အခြေခံ ဝိပဿ နာ ရှုနည်း



ဓမ္မမိတ်ဆွေတို့ အားလုံး မင်္ဂလာပါ ။

အခြေခံ ဝိပသာနာ ရှုနည်းလေးကို ရေးတင်တာ စာနည်းနည်း ရှည်တဲ့အတွက် ကျွန်တော်တို့လို  မျိုး အခုမှ ဝိပသာနာ စပြီး လေ့လာသူတွေ အတွက်တော့ ဖတ်လို့ မအားသေးရင်လဲ ရှယ်ထားပါ ကိုယ့် အတွက် အကျိုးရှိမှာပါ ။

ဤ မဟာ သတိပဋ္ဌာနသုတ် ကို ဗုဒ္ဓ သည် ကုရုတိုင်း ကမ္မာသဓမ္မ မည်သော နိဂုံးရွာ တွင် သီတင်းသုံးစဉ်၊ ဘိက္ခူ  ရဟန်းတို့ အားဟောကြားခဲ့သော ဒေသနာတော် ဖြစ်သည်။

တရားအနက်
ဤ လေးပါးကုန်သော တရား တို့၌ သတိကို စွဲမြဲစွာပြု၍ ကျင့်ရသော သတိပဋ္ဌာန်မည်သော အကျင့်သည်ရှိ၏ ဤ အကျင့်ကား..........

၁၊ စိတ်အညစ်အကြေးတို့ ကင်းဝေးစင်ကြယ်စေနိုင်သော တခုတည်းသော အကျင့်နည်းလမ်းပေတည်း။
၂၊ ပူဆွေးသောကရောက်ခြင်းမှ လွန်မြောက်နိုင်စေသော တခုတည်းသော အကျင့်နည်းလမ်းပေတည်း။
၃၊ ဒေါသကြောင့် ကိုယ်စိတ်နှလုံး ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းပျောက်ကွယ်စေနိုင်သော တခုတည်းသော အကျင့်နည်းလမ်းပေတည်း။
၎၊ ဘဝ တဏှာ ကင်းဝေးရာဖြစ်သော နိဗ္ဗာန်မည်သော တရားကို မျက်မှောက်ပြုနိုင်သော (ရရှိနိုင်သော) တစ်ခုတည်းသော အကျင့်နည်းလမ်းပေတည်း။


ဤလေးပါး ကုန်သော သတိပဋ္ဌာန် အကျင့် ဆိုသည်မှာ အဘယ်နည်း။

   ရဟန်းသည် လုံ့လ ဝိရိယကို စိုက်ထုတ်စေလျှက်၊ သတိ ကို မိမိကိုယ်တွင် မြဲစေကာ မိမိ ၏ ရုပ်ကိုလည်း၊ ရုပ်မျှသာဟု ရှုမြင်လျှက်၊ ရုပ်ကို တည်၍ဖြစ်သော စွဲလမ်းမှုနှင့် ဒေါသ ကို ပယ်ဖျောက်၍ အကြိမ်ကြိမ် ရှုမှတ်နေ ရမည်။


   ရဟန်းသည် လုံ့လ ဝိရိယကို စိုက်ထုတ်စေလျှက်၊ သတိ ကို မိမိကိုယ်တွင် မြဲစေကာ မိမိခံစားရသော ဝေဒနာ တို့ကိုလည်း၊ ဝေဒနာမျှသာဟု ရှုမြင်လျှက်၊ ဝေဒနာကို တည်၍ဖြစ်သော စွဲလမ်းမှုနှင့် ဒေါသ ကိုပယ်ဖျောက် ၍ အကြိမ်ကြိမ် ရှုမှတ်နေရမည်။

  ရဟန်းသည် လုံ့လ ဝိရိယကို စိုက်ထုတ်စေလျှက်၊ သတိ ကို မိမိကိုယ်တွင် မြဲစေကာ မိမိ ၏ စိတ် ကိုလည်း၊ စိတ်မျှသာဟု ရှုမြင်လျှက်၊ စိတ်ကို တည်၍ဖြစ်သော စွဲလမ်းမှုနှင့် ဒေါသ ကိုပယ်ဖျောက်၍ အကြိမ်ကြိမ် ရှု မှတ်နေရမည်။

  ရဟန်းသည် လုံ့လ ဝိရိယ ကို စိုက်ထုတ်စေလျှက်၊ သတိ ကို မိမိ ကိုယ်တွင် မြဲစေကာ မိမိ ၏ ဉာဏ်တွင် ထင်သော တရား များကိုလည်း၊ တရား မျှသာဟု ရှုမြင်လျှက်၊ ထို တရားများ ကို တည်၍ဖြစ်သော စွဲလမ်း မှုနှင့် ဒေါသ ကို ပယ်ဖျောက်၍ အကြိမ်ကြိမ် ရှုမှတ်နေရမည်။

ကာယာနုပဿ        နာ
အာနာပါန ရှုမှတ်ပုံ
ရဟန်း သည် မိမိ ၏ ရုပ်ကို၊ ရုပ် မျှသာ ဟူ၍ ရှုမြင်လျှက် မည်ကဲ့သို့ နေပါသနည်း။ 
တရားအားထုတ်သော ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်၏ခြေရင်း၌ဖြစ်စေ၊ ဆိတ်ငြိမ်သော ကျောင်းသို့ သွားရောက်၍ဖြစ်စေ၊ ခန္ဓာကိုယ် အထက်ပိုင်းကို ဖြောင့်ဖြောင့်ထိုင်ရမည်။

ထိုင်ပြီးလျှင် သတိ ကို တည်စေ၍ အသက် ရူသွင်းလျှင်လည်း၊ ရူသွင်းသည်ဟု သိရမည်။ အသက် ရူထုတ်လျှင်လည်း၊ ရူထုတ်သည် ဟု သိရမည်။ ရှည်ရှည် ရူထုတ်လျှင်လည်း၊ ရှည်ရှည် ရူထုတ်သည်ဟုသိရမည်။ တိုတို ရူထုတ်လျှင်လည်း၊ တိုတို ရူထုတ်သည်ဟု သိရမည်။

ရူသွင်းမှု၏ စ၊ လည်၊ ဆုံး ကို သတိ မလွတ်စေဘဲ သိရမည်။ ရူထုတ်မှု ၏ စ၊ လည်၊ ဆုံး ကို သတိမလွတ်စေဘဲ သိရမည်။

ဥပမာ၊ ကျွမ်းကျင်သော ကြိုးပွတ်သမား သည် ကြိုးပွတ်ရာတွင် (ကြိုးအား) ရှည်ရှည် ဆွဲလျှင်လည်း ရှည်ရှည်ဆွဲသည်ဟု သိ၏၊ တိုတို ဆွဲလျှင်လည်း တိုတိုဆွဲသည် ဟု သိ၏ ဤကြိုးပွတ်သမားနည်းတူ ရဟုန်း သည် အသက် ရူသွင်းလျှင်လည်း ရူသွင်းသည် ကို သေချာသိ၏၊ အသက် ရူထုတ်လျှင် လည်း ရူထုတ်သည် ကို သေချာ သိ၏ ရူသွင်း၊ ရူထုတ်သော ထွက်သက် ဝင်သက် ရုပ်အပေါင်းအား ရုပ် အပေါင်းဟုသာ သိ၏ ။

မည်သို့ သိရမည် ဆိုလျှင် ဝင်သက်၊ ထွက်သက် ရုပ် အပေါင်းသာ ရှိသည်၊ (ရူတတ်၊ ရှိုက်တတ်သော) ငါ ၊ အသက်ကောင် ဟူ၍ မရှိဟု ထို ရဟန်း၏ ဉာဏ်တွင် ရှေးရှု ထင်၏ ။ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

ထိုသို့ ရူမှတ်နေသော ရဟန်း တွင် “ငါ၏ အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါ အသက်ကောင် မဟုတ် သည်ကို၊ ငါ အသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရား များကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာ ဟု တဏှာ ဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်း သည် ရုပ်အပေါင်းကို ရုပ်အပေါင်း သာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။




က္ကုရိယာ ပိုင်း ရှုမှတ်ပုံ
အခြား ရှုပုံတစ်နည်းကား၊ 
ရဟန်း သည် သွားလျှင်လည်း သွားသည်ဟု သိ၏ ။ ရပ်လျှင်လည်း ရပ်သည်ဟု သိ၏ ။ ထိုင်လျှင်လည်း ထိုင်သည်ဟု သိ၏ ။ လျောင်းလျှင်လည်း (အိပ်လျှင်လည်း) လျောင်းသည်ဟု သိ၏ ။ ဤသို့ဖြင့် ရုပ်အပေါင်းသည် ထိုထို အမူအရာဖြင့် တည်နေ၏ ။

ရုပ်အပေါင်းသည် ထိုထို အမူအရာဖြင့် တည်သည့် အတိုင်း ထိုထို အမူအရာဖြင့် တည်နေသည်ဟု သိ၏ ထိုထို အမူအရာဖြင့် တည်ရှိနေသော ရုပ်အပေါင်းအား ရုပ်အပေါင်းဟုသာ သိ၏ ။

မည်သို့ သိရမည်ဆိုလျှင် သွားမှု၊ လာမှု၊ လှုပ်ရှားမှုတို့ဖြင့် တည်ရှိနေသော ရုပ်အပေါင်းသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍ မရှိဟု ထို ရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ။ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေ လျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

ထိုသို့ ရူမှတ်နေသော ရဟန်းတွင် “ငါ၏ အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါ အသက်ကောင် မဟုတ်သည်ကို၊ ငါ အသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘော တရား များကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်း သည် ရုပ်အပေါင်း ကို ရုပ်အပေါင်း သာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

ကိုယ်ဟန် အမူအယာ ရှုမှတ်ပုံ
အခြားရှုပုံ တစ်နည်းကား၊ 
ရဟန်း သည် ရှေ့သို့သွားလျှင် လည်းကောင်း၊ နောက်သို့ ဆုတ်လျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိ ဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ တည့်တည့် ကြည့်လျှင် လည်းကောင်း၊ ငဲ့စောင်း၍ ကြည့်လျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိ ဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။

ဆန့်ထားသော လက်ကို ကွေးလျှင် လည်းကောင်း၊ ကွေးထားသော လက်ကို ဆန့်တန်းလျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ သင်္ကန်း ကို ဝတ်ရုံလျှင် လည်းကောင်း၊ သပိတ် ကို ကိုင်တွယ်လျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိ ဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။

အစားအစာ စားသောက်လျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိ ဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ ကျင်ကြီး ကျင်ငယ် စွန့်မှု ကို ပြုလျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိ ဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။

သွားလျှင်၊ ထိုင်လျှင်၊ ရပ်လျှင်၊ အိပ်လျှင်၊ နိုးထလျှင်၊ စကားပြောလျှင်၊ ဆိတ်ဆိတ်နေလျှင်၊ ပြုလုပ်သမျှကို မိမိ ဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ မည်သို့ သိရမည် ဆိုလျှင် သွားမှု၊ လာမှု၊ လှုပ်ရှားမှု တို့ဖြင့် တည် ရှိနေသော ရုပ်အပေါင်းသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍ မရှိဟု ထို ရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ် ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

ထိုသို့ ရူမှတ်နေသော ရဟန်းတွင် “ငါ၏ အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါ အသက်ကောင် မဟုတ်သည်ကို၊ ငါ အသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရား များကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာ ဟု တဏှာ ဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်း သည် ရုပ် အပေါင်းကို ရုပ် အပေါင်းသာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

၃၂ ဋ္ဌာန ရှုမှတ်ပုံ
အခြားရှုပုံ တစ်နည်းကား၊ 
ရဟန်းသည် ခြေဖျားမှ ဆံပင် အထိ၊ တစ်လံမျှ ရှိသော ပါးလွှာသော အရေပြားဖြင့် ဖုံးအုပ် ထားသော ဤခန္ဓာကိုယ် ထဲတွင် စက်ဆုတ်ဖွယ်ကောင်းသော၊ ရွံရှာဖွယ် ကောင်းသော အသွေး၊ အသား၊ ကလီစာ၊ အ ဆိုင် အခဲ မျှသာ ရှိသည်ကို ဉာဏ်ဖြင့် စူးစိုက် ဆင်ခြင်ရမည်။

ဤ ခန္ဓာထဲတွင် ရှိသော အရာများကား ဆံပင်၊ မွေးညင်း၊ လက်သည်း၊ ခြေသည်း၊ သွား၊ အရေခွံ၊ အသားတုံး၊ အကြော၊ အရိုး၊ ခြင်ဆီ၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျည်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ ကျင်ကြီးကျင်ငယ်၊ ဦးနှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်ပုပ်၊ သွေးရည်၊ ချွေး၊ တံတွေး၊ နှပ်၊ ဤ ရွံရှာဖွယ်ကောင်းသော အရာများသာ ရှိသည်ဟု ဉာဏ်ဖြင့် စူးစိုက် ဆင်ခြင်ရမည်။

ဥပမာ၊ အိပ်တစ်ခု ထဲတွင် စပါး၊ ကောက်ကြမ်း၊ ပဲကြီး၊ ပဲနောက်၊ နှမ်း၊ ဆန် တို့ဖြင့် ရောနှော ပြည့်နှက်နေသည် ဖြစ်အံ့။ ထို အိပ်ကို ဖြေ၍ မျက်စိလျှင်သော ယောက်ျားသည် ဤကား စပါးတည်း၊ ဤကား ကောက်ကြမ်း တည်း၊ ဤကား ပဲကြီး တည်း၊ ဤကား ပဲနောက် တည်း၊ ဤကား နှမ်း တည်း၊ ဟူ၍ ခွဲခြမ်း စိတ်ဖြာ သည် ဖြစ်အံ့။

ဤသို့ စပါးမျိုးများကို ခွဲခြမ်း စိတ်ဖြာ၍ ရှုသည့်နည်းတူ၊ ပါးလွှာသော အရေပြားဖြင့် ဖုံးအုပ် ထားသော ဤခန္ဓာ ကိုယ် ထဲတွင် ဆံပင်၊ မွေးညင်း၊ လက်သည်း၊ ခြေသည်း၊ အရိုး၊ ခြင်ဆီ၊ နှလုံး၊ အသည်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ ကျင်ကြီးကျင်ငယ်၊ သည်းခြေ၊ သလိပ်၊ ပြည်ပုပ်၊ တံတွေး၊ နှပ်၊ စသော ဤ ရွံရှာဖွယ်ကောင်းသော အရာများဖြင့်သာ ပြည်နှက်နေသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိ ဟု အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

ထိုသို့ ရူမှတ်နေသော ရဟန်းတွင် “ငါ၏ အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါ အသက်ကောင် မဟုတ်သည်ကို၊ ငါ အသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။

လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာ ဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ရုပ်အပေါင်းကို ရုပ်အပေါင်း သာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

ဓာတ်သဘော ရှုမှတ်ပုံ
အခြား ရှုပုံတစ်နည်းကား၊ 
ရဟန်းသည် မိမိ ၏ ရုပ်သည် မူလ အတိုင်း (အရှိ ကို၊ အရှိ အတိုင်း) ဖြစ်သော ဓာတ်သဘောမျှသာ ရှိပြီး၊ သတ္တဝါကောင်၊ အသက်ကောင် မဟုတ်သည်ကို ဆင်ခြင်စူးစိုက်၍ ရှုမှတ် နှလုံးသွင်းနေရမည်။

မည်သို့ ဓာတ်သဘော မျှသာဟု နှလုံးသွင်းမည်နည်း။
ဤကိုယ်ထဲတွင် အစိုင်အခဲ အမာခံ ဓာတ် ဖြစ်သော ပထဝီ ဓာတ်၊ ယိုစီးဖွဲ့တည်သော အရည်ဓာတ်ဖြစ်သည့် အာပေါ ဓာတ်၊ ပူနွေးလောင်ကျွမ်းသော အပူဓာတ်ဖြစ်သည့် တေဇော ဓာတ်၊ ရွေးလျား တတ်သော သဘော ရှိသည့် ဝါယောဓာတ် စသော ဓာတ်သဘောများသာ ရှိသည်၊ သတ္တဝါကောင်၊ အသက်ကောင် မဟုတ်သည်ကို ဆင်ခြင်ရှုမှတ် ရမည်။

ဥပမာ၊ ကျွမ်းကျင်သော နွားသတ်သမားသည် နွားတစ်ကောင်ကို သတ်၍၊ အပိုင်းပိုင်း ခုတ်ခါ လမ်းလေး ခွတွင် ပုံထားအံ့။ ထိုသို့ အသားကို ပုံပြီးသော်၊ လူအပေါင်းသည် နွားကောင်ကို မမြင်၊ အသားပုံ ကိုသာ မြင်  ထိုးနည်းတူစွာပင် ရဟန်းသည် မိမိ ကိုယ်ထဲတွင်ရှိသော မာသော သဘော၊ ပူသော သဘော၊ အရည် သဘော၊ ရွေ့လျှားသော သဘော များသာရှိသည်ကို စူးစိုက်ဆင်ခြင်နေရမည်။

ထိုအခါ ရုပ် ဆိုသည်မှာ မူလ အတိုင်းရှိသည့် ဓာတ်သဘောများသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍ မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှု ထင်၏ ။ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

ထိုသို့ ရူမှတ်နေသော ရဟန်းတွင် “ငါ၏ အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါ အသက်ကောင် မဟုတ်သည်ကို၊ ငါ အသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာ ဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ရုပ်အပေါင်းကို ရုပ်အပေါင်း သာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

အသုဘ အလောင်းကောင် ရှုမှတ်ပုံ
အခြား ရှုပုံတစ်နည်းကား၊ 
ရဟန်းသည် သုသာန် ၌ စွန့်ပစ် ထားသော ၃-၄ ရက်လွန်သော် ဖူးဖူးရောင်ကာ အညို အမဲ အဆင်းပျက် လျှက်၊ ပြည်တစ်စိုစို စီးယိုလျှက် ရှိသော သူသေ အလောင်းကောင် ကို တွေ့မြင်ရသကဲ့သို့ မိမိ ၏ ကိုယ်သည်လည်း ဤသူသေ အလောင်းကောင် ကဲ့သို့ပင် သဘောရှိလေသည်။

ဤသူသေ အလောင်းကောင် ကဲ့သို့ပင် မိမိကိုယ်သည်လည်း ဖူးဖူးရောင်ခြင်း သဘော၊ ညိုမဲ အဆင်းပျက်လျှက် ပြည်တစ်စိုစို စီးယိုခြင်း သဘော စသည်တို့ မချွတ်ဖြစ်ရမည်ကို နိုင်းဆ ဆင်ခြင်၍ ရှုမှတ်ရမည်။

ဤသို့ ဆင်ခြင်လျှင် မိမိ ၏ ရုပ်အပေါင်းသည် ဖူးဖူးရောင်သော သူသေကောင်နှင့် ဘာမှခြားနားခြင်း မရှိ၊ ငါ၊ အသက်ကောင် ဟူ၍ မရှိဟု ထို ရဟန်း၏ ဉာဏ်တွင် ရှေးရှု ထင်၏ ထိုသို့ ထင်သော အသိ ဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

အခြား ရှုပုံတစ်နည်းကား၊ 
ရဟန်းသည် သုသာန်၌ စွန့်ပစ်ထားသော အသွေး အသား အကြောတို့ဖြင့် ဖွဲ့တွယ်လျှက်ရှိသော အရိုးစု သူသေကောင်ကို မြင်သော် မိမိ ၏ ကိုယ်ခန္ဓာ သည်လည်း ဤသို့ပင် ဖြစ်လိမ့်မည်ဟု နိုင်းဆ ဆင်ခြင် ရှုမှတ် ရမည်။

ငါ၏ ဤရုပ် ကိုယ်ထည်သည် ဤ သူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်း သဘော ရှိခြေ၏ ဤ သူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ရမည်သာတည်း။ ဤ သူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်း သဘောကို မလွန် ဆန်နိုင်ပါတစ်ကားဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။

ဤသို့ဖြင့် မိမိ ၏ ရုပ် အပေါင်းအား အရိုးစု ဖြစ်မည့် ရုပ်အပေါင်း မျှသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍ မရှိ သည်ကို အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

အခြား ရူပုံတစ်နည်းကား၊ 
ရဟန်းသည် သုသာန် ၌ စွန့်ပစ် ထားသော အသားကင်းလျှက် သွေးကြွင်းမျှ လူးကပ်လျှက် ရှိသော အရိုးစု သူသေကောင်ကို မြင်သော် မိမိ ၏ ကိုယ်ခန္ဓာသည်လည်း ဤသို့ပင် ဖြစ်လိမ့်မည်ဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။

ငါ၏ ဤ ရုပ်ကိုယ်ထည်သည် ဤသူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘော ရှိခြေ၏ ။ ဤ သူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ရမည်သာတည်း။ ဤသူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘောကို မလွန်ဆန်နိုင်ပါတကား ဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။

ဤသို့ဖြင့် မိမိ၏ ရုပ်အပေါင်းအား အရိုးစု ဖြစ်မည့် ရုပ်အပေါင်းမျှသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိသည်ကို အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

အခြား ရူပုံတစ်နည်းကား၊ 
ရဟန်းသည် သုသာန်၌ စွန့်ပစ်ထားသော အသွေး၊အသား လုံးဝကင်းလျှက် အကြောမျှဖြင့် ဖွဲ့နွဲ့ထားသော အရိုးစု သူသေကောင်ကို မြင်သော် မိမိ ၏ ကိုယ်ခန္ဓာသည်လည်း ဤသို့ပင် ဖြစ်လိမ့်မည်ဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။

ငါ၏ ဤ ရုပ်ကိုယ်ထည်သည် ဤ သူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘော ရှိခြေ၏ ။ ဤသူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ရမည်သာတည်း။ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘောကို မလွန်ဆန်နိုင်ပါတကား ဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။

ဤသို့ဖြင့် မိမိ ၏ ရုပ်အပေါင်းအား အရိုးစု ဖြစ်မည့် ရုပ်အပေါင်းမျှသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိသည်ကို အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

အခြား ရူပုံတစ်နည်းကား၊ 
ရဟန်းသည် သုသာန် ၌ စွန့်ပစ်ထားသော အဆစ်ပြုတ်ကာ ကစင့် ကရဲ ပြန့်နှံ့လျှက်၊ တစ်နေရာတွင် လက်ရိုး၊ တစ်နေရာတွင် ခြေရိုး၊ တစ်နေရာတွင် ခြေသလုံးရိုး၊ တစ်နေရာတွင် နံရိုး၊ တစ်နေရာတွင် လည်ပင်းရိုး၊ တစ်နေရာတွင် ဦးခေါင်းခွံ တို့ ပြန့်ကျဲလျှက် ရှိသော အရိုးစု သူသေကောင်ကို မြင်သော် မိမိ ၏ ကိုယ်ခန္ဓာသည်လည်း ဤသို့ပင် ဖြစ်လိမ့်မည်ဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။

ငါ၏ ဤ ရုပ်ကိုယ်ထည်သည် ဤသူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်း သဘော ရှိခြေ၏ ဤ သူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ရမည်သာတည်း။ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘောကို မလွန်ဆန်နိုင်ပါတကား ဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။

ဤသို့ဖြင့် မိမိ၏ ရုပ်အပေါင်းအား အရိုးစု ဖြစ်မည့် ရုပ်အပေါင်းမျှသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိသည်ကို အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

အခြား ရူပုံတစ်နည်းကား၊ 
ရဟန်းသည် သုသာန် ၌ တစ်နှစ်ကျော်ကြာ စွန့်ပစ် ထားသော သူသေကောင်သည် အရိုးတို့ အစု အပုံ ဖြစ်လျှက်၊ အမှုန့်မှုန့် ဆွေးမြည့် ကုန်သော အရိုး တို့ကို မြင်သော် မိမိ ၏ ကိုယ်ခန္ဓာ သည်လည်း ဤ အရိုးမှုန့်များ ကဲ့သို့ပင် ဆွေးမြည့်၍ အမှုန့်မှုန့် ဖြစ်ခြင်းသဘောကို မလွန်ဆန်နိုင်ပါတစ်ကား ဟု နိုင်းဆ ဆင်ခြင် ရှု မှတ် ရမည်။

ဤသို့ဖြင့် မိမိ၏ ရုပ် အပေါင်းအား ဆွေးမြည့်ကာ အမှုန့်မှုန့် ဖြစ်သော အရိုးစု ဖြစ်မည့် ရုပ်အပေါင်းမျှသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိသည်ကို အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

ထိုသို့ ရူမှတ်နေသော ရဟန်းတွင် “ငါ၏ အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါ အသက်ကောင် မဟုတ်သည်ကို၊ ငါ အသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။

လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာ ဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ရုပ် အပေါင်းကို ရုပ်အပေါင်း သာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။ ဤသို့ ရှုမှတ်လျှက်ရှိသော ရဟန်းသည် မိမိ ၏ ရုပ်ကို၊ ရုပ်မျှသာ ဟူ၍ ရှုမြင် လျှက် ရှိသည်ဟု ခေါ်ပေ၏။

ဝေဒနာ နုပဿ     နာ
ရဟန်းသည် ခံစားမှု ဝေဒနာ တို့ကို၊ ခံစားမှု ဝေဒနာမျှသာ ဟု မည်ကဲ့သို့ ရှုမှတ်၍ နေပါသနည်း။ 

သတိပဋ္ဌာန် တရား အားထုတ်လျှက် ရှိသော ရဟန်းသည် ချမ်းသာသော ဝေဒနာ တို့ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ချမ်းသာသော ဝေဒနာကို ခံစားရသည်ဟု သိ၏ ။
ဆင်းရဲသော ဝေဒနာ တို့ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ဆင်းရဲသော ဝေဒနာ ကို ခံစားရ သည် ဟု သိ၏ ။
မဆင်းရဲ၊ မချမ်းသာ (မဆိုးမကောင်း) ခံစားရလျှင်လည်း (ခံစားဆဲ ခံစားခိုက်၌) မဆင်းရဲ ၊ မချမ်းသာသော ဝေဒနာကို ခံစားရသည်ဟု သိ၏ ။
ခန္ဓာနှင့် ဆက်စပ်လျှက်ဖြစ်သော ချမ်းသာမှု ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ချမ်းသာမှုကို ခံစားရသည်ဟု သိ၏။
ခန္ဓာနှင့် မဆက်စပ်သော ချမ်းသာမှု ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ချမ်းသာမှုကို ခံစားရ သည် ဟု သိ၏။
ခန္ဓာနှင့် ဆက်စပ်လျှက်ဖြစ်သော ဆင်းရဲမှု ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ဆင်းရဲမှုကို ခံစားရသည်ဟု သိ၏။
ခန္ဓာနှင့် မဆက်စပ်သော ဆင်ရဲမှု ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ဆင်းရဲမှုကို ခံစားရသည်ဟု သိ၏။
ခန္ဓာနှင့် ဆက်စပ်လျှက်ဖြစ်သော ဆင်းရဲခြင်းလည်း မဟုတ်၊ ဝမ်းသာခြင်းလည်း မဟုတ်သော ခံစားမှုကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ဆင်းရဲခြင်းလည်းမဟုတ်၊ ဝမ်းသာခြင်းလည်းမဟုတ်သော ခံစားမှုကို ခံစားရသည်ဟု သိ၏ ။
ခန္ဓာနှင့် မဆက်စပ်သော ဆင်းရဲခြင်းလည်း မဟုတ်၊ ဝမ်းသာခြင်းလည်း မဟုတ်သော ခံစားမှု ကို ခံစားရ လျှင် လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ဆင်းရဲခြင်းလည်း မဟုတ်၊ ဝမ်းသာခြင်းလည်း မဟုတ်သော ခံစားမှုကို ခံစားရသည်ဟု သိ၏ ။

ဤသို့ဖြင့် မိမိ၏ ခံစားမှု ဝေဒနာ တို့ကို ခံစားမှု သက်သက် မျှသာဟု သိလျှက် နေ၏။ ခံစားမှု ဝေဒနာ တို့၏ ဖြစ်ပေါ်လာသော အကြောင်းကိုလည်း သိ၏ ခံစားမှု ဝေဒနာတို့ ဖြစ်ပေါ်လာပြီးနောက် ပြန်၍ ပျောက်ကွယ်သွားသော ပျက်မှုအကြောင်းကိုလည်း သိ၏ ။

ခံစားမှု ဝေဒနာ တို့၏ ဖြစ်မှု သဘောနှင့် ပျက်မှု သဘောကို ဆင်ခြင်ရှုမှတ်လျှက် သိ၏။ မည်သို့ သိရမည်ဆိုလျှင် ခံစားမှု ဝေဒနာတို့သည် ခံစားတတ်သော သဘောမျှသာ ရှိသည်၊ ခံစားနေသော ငါ၊ အသက်ကောင် ဟူ၍ မရှိဟု ထိုရဟန်း၏ ။ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

ထိုသို့ ရူမှတ်နေသော ရဟန်းတွင် “ငါ၏ အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ် သည်ကို၊ ငါ အသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။

လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ခံစားမှု ဝေဒနာ အပေါင်းသည် ခံစားတတ်သော သဘော မျှသာ ရှိသည်၊ ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။ ဤသို့ ရှုမှတ်လျှက် ရှိသော ရဟန်းသည် မိမိ ၏ ခံစားမှု ဝေဒနာ တို့ကို၊ ခံစားမှု သက်သက်မျှသာ ဟူ၍ရှုမြင်လျှက် ရှိသည်ဟု ခေါ်ပေ၏။

စိတ္တာနုပဿ      နာ
ရဟန်း သည် ကြံသိမှု စိတ် တို့ကို၊ ကြံသိတတ်သော စိတ် သဘောမျှသာ ဟု မည်ကဲ့သို့ ရှုမှတ်၍ နေပါ သနည်း။

သတိပဋ္ဌာန်တရား အားထုတ်လျှက်ရှိသော ရဟန်းသည် တပ်မက် တတ်သော စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ တပ်မက် တတ်သော စိတ်သဘောမျှသာ ဟု သိ၏ ။
အမျက်ထွက်သော စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ အမျက်ထွက်တတ်သော စိတ် သဘောမျှသာဟု သိ၏ ။
တွေဝေသော စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ တွေဝေတတ်သော စိတ် သဘောမျှသာဟု သိ၏ ။
ပျင်းရိသော စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ ပျင်းရိ တတ်သော စိတ် သဘောမျှသာ ဟု သိ၏ ။
ပျံ့လွင့်သော စိတ်ကိုလည်း၊ ပျံ့လွင့်သော စိတ်သဘောမျှသာဟု သိ၏ ။
တည်ကြည်သော စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ တည်ကြည်သော စိတ်သဘောမျှသာ ဟု သိ၏ ။
ကိလေသာ မှ လွတ်ကင်းသော ဝိမုတ္တိ စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ ကိလေသာ မှ လွတ်ကင်းသော ဝိမုတ္တိ စိတ်သဘောမျှသာဟု သိ၏ ။
ကိလေသာမှ လွတ်မြောက်သော မဂ္ဂ စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ ကိလေသာ မှ လွတ်မြောက်သော မဂ္ဂ  စိတ် သဘောမျှသာဟု သိ၏ ။

ဤသို့ဖြင့် မိမိ ၏ ကြံသိမှု စိတ် တို့ကို၊ ကြံသိတတ်သော စိတ် သဘောမျှသာဟု သိလျှက် နေ၏။ ကြံသိ မှု စိတ် တို့၏ ဖြစ်ပေါ်လာသော အကြောင်းကိုလည်း သိ၏ ။ ကြံသိမှု စိတ်တို့ ဖြစ်ပေါ်လာပြီးနောက် ပြန်၍ ပျောက် ကွယ်သွားသော ပျက်မှု အကြောင်းကိုလည်း သိ၏ ။ ကြံသိမှု စိတ် ၏ ဖြစ်မှု သဘောနှင့် ပျက်မှု သဘော ကို ဆင်ခြင်ရှုမှတ်လျှက် သိ၏။

မည်သို့ သိရမည် ဆိုလျှင် ကြံသိတတ်သော စိတ် သဘောတို့သာ ရှိသည်၊ ကြံစဉ်တွေးတော တတ်သော ငါ၊ အသက်ကောင် ဟူ၍ မရှိဟု ထိုရဟန်း၏  ဉာဏ်တွင် ရှေးရှုထင်၏ ။ ထိုသို့ ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

ထိုသို့ ရူမှတ်နေသော ရဟန်းတွင် “ငါ၏ အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ် သည် ကို၊ ငါ အသက်ကောင်ဟူ၍ ) အမြင်မှားလဲ မရှိတော့ပေ။

လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာ ဟု တဏှာ ဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်း သည် ကြံသိမှု စိတ်သဘော တို့ကို၊ ကြံသိ တတ်သော စိတ်သဘော သက်သက်မျှသာ ရှိသည်၊ ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

ဤသို့ ရှုမှတ်လျှက် ရှိသော ရဟန်းသည် မိမိ ၏ ကြံသိမှု စိတ် တို့ကို၊ ကြံသိတတ်သော စိတ်သဘော သက်သက်မျှသာ ဟူ၍ရှုမြင်လျှက် ရှိသည်ဟု ခေါ်ပေ၏။

ဓမ္မာ နုပဿ      နာ
ရဟန်းသည် မိမိ သန္တာန်တွင် ထင်သော ရုပ်နာမ် သဘောတရာများ ကိုလည်း၊ ရုပ်နာမ် သဘောမျှသာ ဟု မည်ကဲ့သို့ ရှုမှတ်၍ နေပါသနည်း။

နီဝရဏ ငါးပါး ရှုမှတ်ပုံ
သတိပဋ္ဌာန်တရား အားထုတ်လျှက်ရှိသော ရဟန်းသည် မိမိ သန္တာန်တွင် ဖြစ်ပေါ်လာသော နီဝရဏ တရားများ (တရားထိုင်နေစဉ် တွေ့ရသော အဖျက်တရားများ) အား၊ ရုပ်နာမ်သဘောမျှသာဟု ရှုမှတ်၍ နေရမည်။

မည်သို့ ရှုမှတ်နေသနည်း ဆိုလျှင်၊ အားထုတ်နေသော ရဟန်းသည် မိမိ သန္တန်တွင် ကာမစ္ဆန္ဒစိတ် ရှိလျှင် လည်း၊ ကာမစ္ဆန္ဒစိတ် ရှိသည်ကို သိ၏ ကာမစ္ဆန္ဒစိတ် မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ။

မူလက မရှိသေးသော ကာမစ္ဆန္ဒစိတ်သည်၊ ယခု အသစ်ဖြစ်ပေါ်လာခြင်းကိုလည်း သိ၏ ။ ဖြစ်ပေါ်လာသော ကာမစ္ဆန္ဒစိတ် သည် ပြန်လည် ချုပ်ငြိမ်းသွားသည်ကိုလည်း သိ၏ ။ ချုပ်ငြိမ်းသွားသော ကာမစ္ဆန္ဒစိတ်သည် မိမိ သန္တန်တွင် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏ ။

ရဟန်းသည် မိမိ သန္တန်တွင် ဗျာပါဒစိတ် ရှိလျှင်လည်း၊ ဗျာပါဒစိတ် ရှိသည်ကို သိ၏ ။ ဗျာပါဒစိတ် မရှိတော့ လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ။ မူလက မရှိသေးသော ဗျာပါဒ စိတ်သည်၊ ယခု အသစ်ဖြစ်ပေါ် လာခြင်း ကိုလည်း သိ၏ ။

ဖြစ်ပေါ်လာသော ဗျာပါဒစိတ် သည် ပြန်လည် ချုပ်ငြိမ်းသွားသည်ကိုလည်း သိ၏ ။ ချုပ်ငြိမ်းသွားသော ဗျာပါဒစိတ် သည် မိမိ သန္တန်တွင် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏ ။

ရဟန်းသည် မိမိသန္တန်တွင် ထိနမိဒ္ဓစိတ် ရှိလျှင်လည်း၊ ထိနမိဒ္ဓ စိတ် ရှိသည်ကို သိ၏ ။ ထိနမိဒ္ဓ စိတ် မရှိတော့ လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ။

မူလက မရှိသေးသော ထိနမိဒ္ဓစိတ် သည်၊ ယခု အသစ်ဖြစ်ပေါ်လာခြင်းကိုလည်း သိ၏ ဖြစ်ပေါ်လာသော ထိနမိဒ္ဓစိတ် သည် ပြန်လည် ချုပ်ငြိမ်းသွားသည်ကိုလည်း သိ၏ ။


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

အိမ်​ နှင့် လောကီပညာ

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

 
365myanmar.com - Myanmar Online Shopping Mall