မဟာဘုတ် ဗေဒင်ပညာမှ လာရှိသော အိမ်ထောင်ရေး အဟောများ



မြန်မာ့ရိုးရာ မဟာဘုတ် ဗေဒင်ပညာမှ လာရှိသော အိမ်ထောင်ရေး အဟောများကို တင်ပြပေး လိုက် ရပါတယ်။

အောက်ပါ အဟောများတွင် ယောင်္ကျားလေးများအတွက် "ကျား"ဟုရေးထားပေးပြီး မိန်းကလေးများ အတွက် " မ " ဟု ရေးပေးထားမှာ ဖြစ်ပါတယ် ။

မိမိတို့ရဲ့ သက်ဆိုင်ရာ အဟောများကို ဖတ်ကြည့်ရုံပါပဲ ။ ကျွန်တော့်အနေနဲ့ တစ်ခုပြောချင်တာကတော့ ယခုဟောချက်များသည် ရေဘူယျဟောချက်များဖြစ်ပါသဖြင့် ဒီအကြွင်း ဇာတာရှင်ကတော့ ဒီလိုတစ်ထစ်ချ ဖြစ်ရမယ်လို့ မဆိုလိုပါ ။ ခိုင်နှုန်းအားဖြင့် လူ ၁၀၀ မှာ ၈၀% ဖြစ်ကြရတတ်တယ် လို့ ဆိုလိုရင်းသာဖြစ်ပါ တယ် ။ ထို့ကြောင့် တစ်သက်တာ အိမ်ထောင်ရေး ကံဇာတာ တွက်ချက်နည်းလေးနဲ့ အဟောတွေကို အောက်တွင် ရှု့စားလိုက်ကြရအောင်ပါ ။ 


တွက်နည်း

မိမိ၏ မြန်မာမွေးခုနှစ်ကို ၇ ဖြင့် စား၍ အကြွင်း ၁ ရသော ယောင်္ကျားလေးဖြစ်ပါက အကြွင်း ၁ (ကျား)ဆိုသော အဟောကို ဖတ်ကြည့်ရုံပါ ။ အကြွင်း ၁ ရသော မိန်းကလေးဆိုပါက အကြွင်း ၁ (မ) ဆိုတဲ့ အဟောကိုဖတ်ရှုလေ့လာနိုင်ပါတယ်။

ထို့နည်းတူ ကျန်သော အကြွင်းများကိုလည်း မိမိ ၏ ကျရောက်လာသော သက်ဆိုင်ရာ အကြွင်းများ အတိုင်းလေ့လာနိုင်ပါသည်။


ထို့ကြောင့် အောက်တွင် သက်ဆိုင်ရာ အဟောများကို စတင်၍ လေ့လာကြည့်ကြရအောင်ပါ ခင်ဗျာ ။


* အကြွင်း ၁ (ကျား) *

အကြွင်း ၁ ရရှိသော ယောင်္ကျားလေးများသည်။ များသော အားဖြင့် အိမ်ထောင်တစ်ဆက်ထဲ ကျတတ်ကြ ပါတယ်။ မိမိဘက်က အိမ်ထောင်ဘက်အပေါ်ကို သည်းခံ၍ ပေါင်းသင်းပေမယ့် အိမ်ထောက်ဘက်က မိမိအပေါ်ကို ကြပ်ကြပ်မကောင်းလျှင်တော့ နောက်အိမ်ထောင် ၂ ဆက် ၃ ဆက်ထပ်ပြုဖို့ အတွက် ဝန်မလေ့းကြသူများလည်းဖြစ်ပါတယ်။


* အကြွင်း ၁ ( မ ) *

၁ ကြွင်းသမား မိန်းကလေးများ အနေနဲ့ကတော့ များသော အားဖြင့် အိမ်ထောင်ရေး ကံကောင်းတတ်ကြ ပါတယ်။ အိမ်ထောင်ဘက်က တည်ငြိမ်သူ အိမ်ထောင်ရေးကို အလေးထားသူ ဘာသာရေး ကိုင်းရှိုင်း တတ် သူဖြစ်ပါတယ်။ ထို့ကြောင့် သစ္စာရှိရှိ ပေါင်းသင်းရင်ဖြင့် အိမ်ထောင်တစ်ဆက် ထဲနဲ့ သာယာသော အိမ်ထောင်ရေး တစ်ခုကို ရိုးမြေကျ တည်ဆောက်နိုင်ပါတယ်။


 
 


* အကြွင်း ၂ ( ကျား ) *

အကြွင်း ၂ ရသော ယောင်္ကျားလေး အများစုဟာ မိမိထက် အသက်ငယ်သော အမျိုးသမီးများနဲ့ အိမ်ထောင်ပြု ရတတ်ပါတယ်။ သို့သော် ငယ်သူ နဲ့ ကျခဲ့လျှင် အိမ်ထောင်ရေး ထိမ်းသိမ်းနိုင်ပါစေ အိမ်ထောင်ဆက်များရတတ်ပါတယ်  ။ အကယ်၍ မိမိထက် အသက်ကြီးသူနဲ့ ကျခဲ့လျှင်တော့ အိမ်ထောင် တစ်ဆက်တည်းနဲ့ ပြီးသွားရတတ်ပါတယ်။


* အကြွင်း ၂ ( မ ) *

အကြွင်း ၂ ရရှိသော မိန်းကလေး အများစုကတော့ မရည်ရွယ် မမျှော်လင့်ထားပဲ ရုတ်တစ်ရက် အိမ်ထောင် ကျရတတ်ပါတယ်။ ထိုသို့ ကျပြီးခဲ့လျှင်လည်း အိမ်ထောင်ရေး ရေရှည် မြဲနိုင်ဖို့ အတွက် ခဲရင်းတတ်ကြပါ တယ်။ ထို့ကြောင့် အိမ်ထောင်ရေးကို အထူးဂရုပြု၍ ခေါင်းအေးအေးထား စဉ်းစားသင့်ပါတယ်။


* အကြွင်း ၃ ( ကျား ) *

အကြွင်း ၃ ရရှိသော ယောင်္ကျားလေးများ အနေနဲ့ များသောအားဖြင့် အိမ်ထောင်ဘက် အပေါ်ကို သစ္စာရှိ တတ်ကြသူတွေပါ ။ အငယ်အနှောင်း မထားတတ်ကြပဲ အိမ်ထောင်တစ်ခုကို လွယ်လွယ်နဲ့ မပြိုကွဲချင်ကြ သူတွေလည်းဖြစ်ပါတယ်။ သို့သော် မိမိဘက်က ကောင်းသော်လည်းမိမိအိမ်ထောင်ဖက် ဘက်ကြောင့် အိမ်ထောင်ရေး မမြဲတတ်ကြသူတွေလည်းဖြစ်ပါတယ်။


* အကြွင်း ၃ ( မ ) *

အကြွင်း ၃ ရရှိသော မိန်းကလေးများ အနေဖြင့် များသေားဖြင့် မိမိနဲ့ သဘောထားခြင်း လုံးဝ ကွဲလွဲတဲ့ အမျိုးသားများနဲ့ အိမ်ထောင်ပြုရတတ်ပါတယ် ။ ကိုယ်က ၃ ဆို သူက ၄ လုပ်တတ်သူများနဲ့ နီးစပ်ရ တတ်ပါတယ် ။ မျက်နှာချင်းဆိုင်တာနဲ့ တစ်ကျက်ကျက် ပုံစံမျိုါ်ဖြစ်ရတတ်ပါတယ် ။ ထို့ကြောင့် ခေါင်းအေးအေး ထား၍ သတိပြုဆင်ခြင် စဉ်းစားရွေးချယ်သင့်ပါတယ်။


* အကြွင်း ၄ ( ကျား ) *

အကြွင်း ၄ ရရှိသော ယောင်္ကျားလေးများ အနေဖြင့် များသောအားဖြင့် အိမ်ထောင်ရေး ကံကောင်းကြပါ တယ် ။ အိမ်ထောင်ဘက် ဇနီးကောင်းနဲ့ လက်ထပ်ပေါင်းသင်း ရတတ်ပါတယ် ။ သို့သော် တစ်ခါတစ်ခါ မိန်းမက အေးလွန်းလို့ စိတ်ကုန်စရာတွေပါ ပေါ်လာရတတ်ပါတယ် ။ မိမိသဘော အကြိုက်ဆောင်သော အိမ်ထောင်ဘက်ကောင်းနဲ့ နီးစပ်ရတတ်ပါတယ်။


* အကြွင်း ၄ ( မ ) *

အကြွင်း ၄ ရရှိသော မိန်းကလေးများ အနေဖြင့် များသောအားဖြင့် အလှအပ ခုံမင်သော အမျိုးသားများနှင့် နီးစပ်ရတတ်ပါတယ်။ သို့သော် အိမ်ထောင်ရေး သိတတ် နားလည်းသော ယောင်္ကျားကောင်း တစ်ယောက် ဖြစ်ပါတယ်။ အိမ်ထောင် တစ်ဆက်ထဲပါ။


* အကြွင်း ၅ ( ကျား ) *

အကြွင်း ၅ ရရှိသော အမျိုးသားများ အနေဖြင့် များသောအားဖြင့် ချစ်တာက တစ်ယောက် ညားတာက တစ်ယောက်ဖြစ်ရတတ်ပြီး အနေ နီးစပ်သူများနဲ့ အိမ်ထောင်ကျရ တတ်ပါတယ်။


* အကြွင်း ၅ ( မ ) *

အကြွင်း ၅ ရရှိသော မိန်းကလေးများ အနေဖြင့် များသောအားဖြင့် မိမိထက် အစစ အရာရာ မြင့်မားသာ လွန်သော အမျိုးသားများနဲ့ အိမ်ထောင်ပြုရ တတ်ပါတယ်။ မိမိဘက်က လိမ္မာပါးနပ်ရင် လိမ္မာ ပါးနပ်သလို သာယာသော အိမ်ထောင်ရေး တစ်ခု ဖြစ်ပါလိမ့်မယ်။


* အကြွင်း ၆ ( ကျား ) *

အကြွင်း ၆ ရရှိသော ယောင်္ကျားလေးများ အနေဖြင့် များသောအားဖြင့် မျက်နာချင်းဆိုင်မရတဲ့ အိမ်ထောင် ဘက်မျိုးနဲ့ နီးစပ်ရတတ်ပါတယ် ။ သို့သော် အိမ်ထောင်ရေးက အနည်းဆုံး ၂ ဆက် ကျရတတ်ပါတယ်။


* အကြွင်း ၆ ( မ ) *

အကြွင်း ၆ ရရှိသော မိန်းကလေးများ အနေဖြင့် များသောအားဖြင့် မိမိထက် အသက်ကြီးသော အမျိုးသား နဲ့ အိမ်ထောင် ကျရတတ်ပါတယ်။ အသက်ကြီးတဲ့ သူနဲ့ ရခဲ့ရင် အိမ်ထောင်တစ်ဆက်ထဲ နဲ့ မြဲရတတ်ပြီး ငယ်တဲ့သူနဲ့ ရရှိခဲ့ရင်တော့ အိမ်ထောင်ဆက် များရတတ်ပါတယ်။


* အကြွင်း ၀ ( ကျား ) *

အကြွင်း ၀ ရရှိသော ယောင်္ကျားလေးများ အနေဖြင့် များသော အားဖြင့် အမျိုးကောင်း သမီးများ နဲ့ အိမ်ထောင် ပြုရ တတ်ပြီး မိမိကိုချစ်လွန်းလို့ သဝန်တိုမှုတွေတော့ ခံရတတ်ပါတယ် ။ ဒါကို ချုပ်ချယ် တယ် ထင်ပြီး အိမါထောင်ရေး မသာယာမှုများ ကြုံတွေ့ရတတ်ပါတယ် သတိထားပေးပါ။


* အကြွင်း ၀ ( မ ) *

အကြွင်း ၀ ရရှိသော မိန်းကလေးများ အနေဖြင့် များသောအားဖြင့် အိမ်ထောင် ၂ ဆက် ကျရတတ်ပါတယ်။ သို့သော် မိမိအပေါ်မှာ မူတည်ပါတယ် ။ ပထမအိမ်ထောင် အပေါ်ကို လိမ္မာပါးနပ်စွာ ပေါင်းသင်းနိုင်မယ် ဆို ရင်တော့ အိမ်ထောင် တစ်ဆက်ထဲနဲ့ မိမိကို အရမ်းချစ်တဲ့ ခင်ပွန်းကောင်း တစ်ယောက်လည်း ဖြစ် ပါလိမ့်မယ်။



အထက်ပါ ဟောချက်များ တင်ပြပေးချင်းဖြင့် အိမ်ထောင် မပြုရသေးသော ချစ်သူ ရည်းစားများအနေဖြင့် သတိပြုသင့်တာ ပြုလို့ရပြီး ရှောင်ကျဉ် စဉ်းစားသင့်တာ ကြိုတင်၍ သိရှိ ရလေအောင် မေတ္တာဖြင့် တင်ပြပေးခြင်းဖြစ်ပါတယ်။


ယခု အဟောများကို သင့်ရဲ့ သူငယ်ချင်းများ ထပ်မန် ဖတ်ရှုနိုင်ရန်အတွက် Like in Share ပြုလုပ် ပေးခြင်ြး ဖင့် မျှဝေပေးလိုက်ပါအုံးခင်ဗျာ......


Crd  ...   ဗေဒင်ယတြာ အင်းစမ ကျောင်းတော်ကြီး ဆရာကောင်းစံဟိဏ်း ၏ သားတပည့်ရင်း
ဆရာ ခန့်စည်သူဟိဏ်း
09793639403

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

 
365myanmar.com - Myanmar Online Shopping Mall