ကိုဗစ်ကြောင့် အသက်ရူကြပ်လို့ အောက်စီဂျင် ဆက်တိုက်ရူနေသူတွေ



ပါမောက္ခ ဒေါက်တာခင်မောင်ထွေး သုံးသပ်ချက်ကတော့ ... 

ကိုဗစ်ကြောင့် အသက်ရူကြပ်လို့ အောက်စီဂျင် ဆက်တိုက်ရူနေသူတွေ မုချသေမယ် ပြောထားပါတယ်။ ခဏသာ ရူပြီး အဆုတ်လေ့ကျင့်ခန်း ကို နေကောင်းချိန် နေမကောင်းချိန်တွေမှာ များများ လုပ်ပါလို့ လမ်းညွှန်ထားပါတယ် ခင်ဗျာ။

အဆုတ်လေ့ကျင့်ခန်းက လေကောင်းလေသန့်ရနေရာမှာ ၂ ခါရှိက်ရူ တစ်ခါ ထုတ်လို့ တရုတ် နည်းက ဆိုပါတယ်။

အောက်စီဂျင်ကြောင့် အသက်မဆုံးရှုံးစေဖို့ U Su Tin မှတ်စု )

အောက်စီဂျင်ရှူ နေကြခြင်းကို မေ့ဆေးဆရာ တစ်ဦးအနေဖြင့် အကြံပြုလိုပါတယ်။

လေထဲမှာရှိတဲ့ အောက်စီဂျင် (၂၀-၂၁%)ဟာ လုံလောက်တာထက် ပိုပါတယ်ဆိုတာကို ထပ်မံ အတည်ပြုပြောချင်ပါတယ်။ ဒါပေမဲ့ ကိုဗစ်မှာ "ဘာ့ကြောင့် အောက်စီဂျင် အပိုကို သုံးနေကြရလဲ " ဆိုတဲ့ မေးခွန်း မေးစရာရှိပါတယ်။ ရှင်းပြပါ့မယ်။ 

လူ့ကိုယ်ခန္ဓာရဲ့အဆုပ်မှာ လေအိပ် (alvilia) လေးများ ၇ မီလီယံလောက် ရှိပါ တယ်။ ထိုလေအိပ်များကို ဖြန့်လိုက်ရင် အလျား၇၀မီတာ၊ အနံ ၇၀ မီတာလောက် ကျယ်ပါတယ်။

ထိုလေအိပ်လေးများကို သေးငယ်တဲ့လေပြွန် (bronchioles) လေးများဖြင့် စပျစ်ခိုင်လို ဆက်သွယ်ထား ပါတယ်။ ထိုလေအိပ် ပတ်ဝန်းကျင်မှာက သေးငယ်တဲ့ ဆံချည်မျှင်  သွေးကြောလေးများဖြင့် ဝန်းရံထားပါတယ်။


 ကိုယ်ခန္ဓာက လိုအပ်တဲ့ အောက်စီဂျင်ကို အဲဒီနေရာက နေ ကိုယ်ခန္ဓာထဲ ပို့ရပါတယ်။ ကိုဗစ်ဖြစ်သူများရဲ့ ပြသနာက....  အဲဒီနေရာမှာပါ။ 

ဆံခြည်မျှင် သွေးကြောလေးများ ပိတ်တယ်။ လေအိပ်ပြွန်ငယ်လေးများ ချွဲဖြင့် ပိတ်တယ်။ ပိတ်တဲ့ အရွယ်အစားပေါ် မူတည်ပြီး လေ အ၀င်အထွက် အောက်စီဂျင် ကိုယ်ထဲရောက်တဲ့ ပမာဏ ကွာကြပါတယ်။ 

အောက်စီဂျင် ကျတယ်ဆိုတာ ပိတ်တဲ့ ပမာဏ များလို့ပါ။ အောက်စီဂျင် ရှူလိုက်ခြင်းအားဖြင့်  ကျန်နေတဲ့ လေအိပ် နဲနဲလေးထဲမှာ ရှိတဲ့ အောက်စီဂျင်(၂၀%)ကို မြှင့်ပေးလိုက်တာ ပါ။ အဲဒါဟာ ခဏတာဘဲ ကောင်းပါတယ်။ ရက်ပိုင်းလေးပါ။

အောက်စီဂျင်ကို၌က ကြာကြာရှူရင် လေအိတ်လေးများ ပြန်ဖောင်းလာအောင် လုပ်ပေးတဲ့ surfactant လို့ခေါ်တဲ့ ဓါတ်တစ်မျိုးကို ယုတ်လျော့စေပါတယ်။ 

ဒါကြောင့် အောက်စီဂျင်ကို ဘိန်းရှူသလို တစ်ပါတ်နှစ်ပါတ် ရှူနေရင် ကျန်နေတဲ့ လေအိပ်လေးတွေပါ ပိတ်ကုန်ပြီး လူသေ တဲ့အထိ ဖြစ်လာပါလိမ့်မယ်။ 

တစ်ချို့ဆို (၃-၄)ရက် အတွင်း သေကြရပါတယ်။ ဒါ့ကြောင့် လေအိပ်ပြန်ဖွင့်ပေးမဲ့ အသက်ရှူ လေ့ကျင့်ခန်းကို (မဖြစ်မနေ) ကျန်တဲ့ လေအိပ်လေးတွေ မပိတ်ခင် ထိထိ ရောက်ရောက် လုပ်ကို လုပ်ရပါ့မယ်။ 

နေကောင်းနေစဉ်ကတည်းက လေ့ကျင့်နေရင် တစ်ကယ် လက်တွေ့ ရောဂါရတော့ ဆက်လုပ်နိုင်တာပေါ့ ။

Google မှာ Breathing Exercises for Covid Patient ဆိုပြီး ရိုက်ရှာပါ။ အသက်ရှူလေ့ကျင့်ခန်းတွေ အများကြီး တွေ့ရပါ့မယ် ။ ဖွင့်ပြီး ကိုယ်တိုင် လိုက်လုပ်ကြပါ။......


ဆေး  

အောက်စီဂျင်တို့ ကိုသာ အားကိုးမနေကြပါနဲ့....

" လုံ့လလည်းထူ ၊ 

ဥာဏ်လည်းကူ

ပျိုးလည်း သန် မှ ၊ 

ငါလည်းမ ".......တဲ့။


ကိုယ့်အားကိုယ်ကိုး အင်အားမစိုက် မလုပ်ခြင် မကိုင်ခြင်ရင် တော့ ကိုယ်ပဲ နစ်နာ ဆုံးရှုံး ရမှာပါ။


Crd ...  ပါမောက္ခ ဒေါက်တာခင်မောင်ထွေး

ဆုတင် (U Su Tin )



Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall