကိုလည်း ခူး​မော်​ ဟု​ခေါ်​ဝေါ်ကြပါတယ်​ ။


ကျ​နော်​ သိသ​လောက်​​လေး​ရေးပြတာပဲ ဖြစ်​ပါတယ်​ ။ အမှားရှိဖြည့်​စွတ်​​ပေးကြပါ ။

ဒီပို့စ်​ပိုင်​ရှင်​ကို ​ကျေးဇူးတင်​ပါတယ်​ ။



Sai Shein Kame Fa 


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall