ပျောက်ဆုံးသွားသော ကမ္ဘာ့မြို့ကြီး ၁၀ မြို့


၁- ထရွိုင်း

ဤ ဒဏ္ဍာရီ ဆန်လှသော မြို့လေး ၏ အကြွင်းအကျန်များကို ၁၉ ရာစု အတွင်း တူရကီနိုင်ငံ အနာတိုလီယာ  ဒေသတွင် ရှာဖွေတွေ့ရှိ ခဲ့သည်။ ဒဏ္ဍာရီတို့ အရ ဂရိ တို့သည် အဆိုပါမြို့အား ပြာပုံ အတိဖြစ်အောင်မီးရှို့ ပစ် ခဲ့ကြသည်ဟုဆိုသည်။

 ရှေးဟောင်း သုတေသန ပညာရှင်များသည် ၆.၁ မီတာမြင့်သော နံရံကြီး ကို ဟာဆာလစ် တွင် တွေ့ရှိခဲ့ သည်။ ယင်းနေရာတွင် တစ်ချိန်က မြို့ကြီး ကိုးမြို့  တည်ရှိခဲ့ပြီး ယင်းတို့ထဲမှ တစ်မြို့သည် ထရွိုင်မြို့ ဖြစ်သည်ဟု ဆိုသည် ။




၂- ဘေဘီလုံ

 ဘေဘီလုံမြို့ ၏ တွဲလောင်း ကျနေသော ဥယာဉ် များသည် ဘေဘီလုံမြို့ အနေဖြင့် အလွန် ထွန်းကားသော နိုင်ငံဖြစ်ခဲ့ကြောင်း သက်သေပြသည့် ကမ္ဘာကျော် သင်္ကေတများပင် ဖြစ်ပေတော့သည်။ ဘေဘီလုံမြို့၏ ခမ်းနားကြီးကျယ်မှု့ကို သက်သေထင်ရှား မြင်တွေ့ခဲ့ခြင်း မရှိသော်လည်း ကျော်ကြားလှသော သမိုင်းပညာရှင် ဟီရိုဒေါက်တက်စ် က ဘေဘီလုံ ၏ သမိုင်းကြောင်းများကို ရေးသားခဲ့သည်။

 ဘေဘီလုံမြို့တော် ၏ အုတ်ခဲ နံရံများကို ၁၉ ရာစုတွင် ရှာဖွေ တွေ့ရှိခဲ့သည်။ သို့သော်မြောက်ဘက် နန်းတော် ၏ အပျက်အစီး မျှသာဖြစ်သည်။ ဘေဘီလုံမြို့တော် အစ်ရှ်တာ ဂိတ်ဝကြီး မှ အတုံးအခဲ များကို ဘာလင်မြို့ ရှိ ပါဂါမွန်ပြတိုက်တွင် စုဆောင်းပြသထားသည်။




၃- အက်ခရိုတီရီ

ဘီစီ ၁၅၀၀ တစ်ဝိုက် က မီးတောင်ပေါက်ကွဲမှု့ကြောင် နစ်မြုပ်ပျောက်ကွယ်သွားခြင်း မရှိမီ ကြေးခေတ် ၏ မီနိုအန် ယဉ်ကျေးမှု့ ထွန်းကားရာနေရာ ဖြစ်ခဲ့သည်။ အကောင်းအတိုင်း ကျန်ရစ်နေသော လှေကားများ ၊ အကောင်းဆုံး နံရံ ပန်းချီများနှင့်ကြွေထည် လက်ရာများကို ဂရိနိုင်ငံ ဆန်တိုရီနီ ကျွန်းပေါ်တွင် တွေ့ရှိခဲ့ရ သည်။

 ပြင်းထန်သော မီးတောင်ပေါက်ကွဲမှု့က အဆိုပါ ကျွန်း ၏ ကြီးမားလှသော အစိတ် အပိုင်း ကို ပင်လယ်ရေ အောက် သို့ နစ်မြုပ်စေခဲ့ခြင်းဖြစ်သည်။ အဆိုပါမြို့ကို ဒဏ္ဍာရီ လာ အတ္တလန်တစ် မြို့တော် ဟု ယူဆကြသူများရှိသည်။






၎- မာချူး ပစ်ချူး

၁၅၃၀ ပြည့်လွန်နှစ်များ အတွင်း ထင်ရှား ခဲ့သည့် အင်ကာ အင်ပါယာ၏ အပျက် အစီးများနှင့် အတူ တွေ့ရှိရ သည်။ မာချူး ပစ်ချူးသည် လူတို့ ၏ အမှတ်သညာထဲမှ လုံးလုံး လျားလျား ပျောက်ကွယ်နေခဲ့သည်။ 

သို့သော် ၁၉၁၁ ခုနှစ်တွင် အမေရိကန် လေ့လာ စူးစမ်းရေး သမား ဟီရမ်ဘင်ဂမ် သည် အင်ကာ တို့၏ပျောက် ဆုံးနေ သောမြို့တော် ကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းနောက် အဆိုပါ မြို့တော်ကို တစ်ကမ္ဘာလုံးက စိတ်ဝင်စား လာကြသည်။ 

ယခုအခါ ရှု့မငြီးဖွယ် လှပသည့်;လှေကားထစ်များသည် ကမ္ဘာတစ်ဝန်းလုံး မှ ကမ္ဘာလှည့် ခရီးသည်များ လာရောက်ကြည့်ရှု့ရာ နေရာဖြစ်လာသည်။




၅-ပီထရာ

နှင်းဆီသွေးရောင် ရှေးဟောင်းမြို့တော်သည် တောင်တန်းများ အကြား နစ်မြုပ်နေခဲ့သည်။ ကမ္ဘာလှည့် ခရီးသည် များသည် အဆိုပါ အံ့ဘနန်း နေရာသို့ ရောက်ရှိရန် အလွန် ကျဉ်းမြောင်းသော တောင်ကမ်းပါးလမ်း မှ ၁ ဒသမ ၆ ကီလိုမီတာခန့် လမ်းလျှောက်သွားရသည်။ 

အဆိုပါမြို့တော်တွင် သင်္ချိုင်း ဂူပေါင်း ၁၀၀၀ ၊ ယဇ်ပူဇော်ရာ စင်မြင့်တစ်ခုနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း တို့ရှိသည် ။ ၄င်း အပြင် စမ်းချောင်းငယ် ပေါင်းများစွာရှိသည်။ ဆွစ်လူမျိုး ခရီးသွား ဂျိုဟမ်ဘာ့ခ်ဟက်ဒ် က ၁၈၁၂ ခုနှစ်တွင် ပြန်လည် ရှာဖွေ တွေ့ရှိခြင်း မရှိခင် ၄င်းကို ဘီဒူအင် က သိခဲ့ကြသည်။





၆- အော်ရာဒါ ဆာဂလိန်း

အထက်တွင် ဖော်ပြခဲ့သော အခြား ရှေးဟောင်းမြို့များနှင့် မတူဘဲ ပြင်သစ်မြို့တော်သည် မည်သည့် အခါကမှ လုံးလုံးပျောက်ဆုံးခြင်း မရှိခဲ့ပေ။ ဒုတိယ ကမ္ဘာစစ် အတွင်း ၄င်းဒေသတွင်နေထိုင်သူ ၆၂၄ ဦး ကို နာဇီ တပ် များက သတ်ဖြတ်ပစ်ခဲ့သည်။ 

၁၉၄၄ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ၄င်းဒေသမှ လူအားလုံး အသတ်ခံရခြင်း ဖြစ်ပြီး မည်သည့် သက်ရှိတစ်စုံတစ်ရာမှ ကျန်ရစ်ခဲ့ခြင်း မရှိတော့ပေ။ ယင်းနောက် ယနေ့ခေတ်တွင် အဆိုပါမြို့တော်ကို သံဆူးကြိုးများထား ရှိခဲ့သည်။ ရံဖန်ရံခါ အဆိုပါနေရာတွင် အမှတ်တရ ပွဲတော်များ ကျင်းပခဲ့သည်။




၇-ကာသေ့ဂ်ျ

ရွံ့ဆေးဖြူများဖြင့် တည်ဆောက် ထားသော ရှေးဟောင်း ဆိပ်ကမ်းမြို့ဖြစ်သည်။ မြို့ တော်သည် စစ်ပွဲကြောင့် နှစ်ကြိမ် တိုင်တိုင် ပျက်စီးခဲ့ရသည်။ ပထမ အကြိမ်မှာ ဘီစီ ၁၄၆ က ပျူနစ်စစ်ပွဲ အတွင်း ရိုမန် များ၏ တိုက် ခိုက် ဖျက်စီးမှု့ ခံခဲ့ရသည်။

 ဘေဒီ ၆၉၈ တွင် နောက်ထပ် တစ်ကြိမ် အာရပ် တို့၏ တိုက်ခိုက် ဖျက်စီးမှု့ကို ခံရပြန်သည်။ မြို့တော်၏ အပျက် အစီးများသည် တူနီးရှားနိုင်ငံ ဘာဆာ တောင်ကုန်း တစ်လျှောက် ပြန့်ကျဲ ကျန်ရစ်ဆဲ ဖြစ်သည်။





၈-တီကော

မာယာ ယဉ်ကျေးမှု့ ထွန်းကားရာ မြို့တော်ဖြစ်ပြီး တစ်ချိန်က အဆောက် အအုံပေါင်း ၄,၀၀၀နှင့် နေထိုင်သူ ပေါင်း ၉၀,၀၀၀ ရှိခဲ့သည်။ တီကောမြို့တော်သည် အေဒီ ၉၀၀ ခန့်တွင် အံ့ဖွယ် လူသူ ကင်းမဲ့သွားခဲ့သည်။

ယင်းနောက် နှစ်ပေါင်း ၁၀၀၀ ကျော်ကြာ တောအုပ်ကြီးက ၀ါးမြို ထားခဲ့သည် ။ ၁၉ ရာစု ရောက်မှသာ ဥရောပ စူးစမ်းလေ့လာရေး သမားများ ကပြန်လည်ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။




၉- ကူးလပ်

ပီရူးနိုင်ငံ မြောက်ပိုင်း တောအုပ်ထဲ ပျောက်ကွယ်နေသော မြို့ဖြစ်သည် ။ သူ၏ ခံတပ် နံရံများသည် အင်ကာယဉ်ကျေးမှု့ထက် စောစွာ တည်ရှိခဲ့ခြင်းဖြစ်သည်။ ၄င်းမြို့တွင်နေထိုင်ခဲ့သူများမှာ ချာချာပိုယာ လူမျိုး များ ဖြစ်ခဲ့သည်ဟု ဆိုသည်။ 

သူတို့သည် အိမ်များ ၊ကျောင်းတော်များနှင့် သင်္ချိုင်းဂူ များကို တည်ဆောက် ခဲ့ ပြီး ပတ်ချာလည်တွင် ၁ ဒသမ ၈ မီတာ အလျားရှိ ကျောက်တုံး နံရံရှိသည်။





၁၀- အန်ကောဝပ် 

ကမ္ဘောဒီးယားနိုင်ငံ တောနက်ထဲတွင် ရှိသော ဧရာမမြို့တော်ဖြစ်သည်။ ခမာ အင်ပါယာ ၏ မြို့တော်ကြီး ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၄၀ က ပြင်သစ် စူးစမ်းလေ့လာရေး သမား အွန်နရီ မိုဟော့ က ရှာဖွေတွေ့ ရှိခဲ့သည်။ 

မြို့တော် တစ်ခုလုံးတွင် ၉ ရာစု မှ ၁၄ ရာစု အတွင်း တည်ဆောက်ခဲ့သည့် ခိုင်ခံ့သော ဘုရားကျောင်း တော်များ ရှိသည်။


VIa; အိုအေစစ်ဘလော့
သုတဇုန်


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

အိမ်​ နှင့် လောကီပညာ

 
365myanmar.com - Myanmar Online Shopping Mall